♪ " ဆမ်ဆောင်း S8 ရဲ့ iris scanner ကို print ဓာတ်ပုံနဲ့ဖွင့်နိုင်တာ မဖြစ်နိုင်ဘူးဟု ဆမ်ဆောင်းတုန့်ပြန် " ♫

Image may contain: 1 person, text

ဆမ်ဆောင်းကုမ္ပဏီအနေနဲ့ လတ်တလောထုတ်လုပ်ထားတဲ့ galaxy S8 iris scanner ကို print ထုတ်ထားတဲ့ ဓာတ်ပုံနဲ့ ဖွင့်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ Chaos Computer Club (CCC) လို့အမည်ရတဲ့ ဂျာမန်ဟက်ကာအုပ်စုက video ဖိုင်တစ်ခုထုတ်ပြန်ခဲ့ပြီးဒီ video ထဲမှာဆမ်ဆောင်း galaxy S8 ရဲ့ iris scanner ကို print ထုတ်ထားတဲ့ ဓာတ်ပုံနဲ့ဖွင့်ပြခဲ့တာပါ။ ဒီဓာတ်ပုံကိုဆမ်ဆောင်းရဲ့ laser printer နဲ့ပဲရယူခဲ့တယ်လို့လည်း သိရပါတယ်။

CCC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dirk Englingက"အင်တာနက်မှာရှိနေတဲ့ high-resolution ဓာတ်ပုံတစ်ပုံဆိုရင် ဒီ iris scanner ကိုဖွင့်ဖို့ လုံလောက်ပါပြီ" လို့ ပြောပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဘက်ကတော့ ဟက်ကာတွေရဲ့ ပြောဆိုမှုနဲ့ video ဖိုင်ကအစစ်အမှန်မဖြစ်နိုင်ကြောင်း၊ ဟက်ကာတွေလုပ်ပြသွားတဲ့ နည်းလမ်းကိုလည်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


ဆမ်ဆောင်းကုမ္မဏီရဲ့ တာဝန်ရှိသူတစ်ဦးက" ဟက်ကာတွေ video ဖိုင်မှာလုပ်ပြသွားတာအရမ်းရိုးရှင်းတယ်၊ ဒါကိုအပြင်မှာလုပ်နိုင်ဖို့တော့ တော်တော်ခက်ခဲမယ်" လို့ ဆိုပါတယ်။ "Video ထဲမှာသုံးသွားတဲ့ infrared light ရဖို့ ကင်မရာလိုတယ်၊ ဒါကဈေးကွက်ထဲမှာလည်းမရှိပါဘူး။ ပြီးတော့ ဖုန်းပိုင်ရှင်ရဲ့ ဓာတ်ပုံရော စမတ်ဖုန်းရောခိုးမှရမှာလေ၊ ဒါကတကယ်ဖြစ်လာဖို့ မလွယ်ပါဘူး" လို့ အဆိုပါ တာဝန်ရှိသူက ရှင်းလင်းထား ပါသေးတယ်။


လက်ရှိအငြင်းပွားနေတဲ့ ဒီ iris scanner ဖြစ်စဉ်သာအမှန်ဆိုရင်တော့ အန္တရာယ်အရမ်းကြီးသွားပါပြီ။ ဘာလို့လဲဆိုတော့ ဆမ်ဆောင်းအနေနဲ့ mobile payment ပိုင်းအတွက် iris scanner နဲ့ ပံ့ပိုးထားလို့ပါပဲ။ ဆမ်ဆောင်းကုမ္ပဏီဘက်ကတော့ galaxy S 8 ရဲ့ face recognition feature က ပရင့်ထုတ်ထားတဲ့ပုံ၊ ဒါမှမဟုတ် display မတူတဲ့နေရာက ပုံတွေရဲ့ အရူးလုပ်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ တုန့်ပြန်ထားပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ " ရောင်းအားနည်းတာကြောင့် premium စီးရီးစမတ်ဖုန်းထုတ်လုပ်မှု ရပ်တန့်ဖွယ်ရှိတဲ့ ဆိုနီ " ♫

No automatic alt text available.

ဆိုနီကုမ္ပဏီအနေနဲ့ ရောင်းအားနည်းနေတဲ့ premium စီးရီးစမတ်ဖုန်းရောင်းချမှုကိုရပ်တန့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အကြောင်းရင်းကတော့ ဈေးနှုန်းမြင့်စမတ်ဖုန်းတွေ ရောင်းချရမှုပိုင်းမှာတစ်ခြား brand တွေထက် အားနည်းပြီး ဈေးကွက်ဝေစုလည်းလျော့ကျခဲ့တာကြောင့်လို့ ကုမ္ပဏီကဆိုပါတယ်။

ကုမ္ပဏီရဲ့ 2017 investor day မှာ Mobile chief ဖြစ်သူ Hiroki Totoki က " လတ်တလောထွက်ထားတဲ့ Xperia XZ နဲ့ယှဉ်ရင် Xperia X နဲ့ Xperia X compact တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကအရမ်းကိုကွာသွားပြီ။ ဒီ premium အဆင့် စမတ်ဖုန်းတွေကဂျပန်မှာရောင်းအားကောင်းပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ရင်တော့ ဆိုနီကရောင်းအားနည်းတယ်။ ကုမ္ပဏီရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာဆုံးရှုံးသွားတဲ့ ဈေးကွက်ဝေစုတွေ ပြန်ရဖို့၊ ဆိုနီကနေပဲထုတ်လုပ်နိုင်တဲ့ display လိုမျိုးပစ္စည်းတွေ ပိုတိုးပြီးထုတ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်" လို့ ပြောပါတယ်။


ရောင်းချမှုပုံစံကိုလည်း ပြုပြင်သွားမယ်လို့ သိရပြီး လက်ကားဈေးကွက်ဦးစားပေးစနစ်ကနေ လက်လီစနစ် ကိုပါ တိုက်ရိုက်ရောင်းချပေးနိုင်ဖို့ ကြိုးစားမယ်လို့သိရပါတယ်။ ဆိုနီရဲ့နာမည်ကြီးထုတ်ကုန်တွေဖြစ်တဲ့ display၊ နားကြပ်နဲ့ ကင်မရာပိုင်းထုတ်ကုန်တွေကို ပိုပြီးအာရုံစိုက်သွားဖို့ စီစဉ်နေပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ " ကင်မရာ (4) လုံးနဲ့ ထွက်ရှိလာမယ့် Gionee S10 " ♫

Image may contain: phone

Gionee က S10 စမတ်ဖုန်းကို သောကြာနေ့က တရုတ်ပြည်မှာ မိတ်ဆက်ခဲ့ပါတယ်။ စမတ်ဖုန်းအသစ်ဖြစ်တဲ့ S10 မှာတော့ ရှေ့ဘက်မှာရော နောက်ဘက်မှာပါ ကင်မရာ 2 လုံးစီ (dual camera) သုံးထားတယ်လို့ သိရပြီး မိတ်ဆက်ပွဲအတွင်း Regular S10 ၊ S10B ၊ S10C လို့ခေါ်တဲ့ စမတ်ဖုန်း 3 မျိုးကို ထုတ်ဖော်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

Gionee S10 နဲ့ S10C ကို တရုတ်မှာ ဇူလိုင်လ 9 ရက်နေ့မှာ စတင်ရရှိမယ်လို့ သိရပြီး S10B ကိုတော့ မိတ်ဆက်ခဲ့တဲ့ သောကြာနေ့မှာပဲ ရောင်းချခဲ့တာပါ။ Gionee S10 စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကတော့ သူ့မှာ 6P lens နဲ့ f/1.8 aperture သုံးထားတဲ့ 16 Megapixel နဲ့ 8 Megapixel ပါဝင်တဲ့ နောက်ကင်မရာပါရှိပြီး ရှေ့ကင်မရာကိုတော့ 20 megapixel နဲ့ 8 Megapixel တို့ ကိုအသုံးပြုထားပါတယ်။ Gionee S10 ကိုတော့ Amigo 4.0 OS အသုံးပြုထားပြီး 5.5 လက်မရှိတဲ့ Full HD ( 1080 x 1920 pixels) ၊ MediaTek Helio P25 Soc နှစ်ခုပါတဲ့ ဘက်ထရီ၊ RAM 6G ၊ Buildin Storage နဲ့ ROM 64 GB ၊ 3450mAh ဘက်ထရီ ပါဝင်ပြီးတော့ မနှစ်က Gionee 9 ထက်စာရင် ပိုပြီးအဆင့်မြှင့်ထုတ်လုပ်လာတာ တွေ့ရပါတယ်။


Gionee S10 ရဲ့ ဈေးနှုန်းက တရုတ်ယွမ် 2599 (မြန်မာငွေကျပ် 5 သိန်းဝန်းကျင်) ဖြစ်ပါတယ်။ storage က ထပ်ပြီးတိုးလို့ရမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Gionee S10B ရဲ့ ဈေးနှုန်းကတော့ တရုတ်ယွမ် 2199 ( မြန်မာငွေကျပ် 4 သိန်းခွဲဝန်းကျင်) ရှိပြီး 13 megapixel နဲ့ 5 megapixel ရှိတဲ့ နောက်ကင်မရာနှစ်လုံး၊ 16 megapixel ရှိတဲ့ ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ S10B မှာတော့ Amigo 4.0 OS ၊ 5.5 လက်မ full HD Display ၊ Media TekHelip P10 processor နှစ်ခု၊ RAM 4G နဲ့ built in Storage 64 GB ပါဝင်ပြီး အားကောင်းတဲ့ 3700 mAh ဘက်ထရီ အသုံးပြုထားပါတယ်။

Gionee S10C ရဲ့ ဈေးနှုန်းကတော့ တရုတ်ယွမ် 1599 (မြန်မာငွေကျပ် 3 သိန်းကျော်ခန့်) ရှိပါတယ်။ ဒီစမတ်ဖုန်းမှာ 16 megapixel ရှိတဲ့ နောက်ကင်မရာတစ်လုံး၊ 13 megapixel ရှိတဲ့ ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ Amigo 4.0 OS ၊ 5.2 လက်မ full HD Display ၊ Snapdragon 427 နှစ်ခု ၊ RAM 4G နဲ့ built in Storage 32 GB အသုံးပြုထားပြီး ဒီစမတ်ဖုန်းမှာတော့ 3100 mAh ဘက်ထရီ သုံးထားတယ်လို့ သိရပါတယ်။ sensor ပါဝင်တဲ့ နောက်ကင်မရာပါရှိပြီး ရှေ့ကင်မရာကိုတော့ 20 megapixel နဲ့ 8 Megapixelတို့ ကိုအသုံးပြုထားပါတယ်။



သံစဉ်ချို

NeNetGuide JournalEvery Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ “စမတ်ဖုန်းတစ်လုံး ဘယ်လိုရွေးချယ်ဝယ်ယူမလဲ” ♫

Image may contain: phone

လူဦးရေ ၅၄ သန်းခန့်ရှိတဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းထိုးဖောက် ၀င်ရောက်မှုနှုန်းဟာ ၂၀၁၃ ခုနှစ်မှာ ဂဏန်းနှစ်လုံး ပြည့်လုပြည့်ခင်ရှိခဲ့ပြီး မနှစ်ကဆိုရင် ၅၀% နီးပါးရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဓိက ဖုန်း အော်ပရေတာတွေ၏ အဆိုအရ မြန်မာ နိုင်ငံလူဦးရေရဲ့ ၈၀% လောက် ကပိုင်ဆိုင်တဲ့ ပထမဆုံး ဟန်းဆက်တွေက စမတ်ဖုန်းတွေဖြစ်ပါတယ်။ ထိုသို့သုံးစွဲမှုများပြားလာ ခြင်းနှင့်အတူ မိုဘိုင်းဖုန်းသုံးစွဲသူ များနှင့် လူ့အဖွဲ့အစည်းများအတွင်းတွင် တရားမ၀င်မှောင်ခိုသွင်းထားသည့် မိုဘိုင်းဖုန်းများ သည် တစ်ဆတစ်ဆတိုးပွားလာလျက်ရှိပါတယ်။ တစ်ခါ တစ်ရံတွင် မှောင်ခိုရောင်းချသူများသည် ဖုန်းအသစ်များ ထက် ပြန်လည် ပြင်ဆင်ထားသည့် ဖုန်းများကို တရားမ၀င် ရောင်းချလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖုန်းတစ်လုံးကိုဝယ်ယူတော့မယ်ဆို လျှင် သိထားသင့်တာလေးတွေကို လေ့လာကြည့်ကြ ရအောင်။ သေချာတာ ကတော့ ကျွန်တော်တို့ ၀ယ်ယူမယ့်ဖုန်းရဲ့ သက်ဆိုင်ရာ Show Room တွေ၊ စိတ်ချရတဲ့ဆိုင်ကြီးတွေမှာဝယ်ယူသင့်ပါတယ်။

မိမိတို့ဝယ်ယူမယ့် ဖုန်းအမျိုးအစားနဲ့ တူညီတဲ့ဖုန်းက ကိုယ့်အသိမှာရှိလျှင် ယူသွားပြီးပုံစံကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဒါက အပြင်ပိုင်းပေါ့။ ဘာပစ္စည်းတွေသုံးထားလဲ၊ ဘယ်လို ပုံစံတည်ဆောက်ထားလဲ၊ အလေးချိန်၊ ရုပ်ထွက်စတာတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ နှိုင်းယှဉ်လိုက်လျှင် တစ်ထပ် တည်းတော့ လုံးဝမကျနိုင်ပါဘူး။ သိသိ သာသာကွဲပြားနေမှာဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင် ရဲ့နေရာယူမှု အထူအပါး၊ resolution ကင်မရာအရည်အသွေးတွေ သိသာစွာ ကွာနိုင် ပါတယ်။ Graphic အရည်အသွေးနဲ့ပတ်သက်ပြီး D-Day တို့ Contract Killer တို့လိုမျိုး ဂရပ်ဖစ်လိုအပ်ချက်မြင့်မားတဲ့ ဂိမ်းတွေတင်ကာ တစ်ပြိုင်နက်တည်းဖွင့်ထားကြည့်ပါက ဖုန်းအတုများ မှာ နှေးကွေးစွာ run မှာဖြစ်သလို hang သွားတာတွေဖြစ်မှာပါ။ အထူးသဖြင့် home ခလုတ်၊ power ခလုတ်နဲ့ volume ခလုတ် တွေက သိသာစွာ ကွာခြားလှပါတယ်။ iPhone Clone တွေဆိုလျှင် power ခလုတ်က သိသာစွာကွဲပြားတာကို တွေ့ရမှာပါ။ ဘက်ထရီကာဗာကိုချွတ်ပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရင် အချို့သော အစိတ်အပိုင်းတွေ၊ နေရာချထားမှုတွေ (Sim card slot လိုမျိုး)က original နဲ့ ကွဲပြားနေမှာဖြစ်ပါတယ်။ Battery specification တွေက ကွဲပြားနေတာတို့ဖြစ်မှာပါ။ နာမည်ကြီးဖုန်းများ နှင့် နာမည် ဆင်တူရိုးမှား၊ ပုံစံဆင်တူရိုးမှားဖုန်းတွေကလည်း များစွာထွက်ပေါ် နေသောကြောင့် အဆိုပါဖုန်းများကိုလည်း သတိ ထားရမှာဖြစ်ပါတယ်။

မိမိတို့ရဲ့အဖိုးတန်တဲ့ငွေကြေးတွေက ဖုန်းအ၀ယ်မှားတဲ့အတွက် အလဟဿဆုံးရှုံးပြီး စိတ်သောက ရောက်စေမယ့်အဖြစ်မျိုးတွေ မကြုံရစေဖို့မိမိတို့အနေနဲ့ အသေအချာလေ့လာစစ်ဆေးပြီးမှ ၀ယ်ယူ သင့်ပါတယ်။ နောက်တစ် ချက်က မိမိတို့အနေဖြင့် ဖုန်းဝယ်လျှင် ဆိုင်မှာကတည်းက အားလုံးစစ်ဆေးပြီး လိုတာတွေအားလုံးလုပ်ခဲ့လျှင် ချို့ယွင်း အားနည်းချက်တွေရှိခဲ့ပါက ချက်ချင်းသိနိုင်မှာပါ။ ဥပမာ SIM ကတ်မိ၊ မမိ၊ Dual ဆိုလျှင် နှစ်ခုလုံးမိမမိ၊ microSD ကတ်မှာ ကတ်စိုက် ရမရ (အချို့ချောင်နေတတ်ပြီးမမိတာတွေဖြစ်တတ်ပါတယ်)၊ ကင်မရာ အရည်အသွေး၊ Google Play သုံးလို့ရမရ၊ မိမိတို့များသောအားဖြင့် အသုံးပြုရမယ့် apps တွေတင်လို့ရမရ၊ မြန်မာစာရမရ၊ ဖုန်းခေါ်လျှင် အသံကြား မကြား (စပီကာ ပြဿနာဖြစ်တတ်ပါတယ်)စတဲ့ အခြေခံ လိုအပ်ချက်တွေကို ဆိုင်မှာတည်းက အသေအချာ စစ်ဆေးခဲ့သင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အဆိုပါပြဿနာလေးတွေက မကြာခဏကြုံတွေ့ နေကြလို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေခံအချက်လေးတွေသိရှိထား လျှင် မိမိတို့အနေဖြင့် ဖုန်းအ၀ယ်မှားလို့ စိတ်သောကရောက်ရမယ့် အခြေ အနေမှ ရှောင်လွှဲနိုင်မှာပဲဖြစ်ပါတယ်။

<Second ဈေးကွက်နဲ့အတူ တွင်ကျယ်လာတဲ Clone>

အများစုသော စမတ်ဖုန်းသုံးစွဲသူများက အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့ဖုန်းတွေကိုပြန်လည် ရောင်းချလေ့ရှိပါ တယ်။ မော်ဒယ်အမြင့် ကိုင်ချင်တာ၊ ငွေလိုတာ၊ လက်ရှိကိုင်နေတဲ့ဖုန်းကို ရိုးအီသွားပြီး နောက်ထပ် အသစ်တစ်လုံး ကိုင်ချင်တာ စတာတွေကြောင့် မိမိနဲ့နီးစပ်ရာ သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်း အဟောင်း ၀ယ်ရောင်းဆိုင်တွေ ကိုပဲဖြစ်ဖြစ် ရောင်းချလေ့ရှိပါတယ်။ အဲဒီနေရာမှာ စမတ်ဖုန်းဝယ်ယူမယ့်သူတစ်ယောက်အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ ၀ယ်ယူနိုင်တဲ့အတွက် စိတ်ဝင်စားကြမှာဖြစ်ပါတယ်။ သို့သော်တစ်ခုရှိတာက မိမိဝယ်ယူမယ့်ဖုန်းက အစစ်လားအတုလား (Genuine လား Clone လားပေါ့)သိရှိထားမယ်ဆိုလျှင်တော့ clone ၀ယ်ယူ မိတဲ့ပြဿနာကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ထို့အတူ ဖုန်းဆိုင်များမှာ ၀ယ်ရင်လည်း အတုလားအစစ်လားသိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အများစုသောသူများအနေဖြင့် တော်ရုံတန်ရုံတော့ သိပ်နားလည်မှာ မဟုတ်တဲ့အတွက် ဈေးနှုန်းကိုကြည့်ပြီး သက်သာတယ်ဆိုတာနဲ့ဝယ်ယူ ကြမှာအမှန်ပါပဲ။ ကိုးစား ယုံကြည်ထိုက်သော ဆိုင်ကြီးတွေမှာတော့ clone တွေဝယ်ယူမိဖို့ အခွင့်အလမ်းသိပ်မရှိပေမယ့် အချို့သောဆိုင်တွေမှာ တော့ clone တွေကို ရောင်းနေကြပါတယ်။ Clone လို့ပြောရောင်းလျှင် ကိစ္စမရှိသော်လည်း အစစ်လိုလိုဘာလိုလိုနဲ့ရောင်းချမယ် ဆိုလျှင်တော့ ၀ယ်ယူမိသူတွေမှာ တော်တော်လေး နစ်နာမှာဖြစ်ပါတယ်။ အများစုဖြစ် တတ်တာက နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီး ကျွမ်းဝင်မှုအားနည်း လှတဲ့လူကြီးတွေအနေနဲ့ clone ကို တကယ့်အစစ်ဖုန်းကဲ့သို့ ထင်ပြီး ၀ယ်ယူမိတာတွေရှိပါတယ်။ သူတို့ကတော့ တံဆိပ်နဲ့ပုံစံကိုပဲ သိတာ များတဲ့အတွက် အထက်ကဆိုခဲ့သလို အဟောင်းဈေးကွက်မှာပဲဖြစ်ဖြစ်၊ အချင်းချင်းပြန် ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ် Clone ကိုဝယ်မိလျက်သား ဖြစ်နေတတ်ပါတယ်။ အချို့က သိသိနဲ့လိမ်ရောင်းတာမျိုးတွေရှိပါတယ်။ Clone ကို ငွေအရေးတကြီးလိုလို့ မရောင်းချင်ဘဲ ရောင်းချရတဲ့ပုံစံမျိုးနဲ့ သိပ်နားလည်တဲ့သူတွေကို ဈေးသက်သာစွာရောင်းချလေ့ရှိပါတယ်။ ၀ယ်ယူသူတွေကလည်း ဘာပဲဖြစ်ဖြစ် သက်သက်သာသာနဲ့ရမယ်ဆိုတော့ သိပ်မစဉ်းစားမိဘဲ ၀ယ်ယူမိတတ် ကြပါတယ်။

<iPhone ၀ယ်ယူမယ်ဆိုရင်>

iPhone ကတော့ clone ဟုတ်မဟုတ်စစ်ရတာ လွယ်ပါတယ်။ iTunes App Store က iOS apps တွေတင်တဲ့အခါ ရနိုင်မှာမဟုတ်ပါဘူး။ Android ကို iOS ပုံစံပြောင်းထားတာဖြစ်ပါတယ်။ မိမိတို့ဝယ် ယူမယ့်ဖုန်းရဲ့ specification ကို GSMArena (သို့မဟုတ်) Official website မှရယူကာ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ spec တွေကို third-party app တစ်ခု ဖြစ်တဲ့ Antutu Benchmark ကို Google Play မှ download လုပ်ကာရယူပြီး စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ဖုန်းရဲ့ ထုတ်လုပ် သူက အခြားနာမည်တစ်ခုကို ဖော်ပြနေတယ်ဆိုလျှင် အဲဒါဟာ clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ IMEI code ကို စစ်ဆေး တာပဲဖြစ်ပါတယ်။ iPhone မှာတော့ သူ့ရဲ့ Serial Number ကို Settings>General > About Phone ကနေ ရယူပြီး https://selfsolve. apple.com/agreement WarrantyDynamic.do သို့ ၀င်ကာစစ်ဆေး နိုင်ပါတယ်။ အကယ်၍ iPhone က clone ဆိုလျင်တော့ “We’re sorry,but this serial number is not valid. Please check your information and try again,” ဆိုပြီးဖော်ပြမှာဖြစ်ပါတယ်။ Android သုံးစွဲသူများအဖို့ IMEI code ကို handset ရဲ့နောက်ကျောဖက်မှာ ကပ်ထားတဲ့ sticker ကနေကြည့်နိုင်ပါတယ်။ မရှိဘူး ဆိုလျှင်တော့ Settings> About>Status ကနေရယူနိုင်သလို *#06# ကိုရိုက်ထည့် ကာ ဖုန်းခေါ်ပြီး IMEI code ကို ရယူနိုင်ပါတယ်။ IMEI code ကိုရရှိပါက အဆိုပါ code ကို imei.info သို့သွားပြီး box ထဲမှာရိုက်ထည့်ကာ “Check” ကိုနှိပ်ပြီး စစ်ဆေး နိုင်မှာဖြစ်ပါတယ်။ အဲဒီအခါဖုန်းရဲ့ information တွေကိုပြသမှာဖြစ်ပြီး ကိုယ့် Handset နဲ့ အချက်အလက် တွေကွဲနေပါက clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။

<Samsung ဖုန်းတွေဝယ်မယ်ဆိုရင်>

Samsung ဖုန်းတွေအတွက်ဆိုလျှင် Samsung Kies ဆိုတဲ့ ဆော့ဝဲကို http:/ www.samsung.com/ph/support/ useful-software/KIES/ ကနေရယူပြီး သင့်ရဲ့ပီစီမှာတင်ကာ ဖုန်းကို USB နဲ့ချိတ်ဆက်လိုက်တဲ့ အခါသင့် Samsung ဖုန်းရဲ့ Device Name တွေ၊ Firmware information တွေနဲ့ ဖုန်းနဲ့ပတ်သက်တဲ့ specification တွေကိုပြသမှာဖြစ်ပါတယ်။ အကယ်၍ မိမိချိတ်ဆက်လိုက်တဲ့ device ကို ချိတ်ဆက်နိုင်ခြင်းမရှိဘဲ not recognized ဖြစ်နေကာ နောက်ထပ် connect ထပ်လုပ်ခိုင်း တဲ့အခါ တွေမှာလည်း ချိတ်ဆက်လို့မရနိုင်သေးဘူးဆိုလျှင် အဲဒါက Samsung Galaxy ဖုန်းမဟုတ်ဘူးဆိုတာ ပြသတာပဲဖြစ်ပါ တယ်။ ထို့ပြင် Galaxy device တွေမှာအသုံးပြုနိုင်တဲ့ Samsung codes တွေကိုရိုက်ထည့်ပြီး ဖုန်းခေါ်ဆိုကာ စစ်ဆေးနိုင်ပါ သေးတယ်။ အသုံးများတဲ့ code အချို့ ကတော့ *#1234#[Display device current firmware],*#*# 1472365#*#* [GPS test settings],*#0*#[General Test Mode], *#*#197328640 #*#* [Service mode main menu] စတာတွေပဲ ဖြစ်ပါတယ်။ အရှေ့က code တွေကို ရိုက်ထည့်ကာ dial လုပ်လိုက်လျှင် ကွင်းထဲမှာဖော်ပြထားသော လုပ်ငန်းစဉ်များကို လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ အကယ်၍ မရဘူးဆိုလျှင်တော့ Samsung မဟုတ်ဘူး ဆိုတာ ဖော်ပြနေတာပဲဖြစ်ပါတယ်။

<IMEI code တွေရဲ့အကြောင်း>

IMEI code ဟာ ဂဏန်း ၁၅ လုံးပါဝင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၃၅၈၈၉၃၀၅၇၄၇၀၃၂၃ ဖြစ်ပါတယ်။ အဲဒီမှာ နံပါတ် ၇ နဲ့ ၈ ခုမြောက် ဖော်ပြတဲ့ဂဏန်းများက ဖုန်းထုတ်လုပ်တဲ့နိုင်ငံများနဲ့ အရည်သွေးကို ဖော်ပြတာဖြစ်ပါတယ်။ အနှစ်ချုပ် မှတ်ထားလျှင်တော့ ၀၂ (သို့မဟုတ်) ၂၀ ဆိုလျှင် အရည်အသွေးနိမ့်၊ ၀၈ (သို့မဟုတ်) ၈၀ ဆိုလျှင် အရည် အသွေး အသင့်အတင့်၊ ၀၃(သို့မဟုတ်) ၃၀၊ (သို့မဟုတ်) ၄၀ဆိုလျှင် တရုတ် ပြည်မှာထုတ်တာဖြစ်ပြီး အရည်အသွေး ကောင်းမွန်ပါတယ်။ ၀၆,၆၀ ဆိုလျှင်လည်း ဟောင်ကောင်၊ တရုတ်၊ မက္ကဆီကို စက်ရုံထုတ် များဖြစ်ပြီး အရည်အသွေးကောင်းမွန်ပါတယ်။ ၀၅,၀၁ (သို့မဟုတ်) ၅၀,၁၀ ဆိုလျှင် ဘရာဇီး၊ USA သို့မဟုတ် ဖင်လန်စက်ရုံထုတ်များဖြစ်ကာ အရည်အသွေးအလွန်ကောင်းမွန်ပါ တယ်။ ၀၀ ဆိုလျှင်တော့ မူရင်းစက်ရုံ ထုတ်ဖုန်းဖြစ်ကာ အရည်အသွေးအကောင်းဆုံးဖြစ်ပါတယ်။ ၁၃ ဆိုလျှင် တော့ အရည် အသွေးအလွန်ညံ့ကာ ကျန်းမာရေးအတွက်လည်း အန္တရာယ် ရှိနိုင်မှာဖြစ်ပါတယ်။ အထက်ပါအချက်များနဲ့စစ်ဆေးလို့ရနိုင်သလို လက်ရှိပြည်တွင်းမှာ တရားဝင်ဖြန့်ဖြူးနေတဲ့ စမတ်ဖုန်းတံဆိပ်များဟာ သူတို့တိုက်ရိုက် တင်သွင်းတဲ့စမတ်ဖုန်းများအတွက် Warranty ပေး လေ့ရှိပြီး ဖုန်းနဲ့အတူ အဆိုပါ warranty card သို့မဟုတ် ဟိုလိုဂရမ် အမှတ်တံဆိပ်ကပ်ထား တာတွေပါဝင်မှာ ဖြစ်ပြီး အဆိုပါကတ်များက ဖုန်းအစစ်ဖြစ်ကြောင်း သက်သေခံနေတာလည်း ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ Xiaomi ရဲ့စွမ်းဆောင်ရည်မြင့် - “Xiaomi Mi Note 2” - Price - 560,000 Ks ♫

No automatic alt text available.

Xiaomi ရဲ့ဖုန်းများဟာ ဖုန်းတွင်းပိုင်းစွမ်းရည် ကောင်းမွန်ရုံသာမက နာမည်ကျော်ဖုန်းများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ Xiaomi ရဲ့ ဂုဏ်သတင်းဟာ တဖြည်းဖြည်းဖြင့် ကမ္ဘာ့ဈေးကွက်သို့ပါ စိုးမိုးနိုင်စွမ်း ရှိလာပါတယ်။ Xiaomi ရဲ့ဖုန်း ကောင်းတစ်လုံးဖြစ်သော Mi Note 2 ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ထုတ်လုပ်ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။ ထောက်ပံ့ပေး ထားသော Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ဟာ လေးထောင့်ကျသော အသွင်ဒီဇိုင်း ရှိပြီး ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 156.2 × 77.3×7.6 mm ရှိကာ အလေးချိန်မှာ 166g ဖြစ်ပါတယ်။

Sim card နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့် သုံးစွဲသူများ အတွက် များစွာအဆင် ပြေစေပါလိမ့်မယ်။ ထည့်သွင်းရမယ့် Sim Card အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင်အတွက် AMOLED Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ 5.7 inches မျက်နှာပြင်အကျယ်အ၀န်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ကျယ်ပြန့်သော Screen Size ရှိသည့် စမတ်ဖုန်းလို့ သတ်မှတ်နိုင်ပါမယ်။ ပုံရိပ်များကို ကြည့်ရှုခံစားသည့်အခါ၌ ကြည်လင် ကောင်းမွန်နေစေရန် 1080 × 1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 386 ppi ပါ။ Multitouch စနစ်တွင် MIUI 8.0 / 8.2 ကို သုံးစွဲနိုင်ပါမယ်။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိကကင်မရာဟာ 22.5 MP, f/2.0 စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP,f/2.0 စွမ်းရည်ရှိကာ Selfie ရိုက်ကူးမှုများတွင် ပုံထွက်ကောင်းစေ မှာဖြစ်ပါတယ်။ Dual LED (Dual Tone) Flash, Face detection, Panorama နှင့် အခြား သော ကင်မရာဆက်စပ်ပတ်သက်စနစ်များ ပါရှိပါတယ်။ အသံပိုင်း အတွက် 24-Bit/192 kHz Audio နှင့် Active Noise Cancellation with Dedicated Mic စနစ်တို့ ပါရှိပါတယ်။ USB ဟာ Type C အမျိုးအစားပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် နှစ်မျိုးနှစ်စားရှိပါတယ်။ RAM 4 GB ဖြစ်ပါက ROM မှာ 64 GB ရှိပါတယ်။ RAM 6 GB ဆိုလျှင် ROM 128 GB ပါရှိပါမယ်။


ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ များပြားခြင်းကြောင့် အချက်အလက် သိမ်းဆည်းဖို့ လုံလောက်ပါလိမ့်မယ်။ Cardslot စနစ်မပါ ရှိခြင်းကြောင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Marshmallow ပါ။ CPU ဟာ Quad-core စွမ်းရည် ရှိပြီး GPU ကတော့ Adreno 530 ဖြစ်ပါတယ်။ Fingerprint စနစ် အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပြီး အားသွင်း အသုံးပြုရမယ့် ဘက်ထရီမှာ Li-Ion 4070 mAh ဖြစ်ပါတယ်။ အားသွင်း မြန်ဆန်သော Quick Charge 3.0 စနစ်လည်း ထည့်သွင်းပေးထား ပါတယ်။


<Specifications>

Network - 2G, 3G, 4G
Processor - Quad-Core
Screen - 5.7 inches
Camera - 22.5MP
Bluetooth - v4.2
Storage - 64GB
OS - Android OS, v6.0
Contact - 01-371923

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ “အူရီဒူးမြန်မာမှ စီးပွားရေးလုပ်ငန်းကြီးများအတွက် လုံခြုံစိတ်ချရပြီး မြန်ဆန်သည့် IP-VPN ကို ၀န်ဆောင်မှုပေး” ♫

No automatic alt text available.

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် လုံခြုံစိတ်ချ ရသည့် IP-VPN ၀န်ဆောင်မှုကိုစတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝန်း နယ်မြေဒေသအသီးသီး တွင်ရှိသည့် ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေ နိုင်မည့် ၀န်ဆောင်မှုဖြစ်ကာ အူရီဒူး၏ IP-VPN ၀န်ဆောင်မှုသည် သုံးစွဲသည့် လုပ်ငန်းအတွက် များစွာအကျိုးပြုမည်ဖြစ်ပြီး လူအများစုမှ တစ်ပြိုင်နက်ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ ဒေတာပေးပို့ရာတွင် ကြာချိန် နည်းခြင်းနှင့် ဒေတာပမာဏအမြောက်အမြားကို ထိထိရောက်ရောက် ဆက်သွယ်ပေးပို့နိုင်ခြင်း၊ ပိုမိုကောင်းမွန်သောဒေတာသွားလာမှု ကြိမ်နှုန်းပမာဏနှင့် ၀န်ဆောင်မှု အရည်အသွေး တိုင်ကြားခြင်း စနစ် (Qos) တို့ကိုကမ်းလှမ်းပေးသွားမည်ဖြစ်သည်။ အူရီဒူးမြန်မာ၏ IP-VPN ၀န်ဆောင်မှုသည် Multi-protocol Label Switching (MPLS) နည်းပညာ ပေါ်တွင် အခြေခံ၍ ၄င်း၏သီးသန့်ကွန်ရက်ကို အစမှအဆုံး အထိ စနစ်ကျနစွာ ချိတ်ဆက် ပေးထားပြီး ပြည့်ပြည့်၀၀ စီမံဆောင်ရွက်ပေး သွားမည့် IP-MPLS Solution ဖြစ်သည်။

အူရီဒူး၏ IP-VPN သည်အများသုံး အင်တာနက်ကွန်ရက်ဖြင့် ဆက်သွယ် ချိတ်ဆက်ခြင်းမရှိဘဲ သီးသန့်ကွန်ရက်ဖြင့် ဆက်သွယ်ချိတ်ဆက်ထား သောကြောင့် သုံးစွဲသူ၏ စီးပွားရေးလုပ်ငန်းသုံးဒေတာများအား အခြား ကွန်ရက်မှတစ်ဆင့် ခိုးယူနှောင့်ယှက်မှု၊ data breaches နှင့် DDos တိုက်ခိုက်ခံရမှုများ အစရှိသည်တို့အတွက် ဖြစ်နိုင်ခြေ အနည်းဆုံး ဖြစ်အောင် လျှော့ချပေးမည်ဟု အာမခံထားသည်။ လုံခြုံစိတ်ချရသည့် စနစ် ပိုင်းဆိုင်ရာ ဖွဲ့စည်းထားမှုနှင့်အတူ အဆင့်မြင့်စီမံခန့်ခွဲမှု၊ အာမခံမှု ရှိသည့် ဆောင်ရွက်မှုအဆင့်များကြောင့် အူရီဒူး၏ IPVPN ၀န်ဆောင်မှု သည် လုပ်ငန်းတွင်းဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ရာ၌ ယုံကြည် စိတ်ချရမှုကို ပြည့်ပြည့်၀၀ ပေးအပ်နိုင်မည်ဖြစ်သည်။

အူရီဒူး၏ IP-VAN ၀န်ဆောင်မှုမှာ လွယ်ကူစွာစီမံဆောင်ရွက်နိုင်မှု၊ အချိုးကျ ဆောင်ရွက်နိုင်မှု၊ ဈေးနှုန်းသင့်တင့်မှု၊ အကန့်အသတ်မရှိ ဒေတာပမာဏကို အသုံးပြုကာအမြန်နှုန်းကို လိုသလောက် စီမံ ဆောင်ရွက်နိုင်မှုတို့ကြောင့် ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍရေးဆိုင်ရာ လုပ်ငန်းများ၊ လက်လီအရောင်း လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများနှင့် ပညာရေးလုပ်ငန်းများအတွက် အထူးသင့်လျော်မည်ဖြစ်သည်။ Ooredoo Business အနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းကြီးများအတွက် လိုအပ်ချက် များကို အဖြေရှာ၍ ၀န်ဆောင်မှုများကမ်းလှမ်းပေးနိုင်ရန်အတွက် ဆန်းသစ် သောနည်းများကို အမြဲရှာဖွေပြီး ၀န်ဆောင်မှုများပေးအပ် လျက်ရှိရာ IPVPN သည် SLA ကိုအခြေခံထားသည့် ၀န်ဆောင်မှုနဲ့ အတူ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့အပါအ၀င် ပိုမိုကောင်းမွန်သည့် ကွန်ရက်အာမခံချက်အပြည့်အ၀ရှိ မည့် အချိန်မရွေး တစ်နှစ်ပတ်လုံး ၀န်ဆောင်မှုပေးသည့် ၀န်ဆောင်မှုမျိုးဖြစ်သည်။

လိုင်းတည်ငြိမ်၍ ယုံကြည်စိတ်ချရသည့် ကွန်ရက်နှင့်အတူပိုမိုကောင်းမွန် သည့် အရည်အသွေးမြင့် ၀န်ဆောင်မှုကို ရယူလိုသည့် စီးပွားရေး လုပ်ငန်းများအနေဖြင့် အူရီဒူးမြန်မာ၏ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု အကြောင်း ပိုမိုအသေးစိတ် သိရှိလိုပါက အူရီဒူးမြန်မာ ဖုန်း ၀၉-၉၇၀၀၀၀၂၃၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ ကင်မရာပါတဲ့ Samsung ရဲ့ စမတ်နာရီ လာမည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/samsung-galaxy-gear-g04-1.jpg?fit=800%2C450&ssl=1

Samsung ရဲ့ နောက်ထုတ်မယ့် စမတ်နာရီမှာ လက်ပတ်ကြိုးတွင် ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်နဲ့ ကင်မရာ တစ်လုံး ပါလာမှာဖြစ်ပါတယ်။ Samsung က အဲဒီ စမတ်နာရီ Patent ကို ဒီလထဲမှာ United States Patent and Trademark Office (USPTO) တွင် မှတ်ပုံတင်လိုက်ပါတယ်။

စမတ်နာရီ လက်ပတ်ကြိုးမှ ကွေးညွှတ် မျက်နှာပြင်မှာ Email, Music Player, Photo Gallery , Settings စတဲ့ Apps Icons များကို ပြသထားပါတယ်။ Samsung Galaxy S8 ရဲ့ Edge စွမ်းဆောင်ချက်နဲ့ ဆင်တူတယ်လို့ SamMobile က ပြောပါတယ်။ S8 ရဲ့ ကွေးညွှတ် မျက်နှာပြင်ငယ်မှာ Notifications, Shortcuts နဲ့ အခြားအရာများကို ပြသထားတာ ဖြစ်ပါတယ်။ S8 လိုပဲ စမတ်နာရီ လက်ပတ်ကြိုး မျက်နှာပြင်မှ အရာများကို Customize ပြုလုပ်နိုင်မယ်လို့ ထင်ရပါတယ်။

Samsung က ပထမမျိုးဆက် Gear Smartwatch မှာ 2MP Camera တစ်လုံး တပ်ဆင်ပေးထားပါတယ်။ အခု Patent မှာတော့ ကင်မရာကို လက်ပတ်ကြိုးမှာ တပ်ဆင်ထားပြီး အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ပေးတဲ့ Optical Zoom စွမ်းရည်ပါတယ်လို့ ဖော်ပြထားပါတယ်။

စမတ်နာရီမှာ ကင်မရာ တပ်ဆင်တဲ့ အိုင်ဒီယာကို ဖန်တီးနေတာ Samsung တစ်ခုထဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လမှာ Apple က Bar Code or QR Code များလို အနီးအနားမှ အရာများကို ဓါတ်ပုံရိုက်နိုင်တဲ့ ကင်မရာ ပါတဲ့ စမတ်နာရီ Patent တစ်ခုကို မှတ်ပုံတင်ခဲ့ဖူးပါတယ်။




Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/huawei-nova-2-nova-2-plus-launched.jpg?fit=800%2C450&ssl=1

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ နှစ်လုံးစီ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

တစ်လုံးမှာ 12MP ဖြစ်ပြီး အခြားတစ်လုံးမှာ Portrait Mode နဲ့ Optical Zoom များကို ဖန်တီးပေးတဲ့ 8MP ဖြစ်ပါတယ်။ အရှေ့ဘက်မှာလည်း 20MP Camera ပါတဲ့အတွက် Selfie Photo ကောင်းများ ရိုက်ကူးနိုင်ပါတယ်။

ဖုန်း နှစ်လုံးစလုံးကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Nova 2 မှာ ၅ လက်မနဲ့ Nova 2 Plus မှာ ၅.၅ လက်မ မျက်နှာပြင်များ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်များဟာ Full HD Display များ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ အထူမှာ ၆.၉ မီလီမီတာ ဖြစ်ပါတယ်။ 2950mAh နဲ့ 3340mAh Battery များ အသီးသီး တပ်ဆင်ထားပါတယ်။ Kirin 659 Chipset ထည့်သွင်းထားပါတယ်။

Nova 2 အတွက် 4GB RAM/64GB Storage နဲ့ Plus အတွက် 4GB RAM/128GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ Nova 2 ကို ၃၆၅ ဒေါ်လာ၊ Plus ကို ၄၂၀ ဒေါ်လာဖြင့် ရောင်းချပေးမှာဖြစ်ပါ တယ်။




Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Huawei-Make-It-Possible.jpg?fit=800%2C450&ssl=1

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။

Huawei Panoramic Camera


Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ 13MP Camera တစ်လုံးစီ တပ်ဆင်ထားပါတယ်။ USB Type-C Port ပါပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ ၁၃၀ ဒေါ်လာဖြင့် ရောင်းချပေးမှာဖြစ်ပါတယ်။

Huawei Sports Band

အားကစားသမားများအတွက် ရည်ရွယ် ထုတ်လုပ်ပေးထားတဲ့ လက်ပတ်ဖြစ်ပြီး ၀တ်ဆင်သူ ပြေးတဲ့ အမြန်နှုန်းနဲ့ အကွာအဝေးကို တိုင်းတာပေးနိုင်တဲ့ GPS Model ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီ လောင်ကျွမ်းမှုကို တိုင်းတာပေးနိုင်ပါတယ်။ ရေစိုခံတဲ့အတွက် ရေကူးရင်တောင် ၀တ်ဆင်ထားနိုင်ပါတယ်။ ရေအနက် မီတာ ၅၀ အထိ ၀တ်ဆင် အသုံးပြုနိုင်ပါတယ်။ ရေကူးခြင်းနဲ့ ပတ်သက်တဲ့ဒေတာများကိုလည်း လက်ပတ်က တိုင်းတာပေးနိုင်ပါတယ်။ အခြား ကိုယ်လက်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ ဒေတာများကိုလည်း တိုင်းတာပေးနိုင်ပါတယ်။ Chip အသစ် ထည့်သွင်းထားပြီး ယခင်မျိုးဆက်ထက် ၈၀ ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်ရည် ကောင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ တစ်ခါအားသွင်းထားရင် ၂၁ ရက် အသုံးခံပါတယ်။ သမားရိုးကျ မော်ဒယ်ကို ၄၄ ဒေါ်လာ ၊ GPS ပါတဲ့ မော်ဒယ်ကို ၅၇ ဒေါ်လာဖြင့် ဇူလိုင် ၁၄ ရက်မှာ ရောင်းချမှာပါ။

Huawei Bluetooth Headset

Bluetooth Headset မှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးတဲ့ စွမ်းရည် ပါလာမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အခြား သတင်းအချက်အလက်များကို မသိရသေးပါဘူး။




Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/messengerlite_main_1493357755044.jpg?fit=800%2C450&ssl=1

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း ဂိမ်းများ ကစားနိုင်တဲ့ ၀န်ဆောင်မှုကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါတယ်။ ဂိမ်းများ မကစားတဲ့ လူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ပါပဲ။ ဒါ့အပြင် ၀န်ဆောင်မှုများ ထည့်သွင်းလာတာနဲ့ အမျှ Messenger ဟာ ဖုန်းရဲ့ စွမ်းအင်ကို အလွန် စားသုံးလာတဲ့ အတွက် ဖုန်းလေးလံခြင်းကို ဖြစ်စေပါတယ်။ ဒီလို ၀န်ဆောင်မှု အပိုများကို မသုံးချင်သူများအတွက် ရိုးရှင်းပြီး ပေါ့ပါးသွက်လက်တဲ့ Messenger Lite ကို ဖန်တီးပေးထားပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းများအတွက် ဒီဇိုင်းထုတ်ထားတာပါ။

အခုဆိုရင် Messenger Lite ကို ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ပါပြီ။ Messenger Lite ဟာ မြန်ဆန်ပြီး ဒေတာအနည်းငယ်ကိုသာ စားသုံးပါတယ်။ အင်တာနက်လိုင်း မကောင်းတဲ့ နိုင်ငံများမှာတောင် အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Lite ဟာ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က Messenger နဲ့ ဆင်တူပါတယ်။ သူ့မှာ Home, Contact နဲ့ Profile ဆိုတဲ့ Tab သုံးခုသာ ပါပါတယ်။ Home မှာ Chats များကို ပြသထားပါတယ်။ Contacts မှာ သင့်ရဲ့ Facebook သူငယ်ချင်းများအားလုံးကို ပြသထားပြီး သင် စကား အများဆုံးပြောတဲ့ လူများကို ထိပ်ဆုံးမှာ ထားရှိပေးထားပါတယ်။ Profile မှာ Settings, Notifications များကို စီမံခန့်ခွဲနိုင်ပါတယ်။ သူ့ရဲ့ Interface ဟာ အလွန် ရိုးရှင်းပါတယ်။

Facebook က Lite ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဖြန့်ချီပေးထားပါတယ်။ Google Play Store မှာ မြန်မာနိုင်ငံကနေ အင်စတော ပြုလုပ်နိုင်ပါတယ်။ Play Store မရှိသူများအတွက် Apkmirror.com ကနေ ရယူနိုင်ပါတယ်။

Download
Play Store Apkmirror 


ဒါပေမယ့် Messenger Lite မှာ အောက်ပါ စွမ်းဆောင်ချက်များ သို့မဟုတ် ၀န်ဆောင်မှုများကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
• Voice and Video Calling
• App Extensions ( Spotify, Lyft , etc. )
• GIFs
• Chat Heads
• SMS
Messenger Lite ကို သုံးရင် ပြန်ရရှိမယ့် အကျိုးကျေးဇူး အနေနဲ့ အောက်ပါ စိတ်ရှုပ်စရာများကို သင်မြင်ရမှာ မဟုတ်ပါဘူး။
• Messenger Day
• Games
• Bots
• Contacts များကို Sync ပြုလုပ်ဖို့ သတိပေးခြင်းများ
• နှောင့်နှေးကြန့်ကြာမှု
ဒါ့အပြင် Lite ဟာ သင့်ဖုန်း Storage ကို အနည်းငယ်သာ အသုံးပြုပါတယ်။ Apk ဖိုင်အရွယ်အစားကလည်း အလွန် သေးငယ်ပါတယ်။
Lite မှာ Face Filters များနဲ့ Built-in Camera များလည်း မပါပါဘူး။ ဒါပေမယ့် Stickers , Emoji များကိုတော့ သုံးနိုင်ပါတယ်။ ဖုန်းပြောလို့ မရပေမယ့် စကားများကို Record လုပ်ပြီး ပေးပို့နိုင်ပါတယ်။ Lite ကို Android အတွက်သာ ဖန်တီးပေးထားပြီး iOS အတွက်တော့ မထွက်ရှိသေးပါဘူး။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ အရောင်းရဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ " Huawei GR5 2017 " Price - 380,000 Ks ♫

Image may contain: phone

Huawei GR5 2017 ဟာ အရောင်းရဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့အတွက် Huawei GR5 2017 (Premium) version ကို ပြီးခဲ့တဲ့ မတ်လလောက်ကို ထပ်မံအဆင့်မြှင့်တင် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် GR5 ထက် သုံးစွဲလို့ပိုကောင်းပြီး အနည်းငယ်လည်း ပိုဈေးနှုန်းမြင့်မားပါတယ်။ 

GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano Dual SIM စနစ် ပါရှိပါတယ်။ ဖုန်းအရွယ်အစားက 150.9 x 72.6 x 8.2 mm ရှိပြီး 162g အလေးချိန် ရှိပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲရှိပြီး FHD touchscreen display နဲ့ ပြုလုပ်ထားပါတယ်။ ၄င်းက 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး မျက်နှာပြင်ကို 2.5D Curved Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။ မျက်နှာပြင်ပေါ်မှာ Multitouch စနစ်ကိုလည်း သုံးစွဲနိုင်သလို နောက်ကျောဘက်မှာ fingerprint sensor လည်း ပါရှိပါတယ်။

ကိုယ်ထည်ထဲမှာ HiSilicon Kirin 655 Octa-core 2.1 & 1.4 GHz processor တို့ကို ထည့်ထားပြီး Mali-T830MP2 graphics card ကို သုံးထားပါတယ်။ Non-removable Li-ion 3340 mAh battery ကိုသုံးထားလို့ 23 နာရီကြာ ဖုန်းဆက်တိုက်ပြောဆိုနိုင်ပါတယ်။



Specification
Display : 5.5 inches, FHD Capacitve Touchscreen
Memory : 32 GB, 3GB RAM, microSD, Up to 128 GB
Camera : Dual Camera, 12MP + 2MP Front : BMP
OS : Android OS, v 6.0 (Marshmallow)

Phone - 09-73230033 (King B2 Mobile & Accessories)

Price - 380,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

Internet Download Manager v6.28 Build 11 (May 25, 2017 - No Crack or Patch Need)



May 25, 2017 နေ့ကထွက်တဲ့  Internet Download Manager v6.28 Build 11 (IDM) ပါ... တင်ပေးထားတဲ့ IDMan.exe ဖိုင်လ်ကို Double Click နှင့် Install လုပ်ပေးရုံပါပဲ.. Serial Key, Patch, Crack များမလိုအပ်တော့ပါဘူး။



Internet Download Manager v6.28 Build 11 (May 25, 2017 - No Crack or Patch Need)

What's new in version 6.28 Build 11 (Released: May 25, 2017)

*Resolved problems with downloading videos embedded on 3d party websites
*Fixed bugs


Internet Download Manager v6.28 Build 11 Full Cracked 

No Serial Key or Patch Need.

Just Download & Install.



(Any Error? Uninstall Your Old Version IDM)


Enjoy!






















comments

♪ HTC ရဲ့နည်းပညာမြင့်မားသော စမတ်ဖုန်း - “HTC U11” ♫

Image may contain: phone

HTC ရဲ့ ရေစိုခံဖုန်း HTC U11 ဟာ စက်စွမ်းဆောင်ရည်မြင့်မားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ငွေ ရောင်၊ အပြာရောင်၊ အမည်းရောင်၊ အဖြူရောင်နဲ့ အနီရောင် အရောင် ၅ မျိုးနဲ့ထုတ်လုပ် ပေးမှာပဲဖြစ်ပါတယ်။ ၎င်းကို GSM, HSPA, CDMA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ Version နှစ်မျိုးကို ထုတ်လုပ်ပေးသွားမှာ ပါ။ ထည့်သွင်းအသုံးပြုနိုင်တဲ့ SIM Card ကတော့ Nano SIM ဖြစ်ပါတယ်။

IP67 certified ရရှိထားလို့ ဖုန်ဒဏ်တွေနဲ့ရေဒဏ် တွေကိုခံနိုင်ပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာမျှသုံးစွဲနိုင်ပါတယ်။ ၅ လက်မကျယ်တဲ့ မျက်နှာပြင်ကို Super LCD5 Capacitive touchscreen နဲ့ပြုလုပ်ထားပြီး 1440x2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးထားပါတယ်။ မျက်နှာပြင်ကိုအကြမ်းခံအောင် Corning Gorilla Glass 5 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ အနောက်ကင်မရာက 12MP, f/1.7 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ 16MP ရှိပါတယ်။ 

ဒါကြောင့် အရည်အသွေးမြင့်ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက်လည်း Internal Memory 64GB, RAM 4GB နဲ့ Internal Memory 128GB, RAM 6GB ဆိုတဲ့ Version နှစ်ခုကိုထုတ်လုပ်ထားပြီး Micro SD Card ကိုလည်း 256GB အထိ ထပ်မံစိုက်ထည့်နိုင်ပါတယ်။

စက်စွမ်းဆောင်ရည်ပိုင်းအတွက်တော့ Qualcomm MSM8998 Snapdragon 835 chipset, Octa-core processor နဲ့ Adreno 540 GPU တို့ကို ထောက်ပံ့ထားလို့ တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင် ပါတယ်။ Li-Ion 3000mAh battery ထည့်သွင်းပေးထားလို့ အချိန် ကြာကြာ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်

<Specifications>

Network - GSM/HSPA/LTE
CPU - Octa-core (4x2.45GHz Kryo &
4x1.9GHz Kryo)
Memory - 64GB, 128GB (up to 256GB)
OS - Android OS, v7.1 (Nougat)
Bluetooth - v4.2, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com
comments

♪ " Selfie ဓာတ်ပုံတွေကို စိတ်တိုင်းကျ ပုံဖော်နိုင်စေမယ့် Smartphone (သို့) Vivo V5 Matte Black Review " ♫

Image may contain: 1 person, text

Vivo V5 Matte Black Limited Edition Smartphone ဟာ အခုဆိုရင် ပြည်တွင်းဈေးကွက်ထဲကို ရောက်ရှိလို့နေပါပြီ။ ဒီဖုန်းဟာ ယခင်ထွက်ရှိပြီးသား V5 Smartphone နဲ့ ဒီဇိုင်းပိုင်းရော အခြားစွမ်းဆောင်ရည်ပိုင်းမှာပါ ကွဲပြားခြားနားမှုမရှိခဲ့ဘဲ သိသာထင်ရှားတဲ့ ခြားနားကွဲပြားချက်ကတော့ အရောင်ပဲဖြစ်ပါတယ်။ ယခင်ထွက်ရှိခဲ့ပြီး V5 မှာက Gold နဲ့ Rose Gold ကိုသာ ထုတ်လုပ်ခဲ့ပေမယ့် အခု V5 ကတော့ အရှေ့ဘက်ရော၊ အနောက်ဘက်ကိုယ်ထည်ပိုင်းမှာပါ အားလုံးနီးပါးကို အနက်ရောင်အဖြစ် ဖန်တီးထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ဒီဖုန်းကိုတော့ ငွေကျပ် (318,000) ဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနေပြီ ဖြစ်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည် ပိုင်းကို ပါးလွှာမှုရှိအောင် ဖန်တီးပြုလုပ်ပေးထားကာ အနောက်ရောင် သတ္တုကိုယ်ထည်ဖြင့် ဖန်တီးပေးထားတာကို တွေ့မြင်ရပါလိမ့်မယ်။ မျက်နှာပြင်အရွယ်အစားကတော့ (5.5) လက်မရှိတဲ့အပြင် 2.5D Glass Display ကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ Screen Resolution ကတော့ (720 x 1280) Pixels HD ဖြစ်ကာ ရုပ်ထွက်ပိုင်းက ကြည်လင်ကောင်းမွန်မှုရှိပြီး Screen မှာ အပြာရောင်ကို စစ်ထုတ်ပေးနိုင်တဲ့ Eye Protection နည်းပညာတွေ ပါရှိပါတယ်။

ဖုန်းတွင်းစွမ်းဆောင်ရည်ပိုင်းအတွက် 64-bits Octa-Core Processor နဲ့အတူ RAM 4GB ကိုပါ ထည့်သွင်းအသုံးပြုပေးထားပါတယ်။ ဒါ့အပြင် Graphic ပိုင်းအတွက် Mali-T860MP2 အမျိုးအစား GPU ကို အသုံးပြုပေးထားတာကြောင့် ဂိမ်းအမြင့်တွေ ဆော့ကစားတဲ့အခါမှာ အလွန်ကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Internal Memory 32GB ပါရှိတဲ့အပြင် Memory ကို တိုးမြှင့်အသုံးပြုချင်သူတွေအတွက် 128GB အထိ တိုးမြှင့်အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့် Sim Slot 2 မှာ Sim Card ထည့်မသုံးမှသာလျှင် micro SD Card ကို ထည့်သွင်းအသုံးပြုလို့ရမှာပါ။


နောက်ပြီးတော့ Software ပိုင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့ Android 6.0 (Marshmallow) နဲ့အတူ Funtouch OS 2.6 ကိုပါ တွဲဖက်အသုံးပြုပေးထားတာကြောင့် Apps တွေကို ကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်အသုံးပြုနိုင်မှာဖြစ်ပြီး Multi-Tasking လုပ်ဆောင်တဲ့အခါတွေမှာလည်း အဆင်ပြေစေမှာပါ။ Social App နှစ်ခုကို တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စေမယ့် စနစ်တွေလည်း ထည့်သွင်းပေးထားပါတယ်။ Fingerprint Scanner ကိုတော့ ဖုန်းရဲ့အရှေ့ဘက်မျက်နှာပြင်အောက်ပိုင်းမှာ ထည့်သွင်းပေးထားကာ Screen Unlock ပြုလုပ်ခြင်းတွေကို (0.2) စက္ကန့်အတွင်း မြန်ဆန်စွာ Unlock လုပ်ဆောင်နိုင်စေမှာပါ။

20.0 MP ရှိတဲ့ အရှေ့ကင်မရာမှာ Selfie Softlight စနစ်ကို ထည့်သွင်းပေးထားတာကြောင့် Selfie Photo တွေကို အလွယ်ကူဆုံးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ရိုက်ကူးနိုင်စေဖို့ အထောက်အကူပြုမှာပါ။ နောက်ပြီးတော့ Face Beauty Mode 6.0 ကြောင့် မိမိရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို လှပကြည်လင်ကောင်းမွန်နေစေပါလိမ့်မယ်။ ဒါ့အပြင် 13.0 MP ရှိတဲ့ အနောက်ကင်မရာဖြင့်လည်း ဓာတ်ပုံတွေနဲ့ Full HD ဗီဒီယိုတွေကို ရိုက်ယူလို့ရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းအတွက်ကိုတော့ 3000 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားကာ မိနစ် (30) ခန့် အားသွင်းရုံနဲ့ ဘက်ထရီပမာဏ (25) ရာခိုင်နှုန်းအထိ အားပြည့်စေမှာပါ။


အသံထွက်ပိုင်းအတွက်လည်း AK4376 Hi-Fi audio chip ကို အသုံးပြုပေးထားတာကြောင့် ကောင်းမွန်တဲ့ အသံထွက်စနစ်ကို နားဆင်နိုင်မှာဖြစ်ပြီး မလိုလားအပ်တဲ့ ဆူညံသံတွေကို -115 dB အထိ လျော့ချပေးပါလိမ့်မယ်။ ဒီဖုန်းကို 2G, 3G နဲ့ 4G Network တို့မှာ အသုံးပြုနိုင်တဲ့အပြင် Dual Sim အသုံးပြုလို့ရတဲ့ Smartphone တစ်လုံး ဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com
comments

♪ " Ransomware ဗိုင်းရပ်စ် မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရ " ♫

Image may contain: phone and text

တကမ္ဘာလုံးနီးပါးက ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုနေတဲ့ device မှန်သမျှကို lock ချပစ်တဲ့ Ransomware ဗိုင်းရပ်စ်ရဲ့ အရှိန်က ကျမသွားသေးခင်မှာပဲ မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရတယ်လို့ ရုရှားဆိုက်ဘာ လုံခြုံရေးအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ Kaspersky Lab မှ တာဝန်ရှိသူက " မိုဘိုင်းဖုန်းတွေမှာ Ransomware ဗိုင်းရပ်စ်ဖိုင်တွေ့ရှိမှုက ခုဆို 2 သိန်းကျော်လောက်ဖြစ်လာပြီ။ 2016 နှစ်ကုန်ခါနီးကတောင် ဗိုင်းရပ်စ်ဖိုင် 6 သောင်းဝန်းကျင်ပဲ တွေ့တာ၊ လက်ရှိက တော်တော်များလာတယ် " လို့ ပြောပါတယ်။ Kaspersky Lab ရဲ့ Senior Malware Analyst ဖြစ်သူ Roman Unuchek က " ransomware က ဖုန်းတွေဆီ ဦးတည်လာနေတယ်။ ဗိုင်းရပ်စ်ပုံစံသစ်တွေလည်း ဆက်တိုက်ထုတ်နေတယ်။ လူတွေအနေနဲ့ ကွန်ပျူတာမှမဟုတ်ဘဲ ဖုန်းတွေမှာလဲ block လုပ်ခံရနိုင်တယ်ဆိုတာ သတိထားစေချင်တယ် " လို့ ရှင်းပြပါတယ်။ 

Trojan-Ransom.AndroidOS.Fusob.h ဆိုတဲ့ မိုဘိုင်း ransomware က လက်ရှိအသုံးပြုနေတဲ့ user တွေရဲ့ မိုဘိုင်းဖုန်း 45% နီိးပါးကို ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ အဆိုပါ Trojan ကို run လိုက်မိရင် data တွေ၊ ဖုန်းအတွင်းက GPS လမ်းညွှန်တွေနဲ့ call history တွေကို ရယူပြီး သူတို့ရဲ့ဆာဗာမှာ ကူးယူတာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီဖုန်းကို block လုပ်လိုက်တာပါ။ Kaspersky Lab ရဲ့ ထုတ်ပြန်ချက်အရဆိုရင် နိုင်ငံပေါင်း 190 နီးပါးက URLs ပေါင်း သန်း 80 နီးပါးမှာ တိုက်ခိုက်မှုခံခဲ့ရပြီး ဒီ Malware က မိုဘိုင်း banking ချိတ်ဆက်ထားတဲ့ ဖုန်းတွေကို ဦးတည်ခိုးယူချင်နေတယ်လို့ ဖော်ပြထားပါတယ်။

Kaspersky အနေနဲ့ ဗိုင်းရပ်စ်သန်းပေါင်းများစွာ ကာကွယ်ပေးခဲ့ရပြီး robust security solutions ကိုအသုံးပြုဖို့ ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဝဲကို update လုပ်ဖို့ သတိပေးထားပါတယ်။ အကောင်းဆုံးကာကွယ်နည်းကတော့ မသင်္ကာဖွယ်မေးလ်တွေ၊ ဝက်ဘ်ဆိုက် link တွေကို လုံးဝမဝင်ဘဲ ကိုယ့်ရဲ့ဒေတာတွေကို back up ယူထားပါလို့လည်း kaspersky က အကြံပြုထားပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com
comments