♪ Classic Bomber 2016 Apk ♫

https://image.winudf.com/612/01d40a1403f5f7cf/screen-5.jpg






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ Android ဖုန်းတိုင်းမှာထည့်သွင်းအသုံးပြုသင့်တဲ့ Trust Go application ♫


Android ဖုန်းတိုင်းမှာဖြစ်တက်တဲ့ ကြော်ငြာတွေတက်တာတို့ , virus လင့်တွေတက်တာတို့ကိုနောက်ကွယ် ကနေမသိနိုင်ပေမဲ့ ဒီ apk လေးကိုအသုံးပြုမယ်ဆိုရင်တော့ သင့်ဖုန်းအတွက်စိတ်ချရပါတယ်။ ဒီ apk လေး ကနေ Scan လုပ်လိုက်တာနဲ့ မိမိဖုန်းထဲမှာထည့်ထားတဲ့ apk တွေထဲကဖုန်းနဲ့မကိုက်တဲ့ apk တွေ့တာနဲ့ Trust Go apk လေးထဲမှာလာပေါ်လာပြီး uninstall ပြုလုပ်ခိုင်းပါတယ်။ သူပြောထားသလို uninstall ပြုလုပ်ပြီးသုံးမယ်ဆိုရင်တော့ Android ဖုန်းတွေမှာဖြစ်တက်တဲ့ virus error ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒီ apk လေးနဲ့တစ်နေ့ တစ်ခါလောက် Scan လုပ်ပြီး သုံးမယ်ဆိုရင်တော့ ဖုန်းအတွက်စိတ်ချရပါပြီ။ Trust Go apk လေးကိုလိုအပ်ပါက ရယူနိုင်ပါတယ်။


d now


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ Android ဖုန်အသုံးပြုသူတွေအတွက် သုံးနေကျ apk တွေကို One Click နဲ့ထည့်မယ် ♫



Android ဖုန်းအသုံးပြုသူတွေအတွက် သုံးနေကျ application များဖြစ်တဲ့
1 Facebook
2 Facebook Video Downloader
3 Messager
4 Viber
5 Myanmar Ringtones
6 Beetallk
7 Zapya
8 Frozenkeyboard
9 Myanmarfont
10 TalkingTom
11 360camera
12 B612
13 BatteryLevel
14 Flashlight
15 Zuma
16 Skating Subway Surfers
17 MyTelenor
18 PlantsZombies
19 Popstar
20 CandyCrushSaga
21 Ooredoo
22 MPT 4 U apk တွေကို One Click နဲ့ထည့်နိုင်မဲ့ bat ဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်။
ဒီကောင်လေးကိုအသုံးပြုဖို့ ဖုန်းမှာ USB Debugging တို့ Unknow source တို့ကို on ထားဖို့သာ
လိုအပ်ပါမယ်။ ဖုန်းကို Reset ချပြီး ဒါမှဟုတ် firmware ရေးပြီးလို့ apk တွေပြန်လည်ထည့်သွင်းချင်တဲ့အခါ
အလုပ်မရှုပ်တော့ဘူးပေါ့ဗျာ။ လိုအပ်ပါက ရယူနိုင်ပါတယ်။


d now

refer – san ko


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ ဈေးသက်သာပြီး အရည်အသွေးကောင်းမွန်သည့် Xiaomi Mi 5s နှင့် Mi 5s Plus ♫


ဘေကျင်းတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Xiaomi ၏မျိုးဆက်သစ်ဖုန်းများမိတ်ဆက်ပွဲတွင် အရည်အသွေး အထူးကောင်းမွန်ပြီး ဈေးနှုန်းသက်သာမည့် ၄င်းတို့၏ဖုန်းအသစ်များကို မိတ်ဆက်ခဲ့ပါတယ်။ ရှေးနှစ်များက ထွက်ခဲ့သောဖုန်းများဖြစ်သည့် Mi 5 ကိုတစ်မူထူးခြားစေပြီး “s” ကို ရည်ညွန်းတာကတော့ ပြောင်းလဲသွားတဲ့ ဒီဇိုင်းပိုင်းနှင့် အရည်အသွေးပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။

Mi 5s ဟာဆိုရင် မျက်နှာပြင်အကျယ် (၅.၁၅) လက်မရှိပြီး Mi 5s Plus ကတော့ မျက်နှာပြင်အကျယ် (၅.၇) လက်မရှိပါတယ်။ ဖုန်း၏ ကိုယ်ထည်များကို အလူမီနီယမ်သားဖြင့်ပြုလုပ်ထားပြီး 5s Plus ကတော့ 5s ကဲ့သို့ antenna line ပါဝင်ခြင်းမရှိပါဘူး။ အခြားလုပ်ဆောင်ချက်များအနေဖြင့် Fingerprint sensor ကိုထည့်သွင်းအသုံးပြုမှာဖြစ်ပါတယ်။

Xiaomi Mi 5s ၏ ပါဝင်မှုများမှာ


* 5.15-inch Full HD, 600 nits, 95% NTSC
* Snapdragon 821, 2.15 GHz
* 3GB RAM/64GB storage or 4GB RAM/128GB storage (LPDDR4/UFS 2.0)
* 12MP rear camera (Sony IMX 378, PDAF, OIS, dual LED flash)
* 4MP front camera (f/2.0 aperture, 80-degree viewing angle)
* 3,200 mAh battery
* LTE with 3-carrier aggregation
* USB Type-C
* Under-glass fingerprint sensor
* Android 6.0 Marshmallow, MIUI 8 Xiaomi
Mi 5s Plus ၏ ပါဝင်မှုများမှာ



* 5.7-inch Full HD, 600 nits, 95% NTSC
* Snapdragon 821, 2.35 GHz
* 4GB RAM/64GB storage or 6GB RAM/128GB storage (LPDDR4/UFS 2.0)
* Dual 13MP rear cameras (Sony IMX 258, RGB and BW sensors, PDAF, OIS, dual LED flash)
* 4MP front camera (f/2.0 aperture, 80-degree viewing angle)
* 3,800 mAh battery
* LTE with 3-carrier aggregation
* USB Type-C
* Rear mounted fingerprint sensor
* Android 6.0 Marshmallow, MIUI 8

၎င်း Mi ဖုန်းအသစ်များတွင် အဓိကလုပ်ဆောင်ချက်အနေဖြင့်ပါဝင်တာကတော့ လက်ဗွေစနစ်ပဲဖြစ်ပါတယ်။ FingerPrint ခလုတ်ကို ဖုန်းမျက်နှာပြင် ဖန်သားပြင်၏အောက်ခြေတွင် အထစ်ပုံစံလေးပြုလုပ်ကာမြှပ်ထားတာဖြစ်ပါတယ်။ ထိုအချိုင့်လေးပေါ်သို့ လက်လေးကိုတင်လိုက်ရုံဖြင့် အလွန်လျှင်မြန်သောစနစ်ဖြင့် အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါဟာ ဖန်သားမျက်နှာပြင်အောက်ခြေတွင် ထည့်ပြီးပထမဆုံးပြုလုပ်တာဖြစ်ပါတယ်။



ဖုန်းများ၏ဈေးနှုန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• Xiaomi Mi 5s 64GB/3GB: (~$300) • Xiaomi Mi 5s 128GB/4GB: (~$345) • Xiaomi Mi 5s Plus 64GB/4GB: (~$345) • Xiaomi Mi 5s Plus 128GB/6GB: (~$395)

Xiaomi Mi 5s နှင့် Xiaomi Mi 5s Plus ဖုန်းများကို လာမည့်ကြာသပတေးနေ့၊ တရုတ်နိုင်ငံတွင် စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ရရှိနိုင်တဲ့ အရောင်များကတော့ dark grey (brushed metal), gold (brushed metal), silver (matte) နှင့် pink (matte) တို့ဖြစ်ပါတယ်။

Thet Myat Noe Wei (Myanmar Mobile App)




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ ဈေးပေါပေါနဲ့ကိုင်နိုငမယ့် - “KENBO SUN E71” ♫


ဓာတ်ပုံရိုက်ကူးရတာ ၀ါသနာပါပြီး နောက်ဆုံးထွက် Application များကိုလည်း စိတ်ကြိုက်ထည့်သွင်းအသုံးပြု နိုင်မယ့်အပြင် ဈေးနှုန်းကလည်း သင့်တော်တဲ့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ E71 ဖုန်းလေးဖြစ်ပါတယ်။ ဖုန်းရဲ့ ပုံပန်းသဏ္ဌာန်ဟာ လေးထောင့်ကျပြီး ထောင့်စွန်းများသည် အ၀န်း အ၀ိုက် ပုံစံရှိပါတယ်။ ဖုန်းရဲ့တန်ဖိုးဟာ သင့်တင့်ပြီး မျက်နှာပြင်အရွယ်အစား ကြီးမားတဲ့ဖုန်းဖြစ်ပါတယ်။ 

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းက ၅ လက်မရှိပြီး IPS Screen နည်းပညာကို အသုံးပြုထားတဲ့အတွက် ဗီဒီယိုများ၊ ဂိမ်းများ အသုံးပြုတဲ့အခါမှာ အဆင်ပြေစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည် အပိုင်းတွင် 854 × 480 pixels အထိ ရုပ်ထွက်ရရှိစေမယ့် ဖုန်းတစ်လုံးပါ။ ဖုန်းသုံးတဲ့ အခါမှာ သွက်လက်စေဖို့အတွက် Quad Core 1.3 GHz CPU ကို အသုံးပြု ပေးထားပါတယ်။ RAM ပမာဏ အပိုင်းတွင်တော့ 1GB ကို ထည့်သွင်းပေး ထားပါတယ်။ ဖုန်းထဲမှာ Data များများ ပိုမိုသိုလှောင်သိမ်းဆည်းရာမှာ သင့်တင့်မျှတစေဖို့အတွက် ROM 4GB ကို ထည့်သွင်းပေးထားပါတယ်။

2G နဲ့ 3G မိုဘိုင်း ကွန်ရက်တွေမှာ ဖုန်းသုံးလို့ရမှာဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန် တဲ့အတွက် ဖုန်းစကားပြောတဲ့အခါမှာ ကြည်လင်ပြတ်သားစွာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ Panorama ၊ Beauty Face နှင့် Live Photo စနစ်များကို Camera Function အဖြစ် ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံရိုက်ကူး တဲ့အခါမှာ စိတ်ဝင်စားဖွယ်ရာ ခံစားချက်များကို ရရှိစေမှာဖြစ်ပါတယ်။

အရှေ့ဘက်ကင်မရာမှာ 2 megapixels စွမ်းရည်ရှိပြီး အနောက်ဘက် ကင်မရာမှာ 8 megapixels စွမ်းရည်ရှိပါတယ်။ စက်လည်ပတ်မှုစနစ်အတွက် Android 5.1 (Lollipop) ကို အသုံးပြုပေးထားခြင်းကြောင့် နောက်ပိုင်းမှာ ထွက်ရှိတဲ့ Application များကိုပါ Error မဖြစ်ပေါ်စေဘဲ အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Wi-Fi, GPS, FM, Bluetooth v4.0 စနစ်များပါဝင်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား မှာ Li-ion 1800mAh ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA
Processor - Quad Core 1.3 GHz
Screen - 5 inches
Camera - 8 MP
Storage - 4 GB
OS - Android OS, v 5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ "HTC က Desire 10 Pro နဲ့ Desire 10 Lifestyle တို့ကိုမိတ်ဆက်" ♫


HTC က စမတ်ဖုန်းအသစ် ၂ လုံးကိုမိတ်ဆက်လိုက်ပါတယ်။ Desire 10 Pro နဲ့ Desire 10 Lifestyle တို့ဖြစ်ပါ တယ်။ Desire 10 Pro ဟာဖုန်း ၂ လုံးထဲမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။ ၅.၅ လက်မ Full HD IPS Display ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။

MediaTekHelio P10 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 20MP Rear Camera, 13MP Front Camera, 3000mAh Battery, 4GB RAM, 64GB Internal Storage ထည့်သွင်းထားတဲ့ အပြင် microSD Card ကိုအသုံးပြုနိုင်ပါတယ်။ NFC, 4G LTE တို့ကိုအသုံးပြု နိုင်ပါတယ်။ USB Type-C Port မပါဘဲmicroUSB 2.0 Port တစ်ခုတပ်ဆင် ထားပါတယ်။ အနောက်ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာပါရှိပြီးဖုန်းကို Unlock လုပ်ခြင်း အပြင် ကင်မရာကိုထိန်းချုပ်နိုင်ပါတယ်။

Desire 10 Lifestyle မှာ ၅.၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်နိမ့် Qualcomm Snapdragon 400 သာထည့်သွင်းထားတာက အားအနည်းဆုံး အချက်ပါ။ မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားပြီး 3GB RAM/32GB Storage နဲ့ 2GB RAM/16GB Storage တို့ဖြစ်ကြပါတယ်။ မော်ဒယ် ၂ မျိုးစလုံးမှာ microSD Card ထည့်သွင်းနိုင်ပါတယ်။

13MP Rear Camera, 5MP Front Camera တပ်ဆင်ထားပါတယ်။ 4G LTE, NFC တို့ကိုထောက်ပံ့ပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ကိရိယာမပါပါဘူး။ 2700mAh Battery တပ်ဆင်ထား ပါတယ်။ Lifestyle ကို နိုင်ငံအချို့မှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပြီး Pro ကို လာမယ့်လမှာရောင်းချမယ်လို့ မျှော်လင့်ရ ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ အူရီဒူးမြန်မာမှ ဆုမဲပေါင်းများစွာပါဝင်သည့် ရွှေအိပ်မက် ကံစမ်းမဲအစီအစဉ်ကို စတင်မိတ်ဆက် ♫

ooredoo shwe eain mat

အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူး၏ အင်တာနက်ကို အသုံးပြုပြီး ကျပ်သိန်း ၂၀၀၀ကျော်တန်ဖိုးရှိ နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများကို ကံထူးနိုင်ရန် အခမဲ့ပါဝင်ကံစမ်းနိုင်

မြန်မာနိုင်ငံတွင် အမြန်ဆန်ဆုံးနှင့် အတည်ငြိမ်ဆုံးမိုဘိုင်းကွန်ရက်ဖြင့် ဆက် သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်နေသည့် အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများ စိတ်ဝင် စားနှစ်သက်မည့် ရွှေအိမ်မက်အစီအစဉ်ကို ယနေ့ စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ ၄င်းအစီအစဉ်သည် အူရီဒူး 3G နှင့် 4G သုံးစွဲသူများအတွက် အင်တာနက် အသုံးပြု ရင်း နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများ ကံထူးနိုင်မည့် ရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင် ဖွယ်ရာ အစီအစဉ်ဖြစ်ပါသည်။

ရွှေအိမ်မက်အစီအစဉ်အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်မှ စတင်ကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အူရီဒူး၏ မိုဘိုင်း ၀န်ဆောင်မှုကို ကြိုတင်ငွေပေးချေစနစ်ဖြင့် 3G(သို့)4G ကွန်ရက်ကို သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး၊ အစီအစဉ်ကာလအတွင်း အင်တာနက် 20 MB စီ အသုံးပြုပြီးတိုင်း အမှတ်များ ရရှိမည်ဖြစ်သည်။  အင်တာနက် 20 MB အသုံးပြုလိုက်တိုင်း 3G သုံးစွဲသူများအနေဖြင့် ၃ မှတ်စီရရှိမည်ဖြစ်ပြီး၊ 4G အသုံးပြုသူများအနေဖြင့် ရမှတ် ၄ မှတ်စီ ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်အား အူရီဒူးကြိုတင်ငွေဖြည့်စနစ် အသုံးပြုသူများ အားလုံး အခမဲ့ပါဝင်နိုင်မည်ဖြစ်သည်။

နေ့စဉ်ဆုအတွက် တစ်ရက်လျင် ကံထူးဆုရှင် စုစုပေါင်း ၂၅ယောက်ကို ရွေးချယ် မှာဖြစ်ပြီး ဆုတစ်မျိုးခြင်းအတွက် ကံထူးဆုရှင် (၅) ဦး ရွေးချယ်ပေးသွားမည်ဖြစ်ပါ သည်။နေ့စဉ်ဆုများမှာ ငွေကျပ် ၂၅၀,၀၀၀၊  ဖုန်းဘီလ် ၁၅,၀၀၀ကျပ် ၊ 1.35 GB အင်တာ နက်အစီအစဉ်၊ 2.5 GB  အင်တာနက်အစီအစဉ် နှင့် 5.5 GB အင်တာနက်အစီအစဉ် တို့ဖြစ်ပါသည်။ အပတ်စဉ်ဆုအနေဖြင့် 4G အသုံးပြုနိုင်မည်ဖြစ်သော စမတ်ဖုန်း လက်ဆောင်ရရှိမည်ဖြစ်ပြီးတစ်ပတ်စီအတွက်အပတ်စဉ်ကံထူးဆုရှင် (၅) ယောက်ရွေးချယ် သွားမည် ဖြစ်ပါသည်။အထူးဆုကြီးများအတွက် ကံထူးရှင်နှစ်ယောက် ရွေးချယ်သွား မည်ဖြစ်ပြီး၊ ပထမအထူးဆုကြီးအနေဖြင့် ငွေသားဆု ကျပ်သိန်း၂၅၀ နှင့် အခြားဆုကြီး အနေဖြင့် အူရီဒူးမြန်မာ၏ ၀န်ဆောင်မှုကို တစ်သက်တာသုံးစွဲခွင့် ရရှိမှု တို့ဖြစ်ပါသည်။

997 သို့ ’Lucky’ ဟုရိုက်၍ SMS ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *997# ကို ဖုန်းခေါ် ဆို၍ဖြစ်စေ ရရှိထားသော ကံစမ်းမဲရမှတ် အရေအတွက်ကို အခမဲ့ စစ်ဆေးနိုင်မည်ဖြစ် သည်။  ကံထူးဆုရှင်များကိုကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး၊ ဆုရွေးချယ်မှုအား မြန်မာနိုင်ငံရှိ လွပ်လပ်သော ထိပ်တန်းစာရင်းစစ်အဖွဲ့ဖြစ်သည် Win Thin & Associates မှ စောင့်ကြည့် စိစစ်ကာ အတည်ပြုပေးသွားမည်ဖြစ်ပါသည်။ ကံထူးဆုရှင်များအား အူရီဒူးမြန်မာ၏ တရား ဝင်ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘုတ်စာမျက်နှာတို့တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ အူရီဒူးသုံးစွဲသူတွေအနေနဲ့ အူရီဒူးရဲ့ တိကျမြန်ဆန်တဲ့ အင်တာနက်အသုံးပြုရတာကို အထူးကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ မြန်ဆန်တဲ့ အူရီဒူးအင်တာနက်ကို အသုံးပြုတဲ့ သုံးစွဲသူတွေကို ပြန်လည် အသိအမှတ်ပြုလိုပါတယ်။ ယခုအစီအစဉ်မှာ ပါဝင်ဖို့အတွက် မည်သည့်ဝန်ဆောင်ခမှ ထပ်မံပေးစရာ မလိုတဲ့အတွက် အူရီဒူးရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေဟာ ပျော်ရွှင်စွာနဲ့ ကံထူးရှင်တွေဖြစ်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် အူရီဒူး သုံးစွဲသူတွေအနေနဲ့ မြန်ဆန်လှတဲ့ အူရီဒူးရဲ့ 3G နဲ့ 4G အင်တာနက်တွေကို အသုံးပြုရင်း တန်ဖိုးကြီး ဆုလက်ဆောင်များကိုလည်း ပျော်ပျော် ပါးပါး ရယူနိုင်တော့မှာ ဖြစ်ပါတယ် “ ဟု ပြောကြားခဲ့သည်။


Credit to ==> Myanmar Digital Life Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

♪ NetGuide Journal Vol (4), Issue (53) (28.9.16) ♫

NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuite ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ NetGuide ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ NetGuide Journal Vol(4), Issue (54) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ 28-Sept ရက်နေ့ထွက်လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင်မပြေ သည့်နေရာဒေသမှသူငယ်ချင်းများအားလုံး အဆင်ပြေကြပါစေဗျာ။
 
Credit: NetGuide Journal Myanmar





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 



Download

www.pyaephyo.com
comments

♪ Galaxy Note 7 ဖုန်းတွေရဲ့ ၆၀ရာခိုင်နှုန်းကိုသာ ပြန်လည်အစားထိုးပေးခဲ့ရကြောင်း Samsung ဆို ♫


အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ Galaxy Note 7 ဖုန်းတွေရဲ့ ရာခိုင်နှုန်း ၆၀ကိုသာ အသစ်ထွက်တဲ့ မော်ဒယ်နဲ့ ပြန်လည်လဲလှယ်ပေးခဲ့ရသေးတယ်လို့ Samsung ကဆိုပါတယ်။ တခြားပြောကြားချက်တစ်ခုမှာဆိုရင် အန္တရာယ်ရှိတဲ့ ဖုန်းတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ သုံးစွဲသူတွေရဲ့ လက်ထဲမှာ ရှိနေတုန်းပဲဖြစ်ကြောင်း Samsung ရဲ့ ကမ္ဘာလုံးဆိုင်ရာ Note 7 ပြဿနာဖြစ်ပြီး လေးပတ်အကြာမှာ သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့  ကြာသပတေးနေ့တုန်းကလည်း ပေါက်ကွဲနိုင်တဲ့ ဖုန်းတွေရဲ့ တစ်ဝက်လောက်ကို အမေရိကန်ပြည်ထောင်စုထဲမှာ သိမ်းယူပြီး မော်ဒယ်အသစ်တွေနဲ့ လဲလှယ်ပေးခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ ပါသေးတယ်။ ဒါပေမယ့် ဖုန်းမော်ဒယ်ပမာဏ ဘယ်လောက်ထိ သိမ်းယူပြီးခဲ့ပြီလဲ ဆိုတာကိုတော့ ပြောကြားနိုင်ခြင်းမရှိသေးပါဘူး။

Samsung အနေနဲ့ ဒီလိုလဲလှယ်ပေးတဲ့ အတွက်လည်း တောင်ကိုရီးယားနိုင်ငံမှာ နစ်နာကြေးအနေနဲ့ ဝမ် ၂၀,၀၀၀ (၁၈ဒေါ်လာ) ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ထုတ်လုပ်ထားတဲ့ မော်ဒယ်အသစ် Note 7 ဖုန်းတွေကိုလည်း ပြသနာတွေ ထပ်မံကြုံတွေ့ခြင်းမရှိအောင် ဓာတ်မှန်နဲ့ စစ်ဆေးပြီးမှာ ထုတ်လုပ်ထား တယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com
comments

Download
                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     
comments

လိပ်နင်ဂျာ ဖိုင်တင်ဂိမ်းကောင်းလေး - Ninja Turtles: Legends MOD APK


                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     
comments

ဖုန်းမှာ Music သီချင်းတွေကို အကောင်းဆု့းနားဆင်နိုင်မယ့် - Impulse Music Player Pro v1.8.2 Apk

Download
                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     
comments

ဖုန်း service သမားတွေဆောင်ထားသင့်တဲ့ - Quick Reboot Pro [ROOT] v1.3 Apk

Download
                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     
comments

ဖုန်းမှာတင် ဗီဒီယို edit တွေပြုလုပ်နိုင်တဲ့ - VideoShow Pro – Video Editor v7.0.0 Apk

Download
                             
                          Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     
comments