IELTS ကျောင်းသားများအတွက်...Grammar for IELTS


 


ဒီစာအုပ်ကတော့ IELTS စာမေးပွဲဝင်ဖို့ ကြိုးစားနေတဲ့ကျောင်းသားတွေထဲမှာမှယ..Grammar အားနည်းတယ်..Grammar ကိုပိုလေ့လာချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်....IELTS စာမေးပွဲဝင်မယ့်ကျောင်းသားတွေသာမက အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံးအတွက်သင့်တော်ပါတယ်..



ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

comments

ဖုန်းထဲမှာအသံတွေကို Record လုပ်ပေးမယ်-Call Recorder 2.0.32 for Android

Android ဖုန်း နှင့်Tablet ကိုင်းဆောင်ထားတဲ့ဘော်ဒါတွေအတွက် အသံဖိုင်းများစွာ Record လုပ်ပေးမယ် apk လေးတင်ပေးလိုက်ပါတယ်။ ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်ကြည်လင်လင်နဲ့ record လုပ်ပေးထားမှာဖြစ်ပါတယ်။ Record လုပ်ချင်းတယ်ဘော်ဒါတွေအတွက် အောက်ကလင့်ခ် ဒေါင်းနိုင်ပါတယ်ဗျာ။Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါတယ်ဗျာ။ ဒီကောင်းလေး၏ ဖိုင်ဆိုဒ်လေးကတော့ 16.03 ရှိပါတယ်။






 Download Here

comments

စမတ်ဖုန်း ကင်မရာကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ

6
စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့်ပဲ လူတိုင်းလိုလိုဟာ ကင်မရာတွေ သီးခြား ၀ယ်ယူစရာ မလိုတော့ဘဲ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါပြီ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ တစ်ဖြည်းဖြည်း ကောင်းမွန်လာနေပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာ အရည်အသွေး သာမကဘဲ နည်းလမ်းတွေကလည်း ဓါတ်ပုံကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။
Focus
ဓါတ်ပုံ တစ်ပုံ ရိုက်ကူးတော့မယ်ဆိုရင် ကင်မရာက Focus ပြုလုပ်ပါလိမ့်မယ်။ သင်ရိုက်ကူးချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူတွေကို Focus မလုပ်ပေးထားဘူးဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို ချိန်ညှိပါ။ ဒါမှမဟုတ် နောက်ဆုတ်ပါ။ သင် ရိုက်ကူးချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိပြီးလည်း Focus လုပ်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံ မရိုက်ခင်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ပြီး Focus လုပ်ထားတာ မှန်ကန်လားဆိုတာ စစ်ဆေးပါ။

1

Digital Zoom မပြုလုပ်ပါနဲ့
စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ Point-and-Shoot ကင်မရာတွေနဲ့ မတူညီပါဘူး။ Point-and-Shoot ကင်မရာတွေမှာ Zoom လုပ်တဲ့အခါမှာ ပုံရိပ်ကို အကြီးချဲ့ဖို့အတွက် ရွှေ့လျားနိုင်တဲ့ Optical Zoom တွေပါရှိပါတယ်။
စမတ်ဖုန်းတွေရဲ့ ကင်မရာတွေမှာတော့ လက်နှစ်ချောင်းကို ပူးကပ်၊ ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိထားပြီး ဆန့်ကားလိုက်ခြင်းဖြင့် Zoom လုပ်နိုင်ပါတယ်။ ဒါကို Digital Zoom လုပ်တယ်လို့ ခေါ်ပါတယ်။ Digital Zoom လုပ်တယ်ဆိုတာ ပုံကို Crop လုပ်လိုက်တာ ဖြစ်ပါတယ်။ Digital Zoom လုပ်ရင် ဓါတ်ပုံ အရည်အသွေး ညံ့ဖျင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Digital Zoom မလုပ်ဘဲ ဖုန်းကို ရှေ့နားတိုးပြီး ရိုက်သင့်ပါတယ်။ ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီးမှ ပုံကို Crop လုပ်သင့်ပါတယ်။

2

Flash ကို ကျင်လည်စွာ အသုံးပြုပါ။
စမတ်ဖုန်းတွေမှာပါတဲ့ Flash ကိုဖွင့်ပြီး ဓါတ်ပုံရိုက်ရင် သဘာဝကျတဲ့ ဓါတ်ပုံကောင်းတစ်ခု ထွက်မလာဘဲ စူးရှတဲ့ အလင်းတန်းတွေ ပါတဲ့ ဓါတ်ပုံတစ်ပုံသာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့သာ ဓါတ်ပုံရိုက်ကူးတာက ပိုမိုကောင်းမွန်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ နေရာမှာ မဖြစ်မနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်တော့ Flash ကို ဖွင့်ထားပြီး တစ်ခါနဲ့ ပိတ်ထားပြီး တစ်ခါ ဓါတ်ပုံရိုက်ကူးပါ။ အဲဒီဓါတ်ပုံနှစ်ခုထဲမှာမှ ပိုမိုကောင်းတဲ့ တစ်ခုကို နောက်ပိုင်းမှ ရွေးချယ်နိုင်ပါတယ်။
နောက်ထပ် နည်းတစ်ခုက တစ်သျှူးလို အဖြူရောင်အလွှာတစ်ထပ်နဲ့ Flash ကို ဖုံးအုပ်ရိုက်ကူးမယ်ဆိုရင် သင့်တင့်တဲ့ အလင်းရောင်နဲ့ ဓါတ်ပုံကောင်းတစ်ခု ရနိုင်ပါတယ်။

3

Resolution ကို စစ်ဆေးပါ။
Camera App အများစုမှာ Resolution တွေကို ရွေးချယ်နိုင်ပါတယ်။ Resolution နိမ့်ကျတာကို ရွေးချယ်ရင်တော့ Messenger တွေကနေ လျှင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစေ သိမ်းထားမယ့် ဓါတ်ပုံကောင်းလေးတစ်ခုကို လိုချင်ရင်တော့ Resolution မြင့်မားတာကိုရွေးချယ်ပါ။

4

အနောက်ဘက် ကင်မရာကို အသုံးပြုပါ။
စမတ်ဖုန်းတွေရဲ့ အရှေ့ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ မိမိကိုယ်တိုင် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ထုတ်လုပ်သူတွေက အရည်အသွေး ပိုမိုမြင့်မားတဲ့ ကင်မရာကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံကောင်းကောင်းလိုချင်ရင် အနောက်ဘက်ကင်မရာကို အသုံးပြုသင့်ပါတယ်။
နောက်ထပ် မှတ်သားစရာတစ်ခုက တက်ဘလက်တွေဟာ ဓါတ်ပုံရိုက်ကူးဖို့အတွက် အဆင်မပြေတဲ့အတွက် ထုတ်လုပ်သူတွေဟာ တက်ဘလက်တွေမှာ အရည်အသွေးနိမ့်တဲ့ ကင်မရာကိုသာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် တက်ဘလက်နဲ့ ဓါတ်ပုံရိုက်မယ့် အစား ဖုန်းကို အသုံးပြုပါ။

5

Lens ကို သန့်ရှင်းပါ။
စမတ်ဖုန်းဟာ လူတွေသွားလေရာ ယူဆောင်သွားရတဲ့ ကိရိယာ ဖြစ်တာကြောင့် Lens မှာ ဖုန်များ ကပ်ညိနေတတ်ပါတယ်။ Lens ဟာ ညစ်ပေနေရင်တော့ ဒီဆောင်းပါးမှ အခြား နည်းလမ်းတွေကို လိုက်နာရင်တောင် ဓါတ်ပုံကောင်းတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။

6

စမတ်ဖုန်း ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့ ကင်မရာတွေလောက် မကောင်းပေမယ့် အထက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းကောင်းလေးတွေ ထွက်ရှိနိုင်ပါတယ်။

comments

Android ဖုန်းကို သန့်ရှင်းရေးလုပ်ပေးမယ့် CCleaner

Android ဖုန်းများမှာ Apps တွေရဲ့ Cache File တွေ၊ Browser History တွေ၊ Thumbnail Cache တွေနဲ့ အခြား အမှိုက်ဖိုင်တွေကို အမြဲရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဖုန်းမှာ နေရာလွတ်တွေ ရရှိပြီး လျှင်မြန်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှင်းပေးနိုင်တဲ့ Apps တွေများစွာ ရှိပြီး အခု Tutorial မှာတော့ CCleaner App အသုံးပြုနည်းကို ရေးပေးလိုက်ပါတယ်။
CCleaner ကို ဖွင့်ရင် Main Screen မှာ သင့်ဖုန်းရဲ့ Storage နဲ့ RAM အခြေအနေကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အမှိုက်ဖိုင်တွေကို ရှာဖွေဖို့အတွက် အောက်ခြေမှ Analyze ခလုတ်ကို နှိပ်ပါ။

1

ဒါဆိုရင် App က အမှိုက်ဖိုင်တွေကို စတင်ရှာဖွေပါပြီ။ ရှာဖွေမှုပြီးရင် ရှင်းလင်းရမယ့် အမှိုက်ဖိုင်တွေကို ကဏ္ဍတွေနဲ့ ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ Cache ဖိုင်တွေဟာ မလိုအပ်တော့တဲ့ အတွက် ရှင်းလင်းဖို့ ညာဘက်မှ Check Box မှာ အမှန်ခြစ်ပေးပါ။

2

History ကဏ္ဍမှ Drop-Down Arrow ကိုနှိပ်ရင် ဘရောက်စာ History ကိုတွေ့ရမှာပါ။ ရှင်းလင်းဖို့အတွက် အမှန်ခြစ်ပေးပါ။

Files & Folders ကဏ္ဍမှ Drop-Down Arrow ကိုနှိပ်ရင် ကဏ္ဍသုံးခုထပ်ထွက်လာမှာပါ။ APK Files , Bluetooth Folder နဲ့ Empty Folders တို့ ဖြစ်ပါတယ်။ ရှင်းချင်တဲ့ အမျိုးအစားကို အမှန်ခြစ်ပေးနိုင်ပါတယ်။

3

Other Caches မှာတော့ Thumbnail Cache နဲ့ Google Map Cache တို့ကို တွေ့နိုင်ပါတယ်။ Thumbnail Cache ကိုတော့ ရှင်းလင်းနိုင်ပါတယ်။ Google Map ကို Offline အသုံးပြုဖို့ Cache ဖိုင်တွေကို ဒေါင်းလုပ်ရယူထားရင်တော့ Google Map Cache ဖိုင်တွေကို မရှင်းလင်းသင့်ပါဘူး။

4

နောက်ကဏ္ဍတစ်ခုမှာတော့ Call Logs တွေကို ရှင်းနိုင်ပါတယ်။ အားလုံးကို ရှင်းနိုင်သလို သုံးလအကြာက ၊ တစ်လအကြာက ၊ နှစ်ပတ်အကြာက စသဖြင့် အချိန်အပိုင်းအခြားအလိုက် ရှင်းနိုင်ပါတယ်။ သူ့အောက်က Processes တွေကိုလည်း စိတ်ချလက်ချရှင်းနိုင်ပါတယ်။

5

Manual cleaning apps အောက်မှာ ကိုယ်တိုင်ရှင်းရမယ့် Apps တွေကို ပြသထားပါတယ်။ တစ်ခုချင်းစီကို နှိပ်ပြီး နောက်ပေါ်လာတဲ့ စကရင်မှာ Cache ဖိုင်တွေကို ရှင်းပေးပါ။ ပြီးရင်တော့ Back Key နှိပ်ပြီး Cleaner Screen ကို သွားပါ။ အောက်ဆုံးမှ Clean ခလုတ်ကို နှိပ်ပေးပါ။ ဒါဆိုရင် အမှိုက်ဖိုင်တွေကို ရှင်းလင်းပြီးပါပြီ။

6

CCleaner ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ရင် App Manager, System Info , Settings တို့ကို တွေ့နိုင်ပါတယ်။

7

App Manager ထဲမှာတော့ User က အင်စတောလုပ်ထားတာနဲ့ System Apps တွေကို ခွဲခြားပြသထားပါတယ်။ Apps တွေကို ရွေးချယ်ပြီး အောက်ခြေမှ Uninstall ခလုတ်ကိုနှိပ်ရင် တစ်ပြိုင်နက် Uninstall လုပ်ပေးမှာပါ။

8

Piriform ရဲ့ ဒတ်စတော့ ကွန်ပြူတာတွေအတွက် CCleaner ဟာ နာမည်ကြီးပါတယ်။ Android အတွက် CCleaner ကလည်း ထွက်ရှိတာ မကြာသေးပေမယ့် တစ်ဖြည်းဖြည်း အဆင့်မြှင့်လာလိုက်တာ အခုဆိုရင် အလွန်ကောင်းမွန်တဲ့ Cleaner App တစ်ခု ဖြစ်နေပါပြီ။ CCleaner ကို Android 4.0.3 နဲ့ သူ့အထက်မှာ သုံးနိုင်ပြီး Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။


ref:http://www.myanmardigitallife.com/
comments

facebook သုံးတဲ့သူများအတွက် updater Version-Facebook v39.0.0.36.238 Apk

Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့34MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
  Download Here

comments

DiDi.apk {Online Free Call, Message, Voice & Photo} [For Android]

Viber လို ဆော့ဝဲလ်ကောင်းလေးပါဘဲ ...
ဒီကောင်လေးနဲ့ ပွားရတာ ပိုအဆင်ပြေတယ်ဗျ ...
အသုံးပြုပုံ ပြုလုပ်နည်းကို ပုံလေးတွေမှာကြည့်ပါဗျ ...


     

     

     

     




Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

comments

မိမိဖေ့ဘုတ်မှာ friend ဘယ်လောက် အပျို အအိုဘယ်လောက် စသဖြင့်မျိုးစုံကိုတစ်နေရာထဲကဖော်ပြပေးတဲ့ဆော့ဝဲလ်(Android)





မိမိတို့ရဲ့ ဖေ့ဘုတ် မှာ သူငယ်ချင်းဘယ်လောက်ရှိတယ်  ယောက်ျားလေး ဘယ်လောက် မိန်းကလေးဘယ်လောက် အပျိုဘယ်လောက် လက်ထပ်ပြီးသူဘယ်လောက် ဘယ်သူ့မွေးနေ့ကဘယ်ရက်
အနီးဆုံးမွေးနေ့ရောက်မယ့်သူတွေ စသဖြင့် ဖေ့ဘုတ်နှင့်ပတ်သက်သမျှကို ဒီဆော့ဝဲလေးထဲမှာ အကုန်ကြည့်နိုင်ပါတယ် အားလုံးအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ်


  ဒီနေရာ  မှာဒေါင်းပါ...


 Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++
comments

Fake Call & SMS & Call Logs

ဖုန်း နဲ့ sms မှာ ဖုန်းလာလာ မလာလာ ဖုန်း နဲ့ sms ကို ခေါ်ထား မခေါ်ထားထား အဝင်အထွက် ရှိနေအောင် လုပ်ပေးမယ့် Fake Call & SMS Apk လေးတစ်ခုပါ အိမ်မှာ နေပီးတော့ ရည်းစားနဲ့ စကားပြောပီးတော့ ဖုန်းဘေ ကုန်နေတဲ့ သူတွေ ဒီကောင်လေး သုံးပီးတော့ ဘယ်သူ့ကို ခေါ်ထားတာပါ ဘာညာ လုပ်လို့ရတာပါပါ့ လိုအပ်သူများ ယူထားလိုက်နော်



 
 
 
ဒေါင်းလုပ်ဆွဲရန် ဒီနေရာကိုနှိပ်ပါ...
 
 
 Thiha Htike(THT)

thihahtike.it@gmail.com
 

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++
comments

Line Applicationသုံးနည်းနဲ့Wechat Application (Lastest Versioneနဲ့သုံးနည်း)

Image result for Line app imageImage result for wechat  image










Wechat ရေကျွန်တော်တော့ ကြော်ငြာလိုက်ပြီနော် ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုကျွန်တော်ဖုန်းကိုဘေလှမ်းထည့်ပေးနုင်တယ်နော် နံပါတ်က 09-73151297 ပါခ်ခ် :P



WE CHAT ဖွင့်နည်းနဲ့သုံးနည်း
---------------------------------

FACEBOOK ACCOUNT ရှိပါက...
Log In ကိုနှိပ် > ပြီး Facebook Connet ကိုနှိပ် > Connect to Facebook ကိုနှိပ်ပြီး
facebook username & password ရိုက်ပြီး wechat account ၀င်လို့ရပါပြီ..........။
ကဲ.. Hold to Talk လေးကိုနှိပ်ပြီး စကားတွေတစ်ဝကြီး ပြောမယ်၊ ပုံတွေပို့မယ်၊ သူငယ်ချင်းတွေ Shake ပြီးရှာမယ်၊ ကျန်တာတွေတော့ကိုယ်တိုင်သုံးကြည့်လိုက်ကြစို့.....အောက်တွင်ပုံနဲ့ပြထားသည်...

f.jpg 
 FACEBOOK ACCOUNT မရှိပါက...

ဒီနေရာကိုနှိပ်ပြီး facebook account လွယ်ကူစွာဖွင့်လိုက်ပါ...

ဒါလေးက facebook ကိုမြန်မာလိုသုံးချင်သူတွေအတွက် မြန်မာ facebook apk
LINE ACCOUNTဖွင့်နည်းနဲ့သုံးနည်း...
-----------------------------------------------------
 
အရင်ဆုံးဖွင့်လိုက်ပါ LINE apk ကိုအောက်အတိုင်းပေါ်လာရင် OKကိုနှိပ်လိုက်ပါ...

 ထို့နောက် New Users ကိုနှိပ်လိုက်ပါ ထို့နောက်အောက်ကပုံအတိုင်း Refistration ပေါ်လာပါက အောက်တွင် Myanmar လို့ရွှေးလိုက်ပါဒုတိယTab တွင် ဖုန်းနံပါတ်ကို 9 ခံပြီးရိုက်ထည့်လိုက်ပြီး  Verify Phone Number ကိုနှိပ်လိုက်ပါ ညာဘက်ကကောင်လို Confimation Code ထည့်ဖို့နေရပါပါမယ် အဲ့တွင်လေးလုံးထည့်ပေးပါ ဒါဆို အကောင့်ပွင့်သွားပါပြီ...



LINE APP ကိုအောက်တွင်ဒေါင်းလုပ်ရပါခင်ဗျာ
ဒီနေရာကိုနှိပ်ပါ 


 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများကို ဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++


 
comments

အင်တာနက် ထုတ်လွှင့်နိုင်သော မိုးပျံပူဖောင်းများအတွက် Google နှင့် သီရိလင်္ကာ ပူးပေါင်း



သီရိလင်္ကာသည် နိုင်ငံအတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရေးအတွက် မိုးပျံပူဖောင်းများအသုံးပြုရန် Google နှင့် ပူးပေါင်းခဲ့သည်။

ဟီလီယံဓာတ်ငွေ့ ဖြည့်တင်းကာ အသုံးပြုရသော နည်းပညာမြင့် မိုးပျံပူဖောင်းများကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံတစ်ခု၏ ဝေဟင်ထက်တွင် လအနည်းငယ်အတွင်း အသုံးပြုနိုင်ရေးအတွက် မြို့တော် ကိုလမ်ဘိုတွင် Google နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မန်ဂါလာ ဆာမာရာဝီရာက ပြောကြားခဲ့သည်။

Google သည် ကမ္ဘာတစ်ဝန်းရှိ ကျေးလက်ဒေသများတွင် မိုးပျံပူဖောင်း ထောင်ပေါင်းများစွာကို အသုံးပြုကာ အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးနိုင်မည့် Project Loon ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။

“သီရိလင်္ကာကျွန်းတစ်ခုလုံးမှာရှိတဲ့ ကျေးရွာတိုင်းဟာ Google Loon ရဲ့ မိုးပျံပူဖောင်းနည်းပညာကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ရရှိနိုင်ပါလိမ့်မယ်” ဟု အိုင်တီဝန်ကြီးလည်း ဖြစ်သည့် ဆာမာရာဝီရာက ပြောကြားခဲ့သည်။

ထို့အပြင် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဒေသတွင်းရှိ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကလည်း Google မိုးပျံပူဖောင်းများကို အသုံးပြုမည်ဟု အာဏာပိုင်များက ဆိုခဲ့သည်။
ဒေသတွင်း အချက်အလက်နှင့် ဆက်သွယ်ရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မူဟန်သန် ကာနေဂျီကလည်း Google အနေဖြင့် လာမည့်နှစ် မတ်လတွင် မိုးပျံပူဖောင်းများ ပေးပို့မှုကို အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ မိုးပျံပူဖောင်းစီမံကိန်း စတင်တာနဲ့ တစ်ပြိုင်နက် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့်ရရှိပြီး လက်ရှိဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ပါလိမ့်မယ်” ဟု ကာနေဂျီက AFP ထံ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းတွေ လျော့ကျသွားဖို့လည်း မျှော်လင့်ထားပါတယ်” ဟု Google ဒုဥက္ကဋ္ဌ မိုက်ကယ် ကက်ဆီဒီနှင့် သဘောတူလက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လေထု ဒုတိယအလွှာတွင် တည်ရှိမည့် မိုးပျံပူဖောင်းများကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် ခက်ခဲကြောင်း Google မှ ဆိုသည်။

Google သည် မိုးပျံပူဖောင်းများကို ကမ္ဘာ့လေထု ဒုတိယအလွှာတွင် ရက် ၁၀၀ အကြာ ထားရှိပြီး ကမ္ဘာ့မြေပြင်သို့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ထားသည်။ စမ်းသပ်ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်က နယူးဇီလန်တွင် ပြုလုပ်ခဲ့သည်။

လူဦးရေ သန်း ၂၀ ကျော်ရှိသည့် သီရိလင်္ကာတွင် မိုဘိုင်းအင်တာနက် ချိတ်ဆက်မှု ၂.၈ သန်းရှိပြီး ကြိုးဖုန်း အင်တာနက်ချိတ်ဆက်မှု ၆၀၆,၀၀၀ ရှိသည်။

သီရိလင်္ကာသည် တောင်အာရှတွင် မိုဘိုင်းဖုန်းများကို စတင်မိတ်ဆက်ပေးခဲ့သော ပထမဦးဆုံးနိုင်ငံ ဖြစ်သလို 3G နှင့် 4G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့သော နိုင်ငံလည်းဖြစ်သည်။


Ref: AFP

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

comments

ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ထက်ဝက်ခန့် Facebook သုံးစွဲဟုဆို

 

ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူဦးရေ၏ ထက်ဝက်ခန့်သည် Facebook လူမှုကွန်ရက်ကို အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဇွန်လတွင် ကုန်ဆုံးမည့် သုံးလပတ်တွင် ကုမ္ပဏီ၏ လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူဦးရေ တိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ရှိလာခဲ့ပြီး သုံးစွဲသူ ၁.၄၉ ဘီလီယံ ရှိလာခဲ့ကြောင်း Facebook မှ ပြောကြားခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူ ဦးရေ ၃ ဘီလီယံ၏ ထက်ဝက်နှင့် ညီမျှကြောင်း၊ ၎င်းကိန်းဂဏန်း၏ ၆၅ ရာခိုင်နှုန်းသည် Facebook ကို နေ့စဉ်သုံးစွဲလျက်ရှိကြောင်း ဆိုသည်။

Facebook ကို လစဉ် သုံးစွဲသူဦးရေ မြင့်တက်မှုသည် ကုမ္ပဏီ၏ ဒုတိယသုံးလပတ် ဝင်ငွေကို ပြီးခဲ့သည့်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာစေခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၀၄ ဘီလီယံ (ပေါင် ၂.၆ ဘီလီယံ) ရှိလာခဲ့သည်။

အမေရိကန်ရှိ စမတ်ဖုန်းသုံးစွဲသူများသည် ၅ မိနစ်လျှင် တစ်ကြိမ် Facebook ကို သုံးစွဲကြကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။


Ref: BBC

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
comments

WeChat အသုံးပြုသူတိုးပွားစေရန် လုပ်ဆောင်ပေးပါက ဖုန်းငွေဖြည့်သွင်းပေးမည်

 

WeChat ၏ အခမဲ့ငွေဖြည့်ပေးခြင်း အစီအစဉ်အား ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး ပါဝင်နိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ကတ် ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်ရန် WeChat သုံးစွဲသူများအနေဖြင့် WeChat Team မှ ဖိတ်ခေါ်ကုဒ် (Invitation Code) ကို ရယူပြီး app အသုံးမပြုသေးသူများကို ပေးပို့ရမည်ဖြစ်သည်။

မိမိ၏ မိတ်ဆွေသူငယ်ချင်းတို့မှ WeChat app ကို ထည့်သွင်းခြင်း၊ အကောင့်ဖွင့်ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် ရရှိထားသောကုဒ်ကို WeChat Team သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

အဆိုပါကုဒ်ကို WeChat Team မှ အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် app ထည့်သွင်းသူနှင့် ကုဒ်ပေးပို့သူ နှစ်ဦးစလုံးမှာ ဖုန်းငွေဖြည့်ကတ်ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

WeChat ၏ ဖုန်းငွေဖြည့်ကတ် ပိုင်ဆိုင်နိုင်ခြင်း အစီအစဉ်ကို ၂ ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၀၀ တိတိ (US$30,000) ကိုလည်း သုံးစွဲသူများအား မဲဖောက်ပေးသွားမည် ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
comments

♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Speed Booster Pro v2.0.2 Apk (28-July) ♫

Cover art

ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။ Cleaner - Speed Booster Pro ဆိုတဲ့ Application လေးကတော့ ဖုန်းထဲမှာမလိုအပ်တော့တဲ့ Cache & Junk File များကိုရှင်းလင်းပေးခြင်းအားဖြင့် ဖုန်းတစ်ခုလုံးကိုပေါ့ပါးမြန်ဆန်လာစေမှာဖြစ်ပါတယ်ဗျာ။ Phone နဲ့ Game ကစားသူများအတွက်လည်း Game Speed Booster ဆိုတဲ့ Feature ပါဝင်တာကြောင့် Game ကစားတာများ လည်း Phone လေးလံသွားခြင်းမရှိစေပါဘူး။  Web Browser များအသုံးပြုရာမှာလည်းမိမိရဲ့ Personal History များမကျန်ခဲ့စေဖို့အတွက် History များကိုရှင်းလင်းပေး နိုင်ခြင်း ဖုန်းရဲ့နောက်ကွယ်မှာ မလိုအပ်ဘဲ Run နေတဲ့ Application များကိုပိတ်ပေးနိုင်တဲ့ Task Killer System ပါဝင်သောကြောင့် ဖုန်းကိုပေါ့ ပါးမြန်ဆန် လာစေမှာပါ။ ဒီထက်ပိုပြီး အသုံးတည့်မယ့် Feature ပေါင်းများစွာ ပါဝင်ပါတယ်။ Feature တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုအောက်မှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ Android OS 2.3.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


FEATURES
★—1. Memory Cleaner (i.e.Task Killer)—★
✓ Cleans up Memory, Kills tasks with extremely simple one-touch “Optimize” button to save energy! Recommended to user memory cleaner every day at least once.
✓ Indicates memory clean level for before / after. Defend your phone from drain!
★—2. Game Speed Booster—★
✓ By allocating proper memory space to your game before launching, your Phone will be optimized for your any desired game!
✓ By Average, 20% Speed Increase in your Game!

★—3. Cache Clean (i.e. Junk Cleaner) —★
✓ Clean up your Cache Files for bettery Phone Performance & Disk Space!
✓ Easy one-touch “”Optimize”” button to Clean-up.
★—4. Search History Cleaner—★
✓ Clear your Google Play Store Search Hisotry & Browser history
✓ Downloaded files manager included as well to delete all files.
★—5. Call & SMS History Cleaner—★
✓ Clear any desired Call & SMS/Text History one by one
✓ By tapping “”Select All””, you can delete all Call & SMS/Text History in one-tap.
★—6. Game Booster Widget—★
✓ Access your Game Booster Function from Home screen Widget
★—7. Application Uninstaller—★
✓ Application manager included – Manage your Pre-installed Apps as well.
✓ Batch disable & uninstall enabled.
Use Cleaner Master Speed Booster Pro!’s memory cleaner feature and speed booster feature to save your Android Battery and feel the difference in your Android Speed!


Cleaner - Master Booster Pro - screenshot     Cleaner - Master Booster Pro - screenshot

Cleaner - Master Booster Pro - screenshot     Cleaner - Master Booster Pro - screenshot

Cleaner - Master Booster Pro - screenshot     Cleaner - Master Booster Pro - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

comments