♪ " V7+ Smartphone ကို ကြိုတင်မှာယူမှုမှာ Vivo Myanmar မှ မျှော်မှန်းထားသည်ထက် ပိုမိုများပြားလျက်ရှိ " ♫

Image may contain: phone

Endorsed by : Vivo

ယခုလ (၂၅) ရက်နေ့တွင် တရားဝင်မိတ်ဆက်ခဲ့သည့် Vivo V7+ Smartphone ကို ကြိုတင်မှာယူမှုမှာ Vivo Myanmar မှ မျှော်မှန်းထားသည်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရှိရသည်။ Vivo ကုမ္ပဏီသည် V7+ အတွက် Pre-Order ပြုလုပ်ရန်ရက်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိသာ သတ်မှတ်ပေးထားသည်။


" V7+ ကို လူတွေတော်တော် စိတ်ဝင်စားကြတယ်။ အခုဆို Pre-Order တင်တဲ့နှုန်းက သိသိသာသာကို များနေပါတယ်။ ဒါက ကျွန်တော်တို့တစ်ဆိုင်တည်းကို ပြောတာနော်။ ကျန်တဲ့ဆိုင်တွေမှာလည်း Pre-Order တင်တဲ့သူတွေ များမယ်လို့ ထင်ပါတယ် " ဟု စမတ်ဖုန်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကဆိုသည်။

" V7+ အကြောင်းကို အွန်လိုင်းပေါ်မှာဖတ်ရကတည်းက စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့ရက်က Launching Event မှာ ဈေးနှုန်းကို ကြေညာသွားတော့ ပိုပြီး ဝယ်ချင်သွားတယ်။ ကိုယ်ကလည်း ဖုန်းအသစ်ဝယ်ဖို့ စိတ်ကူးနေချိန် အခုလို ကိုယ်စိတ်ဝင်စားတဲ့ ဖုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတော့ Pre-Order တင်ဖြစ်သွားတာပါ " ဟု အကြိုမှာယူမှု ပြုလုပ်သူတစ်ဦးကလည်း ပြောသည်။


အဆိုပါ V7+ Smartphone သည် မျက်နှာပြင်အရွယ်အစား (၅.၉၉) လက်မရှိသည့် Smartphone တစ်လုံးဖြစ်ပြီး FullView Display အသုံးပြုနိုင်သော Smartphone တစ်လုံးဖြစ်သည့်အပြင် 24.0MP ရှိသော အရှေ့ကင်မရာ တပ်ဆင်ပေးထားသည့် Selfie ဦးစားပေး Smartphone တစ်လုံးဖြစ်သည်။ ဈေးနှုန်းမှာ ငွေကျပ် (၄၂၉၀၀၀) ဖြစ်ကာ အနက်ရောင်ဖြင့် ထုတ်လုပ်ပေးထားကြောင်း သိရှိရသည်။






Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







www.pyaephyo.com
 
 
 





comments

SAMSUNG ဖုန်းတွေ Root လုံးဝမလိုပဲ မြန်မာစာချိန်းဖို့ bat ဖိုင် SAMSUNG AIO Font Changer

SAMSUNG AIO Font Changer ( bat ဖိုင်)

SAMSUNG AIO Font Changer ( bat ဖိုင် ) for Service Only
==============================

*Samsung ဖုန်းတွေ Zawgyi Locale ချိန်းမယ်

*Display font တွေသွင်းမယ်

*သွင်းပြီးတာနဲ့ ကီးဘုတ်ပါ ချိန်းပြီးသားဖြစ်နေလိမ့်မယ်

*အားလုံး oneclick ပဲ USB Debugging သာမိနေပါစေ

(ဒါနဲ့ မနက်ဖြန် ပုသိမ် ရက်တို (၃) ရက် အတန်းစပြီနော် နောက်မှ မတက်လိုက်ရပဲနေမှာစိုးလို့ :D) >>> ဆက်သွယ်ရန် 09978075760

အညွန်း
=====>
1 ကိုနှိပ်လျှင် Locale ချိန်းမယ် Android 6 နှင့် 7 အထက်အတွက်
2 ကိုနှိပ်လျှင် Display Font များထည့်မယ် Android 2.3 မှ  6 အတွက်
3 ကိုနှိပ်လျှင် English US ပုံမှန်အတိုင်းပြန်ထားမယ်

Display Font နှိပ်လိုက်တာနဲ့
====================
Display Font များသွင်းသွားပြီး Font Change ဖို့ Screen ဖုန်းမှာတက်လာပါမယ်။
PN TTA Font , TTA SAM 6.0.1 , Z1 ဖောင့်များ ချိန်းကြည့်ပါ။

Download @ Download

Credit Nay Shein Oo (Joy Mobile)
*** Root လုံးဝမလိုပဲ မြန်မာ Zawgyi ချိန်းနိုင်ရန် ***
comments

♪ “iPhone X ရဲ့ RAM နဲ့ ဘက်ထရီကိုသိရပြီ” ♫

Image may contain: phone

Apple က သူ့ စမတ်ဖုန်းများရဲ့ Specification များကို လျှို့ဝှက်ထားလေ့ ရှိပါတယ်။ အထူးသဖြင့် RAM နဲ့ ဘက်ထရီပမာဏများဖြစ်ပြီး iPhone X ကိုမိတ်ဆက်စဉ်မှာလည်းအဲဒီသတင်းအချက်အလက်များကိုပြောကြားခြင်းမရှိခဲ့ပါဘူး။ အခုတော့ တရုတ် ဆက်သွယ်ရေးအာဏာပိုင် FCC က iPhone X မှာ 3GB RAM, 2716mAh Battery တပ်ဆင်ထားတယ်လို့ အတည်ပြုလိုက်ပါတယ်။

iPhone 8 မှာလည်း 3GB RAM ထည့်သွင်းထားခြင်း ဖြစ်ပြီးအဲဒီ ပမာဏဟာ စွမ်းဆောင်ရည်မြင့် Android Phone များထက် အလွန် နည်းပါးနေပါတယ်။ စွမ်းဆောင်ရည်မြင့် Android Phone များမှာတော့ အနည်းဆုံး 4GB RAM ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် iPhone များဟာ RAM ပမာဏနည်းပါးလေ့ရှိပေမယ့် စွမ်းရည်မြင့်မားကြပါတယ်။

iPhone X ရဲ့ ဘက်ထရီကထူးခြားပါတယ်။ iPhone X မှာအရွယ် အစားပိုမိုကြီးမားတဲ့ iPhone 8 Plus ရဲ့ 2691mAh Battery ထက် အနည်းငယ်ကြီးမားတဲ့ 2716mAh Battery တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါဟာ Apple က iPhone မှာထည့်သွင်းပေးဖူးတဲ့ အကြီးမားဆုံးဘက်ထရီမဟုတ်ပါဘူး။ Apple ဟာ iPhone 7 Plus မှာ 2900mAh Battery ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။

Apple က iPhone X ရဲ့ ဘက်ထရီသက်တမ်းဟာ iPhone 7 ထက် ၂ နာရီကြာပိုမိုအသုံးခံတယ်လို့ ပြောပါ တယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 





comments

♪ Galaxy S8 ဖုန်းရဲ့ လုပ်ဆောင်ချက်ကို မြန်ဆန်စေမယ့် နည်းလမ်း ( ၅ ) ခု ♫


Samsung Galaxy S8 ဖုန်းမှာ ဖုန်းရဲ့လုပ်ဆောင်ချက် နှေးကွေး လာတယ်လို့ ခံစားရရင် ဖော်ပြပါ နည်းလမ်းတွေကိုသုံးပြီး လုပ်ဆောင်ချက် မြန်ဆန်ကောင်းမွန်အောင် လုပ်နိုင်ပါတယ်။

နည်းလမ်း (၁) Performance mode ကို ပြောင်းပေးပါ။




ဖုန်းရဲ့ Setting>Device Maintenance>Performance Mode ထဲမှာ မိမိအနေနဲ့ ရွေးချယ်ပေးနိုင်ပါတယ်။ ဘက်ထရီကြာကြာ သုံးချင်လား၊ ဂိမ်းစွမ်းဆောင်ရည် မြှင့်ချင်လားဆိုတဲ့ပေါ်မှာ မူတည်ပြီး ပြောင်းလဲ အသုံးပြုပါ။

နည်းလမ်း (၂) resolution ကို အနိမ့်ဆုံးထိ ပြောင်းပါ။


Setting>Display>Screen Resolution ကို ရွေးပေးနိုင်ပါတယ်။ S8 Display က 2960x 1440 Pixels ထိ ထောက်ပံ့ပေးတဲ့အတွက် ရုပ်ထွက်ကောင်းပေမယ့် resloution အနိမ့်ဆုံးထိ လျော့သုံးမယ်ဆိုရင်တော့ ဖုန်းလုပ်ဆောင်ချက်ပိုင်း ပိုမိုချောမွေ့စေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၃) မလိုအပ်တဲ့ App တွေကို Uninstall လုပ်ပါ။



Settings>Application manager ကနေ မလိုအပ်တဲ့ App တွေကို Uninstall လုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ pre-installed app တွေကို uninstall လုပ်ခြင်းက ဖုန်းရဲ့ လုပ် ဆောင်ချက်ပိုင်း ပိုမိုမြန်ဆန်စေပါတယ်။

နည်းလမ်း (၄) ဖုန်း Cache တွေကို ရှင်းလင်းပေးပါ။



Settings>Device maintenance>”Optimize now” စနစ်ကိုသုံးပြီး Cache တွေကို ရှင်းလင်းနိုင်ပါတယ်။ Cache memory တွေကို အင်တာနက်သုံးစွဲမှုနဲ့ ပုံမှန်သုံးတဲ့ App တွေအတွက် သုံးရတာမြန်ဆန်စေပေမယ့် ကြာလာလို့ ဖုန်းထဲမှာ Cache data တွေများလာ ရင်တော့ ဖုန်းလုပ်ဆောင်ချက်ပိုင်း နှေးကွေးစေတဲ့အတွက် ရှင်းလင်း ပေးတာက ဖုန်းကိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

နည်းလမ်း (၅) Download Booster ကို Activate လုပ်ပေးပါ။



Settings>Connections> More connection settings> Download Booster ရဲ့ ခလုတ် ကို ဖွင့်ပြီး Activate လုပ်ပေးပါ။ အဲလိုလုပ်ပေးမယ်ဆိုရင်တော့ WiFi သုံးခြင်းနဲ့ Data Connection တွေမှာ Download speed တွေ ကို ပိုမိုမြန်ဆန်ချောမွေ့စွာ အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။




-ရဲထွဋ်ဝင်း

Credit to ==>Internet Journal







www.pyaephyo.com
 
 
 





comments

♪ Laptop ၀ယ်ချင်သူများအတွက် - ACER Aspire E5-575G(i3) - Price => 608,000Ks (၁လ) 59200 ကျပ် (12လ)အရစ်ကျ ♫

Image may contain: screen and text

နောက်ဆုံးပေါ် Core i3 7th Generation CPU ကိုအသုံးပြုပေးထားပြီး Nvidia GT940 2GB Graphic ပါဝင်တာမို့ Dota2 လိုGame တွေကိုကောင်းကောင်းဆော့နိုင်ပါတယ်။ အရွယ်အစားကလဲ 15.6'' Screen အရွယ်အစားရှိတာမို့ မြင်ကွင်းကျယ်နဲ့ အသုံးပြုနိုင်မှာပါ။
Engineering လုပ်ငန်းသုံး AutoCad / 3Dmax / Revit စတဲ့ Software တွေကို လည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Word / Excel /PowerPoint / Page Maker / Photoshop / internet / Email စတာတွေကို အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။
.
🎁 လက်ဆောင်(၉)မျိုး..
➡️ 1 Years Official Warranty
➡️ 3D Game များထည့်သွင်းပေးခြင်း ၊
➡️ Engineering ဆိုင်ရာ Software များ
➡️ မြန်မာစာတန်းထိုး English Movie များ
➡️ Window တင်ပေးခြင်း
➡️ Driver နှင့် Standard Software installation
.....စသည့်ဝန်ဆောင်မှု များအား ရာသက်ပန်လက်ခမဲ့
.
(y).လက်ငင်း...အရစ်ကျ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်***
(y) AEON နဲ့ Installment ၀ယ်နိုင်သလို, AYA / CB / KBZ Bank Credit Crad များနှင့်လည်း ၀ယ်ယူနိုင်ပါသည်။
.
ACER Aspire E5-575G(i3)
===============
Core i3-7100U
4GB DDR4 / 1TB HDD,
Nvidia GT940 2GB Graphic
15.6" LED Display, DVD RW,
USB 3.0, WiFi, WebCam
4 Cell Battery.
..
မူလရောင်းဈေး--> 479US
Discount--> 30US
Discount ချပြီးဈေးနှုန်း--> 449US ( 608,000 ၀န်းကျင် )
..
------------------------------
.
ဆိုင်ခွဲများအားလုံးတွင် ဈေးနှုန်းတူညီစွာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။
.
Eastern 1) အမှတ် ၁၂၉၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 018-398491,018398490, 09-782569031, 09-977921751
..
Eastern 2) အမှတ် ၁၆၇-၁၇၅၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊ကျောက်တံတားမြို့ နယ်။ ဖုန်း 01-377259, 09-977921752,09-969773127
..
Eastern 3) (လှိုင်)တိုက်အမှတ်(51/B1)(အခန်း 001)၊ ရန်ကုန်အင်းစိန်လမ်းမကြီး။ ဘူတာရုံမှတ်တိုင် နှင့် သုခမှတ်တိုင်ကြား ၊ ဟိန္ဒူ ဘုရားကျောင်းမျက်စောင်းထိုး။ 01-516115 ,09-969 773 107 ,09-778095333,
09-778096333









comments

♪ " iPhone 8 VS iPhone 8 Plus " နှစ်မျိုးကိုနှိုင်းယှဉ်ကြည့်ရအောင်♫

Image may contain: phone

အခုတစ်ခါမှာ အားလုံးရေပန်းစား လူကြိုက်များနေကြတဲ့ မကြာသေးမီက တရားဝင်မိတ်ဆက်ပေးထားတဲ့ iPhone 8 နဲ့ iPhone 8 Plus တို့က ဘယ်နေရာတွေမှာတူညီပြီး ဘယ်နေရာတွေမှာ ကွဲပြားနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ၎င်းဖုန်း 2 လုံးမှာ တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း တွေ့ရပါတယ်။ ဒီဇိုင်းပုံစံက အရှေ့ကကြည့်ရင် တူညီပေမယ့် နောက်ကျောဘက်ဒီဇိုင်းက သိသိသာသာ ကွာခြားပါတယ်။

အနောက်ပင်မကင်မရာစွမ်းအား၊ မျက်နှာပြင်အကျယ်၊ မြင်ကွင်းစွမ်းအားနဲ့ ဘက်ထရီစွမ်းအင်တွေမှာ iPhone 8 Plus က သာလွန်ကောင်းမွန်ပါတယ်။ ကျန်တဲ့စက်စွမ်းဆောင်ရည်၊ အရှေ့ကင်မရာအရည်အသွေးနဲ့ Fingerprint စနစ်တွေကတော့ အတူတူပါပဲ။ ၎င်းဖုန်းတွေကို GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Nano SIM card ကို ထည့်သုံးနိုင်ပါတယ်။ ဖုန်း 2 ခုလုံးက IP 67 ရရှိထားလို့ ရေဒဏ်တွေနဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ချင်းလည်း တူညီပါတယ်။ ဘက်ထရီစွမ်းအားမှာတော့ iPhone 8 Plus က အနည်းငယ် ပိုမိုမြင့်မားပါတယ်။

* Design *

1. iPhone 8

iPhone 8 ရဲ့ အရွယ်အစားက 138.4 x 67.3 x 7.3 mm ဖြစ်ပြီး 148g လေးပါတယ်။ အရှေ့ဘက် Home Button မှာ Fingerprint scanner ကို တပ်ဆင်ပေးထားပြီး ငွေရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 3 မျိုးကို ထုတ်လုပ်ပေးသွားမှာပါ။

2. iPhone 8 Plus

iPhone 8 Plus ရဲ့ အရွယ်အစားကတော့ 158.4 x 78.1 x 7.5 mm ရှိပြီး 202g တောင် အလေးချိန်ရှိပါတယ်။ အရှေ့ဘက် Home button မှာ fingerprint scanner တပ်ဆင်ပေးထားပုံချင်းတူညီသလို ထုတ်လုပ်ပေးထားတဲ့ အရောင် 3 မျိုးလည်း တူညီပါတယ်။

* Processor *

1. iPhone 8

iPhone 8 မှာ စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 3GB ပါရှိတဲ့ Apple A11 Bionic chipset နဲ့ Hexa-core (2x Monsoon + 4x Mistral) processor နဲ့ Apple GPU (three-core graphics) GPU တို့ကို ပံ့ပိုးပေးထားတာကြောင့် တိကျလျင်မြန်မှုကတော့ အံ့မခန်းပါပဲ။

2. iPhone 8 Plus

iPhone 8 Plus မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphics Card တို့ကို သုံးထားပြီး ယာယီမှတ်ဉာဏ်စွမ်းအား RAM စွမ်းအားချင်းလည်း တူညီပါတယ်။ ဒါကြောင့် စက်လုပ်ဆောင်နိုင်စွမ်းတွေကတော့ အတူတူပါပဲ။

* Display *

1. iPhone 8

မျက်နှာပြင်အကျယ် 4.7-inch ရှိပြီး LED-backlit IPS LCD, capacitive touchscreen, 16M colors Display အမျိုးအစားကို သုံးထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 750 x 1334 pixels ရှိပြီး 1 လက်မ သိပ်သည်းဆ ~326 ppi pixels ကို အပြည့်အဝပေးနိုင်ပါတယ်။

2. iPhone 8 Plus

မျက်နှာပြင်အမျိုးအစားချင်းတော့ တူညီပေမယ့် မျက်နှာပြင်အကျယ်က 5 လက်မခွဲရှိပြီး ပြသနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိတာမို့ မျက်နှာပြင်ကျယ်ကျယ်နဲ့ မြင်ကွင်းစွမ်းအားကောင်းကောင်း ရရှိနိုင်မှာပါ။

* Verdict *

1. iPhone 8

iPhone 8 ဟာ နောက်ဆုံးပေါ် iPhone ကိုမှ အရမ်းကြီး ကြီးမားတဲ့ဖုန်းကို မကိုင်ချင်ဘဲ အနေတော်အရွယ်အစားနဲ့ ပေါ့ပေါ့ပါးပါး သုံးစွဲလိုတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။ iPhone 8 Plus ထက် ဈေးနှုန်းလည်း ပိုမိုသက်သာပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်သုံးစွဲနိုင်မှာပါ

2. iPhone 8 Plus

iPhone 8 Plus ကတော့ ကင်မရာစွမ်းအားကောင်းကောင်း၊ မျက်နှာပြင်ကျယ်ကျယ်နဲ့ မြင်ကွင်းစွမ်းအား အထူးကောင်းမွန်တဲ့ နောက်ဆုံးပေါ် iPhone ကိုမှ သုံးစွဲချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဈေးနှုန်းက အနည်းငယ်ပိုမြင့်မားပြီး ဘက်ထရီစွမ်းအားပိုင်းမှာလည်း အနည်းငယ်ပိုမိုကောင်းမွန်ပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal










comments

♪ မျိုးဆက်သစ် Sony ဖုန်းများကို ဒီဇိုင်းအသစ်ဖြင့် တွေ့မြင်ရမည် ♫


Sony အနေနဲ့ အသစ်ထုတ်လုပ်မယ့် စမတ်ဖုန်းတွေမှာ ဒီဇိုင်းတွေကို အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ The Indian Express ကဖော်ပြခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဈေးကွက်ထဲက X စီးရီးထုတ်ကုန်တွေမှာ OmniBalance ဒီဇိုင်းကို ဆက်လက်အသုံးပြု သွားပါမယ်။ ဒါ့အပြင် မျိုးဆက်သစ်ထုတ်ကုန်တွေကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။ ထုတ်ကုန်တွေမှာ လုံးဝခြားနားတဲ့ ဒီဇိုင်းသစ် ပါဝင်လာမှာပါ” လို့ အိန္ဒိယနိုင်ငံမှ Sony ရဲ့စီမံခန့်ခွဲရေးဒါရိုက်တာ ကန်နီချီရိုဟီဘီ က ပြောခဲ့ပါတယ်။



Sony အနေနဲ့ ၂၀၁၈ ခုနှစ် MWC မှာပြသမယ့် ထုတ်ကုန်သစ်တွေမှာ OmniBlance ဒီဇိုင်းကို အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Sony အနေနဲ့ ဈေးကွက်ဝေစု အခိုင်အမာရရှိဖို့ ဒီဇိုင်းပိုင်း အပြောင်းအလဲ ပြုလုပ်နိုင်ဖွယ်ရှိပြီး ဒီဇိုင်းသစ်မှာ bezel ပါဝင်လာဖွယ်တော့ မရှိပါဘူး။

Apple, Samsung, LG နဲ့ Xiaomi တို့ကလည်း အလားတူ display တွေပါဝင်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ထားကြသလို Huawei ကလည်း ဘောင်မဲ့ စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Sony ရဲ့ထုတ်ကုန်သစ်တွေမှာ dual-camera setup နဲ့ AI ထောက်ပံ့မှုတွေ ပါဝင်လာမယ်ဆိုရင် Sony က ခေတ်ပြိုင် စမတ်ဖုန်းထုတ်လုပ်သူတစ်ဦး ဖြစ်လာဖွယ်ရှိပါတယ်။
 
 
 
စိုးထက်Credit to ==>Internet Journal







www.pyaephyo.com
 
 
 





comments

♪ ၁၅၀ ၀၀၀ ၀န်းကျင်သာ တန်ကြေးရှိ LG က ကမ္ဘာ့ပထမဆုံး ခြင်ပြေးတဲ့ စမတ်ဖုန်းကို မိတ်ဆက် ♫


LG က အိန္ဒိယမှာ K7i အမည်ရ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ချက်မှာ ခြင်းပြေးခြင်း ဖြစ်ပါတယ်။ သူက လူသားများ မကြားရဘဲ ခြင်များ ကြောက်လန့်စေတဲ့ အသံလှိုင်းများကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီအတွက် သူ့ ပတ်ဝန်းကျင်မှ ခြင်များကို မောင်းထုတ်ပေးပါတယ်။

ခြင်ပြေးတဲ့ နည်းပညာရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဖုန်းရဲ့ အနောက်ဘက်မှ ကာဗာကို ဒီဇိုင်းဆန်းသစ်ထားပါတယ်။ အဲဒီ နည်းပညာ သို့မဟုတ် အနောက် ကာဗာကို မနှစ်သက်ရင် သာမာန် ကာဗာကို အသုံးပြုနိုင်ပါတယ်။ Mosquito Away Stand ကိုလည်း ထုတ်လုပ်ပေးထားပြီး ခြင်ပြေးစေဖို့ စမတ်ဖုန်းကို Stand မှာ တင်ထားရမှာ ဖြစ်ပါတယ်။ LG က ဒီစမတ်ဖုန်းဟာ ခြင်ပြေးတဲ့ နည်းပညာပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တယ်လို့ ပြောပါတယ်။ 

LG K7i မှာ ၅ လက်မ 854×480 Display တပ်ဆင်ထားပါတယ်။ 1.1GHz Quad-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM, 16GB Internal Storage ထည့်သွင်းထားပါတယ်။ Dual-SIM Phone ဖြစ်ပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ 2500mAh Battery များ ပါပါတယ်။ 

Android 6.0 Marshmallow ထည့်သွင်းထားပါတယ်။ ရူပီး ၇၉၉၀ သတ်မှတ်ထားပြီး ၁၂၁ ဒေါ်လာ ကျသင့်နိုင်ပါတယ်။ မြန်မာငွေအားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင်သာ တန်ကြေးရှိနိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm






www.pyaephyo.com
 
 
 





comments

♪ ထူးခြားဆန်းသစ်တဲ့ အဆင့်မြင့် စမတ်ဖုန်း - " MEIZU Pro 7 Plus " Price - 699,000 Ks ♫

Image may contain: phone and screen

ပြီးခဲ့တဲ့သြဂုတ်လကမှ ထွက်ရှိထားတဲ့ MEIZU Pro 7 Plus ဟာ ဒီဇိုင်းပုံစံဆန်းသစ်ပြီး မျက်နှာပြင် 2 ခုပါရှိတဲ့ ထူးခြားဆန်းသစ်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ၎င်းမှာ ထူးခြားကောင်းမွန်တဲ့ အားသာချက်တွေ အများကြီးပါရှိပြီး နောက်ဆုံးပေါ် Specs တွေနဲ့ Features တွေလည်း များစွာပါရှိပါတယ်။ ဒါ့အပြင် သုံးထားတဲ့ Software တွေကလည်း အလွန်အဆင့်မြင့်တာကို တွေ့ရပါတယ်။ သူ့မှာ Secondary Display တစ်ခု ပါရှိလာတာကလွဲရင် ကျန်တာတွေ အကုန်လုံးက အရင်ထုတ်လုပ်ခဲ့တဲ့ Pro 6 Plus နဲ့ ဆင်တူပါပဲ။

သူနဲ့ တစ်ပြိုင်နက်တည်း ထုတ်လုပ်ရောင်းချခဲ့တဲ့ Pro 7 ထက် ပိုမိုအဆင့်မြင့်ပြီး ထည့်သွင်းပေးထားတဲ့ Specs တွေ အကုန်လုံးကလည်း သာလွန်ကောင်းမွန်သလို ဈေးနှုန်းကလည်း တော်တော်ကွာခြားပါတယ်။ Alluminium unibody က သစ်လွင်တောက်ပြောင်မှုရှိပြီး Premium ကျကျ တည်ဆောက်ပေးထားပါတယ်။ အမြင်ထက် ကိုင်တွယ်သုံးစွဲရတာ ပိုမိုအဆင်ပြေပြီး ပါးလွှာမှုလည်း ရှိပါတယ်။ ဘေး 2 ဘက်လုံးရဲ့ basel ကလည်း ကျဉ်းတာကြောင့် လက်တစ်ဖက်တည်းနဲ့ ကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ် သုံးစွဲနိုင်မှာပါ။

အရှေ့ဘက်မျက်နှာပြင်ကလည်း ရိုးရှင်းပြီး အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေ Capacitive buttons 2 ခုအလယ်မှာ Physical Home button ကြီးကိုသာ တွေ့ရပါတယ်။ ၎င်း Home button မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ Fingerprint sensor ကို ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်ရဲ့ ဘယ်ဘက်ထိပ်ထောင့်လေးမှာ Secondary Display ကို ထူးထူးခြားခြား တပ်ဆင်ပေးထားပြီး ၎င်းအပေါ်ဘက်မှာ အနောက် Dual Camera Lens တွေနဲ့ LED Flash မီးလုံးတို့ တည်ရှိပါတယ်။

ဒါကြောင့် ဒီဇိုင်းက ပိုမိုအဆင့်မြင့်သွားပြီး တခြားဖုန်းတွေနဲ့ ကွဲပြားနေပါတယ်။ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေကတော့ ညာဘက်ဘေးဘောင်မှာ ထည့်ထားပါတယ်။ ဖုန်းအရွယ်အစားက 157.3 x 77.2 x 7.3mm ရှိပြီး 170g အလေးချိန် လေးပါတယ်။ ဒါကြောင့် ပါးလွှာပေမယ့် အလေးချိန် အနည်းငယ်လေးပါတယ်။ ၎င်းကို GSM, HSPA, EVDO နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Dual Nano SIM စနစ်ပါရှိတာကြောင့် Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။

မျက်နှာပြင်အကျယ် 5.7-inch ရှိတဲ့ Super AMOLED capacitive touchscreen, 16M colors display က 1440 x 2560 pixels ရှိတဲ့ အရည်အသွေးမြင့် မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multi-touch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ Secondary Display ကလည်း AMOLED Display နဲ့ ပြုလုပ်ထားပြီး 2 လက်မအကျယ် ရှိပါတယ်။ အထဲမှာ Android 0S 7.0 (Nougat) ကို အခြေခံထားတဲ့ Flyme 6 UI ကို အသုံးပြုထားတာကြောင့် သုံးရတာ အရမ်းအဆင်ပြေပါတယ်။

အနောက်ကင်မရာက Dual 12MP + 12 MP, f/2.0 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ 1.6MP, f/2.0 aperture စွမ်းအားတွေရှိတာကြောင့် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုတွေကို စိတ်ကြိုက်ရိုက်ကူးနိုင်မှာပါ။ Data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 64GB နဲ့ 128GB ပါရှိတဲ့ version 2 မျိုးကို ထုတ်လုပ်ထားပေမယ့် နောက်ထပ် Micro SD card ကိုတော့ ထပ်မံစိုက်ထည့်သုံးလို့ မရပါဘူး။

စက်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေအတွက် ကိုယ်ထည်ထဲမှာ RAM 6GB ပါရှိတဲ့ နောက်ဆုံးပေါ် processor နဲ့ အဆင့်မြင့် chipset တို့ကို အသုံးပြုထားပြီး ထောက်ပံ့ပေးထားတဲ့ GPU ကလည်း ရုပ်ထွက်ပိုင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းလိုင်းဆွဲအားနဲ့ အင်တာနက်လိုင်းဆွဲအား 2 ခုလုံး ကောင်းမွန်မှုရှိပါတယ်။

၎င်းကို ရွေးချယ်နိုင်တဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေရောင်နဲ့ အမည်းရောင်တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် MEIZU brand ထဲက နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Pro 7 Plus ကလည်း ဈေးကွက်ထဲမှာ နေရာယူနေတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပါပဲ။

* Battery Life *

ဘက်ထရီစွမ်းအားပိုင်းကို Non-removable Li-Ion 3500mAh battery က ထောက်ပံ့ပေးထားပြီး ၎င်းရဲ့ fast charging စနစ်က မိနစ် 30 အတွင်းမှာ ဖုန်းဘက်ထရီစွမ်းအား 67 ရာခိုင်နှုန်းကို ပြန်လည်ဖြည့်စွမ်းပေးနိုင်ပါတယ်။

* Design *

MEIZU Pro 7 Plus ရဲ့ အလူမီနီယံကိုယ်ထည်က တောက်ပြောင်နေပြီး ပါးပါးလွှာလွှာလေးနဲ့မို့ စမတ်ကျကျ အသုံးပြုနိုင်မှာပါ။ လေးထောင့်ဆန်ဆန်ဒီဇိုင်းပုံစံနဲ့ ဘေး 2 ဘက်စလုံးက basel ကျဉ်းတဲ့အတွက် မျက်နှာပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ကျောဘက်ဒီဇိုင်းပုံစံကလည်း ဖုန်းကို ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။

* Processor *

MEIZU Pro 7 Plus မှာ RAM 6GB ပါရှိတဲ့ တန်းဝင်အဆင့်ရှိ Deca-core (2x2.6GHz Cortex-A73, 4x1.9GHz Cortex-A35, 4x2.2GHz Cortex-A53) Processor, Mediatek MT6799 Helio X30 Chipset နဲ့ PowerVR 7XTP Graphics card တွေကို အသုံးပြုထားတာကြောင့် စက်စွမ်းဆောင်ရည်က လျင်မြန်မှုလည်း ရှိပါတယ်။

* Display and Camera *

5.7-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Super AMOLED capacitive touchscreen, 16M colors display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1440 x 2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ Dual 12MP ရှိတဲ့ အနောက်ကင်မရာနဲ့ 16MP ရှိတဲ့ အရှေ့ကင်မရာတို့က အရည်အသွေးမြင့် ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူပေးနိုင်ပါတယ်။

* Verdict *

MEIZU Pro 7 Plus ဟာ MEIZU ရဲ့ ထူးခြားကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အားလုံးနီးပါးကို ကောင်းမွန်ပြည့်စုံအောင် ထောက်ပံ့ပေးနိုင်တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းဆန်းဆန်းလေးတွေကို အသုံးပြုချင်တဲ့သူတွေကတော့ အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။

Specification
» Network : 2G, 3G, 4G LTE (Dual SIM)
» Weight : 170 g
» Display : 5.7", Super AMOLED capacitive touchscreen
» Dimensions : 157.3 x 77.2 x 7.3 mm
» Memory : 64GB, 6GB RAM
» Camera : Dual 12MP, phase detection autofocus, dual-LED (dual tone) flash, 1.2µm pixel size, 1/2.9" sensor size,
geo-tagging, touch focus, face detection, panorama, HDR,
Front : 16MP
» Connectivity : GPS, WLAN, Bluetooth 4.2, Type-C 1.0
» OS : Android 7.0 (Nougat)
» Chipset : Mediatek MT6799 Helio X30
CPU : Deca-core (2x2.6GHz Cortex-A73, 4x 1.9GHz Cortex-A35, 4x2.2GHz Cortex A53)
GPU : PowerVR 7XTP
» Sensor : Fingerprint (front-mounted), accelerometer, gyro, proximity, compass

Contact Phone - 09-73222888 (Win Mobile World)

Price - 699,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com
 
 
 





comments

♪ “Gionee က Full Vision Display , Dual Rear Cameras များပါတဲ့ M7 ကိုကြေညာ” ♫

Image may contain: sky and water

Gionee က Full Vision Display , Dual Rear Cameras များပါတဲ့ M7 ကိုကြေညာလိုက်ပါတယ်။ သူ့မှာ၆.၀၁ လက်မ 2160x1080 Display တပ်ဆင်ထားပြီးမျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ Core ၈ လုံးပါတဲ့ MediatekHelio P30 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

M7 မှာ 6GB RAM, 64GB Internal Storage တပ်ဆင်ထားပြီး 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။အရွယ်ကြီးမားတဲ့ 4000mAh Battery ပါပါတယ်။ အနောက်ဘက်မှာကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ပင်မကင်မရာမှာ 16MP ဖြစ်ပြီးဒုတိယကင်မရာမှာ 8MP ဖြစ်ပါတယ်။အရှေ့ဘက်မှာ 8MP Camera ဖြစ်ပါတယ်။ အနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပါတယ်။ အခြားFull Screen Smartphone များမှာလိုပဲသူ့မှာPhysical Home Button မပါပါဘူး။

Sapphire Blue, Star Blue, Maple Red, Champagne Gold နဲ့ Black စတဲ့ အရောင်ငါးမျိုးထုတ်လုပ်ပေးထားပါတယ်။ တရုတ်မှာစက်တင်ဘာလ ၂၆ ရက်နေ့မှာရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၅၇၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင် ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 





comments

♪ Vivo ရဲ့အရည်အသွေးမြင့်တဲ့စမတ်ဖုန်းတစ်လုံး - “Vivo V5 Plus” Price : 458,000 /- ♫

Image may contain: phone

V5 Plus ရဲ့မျက်နှာပြင်အတွက် IPS LCD Capacitive Touchscreen ကိုအသုံးပြုပေးထားပြီးမျက်နှာပြင် အကျယ်အ၀န်းပမာဏကတော့ 5.5 inches ရှိပါတယ်။အဓိက,ကင်မရာဟာအနောက်ဘက်ထောင့်စွန်း တွင်အ၀ိုင်းပုံစံရှိပြီးပါရှိသောစွမ်းရည်ကတော့16MP, f/2.0 ဖြစ်ပါတယ်။

 ရှေ့ကင်မရာငယ်စွမ်းရည်မှာ Dual 20 MP+8MP, f/2.0 ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို4GB ထည့်သွင်းပေးထားပြီး Internal Storage တွင်64GB ပါရှိအောင် ဆောင်ရွက်ပေးထားပါ တယ်။ဖုန်းတွင်းမှတ်ဥာဏ်ပမာဏကိုများစွာထည့်သွင်းပေးထားခြင်း ကြောင့်Card Slot စနစ်အသုံး ပြုနိုင်မှာမဟုတ်ပါဘူး။

CPU စွမ်းရည် ကတော့Octa Core 2GHz ဖြစ်ပြီးQualcomm Snap- dragon 625 Chipset ပါရှိကာ အသုံးပြုနိုင်မယ့်OS အမျိုးအစားကတော့Android 6.0 (MarshMallow) ဖြစ်ပါတယ်။

<Specification>

Display : 5.5 inch, IPS LCD Capacitive
Touchscreen
Memory : 64GB, 4GB RAM 

Camera : 16MP(Back), auto focus, LED flash 
OS : Android OS, v6.0 (MarshMallow) 
Price : 458,000 /-
Phone : 01-381035 (KMD)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 





comments

♪ ၂၄၉,၀၀၀/- ကျပ် ၀န်းကျင်ရှိတဲ့ - “Motorola Moto E4 Plus” ♫

Image may contain: 1 person, smiling, shoes and text

ဖုန်းကုမ္ပဏီများဟာဟန်းဆက်များကိုထုတ်လုပ်ရောင်းချသည့်အခါတွင်သုံးစွဲသူများစိတ်ကြိုက်ရွေးချယ်နိုင်စေ ရန်အတွက်ဖုန်းနာမည်တစ်ခုတည်းကိုပဲနှစ်မျိုးနှစ်စားထုတ်လုပ်တတ်ကြပါတယ်။ Screen size ကြီးသော ဟန်းဆက်များကို ရွေးချယ်ဝယ်ယူချင်သူများအတွက်Plus ဖုန်းများကို ထုတ်လုပ်ပေးထားပြီး၊သာမန်မျက်နှာပြင်ရှိသောဟန်းဆက်ကိုသာအသုံးပြုချင်သူများအတွက်Screen Size ပုံမှန်သာရှိသောဖုန်းများကို ရောင်းချ ပေးကြပါတယ်။ရိုးရိုးဟန်းဆက်နဲ့Plus ပါသောဟန်းဆက်များကို နာမည်ကျော် Apple သာမကSamsung နဲ့တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီအများအပြားကလည်းထုတ်လုပ်ပေး ထားကြပါတယ်။ ပြည်တွင်း ဈေးကွက်တွင်Motorola ဟန်းဆက်များလည်း ရွေးချယ်ဝယ်ယူနိုင်ပြီး၊ Moto ဟန်းဆက်များထဲတွင်ရိုးရိုးဖုန်းနှင့်Plus ဖုန်းများလည်းရှိပါသေး တယ်။

Moto E4 ဟာ144.7x72.3x9.3 mm အရွယ်အစားရှိပြီး၊အလေးချိန်က တော့151g ဖြစ်ပါတယ်။ဆင်းကတ် တစ်ကတ်သုံးနဲ့နှစ်ကတ်သုံးဆိုပြီး အမျိုးအစားကွဲပြားခြားနားပါမယ်။E4 ရဲ့မျက်နှာပြင်အကျယ်အ၀န်း ကတော့5 inchesရှိပါမယ်။အဆိုပါမျက်နှာပြင်တွင်720x1280 pixels ပမာဏထောက်ပံ့ပေးထားပါတယ်။Gorilla Glass 3 ဖုံးအုပ်ပေးထား သောဟန်းဆက်လည်းဖြစ်ပါတယ်။E4 ရဲ့အဓိက,ကင်မရာဟာ8MP, f/2.2စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့5MP, f/2.2စွမ်းရည်ဖြစ် ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM 2GB နှင့်ROM 16GB ပါရှိပါတယ်။Card Slot စနစ်ကိုအသုံးပြု၍အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့128GB အထိပါ။သုံးစွဲနိုင်မယ့်OSမှာAndroid Version Nougat ဖြစ်ပါတယ်။CPU ကတော့Quad-core 1.3GHz ဖြစ်ပြီး၊GPU ကတော့Mali-T720 ပါ။E4 ရဲ့ဘက်ထရီအမျိုးအစား ကတော့Li-Ion 2800mAh ပါ။မျက်နှာပြင်အရွယ်အစားကြီးမားသော ဟန်းဆက်ကိုသုံးစွဲချင်သူများအနေဖြင့်E4 Plus ကိုရွေးချယ်သင့်ပါတယ်။

E4 Plus ဟာ5.5 inchesမျက်နှာပြင်ကျယ်ဝန်းပြီး IPS LCD capacitive touchscreen ကိုအသုံးပြုပေး ထားပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့720x1280 ဖြစ်ပါ တယ်။တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့267ppi ပါ။E4 Plus ရဲ့အရွယ်အစား ပမာဏဟာ 155x77.5x 9.6 mm ဖြစ်ပြီး၊ အလေးချိန်ကတော့198gရှိပါတယ်။ဆင်းကတ်တစ်ကတ်သုံးနဲ့နှစ်ကတ်သုံးဆိုပြီးကွဲပြားခြားနားနိုင်ကာထည့်သွင်းသုံးစွဲရမယ့်ဆင်းကတ်အရွယ်အစားကတော့Nano SIM ပါ။E4 Plusတွင်အဓိက,ကင်မရာဟာဖုန်း၏ အနောက်ဘက်တွင်ထူးခြားသောပုံသဏ္ဌာန်ရှိပါတယ်။ကြီးမားသော စက်ဝိုင်းပုံစံဟာဖုန်း၏အနောက်ဘက်အလယ်တည့်တည့်တွင်နေရာ ယူထားပြီး၊အောက်ဘက်မှာတော့Motorola တံဆိပ်ကနေရာယူထား ပါတယ်။E4 Plus ဟာလည်းသုံးစွဲသည့်အခါတွင်အကြမ်းခံနိုင်စေ ရန်Gorilla Glass 3 ပါရှိပါတယ်။အဓိက,ကင်မရာကတော့E4 ထက် စွမ်းရည်ပိုမိုမြင့်မားလာပါတယ်။13MP, f/2.0 စွမ်းရည်ရှိပြီး၊ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့720p ဖြစ်ပါတယ်။ Selfieပုံများ ရိုက်ကူးသည့်အခါတွင် လင်းလက်တောက်ပနေစေဖို့အတွက်LED Flash ကိုE4 နှင့်E4 Plus နှစ်ခုစလုံးတွင်ထည့်သွင်းပေးထားပါတယ်။E4 Plus ရဲ့ရှေ့ကင်မရာငယ်ကတော့5MP, f/2.2 စွမ်းရည်ရှိပါတယ်။ကင်မရာ ဆက်စပ်ပတ်သက်စနစ်များစွာကိုလည်းအသုံးပြုနိုင်ပါမယ်။အသံပိုင်းစနစ်တွင်Active Noise cancellation with Dedicated micနှင့်Dolby Atmost Microphones တို့ပါရှိပါတယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင်လည်းInternal Storage ဟာ16နှင့်32GB ဆိုပြီးနှစ်မျိုးနှစ်စားရှိပါမယ်။RAM ပမာဏကတော့3GB ဖြစ်ပါတယ်။ အချက်အလက်အများအပြားသိမ်းဆည်းလိုပါကSD Card စိုက်၍ မှတ်ဥာဏ်ပမာဏကိုတိုးချဲ့အသုံးပြုရပါမယ်။အများဆုံးတိုးချဲ့နိုင်မယ့်မှတ်ဥာဏ်ပမာဏမှာ128GB ပါ။Android 7.1.1 ကိုအသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပြီး Chipset ကတော့MediaTek MT6737 ဖြစ်ကာCPU ကတော့ Quad core 1.3GHz Cortex A53 ပါ။GPU မှာMali-T720 ဖြစ်ပါ တယ်။Bluetooth Version ကတော့4.2, A2DP, LE ဖြစ်ပါတယ်။ ကိုယ်ရေး အချက်အလက်များလုံခြုံစွာသိမ်းဆည်းနိုင်ဖို့အတွက်လည်း Fingerprint စနစ်အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။


အခြားသောSensor စနစ်များကိုလည်းသုံးစွဲနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ အားသွင်းသုံးစွဲရမယ့်ဘက်ထရီအမျိုးအစားကတော့Li-Ion 5000mAh ဖြစ်ပါတယ်။အဆိုပါဘက်ထရီဟာဖုန်းကိုအချိန်ကြာမြင့်စွာအသုံးပြုနိုင် အောင်ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဖုန်းအားသွင်းသည့်အခါတွင်လည်း အချိန်တိုအတွင်းဖုန်းအားပြည့်စေ ရန်လျင်မြန်သောအားသွင်းစနစ်ကို ထည့်သွင်းပေးထားပါသေးတယ်။E4 Plus ကို ရွေးချယ်ဝယ်ယူသည့် အခါတွင်သုံးစွဲသူများအဆင်ပြေစေရန် အရောင်ကွဲများကိုလည်းထုတ်လုပ် ပေးထားပါသေးတယ်။ E4 Plus ရဲ့တန်ဖိုးကတော့၂၄၉,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com
 
 
 





comments

♪ FullVision screen နဲ့ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Gionee M7 ကို တရားဝင်မိတ်ဆက် ♫


ကြေညာထားတဲ့အတိုင်းပင် 18:9 ratio FullVision screen နဲ့ အရွယ်ကြီးမားတဲ့ 4,000mAh ဘက်ထရီပါဝင်တဲ့ Gionee M7 ကို စက်တင်ဘာ ၂၅ ရက်မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်ဖုန်းသစ်ဟာ သြဂုတ်လမှာ မိတ်ဆက်ကြေညာခဲ့တဲ့ Mediatek ရဲ့ chipset သစ်ဖြစ်တဲ့ Helio P30 ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။

 

Gionee M7 ရဲ့ CPU မှာ Cortex-A53 core ရှစ်ခုပါဝင်ပြီး လေးခုရဲ့ clock speed က 2.3GHz ဖြစ်ပါတယ်။ RAM က 6GB ဖြစ်ပြီး internal memory က 64GB ဖြစ်ကာ microSD slot ကနေ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။
Screen ရဲ့ အရွယ်အစားက ၆.၀၁ လက်မဖြစ်ပြီး resolution က 2160 x 1080 pixels ဖြစ်ပါတယ်။


ကျောဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး ပင်မကင်မရာက 16MP ဖြစ်ကာ ဒုတိယကင်မရာက 8MP ဖြစ်ပါတယ်။ ကျောဘက်မှာ LED flash နဲ့ စက်ဝိုင်းပုံစံ fingerprint scanner တို့လည်း ပါဝင်ပါတယ်။

Power ခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့ကို ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မှာတော့ ကြီးမားတဲ့ screen ကြောင့် home ခလုတ် မပါဝင်ပါဘူး။ Selfie ကင်မရာက 8MP ဖြစ်ပါတယ်။



Gionee M7 ကို Sapphire Blue, Star Blue, Maple Red, Champagne Gold နဲ့ Black ဆိုပြီး အရောင်ငါးမျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ၂,၇၉၉ ယွမ် (၄၂၂ ဒေါ်လာ) ဖြစ်ပါတယ်။
 
 
 
-နောင်နောင်
Credit to ==> Internet Journal







www.pyaephyo.com
 
 
 





comments

♪ Restaurant, Cafe Shop and Food Court လုပ်ငန်းသုံး ကွန်ပျူတာစနစ်တစ်မျိုးထွက်ရှိ ♫


Café & Bakery , Fast Food , Food Court , Bar & Pub နှင့် Restaurant ဆိုင်များအတွက် စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ် Restaurant Management Software သစ်တစ်မျိုးထွက်ရှိလာတယ်လို့ Galaxy Software က သိရပါတယ်။


Galaxy Software ကရေးဆွဲထားတဲ့ စားသောက်ဆိုင်သုံး ကွန်ပျူတာစနစ်ကို Touch Screen ပါတဲ့ Tablet နဲ့ အသုံးပြုနိုင်ပြီး စားသောက်ဆိုင် တစ်ခုလုံး၏ အရောင်းပိုင်း/ Order Taking / Billing / Kitchen Monitoring နဲ့ ကုန်ပစ္စည်း ထိန်းချုပ်မှုအပိုင်းတွေကို လွယ်ကူလျင်မြန်စွာ ထိန်းချုပ်နို်င်မှာဖြစ်ပါတယ်။ Software ရောင်းချပြီး ဝန်ဆောင်မှုပေးခြင်း (After- Sales Service) ကိုလည်း ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် ၊ ပုသိမ်၊ တောင်ကြီးမြို့ တို့မှာရုံးခွဲတွေ ဖွင့်လှစ်ထားပြီး လုပ်ငန်းခွင်အရောက် သင်ကြားပေးတာတွေ ပြုလုပ်ပေး မှာဖြစ်တယ်လို့ သိရပါတယ်။


၆ လအတွင်း အခမဲ့ဝန်ဆောင်မှုပေးမှာဖြစ်ပြီး Software တန်ဖိုးအနေနဲ့ ၆ သိန်းကနေစတင်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဖုန်း ၀၉ ၄၂၀၉၀၉၁၀၀ သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



-ကောင်းမြတ်ထွန်း
Credit to ==> Internet Journal







www.pyaephyo.com
 
 
 





comments

♪ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Android စမတ်ဖုန်း (၁၅) မျိုး ♫


iPhone သုံးစွဲသူတွေမှာ ရွေးချယ်စရာအနေနဲ့က အရွယ်ကြီးတဲ့ဗားရှင်းနဲ့ အရွယ်ငယ်တဲ့ဗားရှင်း နှစ်မျိုးပဲရှိပါတယ်။ ဒါပေမဲ့ Android စမတ်ဖုန်းကို ဝယ်ယူသူတွေကတော့ ရွေးချယ်စရာအမျိုးမျိုးထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် Android ပရိသတ်တွေအတွက် အကောင်းဆုံး Android စမတ်ဖုန်း (၁၅) မျိုးကို ဖော်ပြလိုက်ပါတယ်။

(1) Samsung Galaxy Note8
$930

Galaxy Note8 ဟာ Samsung ရဲ့ အဆင့်မြင့်ဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ မျက်စိပသာဒဖြစ်စေမယ့် ၆.၃ လက်မ Infinity display, OIS sensor နှစ်ခုပါဝင်တဲ့ အဆင့်မြင့် camera setup နဲ့ တုံ့ပြန်မှုအလွန်ကောင်းတဲ့ S Pen stylus တို့ပါဝင်ပါတယ်။ ရေစိုခံနိုင်ပြီး Snapdragon 835 processor ကိုအသုံးပြုထားပါတယ်။ RAM က 6GB ဖြစ်ပါတယ်။

(2) HTC U11
$649

ရေစိုခံတဲ့ HTC U11 မှာ ညှစ်နိုင်တဲ့ သတ္တုဘောင် ပါဝင်ပါတယ်။ အဲ့ဒီ သတ္တုဘောင်ကို ညှစ်ပြီး သုံးစွဲသူသတ်မှတ်ထားတဲ့ app တွေနဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့လျင်မြန်စွာ ဖွင့်နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ chipset နဲ့ ကြည်လင်ပြတ်သားတဲ့ display ပါဝင်ပြီး ဖုန်းရဲ့ဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိပါတယ်။

(3) Nokia 6
$180

စမတ်ဖုန်းဈေးကွက်ထဲကို တစ်ကျော့ပြန်လည်ဝင်ရောက်လာတဲ့ Nokia ရဲ့ Nokia 6 စမတ်ဖုန်းကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ လျင်မြန်တဲ့ စွမ်းဆောင်ရည်၊ ကြည်လင်ပြတ်သားတဲ့ ၅.၅ လက်မ display နဲ့ ကင်မရာအရည်အသွေးတို့က တန်ဖိုးနဲ့ထိုက်တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် Dolby Atmos အထောက်အပံ့ပါဝင်တဲ့ အရည်အသွေးမြင့် stereo စပီကာလည်း ပါဝင်ပါတယ်။

(4) OnePlus 5
$479

OnePlus 5 မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီတာရှည်ခံမှုတို့ကို ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် အလန်းစား custom Android interface တွေထဲက တစ်ခုကို အသုံးပြုထားပါတယ်။ Soft Gold နဲ့ Slate Gray ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

(5) LG G6
$450

LG ရဲ့ G6 စမတ်ဖုန်းမှာ ထူးကဲကောင်းမွန်တဲ့ ၅.၇ လက်မ QHD+ display နဲ့ ရေစိုခံကိုယ်ထည်တို့ ပါဝင်ပါတယ်။ အခြား feature တွေအနေနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm processor, dual-camera setup, wireless charging နဲ့ memory တိုးချဲ့နိုင်မှုတို့ ပါဝင်ပါတယ်။

(6) Google Pixel and Pixel XL
$649

Pixel နဲ့ Pixel XL တို့ဟာ Google က ကိုယ်တိုင်ဒီဇိုင်းဖန်တီး တည်ဆောက်ထားတဲ့ ပထမဆုံး စမတ်ဖုန်းတွေဖြစ်ပါတယ်။ ဒီစမတ်ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့်တဲ့ hardware, ကြည်လင်ပြတ်သားတဲ့ display တွေနဲ့ အကောင်းဆုံး ကင်မရာတွေ ပါဝင်ပါတယ်။ ဒါတွေအားလုံးကို ချောမွတ်တဲ့ သတ္တုကိုယ်ထည်မှာ ထည့်သွင်းထားပါတယ်။ ဒီစမတ်ဖုန်းနှစ်မျိုးစလုံးမှာ Google Assistant သစ်ကို ထောက်ပံ့ပေးထားပါတယ်။

(7) Huawei Mate 9
$450

Huawei Mate 9 ကလည်း အကောင်းဆုံး စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ အရည်အသွေးမြင့်မားတဲ့ ၅.၉ လက်မ 1080p display နဲ့အတူ ကြီးမားတဲ့ ဘက်ထရီ၊ စွမ်းဆောင်ရည်မြင့်တဲ့ processor နဲ့ ခေတ်မီဆန်းပြားတဲ့ dual-camera setup တို့ပါဝင်ပါတယ်။ Dual-camera setup ကို Leica က ထောက်ပံ့ပေးထားပါတယ်။ အဲ့ဒီကင်မရာမှာ monochrome sensor တစ်ခုပါဝင်ပြီး အံ့အားသင့်ဖွယ်ရာကောင်းတဲ့ အဖြူအမည်းဓာတ်ပုံတွေကို ဖမ်းယူပေးနိုင်ပါတယ်။ နောက် sensor တစ်ခုက color sensor ဖြစ်ပါတယ်။ ဒီဖုန်းဟာ Amazon Alexa ပထမဆုံးပါဝင်တဲ့ Android ဖုန်းလည်း ဖြစ်ပါတယ်။

(8) Moto G Plus (5th Generation)
$185

Lenovo ရဲ့ နောက်ဆုံးပေါ် Moto G Plus ကို သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပါတယ်။ အရည်အသွေးကောင်းတဲ့ ၅.၅ လက်မ 1080p display ပါဝင်ပြီး လျင်မြန်တဲ့ processor, ကောင်းမွန်တဲ့ camera, gesture control တွေနဲ့ memory ပမာဏ တိုးချဲ့မှုတွေ ပါဝင်ပါတယ်။ Gray နဲ့ Gold ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

(9) Essential Phone PH-1

$699

Ceramic, Titanium တို့နဲ့ ဖန်တီးထားတဲ့ Essential Phone က ဒီစာရင်းထဲမှာပါဝင်တဲ့ အခြား Android စမတ်ဖုန်းတွေထက် ပိုပြီး တန်ဖိုးကြီးတယ်လို့ ခံစားရနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ Qualcomm Snapdragon 835 chipset ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ကျောဘက်က dualc camera ကလည်း ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

(10) Huawei Honor 6X
$180

Huawei ရဲ့ Honor 6X ကို သတ္တုကိုယ်ထည်နဲ့တည်ဆောက်ထားပြီး dual-camera sensor တစ်ခုပါဝင်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ၅.၅ လက်မ Full HD resolution display ကိုအသုံးပြုထားပြီး လျင်မြန်တဲ့ octa-core processor နဲ့ တိုးချဲ့နိုင်တဲ့ memory အပြင် ကြာရှည်တဲ့ ဘက်ထရီသက်တမ်းတို့နဲ့ အသုံးပြုနိုင်ပါတယ်။

(11) BlackBerry KEYone
$539

BlackBerry KEYone မှာ physical keyboard တစ်ခု ပါဝင်ပါတယ်။ အရွယ်ကြီးမားတဲ့ ဘက်ထရီ၊ အရွယ်သေးငယ်တဲ့ display နဲ့ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ chipset တို့ကြောင့် ဖုန်းကို ပြန်လည်အားသွင်းစရာမလိုဘဲ တစ်နေကုန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ KEYone ကို လုပ်ငန်းသုံးအတွက် ရည်ရွယ်ဖန်တီးထားတာကြောင့် ဂိမ်းကစားခြင်းနဲ့ ဗီဒီိယိုကြည့်ရှုခြင်းတို့ကို ပြုလုပ်လိုသူတွေအနေနဲ့ အခြားရွေးချယ်စရာတွေကို စဉ်းစားသင့်ပါတယ်။

(12) Moto Z2 Force Edition
$720

Lenovo ရဲ့ Moto Z2 Force Edition စမတ်ဖုန်းမှာ ကွဲကြေဒဏ်ခံနိုင်တဲ့ screen နဲ့ snap-on modular အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ Qualcomm chipset နဲ့ stock Android user interface ကို အသုံးပြုထားပါတယ်။ Dual camera ကတော့ ဒီဈေးနှုန်းနဲ့ရနိုင်တဲ့ စမတ်ဖုန်းတွေလောက် မကောင်းပါဘူး။ ဒါပေမဲ့ ဖုန်းကို မကြာခဏ လွတ်ကျလေ့ ရှိသူတွေအတွက်ကတော့ Z2 Force Edition က အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။

(13) Samsung Galaxy S8 and Galaxy S8+
$697

ဒီနှစ်မှာ ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ Galaxy S8 နဲ့ Galaxy S8+ တို့မှာ ၅.၈ လက်မနဲ့ ၆.၂ လက်မ QHD+ AMOLED display တွေကို အသုံးပြုထားပါတယ်။ အဲ့ဒီ display တွေကို သတ္တု၊မှန်တို့နဲ့ ပြုလုပ်ထားတဲ့ ရေစိုခံကိုယ်ထည်မှာ ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ processor ပါဝင်ပြီး ကောင်းမွန်တဲ့ ကင်မရာ၊ ကြိုးမဲ့အားသွင်းစနစ်တို့နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးကို Samsung ရဲ့ နောက်ဆုံးပေါ် Gear VR headset နဲ့ အသုံးပြုနိုင်ပါတယ်။

(14) Alcatel A30 Plus
$80

ဈေးသက်သာတဲ့ Alcatel A30 Plus ဟာ တည်ငြိမ်တဲ့ Android အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဖုန်းမှာ ၅.၅ လက်မ HD display ပါဝင်ပြီး သင့်တင့်ကောင်းမွန်တဲ့ quad-core processor ကို အသုံးပြုထားပါတယ်။ သိုလှောင်မှုပမာဏကို တိုးချဲ့နိုင်ပါတယ်။

(15) Huawei Honor 8
$300

မှန်နဲ့ သတ္တုကိုယ်ထည်ပါဝင်ပြီး လှပတဲ့ curve တွေ၊ ဆွဲဆောင်မှုရှိတဲ့ အရောင်တွေနဲ့ ရရှိနိုင်မယ့် Huawei Honor 8 ဟာ ဈေးနှုန်းတူ စမတ်ဖုန်းတွေထဲမှာ မျက်စိပသာဒအဖြစ်ဆုံး စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ 12MP ကင်မရာနှစ်ခု ပါဝင်ပြီး တစ်ခုက monochrome sensor ဖြစ်ကာ အံ့အားသင့်ဖွယ်ကောင်းတဲ့ အဖြူအမည်းဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။
 
 
 
-နောင်နောင်Credit to ==> Internet Journal







www.pyaephyo.com
 
 
 





comments