ကမ္ဘောဇဘဏ်(KBZ Bank) သည် မြန်မာနိုင်ငံရှိ Viber သုံးစွဲသူ ၂၄ သန်းကျော်အကြား ပုဂ္ဂလိကဘာရေးဆိုင်ရာများအကြောင်း စိတ်ဝင်စားမှုမြင့်တက်လာစေရန် Strength of Myanmar အမည်ရ sticker များကို ဖြန့်ဝေခဲ့သည်။

ကမ္ဘောဇဘဏ်သည် Strength of Myanmar အမည်ရ sticker များကို မြန်မာ Viber sticker ဈေးကွက်တွင် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ယနေ့တွင် သတင်း ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ sticker များတွင် ငွေကြေးဆိုင်ရာ အခြေအနေမျိုးမျိုးကို ပျော်စရာဟာသ sticker များ၊ မှတ်မိလွယ်သည့် စကားစုများနှင့် ပုံဖော်ထားသည်။ မြန်မာနိုင်ငံ၏ နံပါတ်တစ် ဆိုရှယ်မီဒီယာ application တစ်ခုဖြစ်သည့် Viber sticker ဈေးကွက်တွင် ဘဏ်လုပ်ငန်းစုတစ်ခုအနေဖြင့် ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို sticker အသွင်ဖြင့် ဖြန့်ဝေသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာတို့သည် chat application များနှင့် sticker အသုံးပြုမှုကို နှစ်သက်သည့်အလျောက် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းဖြစ်သည့် Viber ကို မြန်မာနိုင်ငံလူဦးရေ၏ ၂၄ သန်းကျော်က သုံးစွဲနေပြီဖြစ်ရာ ကမ္ဘောဇ ဘဏ်မှ ယခုကဲ့သို့ sticker ဖြန့်ဝေမှုသည် ကောင်းမွန်သည့် နည်းလမ်းတစ်ခုဟုဆိုရမည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာများရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ်၊ မိမိပြောချင်တာကို ကိုယ်စားပြောပေးမယ့် sticker တွေကို ဘယ်လိုကြိုက်တယ် စတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ သိရှိနား လည်ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀မှာ အရေးပါတဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေ ကိုလူတွေပိုမိုသိရှိနားလည်လာစေဖို့၊ သတိပြုမိလာစေဖို့ ခုလို ပျော်စရာ sticker လေးတွေကနေ တစ်ဆင့် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်” ဟု ကမ္ဘောဇကုမ္ပဏီအုပ်စုမှ Creative Director နှင့် Brand Communications တာဝန်ခံဖြစ်သူ ဒေါ်ဇင်မာဝင်းက ပြောကြားခဲ့သည်။

“ကမ္ဘောဇအုပ်စုမှ ၀န်ထမ်း ၈၀,၀၀၀ ကျော်နှင့်အတူ ကမ္ဘောဇဘဏ်ဝန်ဆောင်မှုများကို အသုံးပြုနေကြသူ တွေနဲ့ မိဘပြည်သူတွေ ဒီ Viber sticker လေးတွေကို ကြိုက်နှစ်သက်ကြမှာသေချာပါတယ်။ ကမ္ဘောဇဘဏ်ဟာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့အတွက် သုံးစွဲသူများထက် အမြဲရှေ့ပြေးနေတဲ့အလျောက် ခုလို ဆန်းသစ်တဲ့ နည်းလမ်းတွေကိုသုံးပြီး သုံးစွဲသူများနဲ့ ရင်းနှီးအောင်ကြိုးပမ်းရခြင်းဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာဝင်း က ဆက်လက်၍ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေပန်းစားလျက်ရှိသည့် Viber ကိုအသုံးပြုပြီး Strength of Myanmar sticker ကို ဖြန့်ဝေခြင်းသည် မြို့ပြကျေးလက်မကျန်စမတ်ဖုန်းအသုံးပြုသူများအကြား ငွေကြေးဆိုင်ရာနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုများ မြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ယင်း sticker များတွင် မောင်မောင်နှင့် မီးမီးဟူ၍ လူငယ်ကောင်လေးနှင့်ကောင်မလေးပုံစံဖြင့် ဇာတ်ကောင် နှစ်ဦးပါဝင်ပြီး ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကို မြန်မာ့ယဉ်ကျေးမှုအပေါ် အခြေခံကာ နေ့စဉ်ဘ၀တွင် သုံးစွဲနေကျ ဘန်းစကားတို့ဖြင့် ဟာသမြောက်စွာ သရုပ်ဖော်ထားသည်။ ကမ္ဘောဇဘဏ်၏ sticker ဖြန့်ဝေမှုနှင့်ပတ်သက်ပြီး Viber ၏ အရှေ့တောင်အာရှဒေသ တာဝန်ခံ Regional Head ဖြစ်သူ Crystal Lee က ယခုကဲ့သို့ ပြောကြားသွားပါသည်။

“Viber ဟာ ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းပြီး သုံးစွဲသူမြန်မာတို့ရဲ့ လူနေမှုဘ၀ကို ပိုမိုမြှင့်တင်သွားဖို့ အကောင်း ဆုံးသော ဆက်သွယ်ရေး application တစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း ကနေ ခုလို sticker တွေ ဖြန့်ဝေတာဟာ မြန်မာမှာတင်မဟုတ်ဘဲ ကမ္ဘာမှာပါ ကမ္ဘောဇဘဏ်က ပထမဦးဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုး လူနေမှုဘ၀ကို ဖော်ကျူးထားတဲ့ sticker တွေကို သုံးစွဲသူတွေရဲ့ နေ့စဉ် chatting ပြော ကြတဲ့အခါမှာ အသုံးပြုကြမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။”

ကမ္ဘောဇဘဏ်သည် Viber sticker များ စတင်ဖြန့်ဝေလိုက်မှုနှင့်အတူ အခြားသော ထူးခြားဆန်းသစ်မည့် နည်းလမ်းများလည်းရှာဖွေကာ သုံးစွဲသူမိဘပြည်သူများကို ငွေကြေးဆိုင်ရာအချက်အလက်များနှင့် ပတ်သက် ပြီး အသိပညာပေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စမတ်ဖုန်းအသုံးပြုသူ၊ Viber ကဲ့သို့ လူမှုကွန်ရက်ဆက်သွယ်ရေး အက်ပလီကေးရှင်းအသုံးပြုသူ ဦးရေမှာ နှစ်စဉ်တိုးပွားလာလျက်ရှိသည့် အလျောက် ကမ္ဘောဇဘဏ်သည် နည်းပညာအကူအညီများဖြင့် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံကာ မြန်မာနှင့် အာဆီယံနိုင်ငံများ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ဆက်လက်ဦးဆောင်လျက် ရှိပါသည်။