Window 7 မှာ Hard Disk ကို Partition ခွဲနည်း / ပြန်ပေါင်းနည်း


မင်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေးကို မသိသေးသူအားလုံးအတွက် မျှဝေလိုက်ပါတယ်... သူမေးထားတာကတော့ Window 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ ..? ပြီးတော့ ဘယ်လိုပြန်ပေါင်းရမလဲ ..? ဆိုပြီးမေးထားလေးပါ....

ဘယ် Software မှ သုံးစရာမလိုပါဘူး Window ပေါ်မှာပဲ ခွဲ/ပေါင်း လို့ရပါတယ်......။

Partition ခွဲနည်း

Start >> Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ (သို့) Run > diskmgmt.msc  ကို ရေးထည့်ပြီး Enter ခေါက်လည်းရပါတယ်...။

ကျန်တာတွေကို ပုံလေးတွေအတိုင်း ဆက်လုပ်ပေးသွားပါ..။




Drive (C:) ကနေဥပမာ အဖြစ် ခွဲပြပါ့မယ်... အပေါ်ကပုံမှာပြထားတဲ့အတိုင်း (C:) ပေါ်ကို Right Click နှိပ်ပြီး Shrink Volume ကိုရွေးပါ..။

ခဏစောင့်ပေးပါ..။

ဒီနေရာမှာ မိမိ လိုချင်သလောက် ခွဲပါမယ်... 1GB ကို 1024 MB ရှိပါတယ် ..(မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါ)  ကျနော်ကတော့ 30GB ခွဲမှာမို့ 30720 လို့ရေးထည့်ပေးလိုက်ပါတယ်...။ ပြီးရင် Shrink  ကိုဆက်နှိပ်လိုက်ပါ..။


ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခုရောက်လာပါပြီ... မပြီးသေးပါဘူး သူ့ကို နာမည်ပေး ကင်ပွန်းတပ်ဖို့ ကျန်ပါသေးတယ် ... နာမည်ပေးဖို့  Right Click  ထောက်ပြီး   New Simple Voulem  ကိုရွေးပေးပါ..။


Next အဆင့်ဆင့် နှိပ်ပေးပြီး ...


နာမည်တစ်ခုရွေးပေးလိုက်ပါ .. ကျနော်ကတော့ G ကိုရွေးပေးလိုက်ပါတယ်...။


Next အဆင့်ဆင့် နှိပ်ပေးပြီး Finsh ကိုနှိပ်ပါ..။


 My Computer ကိုဖွင့်ကြည့်လိုက်ပါ မောင် G လေးအဖြစ်နဲ့ Patition လေးတစ်ခု ရောက်လာပါပြီ...။
Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ ....။

Partiton ပြန်ပေါင်းနည်း

မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့... မောင် G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် :D  
Delete လုပ်ပေးရပါ့မယ်..။


မောင် G ပေါ်ကို Right Click  နဲ့  Delete Volume ကိုရွေးပါ..


Yes ကိုနှိပ်ပါ...


ပြန်ပေါင်းဖို့ အတွက် (C)  ပေါ်ကို Right Click နှိပ်ပြီး Extend Volume ကိုရွေးပါ ....


Next အဆင့်ဆင့်နဲ့ OK လိုက်ပါ..။


ခုဆိုရင် မောင် G လေးမရှိတော့ပဲ (C) ထဲကို ပြန်ရောက်သွားပါပြီ....။

 အားလုံး နားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်တာပါ ..

အားလုံး အဆင်ပြေကြပါစေ...

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)


22 comments:

ကျေးဇူးတင်ပါတယ်။

ကျေးဇူးအတိုင်းထက်လွန်တင်ပါတယ်.......ဆက်ကြိုးစားပေးပါ

အကိုရေကျေးဇူးအရမ်းတင်ပါတယ်ဗျာ ဒီပညာကိုတတ်ချင်နေတာကြာပါပြီ
ကျေးဇူးအူတင်လို့ဒီထက်မကရှင်းပြနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ

ဆောရီးပါဆရာရေ...ဆရာ Update တင်သမျှကိုကျတော်နေ့တိုင်းဖတ်ဖြစ်ပါတယ်ခင်ဗျာ ဒါလေးကိုကျတော်သေချာမဖတ်မိလိုက်တာပဲ C Box ကနေ ဆရာ့ကိုအချိန်ကုန်စေသွားသည့်အတွက် တောင်းပန်ပါတယ်ခင်ဗျာ...ကျတော်ဆရာ့ဆိုဒ်ကိုနေ့တိုင်းနီးပါး ၀င်ဖတ်ပါတယ်ခင်ဗျာ..အခုချိန်မှာမလိုအပ်သေးဘူးဆိုရင်တောင် အသိပညာလေးရထားချင်တဲ့အတွက်ဝင်ဖတ်ဖြစ်ပါတယ်ခင်ဗျာ...
အဆင်ပြေပါစေခင်ဗျား

ကျေးဇူး အများကြီးတင်ပါတယ် အကို

thank you for sharing knowledge.

ကျေးဇူးတင်ပါတယ်ဗျာ ချီးလည်းချီးကျူးပါတယ် ပို့(စ်)တွေအဆက်မပြတ်တင်နိုင်လို့လေ ။
ဒီထက်မကအောင်မြင်ပါစေဗျာ ။
ဒီပို့(စ်)လေးကို ကူးယူသွားပါတယ် ။
ကျနော့ဆိုဒ်မှာ မေးထားတာရှိလို့ ပြန်ရှဲပေးမလို့ပါ ။ နောင်ကိုလည်းလိုအပ်တာရှိရင်လာယူမယ်နော် ။
www.itguidemyanmar.co.cc

ကျေးဇူးနော်အစ်ကို ကျနော်လုပ်ချင်တာ ကြာပြီ အခုမှပဲ အဆင်ပြေသွားတယ် နောက်ထပ်လည်းနည်းပညာတွေဒီမက မျှဝေနိုင်ပါစေဗျာ

ကျေးဇူးပါ
ဒါလေးတော့ ဖြေပေးပါအုံး ခဗျာ G ထဲ က နေ ခွဲထုတ်ပြီး C ထဲကိုပြန်ပေါင်းချင်ပါတယ် ဘယ်လိုလုပ်မလဲမသိဘူး.... ဒီနည်းနဲ့တော့ မရဘူးဖြစ်နေတယ်အကို...C ထဲမှာ လဲ ရဲ နေပြီ...ကူညီပါအုံးခဗျာ

အကို G ထဲက နေခွဲထုတ်ပြီး C ထဲကို ပေါင်းထည့်ချင်ပါတယ် အကို ဘယ်လို လုပ်လို့အဆင်ပြေမလဲမသိဘူး....

ကျေးဇူးတင်ပါတယ်..အစ်ကို..သုံးရတာလည်းအရမ်းလွယ်ပြီးတော့ အဆင်ပြေပါတယ်..

အကြောင်းအမျိုးမျိုးကြောင့် C: ထဲကို ပြန်ပေါင်းချင်ရင်တော့ ပေါင်းမဲ့ Partition က Data တွေရှိနေရင် Format ချပြီးမှ ပြန်ပေါင်းနိုင်မှာပါ..... Data တွေ ရှိနေရင် ပြန်ပေါင်းလို့ မရနိုင်ပါဘူးခင်မျာ .... အားပေး ဖတ်ရှု့ကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်မျာ....:) ကြိုးစားပြီး လေ့လာ သင်ယူနေဦးမှာပါ ... သိသလောက်လည်း ပြန်လည်မျှဝေနေဦးမှာပါ.....:)

အကိုရေ unlockကြနေတာကို ဘယ်လိုပြန်ပေါ်အောင်လုပ်၇မလဲ အကို

တန်ဖိုးရှိပြီး အရမ်းကောင်းပါတယ်
ကျေးဇူး အထူးတင်ပါတယ်
Gmail နဲ့ ဖုန်းနံပါတ်ကိုပါသိချင်ပါတယ် ကျွန်တော်မေး က myylaing@gmail.com ပါ အစ်ကို

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ.. တကယ်ပါ....

ဒကာကြီးကျေးဇူးပဲဗျာ

Post a Comment