Browser တစ်ခုထဲမှာ Facebook , Gmail , twitter အကောင့် နှစ်ခု သုံးခု တစ်ပြိုင်ထဲသုံးချင်ရင်


Browser တခုထဲ (တစ်နေရာထဲ) ကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးချင်လို့ပါဆိုပြီး မေးထားလို့ အားလုံး ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်...။ တစ်ခု နှစ်ခုတင်မကပါဘူး မိမိမှာ ရှိသမျှ အကောင့် (၁၀၀) ရှိရင် ရှိသလောက် တပြိုင်ထဲ ဖွင့်နိုင် (Login) ဝင်နိုင်ပါတယ်... :D


Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို  တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... 

Firefox Browser အတွက်ကိုတော့ Extension  လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ Firefox Browser မရှိသေးရင် ဒီမှာဒေါင်းပါ.... Extension အတွက် ဒီနေရာကို   နှိပ်ပြီး Add to firefox ကိုနှိပ်ပါ  လမ်းညွှန်တဲ့အတိုင်း Install လုပ်ပေးလိုက်ပါ ... အဆင်မပြေရင် (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ) 

အားလုံးပြီးရင်တော့...
ကွန်ပျူတာ ကီးဘုတ်က  Ctrl + Alt + M  ကိုနှိပ်လို့ဖြစ်စေ အောက်ကပုံထဲကလို 


Browser ရဲ့ အပေါ် ညာဘက်ထောင့်ကနားက Multifox icon လေးကတဆင့် New ကို နှိပ်လို့ဖြစ်စေ  Facebook နှစ်ခု သုံးခု Gmail,twitter နှစ်ခု သုံးခု  (၁၀၀) ခု ကို Browser တစ်ခုထဲမှာပဲ New Tab ခေါ်ပြီး Login ဝင်နိုင်ပါပြီ....

Chrome Browser မှာတော့ မည်သည့် Extension  မှ ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N  ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရအောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......


ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


15 comments:

ပုံနှင့်တကွ ရှင်းပြပေးစေချင်ပါတယ်...မမီဘူးလို့ ပဲယူဆနေပါစေ ကျနော်လိုမပြောရဲတဲ့
သူတွေ အများကြီးပါ...ကိုဝင်း နှိုင်းမရတဲ့ပြည့်ချင်နဲ့ ပြည့်စုံပါစေ...အရာရာကို တတ်သလို
လုပ်နေရင် ဘယ်တော့မှလိုရာမရောက်တော့ဘူးလို ထင်ပါတယ်။

ကျေးဇူးပါ..

ကျေးကျေးပါ ကိုဝင်းရေ အရင်တုံးက ကျွန်တော်လည်းအဲဒီလိုဖြစ်ဖူးလို့ပါ။ စမ်းကြည့်လိုက်ပါအုံးမယ်ဗျာ။

အခုလိုပြောပြပေးတာ ကျေးဇူးအထူးတင်ပါတယ်။

firefox 12.0 ကိုလုပ်လို့မရဘူး ဖြစ်နေတယ်

ကျွန်တော် firefox 17.0 ကိုတင်ပြီး လုပ်တာရတယ် ဒါပေမဲ့ နောက်တခုသွားတာက စာရွက်လှန်လိုက်သလိုဘဲ နောက်တခုရောက်သွားတယ် new window ဖြစ်သွားတယ်ဘာမှားလို့လည်း

ဝင်ဒိုးအသစ်မှာ အခြား gmail ကောင့် နာမည်ဖြင့် ၀င်ကြည့်တာအဆင်ပြေတယ်ခင်ဗျာ့။ ကျေးဇူးတင်ပါတယ် ကိုဝင်း။

That add-on can't be installed on firefox 14. Does it work on Firefox version 14?

Please Update Your Browser. Firefox is Now 17.0

တို့ကိုကြီးရေ firefox 8.0 ကို not compatible တဲ့ အဲဒါဘယ်ဗားရှင်းနဲ့ အဆင်ပြေနိုင်မလဲဗျ.............

i don't forgot to say thank
thankyou so much

thz for ur post coz i'm searching it

Post a Comment