Sony Ericsson xperia များကို root, font, keyboard ထည့်ခြင်း

ဒီနည်းလမ်းဟာ v2.3.2, v2.3.3, v2.3.4 တို့အတွက် အဆင်ပြေပါတယ်။
၁. လိုအပ်တဲ့ driver ကို ကျွန်တော်ပေးထားတဲ့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ…
၂. driver ဖိုင်ကို ဖြေပြီး ဖုံးကို PC နဲ့ ချိတ်လိုက်ပါ။
၃. Start menu > Computer (right click) > manage > Device Manager ကို သွားပါ..
၎. other device ထဲမှာ အဆင်မပြေတဲ့ တစ်ခုကို တွေ့ပါလိမ့်မယ်.. right click နှိပ်ပြီး Update Driver Software နှိပ်ပြီး ခုနဖြည်ထားတဲ့ driver folder ကို ရွေးပေးလိုက်ပါ
အဆင့် ၁ ကနေ ၄ အထိဟာ driver မရှိတဲ့ PC အတွက်သာဖြစ်ပါတယ် ရှိရင် မလိုအပ်ပါဘူး :D :D
ဖုံးကို ပြင်ဆင့်ရမယ့် အချက်တွေ စပြောပါမယ်..
၅.. Settings, Applications,ကို သွားပြီး “Unknow sources” ကို အမှတ်ခြစ်ထားရပါမယ်
၆. Settings, Applications, Development ကို သွားပြီး “USB debugging” ကို အမှန်ခြစ်ထားရပါမယ်
၇. ဖုံးထဲမှာ ထည့်ထားတဲ့ memory ကဒ်ဟာ formatted ချထားပြီးသားဖြစ်ရပါမယ်။ မချရသေးရင် ချ လိုက်ပါ။
လိုအပ်တဲ့ ဖိုင် ၁ ဖိုင်ဖြစ်တဲ့ အောက်ကလင့်ကို ဒေါင်းလိုက်ပါ..အဲဒီထဲမှာ root လုပ်မယ့် အရာတွေပါပါတယ် ;D ;D
အဲဒီ 7z ဖိုင်ကို ဖြည်လိုက်ပါ..
ပြီးရင် အဲဒီထဲက bat ကို ကလစ်နှိပ်ရမှာပါ..
Root ပဲလုပ်မယ်ဆိုရင် Cliick_n_Root_Only.bat ကို နှိပ်ပါ..
font နဲ့ keyboard ပါသွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ..
ကျန်တာကတော့ ပေါ်လာတဲ့ စာလေးတွေ လိုက်ဖတ်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ရေးရမှာ ပျင်းတာရယ် ဒီလောက်တော့ လုပ်တတ်မယ် ထင်လို့ပါ :2 :2)
ဒီနည်းလမ်းဟာ Xperia series အားလုံးအတွက် အဆင်ပြေပါတယ်...။
Ref: http://tyrino.wordpress.com

10 comments:

အကိုေ၇ htc sensation xe အတွက် root လုပ်နည်းနဲ့ ဖေါင့်ထည့်နည်း တင်ပေးပါအုန်း ကျေးဇူးတင်ပါတယ်

ကိုဝင်း ရေ ကျနော့် ဖုန်း က Sony Ericsson live with walkman wt 19i ပါ
Andriod Version က 2.3.4 ပါ။
Build Number က 4.0.2.A.0.62 ပါ။သူ့ ကို မြန်မာဖောင့် ထည့် ချင်လို့ ဒီပို့ ကအတိုင်း လုပ်တာ
အဆင်မပြေဘူး ခင်ဗျ။Super User ကတော့ ရပြီး Root Explor ကိုဝင် တော့ ဘာ request မှ မတောင်းဘူးခင်ဗျ။မြန်မာဖောင့် ကီးဘုတ် ကတော့ ရတယ်ဗျ။ဒါပေမယ့် မြန်မာလို မမြင်ရဘူး။
အတုံးလေး တွေ ပဲ ပေါ်နေတယ် ဗျ။အဲဒါ ဘယ်လို လုပ်ရ မလဲ ဗျ။။ ကူညီ ပါဦး.
ကျနော့် မေးလ် က sept.siansian@gmail.com ပါ ။
.ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား.....

အစ်ကို.... ကျနော့်ဖုန်းက sony xperia s ပါ။
Anonymous ပြောသလိုပဲ....အတုံးလေးတွေပဲမြင်ရတယ်
မြန်မာစာမမြင်ရဘူးဖြစ်နေတယ် အစ်ကို....
ကျေးဇူးပြုပြီးကူညီပေးပါဦးနော်။
ကျနော့် mail က cancerc357@gmail.com ပါ။

Link Password >>>>> bluespider(mmcybermedia) <<<<<

ဆရာသမားရေ နည်းပညာဝေတယ်ဆိုလဲ ပညာတွေ မပြနဲ့ လေ ဝေမျှတာနဲ့ မတူဘူးထင်တယ် ပတ်စ၀တ်တွေပေးထားပီးပတ်စ၀တ်တော့ ပေးထားသင့်ပါတယ် နည်းပညာဝေအဗဲနည်းနဲ့ ဝေတာ က လူတစ်ယောက်ကို ရယူဝေချခင်သိစေလိုတဲပစိတ်နဲ့  မဟုတ်ဘူးထင်တယ် ငါ တက်တယ် ဆိုတာ ကို သိအောင် ကြွားနေသလိုဖြစ်နေတယ်

Love <<<< ၁) အဲ့ဒီပို့စ်အောက်မှာ မူရင်းရေးသားတဲ့နေရာကို Credit ပေးထားပါတယ် ကျနော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး၊

၂) Link Password ကို မေ့သွားလို့ အပေါ်နားက Comment မှာ ရေးပေးထားပါတယ် >>>>
ဝင်းကမ္ဘာကျော် says:
11 December 2012 21:49 Reply

Link Password >>>>> bluespider(mmcybermedia) <<<<<


Comment ပေးထားတဲ့ Date ကို ပြန်ကြည့်ပါဦးးး >>>> 11 December 2012 21:49 <<<<<<

ကျနော်က မျှဝေပေးရုံ သက်သက်ပါ.... ဆိုတော့...လိုအပ်တာလေးတွေ အားနည်းချက်လေးတွေတော့ ရှိနိုင်ပါတယ်... ဘာပညာမှလဲ မပြတတ်ပါဘူး ... ပြီးတော့ ကျနော် ဘာမှမတတ်ပါဘူး.... နောက်..... ဒီလို Blog လေးလုပ်ပြီး မျှဝေပေးနေတာဟာလဲ....ဝါသနာတစ်ခုထဲကြောင့်ပါ....အချိန်ကုန် အိပ်ရေးပျက်တာကလွဲလို့ ဘာ ပိုက်ဆံ တစ်ပြား တစ်ချပ်မှလဲ မရပါဘူး.... ကျနော် ဝန်ခံပါတယ် ကျနော် ဘာမှမတတ်ပါဘူး....လေ့လာနေဆဲအဆင့်ပါ >>>Love<<< သိထားတာလေးတွေ တတ်ထားတာလေးတွေရှိလို့ (သိလို့ တတ်လို့) မျှဝေပေးချင်တယ်ဆိုရင် ကျနော်ကြိုဆိုနေပါတယ်.... winkabarkyaw@gmail.com ကို Mail ပို့ပြီး သိကြောင်း တတ်ကြောင်းတွေ ရေးသားမျှဝေပေးနိုင်ပါတယ်ခင်မျာ.... ကျေးဇူးတင်ပါတယ်.....


၃) (အကြံ တစ်ခုတော့ပေးချင်ပါတယ် ဘယ်ဝက်ဆိုက်ဒ်မှာမဆို သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်မှာ Comment တွေရေးထားတတ်ပါတယ်... အဆင်ပြေကြောင်း အဆင်မပြေကြောင်းလေးတွေ ရေးထားတတ်ကြပါတယ်... ခုလိုမျိုး Link Password ရေးထည့်ပေးဖို့ မေ့သွားမျိုးတွေကအစ ရှိတတ်ပါတယ်... ဆိုတော့ မိမိက အရမ်းလိုချင်ရင် စာရော Comment ရော ပြည့်စုံအောင် ဖတ်ဖို့ မမေ့ပါနဲ့ .....:)



ဒါမှမဟုတ် >>> Sony Ericsson xperia များကို root, font, keyboard ထည့်ခြင်း <<< ပါတ်သက်ပြီး ဒေါင်းရတာ အဆင်မပြေဖြစ်နေရင် ဒီ Linkj မှာ လေ့လာနိုင်ပါသေးတယ်......


>>>> http://itguide2u.blogspot.com/2013/02/xperia-root-myanmar-font.html <<<<

အကိုပြောထားတဲအထဲမှာsettings,apps အဲဒီထဲဘယ်လိုလုပ်တာလဲမသိလိုပြောပြပါနော်
Pcချိန်တယ်ဆိုတာကရောဘာကိုပြောတာလဲနာမလည်ဘူး
သေးသေးခြာခြာရှင်ပြပါအုန်းနော်......8(_

အောက်ကေါးင်းလော.လင်.ကေ၇ာ ပက်ဝပ်ကဘာလဲအကို

ဒေါင်းမ၇ဘူး link password မှားနေတယ်နဲ့တူတယ်

Post a Comment