android ဖုန်းတွေအတွက် အသစ်ထွက်ရှိလာတဲ့  DJ apk



ANDROID ဖုန်းတွေပေါ်မှာ DJ ပွတ်လို့ ရပါပြီ။27 SEPT နေ့ ကမှ Play store ပေါ်ကို တင်လိုက်တယ်ဗျာ။
လုံးဝအသစ်စက်စက်လေးပါ။ 4$ လောက်တော့ တန်တယ်နော်။အပျင်းပြေကစားချင်တဲ့ သူတွေရော
ပွတ်ရတာဝါသနာပါတဲ့ မိတ်ဆွေတွေရောအားလုံး စိတ်ချမ်းသာနိုင်ပါပြီ။
ဒီတစ်ခါထွက်လာတဲ့  DJ လေးကအရင်ကဟာတွေနဲ့ မတူပဲ တော်တော်လေးကို feature တွေစုံလင်လာတယ်ဗျာ။မိမိတို့ ပွတ်လို့ ရလာတဲ့ musics တွေကို facebook အထိတောင်တင်လို့ 
ရတယ်ဆိုတော့ တော်တော်လေးလန်းသွားပြီနော်။သူ့ ကိုအသုံးပြုမယ်ဆိုရင်တော့  android version 4.0 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဖိုင်ဆိုဒ်ကတော့ 18 MB ပါခင်ဗျာ။အောက်မှာပုံလေးတွေကြည့်ရင်းအသေးစိတ်လေ့ လာကြတာပေါ့ ဗျာ။


 

 

General Characteristics:

  • OS: Android 4.0 and upper
  • Screen Compatibility 3.7" & upper
  • eMix function to share your mix on Facebook and Twitter (depending on Android phone)
  • Direct Access to your Android native Music file to mix your own music
  • Deezer Compatibility
  • edjing PRO Exclusivity: Pre Cueing & TK Filter natively included
  • 2 Turntables + Cross Fader
  • Scratch / Pitch on Vinyl
  • Wide Sound Spectrum for optimum Beats localization
  • Pro DJ effects (FX): Cue, Flanger, Loop, Echo, equalizer
  • A store with additional effects (FX): Reverse, Double flipping, Auto Scratch, Reverbs, TK Oscilllator, Gate
  • The possibility to earn vinyls to buy effects
  • Possibility to record your mix: recording in High Definition CD quality, wave format
  • "AutoMix" mode for automatic transitions
  • BPM synchronization (sync)
  • Ability to remix mp3 files of more than 1 hour
What's in this version : (Updated : Sep 27, 2013)
  • Bugs fixed
  • NEW: Sign-In with Google Plus!
  • Feature "Share your mix on Facebook" Available!
  • Corrections of the Sound System
  • Bugs fixed
  • General optimization of the app performances
+++
Requires Android: 4.0 and up




zippyshare ; trusfiles ; solidfiles 




အသစ်တင်တိုင်းfacebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။




စိုင်းသူ



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
comments

ဆီးဂိမ်းပြိုင်ပွဲတွင် Ytalk မှ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ကူညီပေးသွား မည်ဖြစ်ကြောင်း စမိုင်းပြော

 
အနုပညာလောကမှာ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့သလို ဂီတအနု ပညာ အလုပ်ကိုလည်း ဝါသနာအရ ပထမဆုံး တေးစီးရီးကို... အောက်တို ဘာလထဲမှာ ထွက်နိုင် ဖို့ကြိုး စားနေသူ စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ Ytalk ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလာမည့် ဆီးဂိမ်းပွဲကျင်းပရာ ကာလတစ်လျှောက်လုံးမှာ နိုင်ငံ တော် ကိုယ်စားဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံသား တစ်ဦးပီပီပါဝင်ပံ့ပိုးတဲ့သူမရဲ့ခံစားချက်ကို မေးကြည့်တော့ “ဆီးဂိမ်း မှာ အစ်မတို့ပါဝင်ပြီး ဒီဆက်သွယ်ရေးကို လှူဒါန်းတာကတော့ ဒီဆီးဂိမ်း မှာ လာရောက်ကစားမယ့် နိုင်ငံခြားသားတွေကို ဘာပဲဖြစ်ဖြစ် မြန်မာနိုင် ငံရောက်လို့ သူတို့မိ သားစုတွေဆီ ဆက်သွယ်လို့ရအောင်ဆိုပြီး စီစဉ်ပေးတာပါ။ သူတို့ခေါ် ချင်တဲ့နိုင်ငံကို ခေါ်လို့ရအောင် အခမဲ့စီစဉ်ပေး ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ 
 
အဓိက ဒီဆက် သွယ်ရေးကိုလှူဖြစ် တာက အစ်မ အမျိုးသားနဲ့တိုင်ပင် ပြီးလှူဖြစ်တာလားလို့မေးကြည့်တော့ “နိုင်ငံခြားသားတွေက မြန်မာပြည်လာလို့ရှိရင် မြန်မာပြည် က ကော်မြူ နီကေး ရှင်း ခက်ခဲတယ်။

ဆက်သွယ်မှုဈေးနှုန်းမြင့်တယ်။ အဆင် မပြေဘူးဆိုတဲ့အသံကို အမြဲ ကြားရတယ်။ ပြီးတော့ ဒီဆီးဂိမ်းမှာက နိုင်ငံပေါင်း များစွာကလာပြီး ပြိုင်မှာ ဆိုတော့ အဲဒီလိုမျိုး ဟာကို ကိုယ့်တိုင်းပြည်မျက်နှာ မငယ် စေချင်တာ လည်းပါတယ်။ သူတို့ အားကစားသမားတွေကို အခမဲ့ပေးခေါ်တယ်ဆိုတာ တိုင်းပြည်လည်း ဂုဏ်တက် မယ်။ အစ်မ တို့ကုမ္ပဏီကိုလည်း လူတွေအမှတ် ပိုရလာ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးစီးပွားရေးတစ်ခုဖြစ် လာဖို့ အချိန်ရော၊လူရော၊ငွေရောအကုန်ခံ ပြီးလုပ်တယ်။ ဒါငါတို့ စီးပွားရေးပဲတွေး ရင် ပိုက်ဆံယူပြီးအစ်မတို့ပဲ ချမ်း သာသွားမှာလေ။ အသွားအပြန် ဆိုတာ ရှိတယ်လေ။ အခု အဲဒီလို လုပ်တာလည်း နှစ်ဖက်စလုံးစိတ်ချမ်းသာမယ်။ ပြီးတော့ ဆီးဂိမ်းက ဒီမှာမလုပ်တာတော်တော် ကြာပြီ။ စည်းလုံးမှ တိုင်းပြည်ကလုပ် လို့ရမှာလေ။ ဒါကြောင့် ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို ကူညီပံ့ပိုး ပေး တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး  -  Popular Journal 
 
Ref :  http://www.myanmarnewsnow.org



comments

Windows SeVen Super XP 2013 (32bit edition) (644MB)

 
Windows အလန်းစားတွေကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများအတွက် Windows SeVen Super XP 2013  တင်ပေးလိုက်ပါတယ်။ Windows XP ကို Window 7 စတိုင်နဲ့ အသုံးပြုရမှာပါ။  Windows အလန်းစားတွေ ကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အကြိုက်ဖြစ်မှာပါ။ Window 7 ကိုလည်းသုံးချင်၊ Window XP ကိုလည်း မစွန့်လွှတ်နိုင်သေးတဲ့ သူငယ်ချင်းများ အတွက်တော့ ဂွတ်ရှယ်ပါပဲ ခင်ဗျာ။ ပါဝင်တဲ့ Features  တွေကိုတော့  အောက်မှာကြည့် လိုက်ပါ။ လိုချင်ရင်တော့ ဒေါင်းလိုက်ပါဗျာ။ 
Windows အလန်းစားတွေကို လိုချင်သေးရင်တော့ ဒီနေရာမှာ မှာယူပါခင်ဗျာ။


 
 
 
 

  ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ
ဒေါင်းလုပ်=>>> လင့် ၁ , လင့် ၂
comments

USBUtil v2.1 Ultimate for PS2 USB Mode (PS2 Game တွေကို USB မှာထည့်ကစားချင်ရင်)


cancer: အကိုရေ USB Util ဆိုတဲ့ Software လေးများတင်ပေးလို့ရပါလားခင်ဗျာ.. သူက Play Station 2 Game အတွက် ခွေကို Storage device ထဲကို ပြောင်းထည့်ပေးတဲ့ဟာနဲ့တူပါတယ် လိုချင်တာ မရှာတတ်လို့ပါ ကျေးဇူးပါ...

ဟုတ်ကဲ့ PS2 Game တွေကို  USB စတစ် ထဲ ကနေ ကစားနိုင်ဖို့ ISO ဖိုင်လလ်ကို ပြောင်းပေးတဲ့ Software လေးပါ.. အခြားလိုအပ်သူများလည်း အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


First you plug it in first or Flasdisk External HDD that you want to fill with PS2 games to a computer, at this time I use the External HDD.
  • Open USBUtil 2.1 application and then you click Salir as shown below;
Figure 1
  • Archivo Selanjutnyakita select the tab as shown below;
Figure 2
Caption 2 by arrows;
  1. To view, edit or copy from another drive already installed PS2 games.
  2. To install a PS2 game where The files are in the form of ISO.
  3. To meninstal PS2 games directly from the CD / DVD PS2 games.
  • The next page will appear as below, click Cerrar;
Figure 3
  • then you will appear as shown below;
Figure 4
Caption 4 by arrows;
  1. The location of the CD / DVD you (usually already detected Automatic).
  2. Type of tape you want to install, you should select AUTO.
  3. You want to install the game in the form of ISO (to be stored in another drive as a back up) or Direct PS2 format.
  4. You select the drive where the game will be installed.
  5. Give the title game in the existing columns.
  6. After all that is done click Crear and prosespun runs as shown below;
Figure 5

Figure 6
  • And when you're done click Cerar, and finally finished already installed from the CD / DVD for the PS2 and copy from HDD / Flasdisk others do almost the same, see Figure 2 and then select the drive where we have installed gamma PS2nya, see picture below;
Figure 7



Caption 7 corresponding arrows;
  1. Drive where we have menginatl PS2nya game.
  2. Choose ul.cfg to display data installed.
  3. Choose Cargar to the next step and will appear as shown below;
Figure 8
  • Select the game that we would like a copy of arrows we select No. 1 after we click the Cop / move like an arrow No. 2, then it will appear as shown below;
Figure 9
  • Specify the drive where you would like the copied arrows No. 1, then click the arrows Copiar as no 2 and prosespun runs, and finally finished, just unplug HDD / Flasdisk you plug the PS2 to play  ..., may be useful.


Click Here to Download

(OR)

Click Here to Download
 
 
comments

iOS 7 မှာ ကိုယ်လက်မခံချင်တဲ့ phone call နဲ့ massage တွေကို Block ကြမယ်


iPhone ရဲ့ နောက်ဆုံး iOS version ဖြစ်တဲ့ iOS 7 မှာ ကိုယ်လက်မခံချင်တဲ့  phone call နဲ့ massage တွေကို 
ဘာ application မှမသုံးပဲ system မှာပါလာတဲ့ function လေးအသုံးပြုပြီးblock လုပ်တဲ့နည်းလမ်းလေး တင်ပေးလိုက်ပါ တယ်ဗျာ။ သိပြီးသားမိတ်ဆွေအတွက် မရည်ရွယ်ပေမဲ့ မသိသေးတဲ့သူတွေအတွက်တော့ နည်းလမ်းလေးသိသွားအောင်  လို့ပါ။ ရေးသာရေးရပါတယ်။ အောင်ကိုထက် မင်းဟာက ငါတို့ သိပြီးသားပဲအလကားပါလို့အပြောခံရမှာလည်း
 ကြောက်တယ်ဗျ။ေိေိ :D

ကဲစမယ်ဗျာ.........

1 .ပထမဦးဆုံး phone call ကို block မဲ့အကြောင်းစရေးမယ်ဗျာ။ Phone ရဲ့ application ကိုဖွင့်ပြီး Call Log     ကိုနှိပ်လိုက်ပါ။

2 .အဲ့ဒီထဲကမှ ကိုယ် block လုပ်ချင်တဲ့ phone number လေးရဲ့ညာဘက် ဘေးမှာ i ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ ပြီးရင် စာသားတွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ အောက်နားလေးထိကို စွဲချပြီး block this caller  ဆိုတဲ့စာသားလေးကို ရှာလိုက်ပါ။ အောက်ပုံလေးကိုကြည့်ပြီးလေ့လာနိုင်ပါတယ်။ 


3. အဲ့ဒီစာသားလေးကိုနှိပ်ပြီးသွားရင်တော့ ကိုယ်လက်မခံချင်တဲ့ phone number ကို block လုပ်ချင်းပြီးဆုံးသွားပါပြီ။ 


4. Block လုပ်တာကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းတွေအတိုင်းသွားပြီးတော့ Block this caller ဆိုတဲ့စာသားနေရာ Unblock this caller ဆိုတဲ့စာသားလေးကိုပြန်နှိပ်ပေးလိုက်ရင် unblock လုပ်ခြင်းပြီးဆုံးသွားပါလိမ့်မယ်ဗျာ။

ဒါဆိုရင်တော့ iOS 7 မှာ ကိုယ်မလိုချင်တဲ့ phone number နဲ့ messages တွေကို block လုပ်နိုင်ပြီဖြစ်ပါတယ်ဗျာ။

အားလုံးအဆင်ပြေကြပါစေ..........

Aung Ko Htet (IT Studier)
comments

Mobile Guide Issue Vol-2 ၊ Issue-122 (30.9.13)


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (122)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

Digital Life Journal Issue Vol-2 ၊ Issue 21 (30.9.13)


Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(2), Issue (21) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

DVD အခွေကူးမရလို့ စိတ်ညစ်နေသူတွေအတွက် any DVD HD

DVD အခွေတွေကို ကူးမရလို့ စိတ်ညစ်နေလား......? တစ်ချို့ က DVD အခွေတွေကို ကူးလို့ မရအောင်လုပ်ထားတတ်ပါတယ်။ကြုံဘူးတဲ့ သူတွေကတော့ သိမှာပါ။မကြုံဘူးသေးတဲ့ သူဆိုရင်
လည်း ANY DVD HD လေးကိုသာပြေးမြင်ယောင်လိုက်ပါ။မည်သည့်  DVD အမျိုးအစားနှင့် မဆိုအဆင်ပြေစွာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဒီကောင်လေးရဲ့ အားသာချက်ကတော့  ရုပ်ရှင်တစ်ခုမှာ မိမိတို့ မလိုချင်တဲ့ နေရာတွေကိုပါ ကျော်လို့ ရပါတယ်အချိန်ကုန်သက်သာတာပေါ့ ဗျာ(ဥပမာ) FBI warnning တို့  (ေိေိ -နိုင်ငံရေးဦးတည်ချက်တို့  ပေါ့ ဗျာ ) blue way dis တွေအတွက်လည်း suppot လုပ်ထားပေးပါတယ်။သူ့ ကိုအသုံးပြုမယ်ဆိုရင်Windows XP/Vista/7/8 မှာအသုံးပြုလို့ ရပါတယ်။
အရေးအကြီးဆုံးကတော့ ဒီကောင်လေးကို run ပြီးရင် launch မလုပ်ပါနဲ့ ။restart ကျသွားပါလိမ့် မယ် ပြီးရင် taskbar အောက်ခြေမှာ ရောက်လာတဲ့ any dvd လေးကိုပိတ်ပေးပြီး crack folder ကို install လုပ်ပေးပါ။firewall မှာ "AnyDVDtray.exe"ကိုBlockလုပ်ပေးပါ (အရေးကြီးပါတယ်)


အသေးစိတ်လေ့ လာရန်

Features of AnyDVD:
» Works automatically in the background
» Removes encryption (CSS) and region code (RPC) from DVDs
» Removes analogue copy protection (Macrovision)
» Removes features such as forced subtitles and warnings
» Decrypts without the need to save the data onto your hard-disk
» Decrypts 'on the fly'
» Prevents automatic launching of 'PC-friendly' software on video DVDs
» Allows adjustment of your monitor refresh rate for both NTSC and PAL monitors
» Allows execution of external programs on disc insertion and removal
» Allows speed control of your DVD drives
» Compatible with all DVD media
» Works with all DVD-drives, regardless of region code
» Works with all DVD copying, such as CloneDVD, and all DVD player software
» Works transparently for the operating system: DVDs can be shared over the network and copied with the command prompt or with Windows Explorer, etc.
» Proven to be stable and fast and does not require an ASPI driver
» Features AnyCDDA: play, copy and rip protected audio CDs

AnyDVD Changelog 7.3.5.0 :
- New (Blu-ray): Support for new discs
- New (DVD): Support for new discs
- New (DVD): Improved brute force CSS decryption (region code mismatch).
- New: Increased performance of I/O subsystem
- Some minor fixes and improvements
- Updated languages

OS : Windows XP/Vista/7/8
Language : Multilanguage [ML]

Install Notes:
1] Install The App
2] Do not Launch The App
3] Reboot
4] Close the program if it is active in the taskbar.
5] Copy Content from Crack Folder to Install Directory
6] Block "AnyDVDtray.exe" in firewall : Important


  



set-up file-  zippyshare  ; trusfiles ; solidfiles ;

cracks file- zippyshare ; trusfiles ; solidfiles ;



အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးခဲ့ ပါ။

စိုင်းသူ

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
comments

Google earth pro full version

Google earth ဆိုရင်လူတိုင်းသိပါတယ်နော်။ ဒီကောင်လေးက ကျွန်တော်တို့ တွေအတွက်ကတော့ 
ကို့ အိမ်ကိုပြန်ကြည့် တဲ့ နေရာမှာသုံးနေကြပါ။သုံးတတ်ရင်သုံးတတ်သလိုပေါ့ ဗျာ။
အချိန်းအချက်တွေလုပ်တဲ့ နေရာမှာလည်းအသုံးဝင်တယ်ဗျ။ဒါတွေမပြောတော့ ပါဘူးဗျာ။အရေးကြီး
တဲအစိတ်အပိုင်းကတော့  set up  file ကို run မယ်ဆိုရင်တော့  အင်တာနက် connection ကိုခဏပိတ်ထားပေးပါ။ပြီးရင် patch file လေးကို program file 86 မှာ google earth folder ထဲကိုထည့် ပေးပြီး run as administrator နဲ့  run ပြီး patch ချိုးပေလိုက်ပါ။











အသစ်တင်တိုင်းfacebook ကနေစောင့် ဖတ်မယ်ဆိုရင်
ဒီမှာ Like ပေးခဲ့ ပါ။



စိုင်းသူ
comments

မိမိတို့ ရဲ အကောင့် တွေကိုလုံခြုံရေးနှစ်ထပ်တိုးမြှင့် ကြမယ်

ဒီနေ့ တော့  မိမိရဲ့ အရေးကြီးတဲ့ password တွေကိုကာကွယ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။
facebook password တွေပဲဖြစ်ဖြစ် မိမိတို့ ရဲ့  gmail account တွေပဲ ဖြစ်ဖြစ် မိမိနှစ်သက်တဲ့ website တွေပဲဖြစ်ဖြစ် ။ptc ငွေရှာနေတဲ့ အကောင့် တွေပဲဖြစ်ဖြစ်အားလုံးကိုလုံခြုံရေး နှစ်ထပ်ချလို့ ရမဲ့ ဆော့ ဝဲလေးပါ။အကြောင်းအမျိုးမျိုးကြောင့် သူများကွန်ပျူတာတွေကိုဝင်ရောက်သုံးစွဲနေရတဲ့ သူတွေလည်းဒီနည်းလမ်းလေး
ကိုသုံးရင်အဆင်ပြေမယ်လို့ ယူဆပါတယ်။တစ်ယောက်ကိုတစ်ယောက်ကျော်ခွခြင်းမှကင်းဝေးအောင်ဒီနည်းလမ်းလေးကို
သာသုံးလိုက်ပါ။100%  အလုပ်လုပ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားပါတယ်ခင်ဗျာ။ဒီနည်းလမ်းက ကွန်ပျူတာအတွက်သာသုံးလို့ ရမှာပါခင်ဗျာ။

အရင်ဆုံး DOWNLOAD ယူလိုက်ပါ။LINK 1 LINK 2;

(အဆင့် -၁)  ရလာတဲ့ ဖိုင်ကို RUN လိုက်ပါ။ပြီးရင်Master password နေရာမှာ series key ကိုဖြည့် ပေးပါခင်ဗျာ။ဒါဆိုအမြဲအသုံးပြုလို့ ရပါပြီခင်ဗျာ။

(အဆင့် -၂)  အောက်ကပုံလေးအတိုင်း (ဥပမာ-facebook အကောင့် ကို password နှစ်ထပ်လုပ်ချင်တယ်ဆိုရင် အောက်ကပုံအတိုင်း ဖြည့် ထည့် ပေးပါ) name နေရာမှာ facebook ကနာမည်။ link နေရာမှာ facebook က url ကိုထည့် ပေးပါ။password နေရာမှာ facebook ကpassword ကိုထည့် ပေးပါခင်ဗျာ။(ဂရုစိုက်ပါ)ပြီးရင် add ကိုနိပ်ပါ။



(အဆင့် -၃ ) ဒီအဆင့် မှာကတော့ မိမိတို့ ရဲ့ facebook ကိုဝင်ချင်တယ်ဆိုရင် launch ဆိုတာလေးကိုနိပ်ပြီးဝင်နိုင်ပါပြီခင်ဗျာ။

gmail အတွက်ဆိုရင်တော့ app account မှာဝင်ပြီးလုပ်ပေးပါ။ခင်ဗျာ။အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်။




အသစ်တင်တိုင်း facebook ကနေစောင့် ဖတ်မယ်ဆိုရင် 
ဒီမှာ like ပေးခဲ့ ပါ။





comments

WPA/WPA2 ကို၁၅မိနစ်နဲ့ဟက်မယ်လိုကြေညာထားတဲ့ဆော့ဝဲ

grey CDlinux + minidwep – Best (fastest & easiest) way to crack wireless WPA/2 passwords

အခု Post လေးကိုတော့ MMiTD မှာကတည်းကကျွန်တော့်ရဲ့ သင်ဆရာမြင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး ကိုအောင်သန်းဦးတင်ပေးထားတဲ့ Post လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
ကျနော်တို့မန်ဘာတွေစမ်းဖို့အကြံပေးချင်ပါတယ် CD LINUX MINIDWEP ဆိုတဲ့ OS ပါOS ဖြစ်လို့ WiFi Adapter တွေ Driver မသိတာကိုအင်စတောလုပ်ခွင့်ပြုတာကြောင့်ကွန်ပြုတာအားလုံးနီးပါးနဲ့အဆင်ပြေနိုင် ပါတယ်( CPU နိမ့်တဲ့စက်တွေမှာတော့မရပါ)။ အောက်ပါ Link မှာ အသုံးပြုပုံနဲ့ Software ကိုဒေါင်းယူနိုင် ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

Real Basketball Apk v1.4.8 [Mod Unlocked]

Android ဖုန်းပေါ်မှာ Basketball ကစားချင်သူများအတွက် Real Basketball ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ကတော့ ၀ါသနာမပါလို့မဆော့ရသေးပါဘူး။ အခြားသောဝါသနာပါတဲ့သူငယ်ချင်းများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါဗျာ။ ရုပ်ထွက်လေးကြည့်ရတော့ အတော်လေးကောင်းမယ့်ပုံပါဘဲ။ နမူနာ ကြည့်နိုင်အောင်အောက်မှာ Screen Shoot ရိုက်ပြီးတင်ပေးထားပါတယ်ဗျာ။ Android OS2.3 နှင့်အထက်ဖုန်း များမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။


 



Features:
  • Realistic 3D graphics
  • 6 different game modes
  • Online multi-player game experience with real opponents or your own friends 
  • Surprise interactive experiences
  • 40 uniforms and unlimited customization
  • 20 basketballs and surprise features
  • 4 basketball courts
  • Cups which can be unlocked through various achievements
Version: 1.4.8
Size: 24 MB
Required android: 2.3 and up



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

Moborobo PC Suite ရဲ့ မျိုးဆက်ဖြစ်တဲ့ Mobo Video Player version 1.3.271



Video တွေကို android ပေါ်မှာကြည့်ကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ Video formats အများစုကို support လုပ်ပေးနိုင်တဲ့အပြင် လူအသုံးများကြတဲ့ စာတန်းထိုးအမျိုးစားတွေလည်းပါဝင်ပါတယ်။ စာတန်းထိုးအမျိုးအစားတွေကတော့ SRT,ASS နဲ့ SAA အမျိုးအစားတွေပဲဖြစ်ပါတယ်။ အရင် application တွေနဲ့အတူတူပဲဖြစ်တာမို့လို့ အသေးစိတ်တော့မရေးပေးတော့ဘူးနော်။ Music video တွေကိုလည်း ဒီ application နဲ့ကြည့်ရှု နားထောင်နိုင်တဲ့အတွက် အသံပိုင်းမှာလည်းကောင်းမွန်အောင် ဖန်တီးပေးထားတာကို တွေ့ရမှာပါ။  ဒီ application လေးကိုအသုံးပြုချင်တယ်ဆိုရင်တော့ android version 2.0 နဲ့ အထက်မှာ အသုံးပြုနိုင်ပါတယ်။


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ 






အားလုံးအဆင်ပြေကြပါစေ........

Aung Ko Htet (IT Studier)
comments

Xperia Z HD Theme version 1.0 APK (Theme)


Sony Xperia Z ရဲ့ themes လေးကိုသဘောကျကြတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ကိုယ့်ဖုန်းက Sony မဟုတ်ပေမဲ့လည်း Sony ရဲ့ style လေးနဲ့ကိုယ့်ဖုန်းမှာ လန်းချင်ကြတဲ့ သူငယ်ချင်းတွေအတွက်တော့ အဆင်ပြေမှာပါ။ Wallpaper ဒီဇိုင်းတွေ ကလည်း 4 HD ဒီဇိုင်းဖြစ်တာကြောင့် လှလှပပနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့မြင်တွေ့နိုင်ပါတယ်။ ADW themes တွေ၊ Apex theme တွေကိုလည်း support လုပ်ပေးနိုင်ပါတယ်။ Launcher တွေအနေနဲ့ကတော့ Nova Launcher , Holo Launcher , Holo HD Launcher တွေမှာ အသုံးပြုနိုင်တဲ့အတွက် သုံးဖူးသားမိတ်ဆွေတွေကတော့ သိပြီးသားဖြစ်မှာပါ။

Launcher များတွင် Xperia Z HD Theme ကိုထည့်သွင်းအသုံးပြုနည်း

========================================

Apex Launcher :Apex setting > Theme settings ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Holo Launcher : Launcher Setting > Appearance Settings > Icon Pack > Select Theme ထဲမှXperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Nova Launcher: Nova Settings > Look and feel > Icon Theme ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

ADW Launcher
: Home screen မှ MENU ကိုနှိပ်ပါ > More > ADW Settings > Themes Preferences > Select Theme ထဲမှ Xperia Z HD Theme ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။






အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 




အားလုံးအဆင်ပြေကြပါစေ........

Aung Ko Htet (IT Studier)
comments

အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာကို တက္ကသိုလ် ၀င်တန်း အောင်သူ မည်သူမဆို လျှောက်ထားနိုင်




ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန် နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြု ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့် အတွက် ပညာ အရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန်မာနိုင်ငံ သား မည်သူမဆို အောက်တိုဘာ ၂ ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ် ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာ ဗန္ဓုလလမ်း ရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ ကံစမ်းမဲ သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သံရုံး မှ Vice Consul. Jonathan Chestnut က ပြောကြား ခဲ့ကြောင်း သိရသည်။

" မြန်မာနိုင်ငံရဲ့ အမေရိကန် ပြည်ဝင်သူ ဦးရေဟာ နှစ်စဉ် နိုင်ငံတကာထက် နည်းပါးပါတယ် ၊ ဒါကြောင့် DV ဗီဇာ ကံစမ်းမဲ ၀င်ခွင့် အခွင့်အလမ်း ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို အမေရိကန် သံရုံး(ရန်ကုန်) အနေနဲ့ ပြုလုပ်ပေး တာပါ ၊ ဘယ် နိုင်ငံသား မဆို အမေရိကန် နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ရှိပါတယ် ၊ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အမေရိကန် နိုင်ငံကို နှစ်စဉ် ပြည်ဝင်ခွင့် ဦးရေ ငါးသောင်း သတ်မှတ်ထား ပါတယ် ၊ တစ်နိုင်ငံကို ၇ ရာခိုင်နှုန်း ပြည်ဝင်ခွင့် ရှိပါတယ် ၊ အဲ့ဒီထဲမှာ မြန်မာနိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ် ၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အထူး အခွင့်အရေး ပေးတာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

လျှောက်ထားသူ မြန်မာနိုင်ငံ သားများ အနေဖြင့် www.dvlottery.state.gov ကိုဝင်ကြည့်ပြီး လိုအပ်သည့် အချက်အလက် များကို ရယူနိုင်သည်။ အနိမ့်ဆုံး ပညာ အရည်အချင်း တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်။ အလုပ် လုပ်ကိုင်သူများ အတွက် အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်။ မိမိလုပ်ခဲ့သော အလုပ်အကိုင် ရာထူးသည် Job Zone ၄ နှင့် ၅ ရှိ Specific Vocational အဆင့် ၇ နှင့်အထက် တွင်ရှိရမည် ဖြစ်သည်။

လျှောက်ထား သူများ အနေဖြင့် DV ဗီဇာကို အောက်တိုဘာလ ၂ ရက်မှ စတင်ပြီး www.dvlottery.state.gov တွင် နိုဝင်ဘာ ၂ ရက်အထိ တစ်လကြာ လျှောက်ထား နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထား လျှင် DV information ကုတ်နံပါတ် ရရှိမည် ဖြစ်သည်။ ထို ကုတ်နံပါတ် ကို မိမိ ကိုယ်တိုင် လျှို့ဝှက် မှတ်ထား ရမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ တွင် www.dvlottery.state.gov ၌ DV information ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး DV ဗီဇာဝင်ခွင့် ပါမပါ ကြည့်ရှု နိုင်မည် ဖြစ်သည်။ ထိုသို့ လျှောက်ထားမှု များတွင် ဗီဇာကျ သည်အထိ ငွေကြေး ကုန်ကျမှု လုံးဝမရှိဘဲ ဗီဇာကျပြီး အမေရိကန် သံရုံး (ရန်ကုန်) တွင် အင်တာဗျူး ၀င်မှသာ ငွေကြေး ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။

Myawady Daily Myawady

Credit >>>> Thit Htoo Lwin

Aung Ko Htet (IT Studier)
comments

Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။



မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။

အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။

ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
USer Name = admin
Password = admin
IP Address = 192.168.0.1

ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D

Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။

ip address =192.168.1.2
subnet mask = 255.255.255.248
default gateway = 192.168.1.1

primary dns = 203.81.64.18
secondary dns = 203.81.64.19

Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။

Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။

 WAN ကို Setting ထည့်ပါ့မယ်။





             Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။










 Network ကို နှိပ်ပါ။

Wan connection Type မှာ Static IP ကို ရွေးပေးပါ။
IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
(MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
 Wan အပိုင်းတော့ပြီးပါပြီ။ 
Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။


 Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။


WIRELESS
*********
WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။

Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
============================================
ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း 
Old user Name မှာ အရင်သုံးခဲ့တဲ့ admin
Old Password မှာ အရင်သုံးခဲ့တဲ့ admin
New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။

ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။

(လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)


Credit >>>> www.pyayblogger.com
 အားလုံးအဆင်ပြေကြပါစေ...........

Aung Ko Htet (IT Studier)
comments