♪ သင်ဘယ်နေရာသွားသွား Selfies ဓါတ်ပုံတွေရိုက်ပေးမဲ့ Hover Drone ကင်မရာ ♫


Selfies ဓါတ်ပုံတွေကို ရိုက်ကူးဖို့အတွက် Selfie Stick ကိုသွားနေရာနေရာတိုင်းကို ယူဆောင်သွားရတာ အလုပ်ရှုပ်လွန်းလှပါတယ်။ အခုဆိုရင် ဘေဂျင်း အခြေစိုက် Zero Zero Robotics အဖွဲ့မှ ဖန်တီးထုတ်လုပ်လိုက်တဲ့ Drone ကင်မရာလေးဟာ မိမိသွားလေရာ နေရာတိုင်းကို ခေါက်ပြီး အိပ်ကဒ်ထဲထည့်ကာသယ်ဆောင်နိုင်သလို အချိန်မရွေးနေရာမရွေး လျင်မြန်စွာ ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။ မိမိလိုအပ်တဲ့အချိန်မှာ Hover Drone လေးကို ဖြန့်ပြီးလေထဲမှာ လွှင့်တင်ထားနိုင်သလို မိမိနဲ့ ဝေးကွာတဲ့နေရာတွေကို ရောက်သွားမှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို အဆိုပါ Drone လေးက ခြေရာခံ မှတ်သားနိုင်လို့ပဲဖြစ်ပါတယ်။

Hover Drone လေးကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက် Qualcomm ရဲ့ Snapdragon Flight Platform ကို အသုံးပြုထားပါတယ်။ Hover Drone လေးရဲ့ ကင်မရာကို အသုံးပြုထားတဲ့ Processor ကလည်း 2.3GHz ရှိတဲ့ Quad-Core Qualcomm Snapdragon 801 processor ကိုအသုံးပြုထားတဲ့အတွက် လွယ်ကူ ချောမွေ့ လျင်မြန်စွာ ဓါတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Hover Drone လေးရဲ့ အလေးချိန်ကလည်း ၂၄၀ ဂရမ်သာ အလေးချိန်ရှိပါတယ်။

ကင်မရာအမျိုးအစားကတော့ 13 MP ကို အသုံးပြုထားပြီး 12 MP အရည်သွေး ရှိတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 4K Resolution ရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးနိုင်တဲ့အပြင် ၃၆၀ ဒီဂရီ Feature နဲ့လည်း ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Hover Drone ကင်မရာဟာ အမြင့်ပေ ၁၆၄ ပေအထိ ပျံသန်းနိုင်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Ref: TechWorm
Aung Ko Htet (MMA)
#aungkohtet_mma

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

♪ Lock ကျသွားတဲ့ Facebook Account ကို ပြန်လည် ရယူဖို့ Trusted Contacts များကို အသုံးပြုနည်း ♫

1


Facebook က သင့်ရဲ့ အကောင့်ကို ပိုမိုလုံခြုံစေဖို့ Trusted Contacts ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုရင် Password မေ့လို့ပဲ ဖြစ်ဖြစ် Hack ခံရလို့ပဲ ဖြစ်ဖြစ် သင့် သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ သင့်အကောင့်ကို ပြန်လည် ရယူ အသုံးပြုနိုင်မှာပါ။
Trusted Contacts များကို သတ်မှတ်ခြင်း။
Trusted Contacts ကို အသုံးပြုဖို့ သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ Account Settings ထဲကတဆင့် Security ကဏ္ဍကို သွားပါ။ ဘယ်ဘက် Sidebar မှ Trusted Contacts ကို တစ်ချက်နှိပ်ပြီး ညာဘက်မှ Choose Trusted Contacts ကို နှိပ်ပါ။
1
နောက်တစ်ဆင့်မှာ Trusted Contacts စွမ်းဆောင်ချက်က သင့်ကို ဘယ်လို ကူညီပေးနိုင်လဲဆိုတာ ရှင်းပြပေးမှာပါ။ Choose Trusted Contacts ခလုတ်ကို နှိပ်ပါ။
2
အနည်းဆုံး သူငယ်ချင်း သုံးယောက်ကနေ အများဆုံး ငါးယောက်အထိ Trusted Contacts အဖြစ် သတ်မှတ်လို့ ရပါတယ်။ နာမည်တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး သူငယ်ချင်း List ကျလာရင် အဲဒီထဲက သင့်ရဲ့ သူငယ်ချင်းကို တစ်ချက်နှိပ်ပြီး ရွေးချယ်ပါ။ သူငယ်ချင်းများ ရွေးချယ်ပြီးရင် Confirm ခလုတ်ကို နှိပ်ပါ။ ပြီးရင်တော့ သင့်ရဲ့ Password ကို ရိုက်ထည့်ပေးပါ။ ဒါကတော့ သင့်ရဲ့ လုံခြုံရေးအတွက် Facebook က စစ်ဆေး အတည်ပြုတာပါ။
3
Trusted Contacts များကို ရွေးချယ်ရာမှာ စဉ်းစားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းများကိုသာ Trusted Contact အဖြစ် သတ်မှတ်ပါ။ နောက်ပြီး Facebook ကို အမြဲ အသုံးပြုတဲ့ သူငယ်ချင်းများကိုသာ ရွေးချယ်သင့်သလို Facebook မှာ သိကျွမ်းတဲ့ သူငယ်ချင်း မဟုတ်ဘဲ အပြင်မှာပါ ခင်မင်တဲ့ သူငယ်ချင်းများကို ရွေးချယ်သင့်ပါတယ်။
သင့်အကောင့်ကို ပြန်လည် ရယူခြင်း။
သင့်ရဲ့ အကောင့် Lock ကျရင် ဒါမှမဟုတ် ခိုးယူခံရရင် Trusted Contacts ကို အသုံးပြုပြီး သင့်အကောင့်ကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Facebook Login Screen မှာ Forgotten your password? လင့်ကို နှိပ်ပြီး သင့်ရဲ့ Username, Email Address ကို ထည့်ပေးပြီး Search ကိုနှိပ်ပါ။
4
နောက်အဆင့်မှာ No longer have access to these? ကို နှိပ်ပါ။
5
သင့်ရဲ့ Trusted Contacts များကို https://www.facebook.com/recover သို့သွားခိုင်းပါ။ အဲဒီ စာမျက်နှာကနေ သင့်သူငယ်ချင်းများကို ကုဒ်တစ်ခုစီ ပေးမှာ ဖြစ်ပါတယ်။ သင်က အဲဒီကုဒ်တွေကို သူတို့ဆီက ပြန်လည် ရယူပြီး Enter code box မှာ တစ်ခုချင်းစီ ထည့်ပေးပါ။ Continue ကို နှိပ်ပါ။
6
နောက်အဆင့်မှာတော့ သင့်ရဲ့ Password ကို Reset လုပ်လို့ ရပါပြီ။ Password အသစ်တစ်ခု ထည့်ပေးပြီး Continue ကိုနှိပ်ပါ။
7
ဒါဆိုရင်တော့ Lock ကျနေတဲ့ သို့မဟုတ် ခိုးယူခံထားရတဲ့ သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

♪ Facebook မှ Like, Comment , Photo, Message များကို Delete ပြုလုပ်နည်း ♫

1


Facebook မှာ အရင်နှစ်များစွာအကြာ တစ်နည်းအားဖြင့် မရင့်ကျက်သေးတဲ့ အချိန်က က ပြုလုပ်ခဲ့တဲ့ Like, Comment များ၊ တင်ခဲ့တဲ့ ဓါတ်ပုံများနဲ့ ပေးပို့ခဲ့တဲ့ Message များဟာ ယနေ့လက်ရှိ အချိန်မှာ စိတ်ညစ်စရာ၊ အရှက်ရစရာ၊ မသင့်တော်စရာ အဖြစ်မျိုးတွေကို ဖြစ်စေခဲ့ဖူးမှာပါ။ နှစ်ပေါင်းများစွာ အကြာမှ အဲဒီ Like, Comment, Photo, Message များကို ရှာဖွေပြီး Delete လုပ်ရတာ မလွယ်ကူပါဘူး။ အခု Tutorial မှာတော့ အဲဒီ ဖြစ်စဉ်ကို လွယ်ကူစေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှ သင့်ရဲ့ Comment ကို Delete လုပ်နည်း
သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှာ သင်ဟာ အငြင်းပွားဖွယ်ရာ သို့မဟုတ် မသင့်တော်တဲ့ ကွန်းမန့်တစ်ခုကို ပြုလုပ်မိတယ်ဆိုရင် ဖျက်ပစ်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းက သူ့ရဲ့ Timeline ထဲသွား၊ ပို့စ်ကို ရှာပြီး ကွန်းမန့်ကို ဖျက်ပစ်တာပါ။ ပို့စ်ပိုင်ရှင်သူငယ်ချင်းရဲ့ အမည်နဲ့ ပို့စ်မှာပါတဲ့ စကားစု( Keyword )ကို Facebook Search Box ကနေ ရိုက်ထည့်ရှာဖွေတာက ပိုမို အဆင်ပြေပါတယ်။ ဥပမာအားဖြင့် Aung Kyaw အမည်ရတဲ့ သူငယ်ချင်းရဲ့ ပို့စ်ကို ရှာဖွေဖို့အတွက် Aung Kyaw post ( Keyword ) ကို Search Box မှာ ရှာဖွေနိုင်ပါတယ်။ ပို့စ်ကို တွေ့ရင် သင့်ရဲ့ ကွန်းမန့်ကို ရှာပါ။ ကွန်းမန့်ရဲ့ ညာဘက်မှ ခဲတံ အိုင်ကွန်ကို နှိပ်ပြီး Delete ကို နှိပ်ပါ။
1
ဒုတိယနည်းကတော့ သင့်ရဲ့ Activity Log ကနေ ဖျက်နိုင်ပါတယ်။ Facebook Home Page ရဲ့ ထိပ်မှ Drop-Down Arrow ကို နှိပ်ပြီး Activity Log ထဲသွားပါ။ ဘယ်ဘက်ခြမ်းမှ Comments ကဏ္ဍကို နှိပ်ရင် သင်ပြုလုပ်ထားတဲ့ ကွန်းမန့်များကိုသာ သီးခြား ပြသပေးမှာ ဖြစ်တဲ့အတွက် ပိုမို အဆင်ပြေပါတယ်။ ညာဘက်မှ ခဲတံကို နှိပ်ပြီး ကွန်းမန့်ကို ဖျက်နိုင်ပါတယ်။ Activity Log မှ Comments အောက်မှ More Link ကို နှိပ်ရင် အခြား ကဏ္ဍများကိုလည်း ပြသပေးမှာဖြစ်ပါတယ်။
2
သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ ပို့စ်ကို ဖျက်ပစ်နည်း
Activity Log မှနေ၍ အရာများစွာကို ဖျက်ပစ်နိုင်ပေမယ့်လည်း အခြားလူများက သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်များကိုတော့ Activity Log ကနေ ဖျက်လို့မရဘဲ Hidden from Timeline သာ ပြုလုပ်နိုင်ပါတယ်။
သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ပို့စ်ကို ဖျက်ချင်ရင် သင့်ရဲ့ Timeline ကိုသွားပါ။ Timeline ရဲ့ ညာဘက်ခြမ်းမှာ ခုနှစ်အလိုက် ပို့စ်များကို ရှာဖွေနိုင်တဲ့ Quick-Jump Menu ကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Menu ကို အသုံးပြုရင်တော့ Highlight ကနေ All Stories ကို ရွေးပေးမှ ပို့စ်အားလုံးကို တွေ့ရမှာဖြစ်ပါတယ်။ ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။
3
Unlike ပြုလုပ်နည်း
သင် Like ပြုလုပ်ထားတဲ့ ပို့စ်၊ ဓါတ်ပုံ၊ ဗီဒီယိုများကို အလျှင်မြန်ဆုံး Unlike ပြုလုပ်ဖို့အတွက် Activity Log က အကောင်းဆုံးဖြစ်ပါတယ်။ Activity Log> Like ကဏ္ဍထဲသွားပါ။ ညာဘက်မှ ခဲတံကို နှိပ်ပြီး Unlike လုပ်ပါ။
4
ဓါတ်ပုံများကို ဖျက်နည်း
သင် Upload ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ခုကို ဖျက်ပစ်ဖို့အတွက် ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး အောက်ခြေမှ Options ကို နှိပ်ပါ။ Delete This Photo ကို နှိပ်ပါ။
5
Photo Album တစ်ခုလုံးကို ဖျက်ပစ်ဖို့အတွက် သင့် Timeline ထဲမှ Photos> Albums ကိုသွားပါ။ ဖျက်ချင်တဲ့ Album ကို ရွေးချယ်ပြီး ညာဘက်အပေါ်ထိပ်မှ Gear Icon ကို နှိပ်ပါ။ Delete Album ကို နှိပ်ပါ။
6
Tag ကို ဖျက်ပစ်နည်း
အခြားလူများက သင့်ကို ဓါတ်ပုံများမှာ Tag လုပ်ထားရင် Tag ကို ဖျက်ပစ်နိုင်ပါတယ်။ သင့်ကို Tag လုပ်ထားတဲ့ ဓါတ်ပုံကိုဖွင့်ပါ။ ညာဘက်မှာ သင့်အမည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ နာမည်ပေါ်ကို Mouse Cursor တင်ပြီး Remove tag ကို နှိပ်ပါ။
7
Life Event များကို ဖျက်နည်း

သင် ပရိုဖိုင်ကို Update ပြုလုပ်တိုင်း Facebook က သင့်ရဲ့ Timeline မှာ Update ပြုလုပ်ပေးပါတယ်။ အဲဒီ Update ကို ဖွက်ထားခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖျက်ပစ်ရင်တော့ သင့်ရဲ့ ပရိုဖိုင်မှ သတင်းအချက်အလက်များကိုပါ ဖျက်ပစ်မှာပါ။ ဥပမာအားဖြင့် Myanmar Digital Life Journal မှာ အလုပ် စတင် ပြုလုပ်တဲ့ ပို့စ်ကို ဖျက်ပစ်ရင် သင့် ပရိုဖိုင်မှ Work and Education Section မှာ အဲဒီ သတင်းအချက်အလက်ကို ဖျက်ပစ်မှာပါ။
Events များကို ရှာဖွေဖို့အတွက် Activity Log က အဆင်ပြေပါတယ်။ Activity Log> About ထဲသွားပါ။ ဖျက်ချင်တဲ့ Event အပေါ်မှာ Mouse Cursor တင်ပါ။ ဒါဆိုရင် သင့် အမည်ရဲ့ အောက်မှာ အချိန်ကို တွေ့မြင်ရမှာပါ။ အချိန်ကို နှိပ်ရင် အဲဒီပို့စ်ကို ပြသပေးမှာ ဖြစ်ပါတယ်။
8
ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။
9
Message ကို ဖျက်နည်း
Facebook မှ Message များကို ဖျက်ပစ်နိုင်ပေမယ့် တစ်ဖက်လူဆီမှာ ဖျက်ပစ်ပေးမှာ မဟုတ်ဘဲ သင့်ထံမှာသာ ဖျက်ပစ်ပေးမှာကို သတိပြုပါ။ Home Page ရဲ့ အပေါ်ထိပ်မှ Message ကို နှိပ်ပြီး အောက်ခြေမှ See All ကို နှိပ်ပါ။ နောက်အဆင့်မှာ ဖျက်ချင်တဲ့ Message ပါရှိတဲ့ Conversation ကို ရွေးပေးပါ။ Gear Icon ကို နှိပ်ပြီး Delete Messages ကို နှိပ်ပါ။ ဖျက်ချင်တဲ့ Message များရဲ့ ဘယ်ဘက်ဘေးမှ Check Box များမှာ အမှန်ခြစ်ပေးပါ။ ပြီးရင်အောက်ခြေမှ Delete ကို နှိပ်ပါ။ Conversation တစ်ခုလုံးကို ဖျက်ချင်ရင်တော့ Gear Icon ကို နှိပ်ပြီး Delete Conversation ကို နှိပ်ပါ။
10

Credit to ==> Myanmar Digital Life Journal


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

♪ ၂၀၁၆ ခုနှစ် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းငါးမျိုးမှာ Xiaomi ပြုတ်ပြီး၊ Oppo နဲ့ Vivo တို့ ပါဝင်လာ ♫


၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းငါးမျိုးစာရင်းကတော့ ထွက်ပေါ်လာပါပြီ။ ၂၀၁၆ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာတစ်လွှားစမတ်ဖုန်းတင်ပို့ရောင်းချရမှု နဲ့ ဈေးကွက်ဝေစုတို့ကို အဓိကထား တွက်ချက်ထားတာဖြစ်ပါတယ်။
ဒီနှစ်ဟာ Lenovo နဲ့ Xiaomi တို့အတွက်တော့ အစမကောင်းတဲ့နှစ်လို့ ဆိုရမှာဖြစ်ပြီး၊ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း brand ငါးမျိုးကနေပြုတ်ကာ၊ သူတို့နေရာမှာ Oppo နဲ့ Vivo တို့က ၀င်ရောက်လာပါတယ်။
အပြည်ပြည်ဆိုင်ရာဒေတာအချက်အလက်ကောက်ယူမှုကော်ပိုရေးရှင်း (IDC) က ထုတ်ပြန်ခဲ့တဲ့ အရောင်းစာရင်းအရ ၂၀၁၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်းတင်ပို့ရောင်းချမှု ၃၃၄.၉ သန်းရှိခဲ့ပြီး၊ Oppo က အလုံးရေ ၁၈.၅ သန်း၊ ကမ္ဘာ့ဈေးကွက်ဝေစု ၅.၅ ရာခိုင်နှုန်းနဲ့ နံပါတ်လေးနေရာ ရောက်ရှိလာကာ၊ Vivo ကတော့ အလုံးရေ ၁၄.၃ သန်း၊ ဈေးကွက်ဝေစု ၄.၃ ရာခိုင်နှုန်းနဲ့ နံပါတ်ငါးနေရာ ရောက်ရှိလာတာကို တွေ့ရပါတယ်။ Xiaomi နဲ့ Lenovo တို့ကတော့ ဒီစာရင်းမှာ ပါဝင်လာခြင်းမရှိတော့ပါဘူး။
Oppo နဲ့ Vivo တို့ဟာ အဓိကအားဖြင့် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ကမ္ဘာ့ဈေးကွက်ဝေစု ပိုသိမ်းပိုက်နိုင်ခဲ့ပြီး၊ အခုလို တရှိန်ထိုးခုန်တက်လာတာဖြစ်ပါတယ်။
ပြိုင်ဘက်တရုတ်ကုမ္ပဏီဖြစ်တဲ့ Huawei အနေနဲ့ ၂၀၁၆ခုနှစ် ပထမသုံးလပတ်မှာတင်၊ စမတ်ဖုန်းအလုံးရေ ၂၇.၅ သန်း တင်ပို့ရောင်းချခဲ့ရပြီး၊ ဈေးကွက်ဝေစု ၈.၂ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်လျက် ရှိပါတယ်။
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း brand နေရာကိုတော့ ထုံးစံအတိုင်း Samsung ကပဲ ဆက်လက်သိမ်းပိုက်ထားပြီး၊ အလုံးရေ ၈၁.၉ သန်းအထိ တင်ပို့ရောင်းချခဲ့ရကာ၊ ဈေးကွက်ဝေစု ၂၄.၅ ရာခိုင်နှုန်းတောင် ရယူထားနိုင်ပါတယ်။
ဒုတိယနေရာမှာတော့ Apple က ဈေးကွက်ဝေစု ၁၅.၃ ရှိနေပြီး၊ မနှစ်က ၁၈.၃ ရာခိုင်နှုန်းရှိခဲ့တာကြောင့် ဈေးကွက်ဝေစုတော်တော်လျော့နည်းလာတာဖြစ်ပါတယ်။
ယခုအချက်အလက်တွေအရ၊ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၄၈ ရာခိုင်နှုန်းလောက်ကို Samsung ၊ Apple နဲ့ Huawei တို့က သိမ်းပိုက်ထားပြီး၊ Samsung တစ်ခုတည်းကတင် ဈေးကွက်ဝေစု လေးပုံတစ်ပုံလောက် ရယူထားနိုင်တာကို တွေ့ရပါတယ်။

Credit to ==> Digital Times

<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

ကလေးများအတွက် အင်္ဂလိပ်စာလုံးဆက် ဥာဏ်စမ်း [14.7 MB] [apk]

Brain quiz: Just 1 word!
ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
-
Screenshots of the Brain quiz: Just 1 word! for Android tablet, phone.
-


အဆင်ပြေပါစေ..

comments

♪ မျက်နှာပြင်ကို အဆုံးစွန်ထိကွေးလို့ရတဲ့ စမတ်ဖုန်းတစ်မျိုးကို တရုတ်ကုမ္ပဏီ ပြသ ♫


တရုတ်နိုင်ငံ၊ နန်ပင်းမြို့နိုင်ငံတကာပြပွဲခန်းမမှာ ပြုလုပ်သွားတဲ့ ကုန်စည်ပြပွဲတစ်ခုမှာ ကုမ္ပဏီတစ်ခုဟာ ဖုန်းမျက်နှာပြင်ကို လုံးဝအဆုံးစွန်ထိ ကွေးညွတ်လို့ရတဲ့ စမတ်ဖုန်းတစ်လုံးကို ပြသသွားခဲ့ပါတယ်။
ဒီလို မျက်နှာပြင်ကွေးနိုင်တဲ့စမတ်ဖုန်းတွေကို Samsung က ထုတ်တော့မယ်လို့ သတင်းတွေပေါက်ကြားခဲ့ပေမယ့်၊ Samsung ထက်အရင်၊ တရုတ်ကုမ္ပဏီတစ်ခုက ဒီလိုဖုန်းမျိုးကို လက်တွေ့ထုတ်ပြလိုက်တာပါ။
ယခုပြသသွားတဲ့ဖုန်းဟာ Android စနစ်သုံး Touchscreen ဖုန်းတစ်လုံးဖြစ်ပြီး၊ ဂရပ်ဖင်း ခေါ် ကာဗွန်အလွှာပြားတစ်မျိုးနဲ့ မျက်နှာပြင်ကို ပြုလုပ်ထားတာဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင်ဟာ လုံးဝအဆုံးစွန်အထိ ကွေးညွတ်နိုင်တာကြောင့်၊ လက်မှာတောင် ပတ်သုံးနိုင်ပြီး၊ ရုပ်ထွက်ကတော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။
ဒီဖုန်းဟာ ဈေးကွက်ဝင်ထုတ်လုပ်ဖို့ထက်စာရင်၊ နည်းပညာပြသမှုတစ်ခုအနေနဲ့ဖြစ်ပြီး၊ အနာဂတ် wearable ပစ္စည်းတွေမှာ ဒီဂရပ်ဖင်းကာဗွန်ကို သုံးလာဖို့ရှိနေပါတယ်။ ဂရပ်ဖင်းဆိုတာ ကျနော်တို့ သာမန်ခဲတံချောင်း တွေမှာ ပါတဲ့ ခဲဆံ (ဂရပ်ဖိုက်) ကနေ ထုတ်ယူရရှိနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီး၊ အလွန်ပါးလွှာပေမယ့်၊ စတီးထက် အဆ ၂၀၀ လောက်ပိုခံနိုင်ရည်ရှိပါတယ်။
အခုဆိုရင် တရုတ်နိုင်ငံဟာ ဂရပ်ဖင်းသုတေသနပြုလုပ်မှုမှာ ရှေ့ဆုံးကဦးဆောင်နေတဲ့နိုင်ငံဖြစ်ပြီး၊ ယခုစမတ်ဖုန်းကို ပြသသွားတဲ့ကုမ္ပဏီနာမည်ကို မသိရပေမယ့်၊ ၂၀၁၅ခုနှစ်တုန်းက၊ ပထမဆုံး ဂရပ်ဖင်းစခရင်သုံးစမတ်ဖုန်းကို ပြသသွားတဲ့ Moxi Technology and Galapad ကုမ္ပဏီဖြစ်နိုင်ပါတယ်။
china-bendable-smartphone
Ref: i4u

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

Viber for Windows 6.0.1 - Myanmar Font

 


Viber 6.0.1 နောက်ဆုံးထွက် Update လေးပါ..။ Viber ဆိုရင်တော့ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် အထူး မိတ်ဆက်မနေတော့ပါ...။ ဒါလေးကတော့ ကွန်ပျူတာ အတွက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 8.1 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။


Viber ကို Windows XP / Vista/ 7/ 8/ 8.1 မှာမြန်မာစာ မပေါ်ဘူးဆိုပြီး အော်နေကြတဲ့ မိတ်ဆွေ သူငယ်ချင်း များအတွက်ပါ...။


မိမိတို့ရဲ့ ကွန်ပျူတာမှာ Viber ရှိနေတယ်ဆိုရင်တော့ မိမိတို့ ကွန်ပျူတာမှာ ရှိတဲ့ Viber ကို Unstill လုပ်လိုက်ပါ ပြီးရင် အောက်မှာပေးထားတဲ့ Kayin2014 font လေးကိုဒေါင်းယူပြီး Instill လုပ်ပါ တကယ်လို့ Windows XP ဆိုပါက Windows + R တွဲနှိပ်ပါ ပေါ်လာတဲ့ Box မှာ fonts လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ထပ်ပေါ်လာတဲ့ Box မှာ Kayin2014 Font လေးကို Copy ယူပြီး ထည့်ပေးလိုက်ပါ တကယ်လို့ Install လုပ်မယ်ဆိုပါက အောက်ကပုံလေးအတိုင်းပါ..။


 Windows XP  နဲ့ 7 အတွက်ကတော့ Kayin2014 font ကို ဒေါင်းယူလိုက်ပါ။

 
Windows 8 နဲ့ 8.1 အတွက်ကတော့ Windows 8 Font Changer ကို ဒေါင်းယူလိုက်ပါ။

 
 
 
 
  DOWNLOAD

 
 Password: www.ayekyaw.org
 
 
 
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 
 
 
 
 (Update on 19th May 2016)
 
Viber Myanmar Font For Window 10 အတွက်  ဒီနေရာမှာ  တင်ထားပြီးပါပြီ။
 
 
 
 လေးစားစွာဖြင့်
 

ဝင်းကမ္ဘာကျော်
 
www.winkabarkyaw.net
 
 
comments

Internet Broser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့ - Maxthon Web Browser

 

Android /Tablet ကိုင်ဆောင်ကာ Maxthon Web Browser – Fast v4.5.9.1000 apk အသုံးပြုသူများအတွက် 29 ရက်နေ့ 4 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ Maxthon Browser လေးကတော့ လုံခြုံရေးအပိုင်း၊မြန်ဆန်မှုတွေကတော်တော်ကောင်းပါတယ်။ Browser ထဲ ဝင်ရောက်လာတဲ့ ကြော်ငြာ , Ad တွေကို ကာကွယ်ပေးနိုင်မှာပါ။ ဖိုင်ဆိုဒ်ကတော့ 11.64 MB ရှိပြီး Android  Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။


 
  DOWNLOAD


 
  www.ayekyaw.org
comments

နောက်ဆုံး ဗါးရှင်းဖြစ်တဲ့ - Facebook v76.0.0.0.27 for Android

 

Android /Tablet ဖုန်း ကိုင်ဆောင်ကာ Facebook 76.0.0.27 APK အသုံးပြုလိုသူများအတွက် နောက်ဆုံး Update တင်ပေးလိုက်ပါတယ်။ updated အသစ်ထွက်တယ်ဆိုတာကတော့ ဟိုတုန်းက အဟောင်းလေးတွေ ရဲ့ အားနည်းချက်တွေကို ပြင်ဆင်တာ ဒီထက်ပိုကောင်းအောင် လုပ်ပေးတာဖြစ်ပါတယ်။ updated အသစ်ထွက်တိုင်း သုံးသင့်ပါတယ်။ နောက်ဆုံး Update အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

 
 
  DOWNLOAD


 
  www.ayekyaw.org
comments

Super Piano HD Full v6.4 apk

 

Android /Tablet ကိုင်ဆောင်ကာ Super Piano အသုံးပြုသူများအတွက် 29 ရက်နေ့ 4 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ စမတ်ဖုန်း ထဲမှာ ဂီတသံစဉ်များကို ကိုယ်တိုင်တီးခတ်နားဆင်ချင်တယ်ဆိုရင် ဒီ App လေးကိုဆောင်ထားသင့်ပါတယ်။ သံစဉ်များစွာ တီးလုံးများစွာကို ချိန်ညှိဖန်တီး ပြီး တီးခတ်နိုင်တာကလည်း သူ့ရဲ့အားသာချက်တစ်ခုပါ။ Online နဲ့ချိတ်ဆက်တီးခတ်လို့ရခြင်း ၊songs များ download ရယူနိုင်ခြင်း စသည်တို့ကြောင့်လဲ လူကြိုက်များနေရတာပါ...။ ဖိုင်ဆိုဒ်ကတော့ 6.14 MB ရှိပြီး Android  Version 4.0.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ 

 
 
DOWNLOAD


 
 www.ayekyaw.org
comments

RAR 5.40.build40 (40) APK Latest Version Download

  

ဒါ လေးကတော့ မိမိ လိုချင်တဲ့ Application တွေကို Online မှာ ဒေါင်းလုပ် ဆွဲတဲ့ အခါ တချို့ ဆိုဒ်တွေက  App သီးသန့် တင်ထား တာတွေ လည်းရှိ သလို Rar & Zip စတာတွေနဲ့ လည်း ချုံ့ပြီး တင်ထား တာတွေ ရှိကြပါတယ်။ ဒီလို Rar ဖိုင်တွေနဲ့ ချုံတဲ့ App တွေကို  ဖုန်းထဲ မှာတင် တိုက်ရိုက် ဖြည်ချနိုင်တဲ့ RAR 5.40.build40 APK ကို တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 4.53 MB ရှိပြီး Android  Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

 
 
  DOWNLOAD


 
  www.ayekyaw.org
comments

♪ ကွန်ပြူတာမှာ Hard Disk နေရာလွတ်အများကြီးရလာအောင် လုပ်နည်း ♫


အခုခေတ်မှာ ဟာ့ဒ်ဒစ်တွေက ဖိုင်ဆိုက်တွေ ပိုများလာတယ်ဆိုပေမယ့်၊ ကွန်ပြူတာသုံးသူတိုင်း အမြဲကြုံတွေ့ရတဲ့ပြဿနာက Hard Disk နေရာလွတ်သိပ်မရှိတော့တဲ့ ပြဿနာပါ။ HDD တွေထက်စာရင် ဖိုင်ဆံ့တာပိုနည်းတဲ့ SDD သုံးတဲ့လူတွေဆိုရင် ပိုသိသာပါတယ်။
တကယ်လို့၊ ကွန်ပြူတာမှာ အရေးတကြီးဖိုင်တွေ၊ ဗီဒီယိုတွေ၊ ပရိုဂရမ်တွေ သိမ်းချင်ပေမယ့်၊ Hard disk သိပ်မလွတ်တော့တဲ့အတွက် ဒုက္ခရောက်နေသူတွေအတွက် ကွန်ပြူတာထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို ဖျက်ပြီး နေရာလွတ်များများရအောင် လုပ်နည်းကို မသိသေးသူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

နည်း (၁) – Disk Cleanup လုပ်ပေးပါ။

Windows တွေမှာ မလိုအပ်တဲ့ဒေတာတွေ၊ ခဏသိမ်းထားတဲ့ temporary file တွေကို ဖျက်ဖို့အတွက် tool တစ်ခု အစကတည်းက ပါလာပါတယ်။ ဒီ tool ကို သုံးမယ်ဆိုရင်၊ My Computer ထဲဝင်၊ ကိုယ် clean လုပ်ချင်တဲ့ drive ကို ရွေးပြီး၊ right-click နှိပ်၊ Properties ထဲ ၀င်လိုက်ပါ။
650x406ximage48.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic._wdDkUyQKI
Box တစ်ခုကျလာပြီး၊ Disk Cleanup ဆိုတာကို ကလစ်လိုက်ရင် Windows က ဖျက်လို့ရမယ့်ဖိုင်တွေကို အလိုလိုတွက်ပေးပါလိမ့်မယ်။ ကိုယ်ဖျက်ချင်တဲ့ဖိုင်တွေကို အမှန်ခြစ်လိုက်ခြစ်ပေးပါ။ Temporaray ဖိုင်တွေ၊ log ဖိုင်တွေ၊ recycle bin ထဲကဖိုင်တွေနဲ့ တခြားအရေးမကြီးဖိုင်တွေကို ဖျက်ပစ်နိုင်ပါတယ်။
496x615ximage49.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.EYViHbOZhT
ဒီစာရင်းထဲမှာမပေါ်တဲ့ စစ်စတမ်ဖိုင်တွေကိုလည်း အောက်နားက Cleanup System files ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
512x580ximage50.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.xDtAa4abFA
ဒီနည်းနဲ့ဖိုင်တွေဖျက်ပြီးသွားရင်၊ နောက်ထပ် ‘More Options’ ဆိုတာထဲ ၀င်ပြီး၊ ‘System Restore and Shadow Copies’ ဆိုတဲ့ ခေါင်းစဉ်အောက်က၊ ‘Clean up’ ကို နှိပ်ပြီး၊ ကွန်ပြူတာစစ်စတမ်ကနေ restore သိမ်းထားတဲ့ဖိုင်တွေ ထပ်ဖျက်နိုင်ပါသေးတယ်။ တစ်ခုသတိပြုရမှာက- ဒါကိုဖျက်လိုက်ရင် ကွန်ပြူတာရဲ့ restore လုပ်ထားတဲ့အဆင့်တွေကိုလည်း ဖျက်သွားမှာဖြစ်တာကြောင့်၊ ကွန်ပြူတာ error တစ်ခုခု ကြုံရင်၊ ပုံမှန်လို ရက်တော်တော်ကြာကြာတစ်ချိန်က ကွန်ပြူတာစစ်စတမ်ဆီ ပြန်သွားလို့ရမှာမဟုတ်တော့ပါဘူး။
512x580ximage52.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.Q4DsM4CgLg
C ကို ဖျက်ပြီးရင်၊ အထက်ပါ Cleanup နည်းတွေအတိုင်း D ကိုလည်း ဖျက်ပေးပါ။

နည်းလမ်း(၂)- နေရာအများကြီးယူထားတဲ့ပရိုဂရမ်တွေကိုဖျက်ပစ်ပါ။

မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပစ်ခြင်းကလည်း Hard Disk မှာ နေရာလွတ်တော်တော် ထွက်လာမယ့်နည်းပါ။
650x289xWindows_107-650x289.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.DRoN226oWK
ဒီနည်းကတော့ Control Panel ထဲ အရင်ဝင်ပြီး၊ Programs and Features ကို နှိပ်လိုက်ပါ။ ညာဘက်ဘေးနားက Size ဆိုတာကိုနှိပ်ပြီး၊ ဖိုင်ဆိုက်အများဆုံးပရိုဂရမ်ကနေ အနည်းဆုံးအထိ အထက်အောက်ပေါ်အောင် ပြောင်းကြည့်နိုင်ပါတယ်။ (တစ်ချို့ပရိုဂရမ်တွေက သူတို့အမှန်တကယ်ယူထားတဲ့ space ကို တိတိကျကျမဖော်ပြတတ်ပါဘူး။ တခါတလေ ပြထားတာထက် ဖိုင်ဆိုက်ပိုယူထားတတ်ပါတယ်)။ ပေါ်လာတဲ့ ပရိုဂရမ်တွေထဲက၊ ကိုယ်သိပ်မသုံးဖြစ်တာတွေ၊ မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပေးပါ။

နည်း(၃) ဖိုင်ရှင်းလင်းရေးလုပ်ပေးတဲ့ဆော့ဖ်ဝဲသုံးပါ။

Windows ကပါတဲ့ Disk Cleanup tool က တော်တော်အသုံးဝင်တယ်ဆိုပေမယ့်၊ တခြားပရိုဂရမ်တွေ (ဥပမာ – Firefox တို့ Chrome) တို့ကသုံးထားတဲ့ caches ဖိုင်တွေ၊ ယာယီဖိုင်တွေကို မဖျက်ပေးပါဘူး။ ဒီလိုဖိုင်တွေ ဖျက်ချင်ရင်တော့၊ အကောင်းဆုံးနဲ့ လူသုံးအများဆုံးဆော့ဖ်ဝဲက CCleaner ဖြစ်ပါတယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
CCleaner ဟာ တခြား third-part ပရိုဂရမ်တွေက မလိုတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်သလို၊ Disk Cleanup က မဖျက်ပေးတဲ့ Windows ဖိုင်တွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။

650x465ximage55.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.xPvjqPGygF

နည်း(၄) – System Restore အတွက်သုံးတဲ့ ဖိုင်ဆိုက်ပမာဏကို လျှော့ပေးပါ။

System Restore က ကွန်ပြူတာကို အရင်စစ်စတမ်အခြေအနေဆီ ပြန်သွားဖို့လိုအပ်တဲ့ restore point တွေအတွက် ဖိုင်ဆိုက်ပမာဏအများကြီးယူထားတယ်ဆိုရင်၊ ဒီပမာဏကို လျှော့ပေးပါ။ ကိုယ်က ဟိုကလိ၊ ဒီကလိလည်းမသုံးဘူးဆိုရင် System Restore က သိပ်မလိုဘူးလို့ပြောလို့ရပါတယ်။ ဒါကြောင့်၊ Control Panel ထဲက System ထဲဝင်၊ System protection ကိုရွေး ( Computer မှာ right-click ထောက်ပြီး၊ Properties ထဲဝင်လည်းရပါတယ်)
491x579ximage56.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.ZoKhd__uLB
System Protection ထဲ ရောက်သွားပြီဆိုရင်၊ Configure ကိုရွေးလိုက်ပါ။ ဒါဆိုစခရင်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ဒီမှာ System Protection ကို လုံးဝပိတ်ပစ်နိုင်လို၊ အရင်မှတ်ထားတဲ့ restore points တွေလည်း အကုန်ဖျက်ပစ်နိုင်ပါတယ်။ System Restore မပိတ်ချင်ဘူးဆိုရင်တော့ အောက်ကဘားလေးမှာ ဖိုင်ဆိုက် နည်းနည်းဆွဲပြီး လျှော့ချလိုက်ပါ။ ပြီးရင် Apply လုပ်ပြီး၊ OK နှိပ်လိုက်ရင် ပြီးပါပြီ။

Credit to ==> Digital Times


<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

မိကျောင်း Games [47.8 MB] [apk]

Crocodile attack 2016
-
ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
-
Get full version of Android apk app Crocodile attack 2016 for tablet and phone.
-
မိကျောင်း ကလူတွေကိုလိုက်စားရမယ့်ဂိမ်းပါ ကြောက်တတ်သူများမကစားရပါ

-




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

comments

♪ ခေတ်သစ်မျိုးပွားနည်း ♫


တစ်ရက်တွင်အဖေဖြစ်သူကို သားငယ်ကမေးသည်။ “ဖေဖေ၊ သားကိုဘယ်လိုမွေးခဲ့တာလဲဟင်”


အဖေဖြစ်သူကစဉ်းစားလိုက်ပြီး “အာ၊ ကောင်းပြီ။ သားကိုပြောပြမယ်။ မင်းအမေနဲ့ ဖေဖေက အင်တာနက်ချက်တင်တစ်ခုမှာ စတွေ့ခဲ့တာပေါ့၊

မင်းအမေကို လှမ်းတွေ့ဖို့ချိန်းတဲ့စာကို e-mail ကနေပို့လိုက်ပြီး
အင်တာနက်ကဖေးတစ်ခုမှာ စတွေ့ခဲ့ကြတာ။
တွေ့တော့နည်းနည်းချောင်ကျတဲ့နေရာတစ်ခုမှာ ရွေးထိုင်ခဲ့ကြတာပေါ့။ ခဏကြာတော့
မင်းအမေက အဖေ့မမ်မိုရီစတစ်ထဲက ဒေတာတွေကို ဒေါင်းလုဒ်ဆွဲတော့တာပဲ။

အဲ့ဒီအချိန်မှာအဖေက Upload လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီ။
တစ်ခုရှိသွားတာကက အဖေတို့နှစ်ယောက်လုံး Security အတွက် Firewall
မခံထားမိခဲ့ကြဘူး။

ဒါပေမယ့် Delete ခလုတ်ကိုနှိပ်ဖို့ အရမ်းနောက်ကျသွားခဲ့ပြီလေ။ ဒီလိုနဲ့
ကိုးလလောက်လဲကြာရော ဗိုင်းရပ်စ်လေး ပေါက်ဖွားလာတော့တာပဲ။
ပုံပြင်ကတော့ဒါပါပဲကွာ။”


Ref: unijokes.com


Credit to ==> Digital Times





<<<
အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။
>>>
 








www.pyaephyo.com
comments

Xiaomi Flashing Tool v20160401 (New Version)


Xiaomi ဖုန်းတွေအတွက် Flashing Tool ပါ... ဗားရှင်းအသစ်မို့ Shsre ပေးလိုက်ပါတယ်..။
ဒေါင်းလို့ အဆင်ပြေအောင် တိုက်ရိုက် Link ကိုချိတ်ပေးထားပါတယ်..။

Now you are all Set to Flash the  Fastboot ROM to MI 5
Imp: This Flash Tool Can also be used to Flash the Windows 10 to MI 4-LTE as this tool have the integrated Qualcomm driver.

 
 
 
 
comments