Any Video Converter Download PC


 အသုံးပြုပုံကတော့ Format fectory လိုပဲဖိုင်ဖော်မက်တွေပြောင်းလို့ရပါတယ် 
ဘာတွေပိုကောင်းသလဲဆိုရင် cut ဖြတ်လို့ရတယ် ကိုယ်လိုတဲ့ video အပိုင်း mp3 ဆိုရင်လဲ
ringtone ဖြတ်မယ်၊ subtitle ထည့်လို့ရမယ်
လိုအပ်ရင်အောက်ကလင့်မှာ Download ပါ free ပေးထားပါ

Download

အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
comments

Firefox ဒီဇိုင်းအသစ်ပေါ့ပါး 29 Download PC

 
Firefox version 29 ကို April လ ၃၀ရက်နေ့ကထုတ်ပေးလိုက်တာဖြစ်ပီးအရင်ကထက်မြန်
လာတာကိုတွေ့ရမှာဖြစ်ပြီး ဒီဇိုင်းလဲလှပလာတာ ကိုတွေ့ရမှာဖြစ်ပါတယ်                          လိုအပ်ရင်အောက်မှ Download ပါ
 
Download

အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
comments

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့်အစီအစဉ်ကို Skype စတင်နေ


အတွဲ (၁၅)၊ အမှတ် (၁၆)

မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။


အဆိုပါအစီအစဉ်အရ  Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊  ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။


Skype Unlimited တွင်  Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းခေါ်နိုင်ပါတယ်။ Unlimited One Country ကတော့ နိုင်ငံအားလုံးထဲကမှ မိမိဖုန်းခေါ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံတည်းအတွက်ကိုသာ ခေါ်နိုင်တာမျိုးပါ” ဟု APS Technology မှ ပြောသည်။


Skype Unlimited ဖြင့် ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂူအန်၊ ပူအတိုရီကို (Puerto Rico) စသည့် နိုင်ငံ ၈ နိုင်ငံကို မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ကြိုးဖုန်းသာခေါ်ဆိုနိုင်ဦးမည် ဖြစ်သည်။ ထို့ ပြင် Unlimited ဝန်ဆောင်မှုမရသော နိုင်ငံများသို့ ဖုန်းခေါ်ဆိုလိုပါက နိုင်ငံအလိုက်ကို မိနစ်ဖြင့် ဝယ်ယူအသုံးပြုခေါ်ဆိုနိုင်မည်ဖြစ်ပြီး ၎င်းမိနစ်ဖြင့် အသုံးပြုခြင်းသည် Credit နှင့် ခေါ်ဆိုခြင်းထက် ထက်ဝက်နီးပါးသက်သာကြောင်း သိရသည်။


Skype Unlimited World အကောင့်တစ်လစာကို ၁၂,၅၀၀ ကျပ်နှင့် Unlimited One Country အကောင့် တစ်လ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်ကို Credit (သို့မဟုတ်) မိနစ်ဖြင့်လည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နိုင်ငံချင်းစီအလိုက် ဈေးနှုန်းများနှင့် Skype အကောင့်အသစ်ဖွင့်ခြင်း၊ ဆော့ဖ်ဝဲသွင်းခြင်း၊ ဆော့ဖ်ဝဲ Update ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း- ၀၉-၅၀၉၁၈၂၀ နှင့် ၀၉-၂၅၀၀၈၀၃၂၄ တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။


ရဲထွဋ်ဝင်း

Internet Journal


comments

Internet Download Manager IDM 6.19 Build 8 Final


Internet Download Manager IDM 6.19 Build 8 Final  ပါ ... လိုအပ်သူများ အောက်မှာ ဒေါင်ယူနိုင်ပါပြီ..။




comments

i Mobile IQ5 Offical Firmware


 i Mobile IQ5 Offical Firmware

comments

Samsung 4.2.2 နှင့် အထက်တွေအတွက် မြန်မာစာမှန်ကန်အောင်ထည့်သွင်းနိုင်တဲ့ Samsung Font Porter.bat


ကိုဖြိုးညီညီရေးတဲ့ Tool လေးပါ.. သူရေးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်.
---
ဆမ်ဆောင်း 4.2.2 နဲ့ အထက်တွေအတွက်
မြန်မာစာ သွင်းဖို.ပါ CSC မကိုက်လို.ေ တွေရှေ.နောက်လွဲတာက အစ ပြင်လို.ရပါတယ်
အစ ကတော. GUI နဲ့ တင်ပေးမလို.ပါ ခုတော. လေ.လာချင်သူတွေအတွက် အဆင်ပြေအောင် batch နဲ့ပဲ ရေးထားတာလေး တင်လိုက် တယ်
ဖေါင့်ထည်.ရုံနဲ့ logo လည်နေတာ စက်မတက်တော.ဘူးဆိုတဲံ့ပြသနာ မတက်စေဖို.
၁၀၀% အာမခံပါတယ်..။
 
 
 
Ref : မောင်ပေါက်

comments

မိုက်ခရိုဆော့ဖ် အင်တာနက် Browser IE ကို အသုံးမပြုရန် အမေရိကန်အစိုးရ သတိပေး


ဝါရှင်တန်၊ ဧပြီ ၂၉

အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့် ပြဿနာမှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly
comments

မြန်မာ့ဟာသများစုစည်းမှု (၂)

ကောင်လေးတစ်ယောက်က ကောင်းမလေးတစ်ယောက်ကို ရည်စားစာလိုက်ပေးလေသည်
တစ်ရက်လည်မယူ နှစ်ရက်လည်းမယူ.........နောက်
တစ်ပတ်လောက် ဆက်တိုက်လိုက်ပေး
နေတော့ ကောင်မလေး
သနားသွားပုံရ၏.....စာကိုလက်ခံလိုက်သည်......၃ရက်ကြာတော့ကောင်လေးက
အဖြေပြန်လိုက်တောင်
ပါလေရော.....ကောင်မလေးပြောသွားသည်.....အကိုရယ်ဖတ်ဆဲပါပဲတဲ့........ဒီလောက်နဲ့
ကျေနပ်ပြီ ကောင်လေး ပြန်သွားလေသည်..........နောက် ၃ရက်ကြာတော့ အဖြေ ပြန်လိုက်
ထပ်တောင်း သည်.....ဟိုကထပ်ပြော သည်..”ဖတ်ဆဲပါပဲ”တဲ့.......၃ခါမြောက် သွားတောင်း
တော့လည်း ထိုနည်၎င်းပြောသည် ကောင်မလေးကိုမေးလိုက်သည်.....မင်းဟာက ဒီတစ်သက်
ဖတ်လို့ ပြီးအုံးမှာလား....ဆိုတော့ ကောင်မလေးက ”ဟုတ်တယ်လေ....အကို့စာကို ညီမက..
ဖတ်လိုက်ရင် ဆဲလိုက်ရင် မကျေနပ်လို့ ဖတ်လိုက်ရင် ထပ်ဆဲလိုက်ရင်းနဲ့
ဒီနေ့ထိပါပဲတဲ့....”
'လာနမ်းပေးပါလား....... ဟင်'
တစ်ခါကရထားပေါ်မှာ စုံတွဲတစ်တွဲနဲ့
သူတို့ရှေ့မှာတောကတက်လာတဲ့အဖွား
ကြီးတစ်ယောက်ထိုင်နေကြတရ်။နောက်
အဲစုံတွဲကလည်းခပ်ကဲကဲဆိုတော့ လူကြားသူကြားမရှောင်ပလူး အဲ
ရှလူးနေကြတာပေါ့။
kgmalayကမောင် ချစ် ဒီနားနာတရ်ဆိုပီး လက်ဖမိုးလေးကိုထိုးပြလိုက်တရ်။
kglayကဟုတ်လားဆိုပီး လက်ဖမိုးလေးကိုရှလွတ်ဆိုပီးနမ်းလိုက်ရော နောက်
'ပျောက်သွားပီလား'ဆိုပီးပြန်မေးတော့ kgmalayကပျောက်သွားပီပေါ့။
kgmalay ကထပ်ပီးတော့ နံဖူးနာတရ်ဆိုပီး ပြောလိုက်တော့
kglayကထပ်ပီးရှလွတ်လိုက်ပြန်ရောထပ်ပီးပျောက်သွားပီလားမေးတော့
kgmalayကပျောက်သွားပီပေါ့။နောက်kgmalayကထပ်ပီးတော့
ပါးလေးနာတရ်ပြောပြန်ရော kglayကရှလွတ်လိုက်ရော....။ထုံးစံတိုင်း
ပျောက်သွားပီလား ပျောက်သွားပီပေါ့..။နောက်သူတို့ရှေ့မှာထိုင်နေတဲ့
အဖွားကြီးက အဲလိုရှလွတ်နေတဲ့ အတွဲကို မကြည့်ချင်လည်းမြင်နေရတာပေါ့။
အဲတော့ အဖွားကြီးက ပထမတော့အမှုမဲ့အမှတ်ဘဲနောက်တော့
တခုခုကိုအတွေးပေါက်သွားသလိုဖြစ်ပီး kglayကိုလှမ်းခေါ်လိုက်တရ်။ လူလေး
လူလေး....... အဲတော့kglay ကလှည့်ကြည့်လိုက်တော့ 'လူလေးရယ်
အဖွားကိုတစ်ခုလောက်ကူညီပါ' ဆိုပီးပြောတော့ kglayက 'အော
ုဟုတ်ကဲ့ကျွန်တော်ဘာကူညီရမလဲ' လို့ပြန်မေးလိုက်တရ်။ အဖွားကြီးက 'လူလေးရယ်
မင်းက တအားအစွမ်းထက်တာဘဲ မင်းနမ်းလိုက်တိုင်း နမ်းလိုက်တိုင်း
ရောဂါတွေကပျောက်ပျောက်သွားတရ် အဲတော့
အဖွားရဲ့ယောက်ျားလိပ်ခေါင်းရောဂါဖြစ်နေလို့ လာနမ်းပေးပါလားဟင်'
လို့ပြောလိုက်ရောတဲ့.............းP
ဒေါသထွက် ရန်ဖြစ်သည့်အခါတိုင်း ပန်းကန်တွေကို ပေါက်ခွဲတတ်သော
ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် အနှစ်၂၀ အရောက်တွင် ကွာရှင်းဖို့
ဆုံးဖြတ်လိုက်သည်။ မိတ်ဆွေများက ယောကျာ်းဖြစ်သူကို ဝိုင်းတားကြသည်။

“နှစ်ပေါင်းများစွာပေါင်းလာပြီး
မှ ဆက်ြပီးသည်းခံလိုက်ပါကွာ။ မင်းမိန်းမ
အကြောင်းလည်း သိနေတာပဲ။ ”
“မင်းတို့ဘာသိလို့တုန်းကွ။ ငါ့မိန်မက တစ်ဖြေးဖြေး လက်တည့်လာပြီ။ ”
ဘွ့ဲရပြီးခါစ ကျောင်းဆရာပေါက်စ အတွေ့ ကြုံလေးပါ ၊ သိကြတဲ့ အတိုင်း
ကျောင်းဆရာ ဖြစ်စဆိုရင် မြို့ ပေါ်တွေမှာ တာဝန်မကျပဲ .ဟိုအဝေး
နယ်စပ်တောင်ပေါ်ဒေသ တိုင်းရင်းသားရွာလေးမှာ တာဝန်ကျတာပေါ့.. ကျောင်းဆရာလေး
ရောက်တဲ့ရွာလေးက မြန်မာစကား သိပ်မပြောတတ်ကြဘူး ဒီလိုနဲ့  ရွာလေးရောက်တော့
ကျောင်းဆရာလေး ရွာက ကလေးတွေကို စာသင်ရတာပေါ့..အဲ့မှာ စပါလေရော..သူသင်ရတာ
၃ တန်း ၊ ၄ တန်း ကလေးတွေ စာသင်ပေးရတာ အခက်အခဲ မရှိပေမယ့် သူတို
့ကစကားပြောရင် ကြီးကြီး ငယ်ငယ် နင် နဲ့  ငါ နဲ့  အဲ့လိုပြောကြတာ..ဆရာလေး
နားမှာ ကြားရတာ တမျိုးဖြစ်နေတာပေါ့ စာနားမလည်လို့  ထ မေးရင်တောင် နင်
ခုနပြောတာ ငါ နားမလည်ဘူး ပြန်ပြော ဒီလို၊ဆရာလေးက စာထမေးတဲ့ ကလေးကို
ဆုံးမတာပေါ့ ...... ဒီလိုမပြောရဘူးတပည့် ရ ဆရာ ကျွန်တော် နားမလည်လို့ 
ဒါလေးပြန်ရှင်း ပြပါ အဲ့လို
ပြောရတယ်........ပြောတော့ ကျောင်းသားက ဘာပြန်ပြောတယ်မှတ်လဲ..အို့ 
နင်ပြောသလို ငါမပြောတတ်ဘူး ငါဒီလိုပဲ ပြောတတ်တယ် လို့ ပြန်ပြောတာ
ဆရာပေါက်စ ခုမှခက်ပြီ ..ဒီကိစ္စပြေ လည်ဖို့  ဘယ်လိုလုပ်ရပါ့မလဲ
..ဟုတ်ပြီကျောင်းသားရဲ့  မိဘတွေကို ဆုံးမခိုင်းရမယ် ဒါအကောင်းဆုံးပဲ
ဒီလိုနဲ့  ခုနကျောင်းသားကို မင်းမနက်ဖြန် ကျောင်းလာရင် ဆရာ့  ဆီကို
မင်းမိဘ ခေါ်ခဲ့ ကြားလား …ကျောင်းသားက အေး နင် တွေ့ ချင်ရင် ငါ
ခေါ်ခဲ့မယ်..ဒီလိုနဲ့ နောက်နေ့ ရောက်တော့ ဆရာလေးလဲ သူ့ စားပွဲမှာ
အလုပ်လုပ်နေတုန်း အခန်းဝကို မနေ့ က ကျောင်းသားလေး လူကြီးတစ်ယောက် ခေါ်ပြီ
ရောက်လာတယ် ကျောင်းသားက ဆရာကို ပြောလိုက်တဲ့ စကားကြောင့် ဆရာလေး ပါးစပ်
အဟောင်းသားနဲ့  ဘာပြန်ပြောလို့  ပြောရမှန်း မသိအောင်ကို
ဖြစ်သွားတယ်..ကျောင်းသား ဘယ်လိုပြောလိုက်တယ် မှတ်လဲ… သူပြောလိုက်ပုံက သူ
့ဘေးကသူကို လက်ညှိုးထိုးပြီ ဟေ့ကောင်ဆရာ….မင်းတွေ့ ချင်တဲ့…ငါ့အဖေဆိုတာ
ဒီကောင်ပဲ ကွ တဲ့ သေပြီဆရာ......... အဖေ တောင် ဒီကောင်လို့ ခေါ်တာ ငါ့ကို
မင်းနဲ့ ငါ ပြောတာ တော်သေးတာပေါ့.ဟဲ ဟဲ
မရေးတာကြာလို့ရေးလိုက်ဦးမယ်နော
်......ဟီးဟီး..

မြို့လေးတစ်မြို့မှာရှိတဲ့ ဘား ဆိုင်ထဲကိုလူစိမ်းတစ်ရောက်ဝင်လာတယ်ဗျ...
လူစိမ်းဆိုတော့လဲ ဆိုင်ထဲကလူတွေက ကျိတ်ရှိုးလေးရှိုးကြတာပေါ့
အဲ့ဒီလူက အေးဆေးအထာမျိုးနဲ့ ခုံမှာဝင်ထိုင်ပြီးတော့ အရက်မှာလိုက်တယ်...
''' ၀ီစကီ နှစ်ပတ် နှစ်ပတ် နှစ်ပတ်...သုံးခွက်ပေးပါ."""
ဆိုင်ရှင်ရော ဆိုင်ထဲကလူတွေပါ ဘာလဲဟ ဆိုပြီး ၀ိုင်းကြည့်တာပေါ့
အဲ့ဒီလူက ဘာမှ မပြောပဲနဲ့သူဟာသူသောက်စရာရှိတာသောက်ပြီးလစ်သွားတယ်
ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက်နေတော့ဆိုင်ရှင်က မနေနိုင်မထိုင်နိုင် စပ်စုပါလေရော
""" နေပါဦးဗျ...ခင်ဗျားက ၀ီစကီကို တစ်ခွက်ထဲသောက်ရင်လည်းရရဲ့သားနဲ
ဘာဖြစ်လို့ သုံးခွက် သုံးခွက် မှာမှာသောက်တာတုန်းဗျ"""
အရက်သမား ------ ဒီလိုဗျ..ကျွန်တော့်မှာအကိုနှစ်ယောက်ရှိတယ်ဗျ
ကျွန်တော့အကိုတွေကိုသိပ်လေးစားတာ...ဒါကြောင့် ကျွန်တော်ဂါရ၀ပြုတဲ့အနေနဲ့
သူတို့ဖို့
တစ်ခွက်စီ သောက်ပေးတာပါဗျာ...
ဆိုင်ရှင် ----- သြော်....ဟုတ်လား...&^$#$(&^%#@
နောက်တစ်ပတ်လောက်လဲနေရော...
အရက်သမား -- ၀ီစကီကို နှစ်ပတ် နှစ်ခွက်ပဲပေးပါတော့ဗျာ....
ဆိုင်ထဲကလူတွေရော..ဆိုင်ရှင်ပါ အံသြသွားတယ်...အားလုံးထင်ကြတာက သူ့အကိုတစ်ယောက်
ယောက်တော့ရှော(သေ)သွားပြီပေါ့
ဒါနဲ့ဆိုင်ရှင်က အရက်ခွက်သွားချရင်းနဲ့ "''
စိတ်မကောင်းစရာပါပဲဗျာ...ကျွန်တော်တို့ခင်ဗျားအကို
အတွက်ဝမ်းနည်းပါတယ်'''''''
အရက်သမား ----- အင်...ကျုပ်အကိုက ဘာဖြစ်နေလို့လဲဗျ
ဆိုင်ရှင် ----- ခင်ဗျားအကိုဆုံးသွားတာမဟုတ်ဘူးလား
အရက်သမား -- ဘာလို့ဆုံးရမှာလဲဗျ..အိမ်မှာအကောင်းကြီး....
ဆိုင်ရှင် -- နေပါဦးဗျာ..ဒါဆိုခင်ဗျားက ဘာလို့ဒီနေ့မှ ၀ီစကီကို
နှစ်ခွက်ပဲမှာရတာလဲ
နှစ်ခွက်ပဲမှာတော့ ကျုပ်က
ခင်ဗျားအကိုတစ်ယောက်ယောက်များတစ်ခုခုဖြစ်တာများလားလို့ပေါ့
အဲဒါကြောင့်မေးမိတာပါဗျာ.....
အရက်သမား ------ သြော်ဒါလား....ဟင်းဟင်း...ဒီလိုဗျ..ကျွန်တော်ကအရက်ဖြတ်လိုက်ပြီလေ..
ဒီသောက်နေတဲ့ခွက်တွေက ကျွန်တော့အကိုတွေအစားသောက်ပေးနေတာပါတဲ့ ကဲ...။

မြန်မာဟာသမှ ယမကာ ချစ်သူများအား ဂုဏ်ပြုလျှက်...........။
တစ်နေ့ ရွာဘုရားပွဲတွင် ဟောဒီမှာကြည့်မေလိ၊ ကျပ်မပြည့်မတ်စိ၊
ရာစုနှစ်အလှရှင်တီကေ နှင့် ဖြုတ်စူးတို့ ကာရာအိုကေသွားဆိုကြတယ်။ အဲဒီမှာ
မေလိ၊ မတ်စိ နဲ့ တီကေတို့က အန်းဒိတ်တွေပီပီ
ထွန်းအိန္ဒြာဗိုလ်သီချင်းတွေကို ဆိုတယ်။ ဒီတော့ ဖြုတ်စူးကလဲ အားကျမခံ
သူတို့နဲ့အတူလိုက်ဆိုမယ်ပေါ့။ သူ့အလှည့်ရောက်တော့
1999(နိုင့်တီနိုင့်တိနိုင်း) ဆိုတဲ့သီချင်းကျရော။ သူကလဲ စာသားက မရ။
မရဘူးလို့ပြောရင်လဲ အရှက်က ကွဲဦးမယ်။ ဒီတော့ အားကျမခံ
အောက်ကစာသားလိုက်ကြည့်ပြီး ဆိုမယ်ပေါ့။
အစကတော့ ချောနေတာပဲ။ အဲ… “1999… ကိုယ်ကိုယ်ရေ အတူတူနေမယ်…”
ဆိုတဲ့အပိုဒ်လဲရောက်ရော အားရပါးရဆိုလိုက်ပုံက
“ထောင့်ကိုးရာ့ကိုးဆယ့်ကိုး… ကိုယ်ကိုယ်ရေ အတူတူနေမယ်”…
#နဂါးကလေး
comments

မြန်မာ့ဟာသများစုစည်းမှု (၁)

မသိလို့ကိုင်မိတာပါ..

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက် ငယ်သူတို့ဘာဝ ချစ်သူရည်းစား
အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံ နေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး
သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့နေကြတယ်။
သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ
အပြင်အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်
လာခဲ့ပါလေရော။
ခက်ပြီ။

အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေတော့ လေများ
လည်မိလိုက်ရင် မဟာအရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင် အတင်း
အောင့်ထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း
ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက
“အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့
ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။

အဲလို လုပ်လိုက်မိတာနဲ့ပဲ မိန်းမပျိုမှာ လေကို အောင့်ထားလို့ မရတော့ဘဲ
ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ ထွက်ကျသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို
ဖြစ်သွားတယ်။ ချစ်သူ ကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ပြီး
ပျာပျာသလဲ ချော့မော့ တောင်းပန်လိုက်တာက
“အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိ လိုက်တာပါ။ ကိုယ့်ကို
ခွင့်လွှတ်ပါကွာ။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။
(ကူးယူတင်ပြသည်)

သူဘယ်မှာလဲ….

ကိုလှ – ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ ဘာဖြစ်နေတာလဲဗျ။

ကိုမြ – သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်း တစ်ယောက်လောက် ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ – ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့က ကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့ မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ – ဟာ…အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ
(ကူးယူတင်ပြသည်)

..............................
.....................................

" ဘာသာတရားကိုင်းရှိုင်းသူ..."

တက္ကသိုလ်ပထမနှစ်တွင် လူတွေ့စာမေးပွဲ မှပြန်လာတဲ့
သားမောင်လှိုင်ထွန်းကို
မိဘများဖြစ်ကြတဲ့ကိုအေးမောင်နဲ့မနန်းဖောင်းတို့က
စိတ်ဝင်တစားဝိုင်းမေးကြတယ်။

" ဘဲ့နဲ့လဲ...
သား
ဖြေနိုင်ရဲ့လား"

သားဖြစ်သူ မောင်လှိုင်ထွန်း
ပြန်ပြောလိုက်တာက...

"မဆိုးပါဘူး။
ဒါပေမယ့် မေးတဲ့ပါမောက္ခက တစ်မျိုးကြီးပဲ။
ဘာသာတရားအတော်ကိုင်းရှိုင်းပုံပေါက်တယ်။
သူ့မေးခွန်းကို သားက ဖြေလိုက်တိုင်း
မျက်လုံးကို အပေါ်လှန်ပြီး
"ဘုရား၊ ဘုရား"
လို့ အမြဲတမ်းပြောတယ်"

................................................................

သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပဲ..."

နိုင်ငံခြား သဘောင်္ပေါ်က အဖြစ်အပျက်ပါ။
တနင်္ဂင်္နွေနေ့မှာ သဘောင်္သားအများစု အားကြတယ်။
မြန်မာနိုင်ငံက သဘောင်္သားအများစုက ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတယ်။
အရက်လေးဝင်လာပြီဆိုရင် စကားလည်းများကြတယ်။ ငြင်းလာကြတယ်။ွ
ကျနော်တာဝန်က E.Oပါ။ကျနော်ကို အများက ဓါတ်ကြိုးကြီး လို့ခေါ်ကြတယ်။
ဒီနေ့မှာတော့ ကျနော် အရက်သောက်ချင်စိတ်မရှိတဲ့အတွက်
အနားမှာရှိတဲ့ကုတင်တစ်လုံးမှာ မဂ္ဂဇင်းတစ်အုပ်ကို လှဲပြီး ဖတ်နေတယ်။

သန်းအေးဆိုတဲ့အကောင်က
" ငါ့ကို ဘာကောင်မှတ်သလဲ၊
ငါနေတဲ့အရပ်ကို ပြောပြလိုက်ရင် မင်းတို့တွေ ဖြုံသွားမယ်။ "

" ကဲ...ပြောစမ်းပါအုန်း၊
မင်းဆိုတဲ့အကောင်က ဘယ် ကလာတာလဲ ပြောစမ်းပါအုန်း၊"
လို့ စိန်သန်းကမေးလိုက်တယ်။
ကိုသန်းအေးက" ငါက ဗိုလ်တထောင် ကလာတာကွ ။"
လို့ရင်ကော့ပြီးပြောလိုက်ပါတယ်။
" ဗိုလ်တထောင်ဆို ပျင်းတောင်ပျင်းသေးတယ်။
ငါက ကိုယ့်မင်းကိုယ်ချင်းလမ်း ကလာတာကွ"
လို့ စိန်သန်းကပြောလိုက်ပါ တယ်။

တင်ဝင်းက
" မင်းတို့လောက်တော့ အီစပျော့ပဲ။
ငါက မင်းမနိုင်ရပ်ကွက် ကလာတာကွ "
လို့ပြောလိုက်ပါတယ်။
သူတို့တွေ စကားနိုင်လုနေတာကို ကြားရတော့ ကျနော်ပြုံးမိပါတယ်။

သူတို့တွေ ဘာဆက်ပြောရမှန်း မသိတော့ ကျနော်ဖက် လှည့်လာပါတယ်။
" ဓါတ်ကြိုးကြီး ဘယ်ကလာတာလဲ "
လို့မေးလိုက်ပါတယ်။
ကျနော်က ဖတ်လက်စ စာအုပ်ကို လက်ကြားညှပ်ပြီး ပြန်ပြောလိုက်တာက
" တောင်ကြီးက....။"
သူတို့အားလုံး အသံတိတ်သွားကြတယ်။

................................................................

“ ရင်ခုန်သံနည်းနည်းမြန်တယ်…”

အဖေဖြစ်သူကိုလှမြင့်ဟာ

၁၇-နှစ်အရွယ်

သမီးငယ် ဘေဘီ

ကို ဘေးတွင်ထိုင်စေကာ

ကားမောင်းလာတယ်။

တစ်နေရာမှာ ဂျင်းဘောင်ဘီဝတ်

ဆံပင်ရှည်ရှည်လူတစ်ယောက်ကို

နောက်ဖက်မှ တွေ့တယ်။

အဖေက သမီး ကိုမေးတယ်။

“ သမီး၊

အခုတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့လူဟာ

ယောက်ျားလေးလား၊

မိန်းကလေးလား ”

“ ယောက်ျားလေးပါ ဖေဖေ ”

“ သမီး ဘယ်လိုလုပ်သိသလဲ ”

“ သမီး ရင်ခုန်သံနည်းနည်းမြန်သွားလို့ပါ ဖေဖေ ”

..................................................................

မော်တော်ပီကယ်ဆိုရင် လူအမြင်ကပ်ပြီးသား လူတန်းစားလို့
အားလုံးကထင်ကြတယ်....ကျွန်တော်လား

အမြင်မကပ်ပါဘူးဗျာ....တခါတလေဆွဲထိုးချင်တာလောက်ပါပဲ....ကိုယ်ချင်းစာတတ်တဲ့
မှန်မှန်ကန်ကန်နေတဲ့ လူလဲ

ရှိသင့်သလောက်တော့ရှိမှာပေါ့....လူတွေဒီလောက်များတဲ့ လောကမှာတောင်
လူကောင်းဆိုတာအတော်ရှားတယ်

မဟုတ်လား....

မော်တော်ပီကယ်ကို ဘယ်လောက်အမြင်ကပ်ကြသလဲဆို
နိုင်ငံတကာသိပဲဗျ...ကင်မ်ချီတွေပေါ့ဗျာ...

ကင်မ်ချီဆိုတာသိတယ်မဟုတ်လား...ကမ္ဘာကျော် ချဉ်ဖတ် လေ...အနောက်တိုင်းဟာသတခု
ဖတ်ဖူးတာပဲ....

ကားတိုက်လို့သေခါနီး ခွေးကဆုတောင်းတာ...နောင်ဘ၀ ကားသမားတွေကို
အနိုင်ရတဲ့သူ ဖြစ်ပါရစေ ဆိုတာ

မော်တော်ပီကယ်ကြီးဖြစ်သွားရောဆိုပဲ...အော်...လက်စသတ်တော့...မော်တော်ပီကယ်ဆိုတာ...ခွေးဝင်စားတွေကိုး...

ထားပါတော့လေ...ဘယ်သူတွေဘယ်လောက်မုန်းမုန်း....ကျွန်တော်ကတော့ မမုန်းပါဘူး....

အရင်ကဆို ကျွန်တော်တို့မြို့မှာ မော်တော်ပီကယ်ဆိုတာ
စစရာအရုပ်ဗျ...တခါတလေများပျင်းရင် မီးပွိုင့်က

မော်တော်ပီကယ်ကို ဆိုင်ကယ်နဲ့ အလကားနေရင်း အော်ဆဲပြီး
မောင်းပြေးချင်ပြေးတတ်တာကိုး...

တကယ်ပြောတာပါ....အတော်ချစ်စရာကောင်းတဲ့ မော်တော်ပီကယ်တယောက်နဲ့ တွေ့ဘူးတယ်ဗျ...

လက်ဖက်ရည်ဖိုးလုံးဝ မတောင်းတတ်ဘူးဗျာ....အံ့ရော...

.......................................

တနေ့ကပေါ့ ကိစ္စတခုနဲ့ ပြန်အလာမှာ ခရာမှုတ်သံကြားလို့ ရပ်ပေးလိုက်တော့
ယာဉ်ထိန်းရဲကလှမ်းခေါ်တယ်

ခင်ဗျားဘာလို့ မီးနီဖြတ်မောင်းတာလဲတဲ့......ကျွန်တော်မောင်းလာတာ ညာဘက်
ဖရီးကြောကြီးဗျ...သူနီနေတာက အလယ်ကြော

အလွတ်ကြီးလေ....ဒါပေမယ့် အဲဒီဖရီးကြောကို အကွေ့မှာ ပိတ်ပြီး လမ်းပေါ်က
မျဉ်းဝါတွေကိုဆေးသုတ် နေတဲ့အဖွဲ့ရှိတယ်ဗျ...

ဒါနဲ့သူတို့ကိုရှောင်လိုက်တာ အလယ်ကြောက ပတ်တက်ပြီးမီးနီကျော်သလို ဖြစ်တာပေါ့ဗျာ...

မဖြတ်ပါဘူး ကျုပ်ဖရီးကြော ပေါ်ကမောင်းလာတာပဲဆိုတော့...ခင်ဗျား
အလယ်ကြောကဖြတ်တက်တယ်လေတဲ့....

မတက်လို့ ဘယ်ရမလဲ လမ်းပိတ်ထားတာကိုးဆိုတော့....ပိတ်ထားရင်
ရပ်စောင့်ချင်စောင့်ပေါ့...မစောင့်ချင် အဲဒီလူတွေ

အကုန်တိုက်ချသွားတဲ့....ဒါဆိုအမှုမဖြစ်ဘူးလားဆိုတော့......ဖြစ်တယ်လေတဲ့....တိုက်မှုပေါ့တဲ့.....အတော်ဆိုးတဲ့ကောင်

ဒါနဲ့ လိုင်စင်ပေးဝှီးတက်ပေးလုပ်တယ်ပေါ့ဗျာ.....ကျွန်တော်လဲမပေးချင်လို့
ကပ်ညှိတယ်....

ပွိုင့်မှာက သူတယောက်ထဲ

ချလံမဖြတ်နေပါနဲ့ဗျာ...ကျုပ်ဘယ်လိုလုပ်ပေးစေချင်လဲဆိုတော့.....

ခင်ဗျားတို့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းနားလည်ရမယ်

ဘာညာနဲ့ သြ၀ါဒချွေတော်မူရောဗျ.....

ဟိုမှာအလုပ်လုပ်နေတာတွေ့လား....အဲဒီလူတွေဘာလုပ်နေတာထင်လဲတဲ့....

ကတ္တရာလမ်းကိုဆေးသုတ်နေတာလေ ဆိုတော့....အဲဒါတွေခင်ဗျားတို့ခက်တာပဲ.....

အဲဒါသတ်မှတ်လိုင်း မျဉ်းသားနေတယ်လို့
ခေါ်တယ်ဗျ....သတ်မှတ်လိုင်းဆိုတာဘာလဲသိလားတဲ့.....

မသိဘူးလေဗျာ....လုပ်စမ်းပါ...ကျုပ်အချိန်မရလို့
အဆင်ပြေအောင်ဘာလုပ်ပေးရမလဲ....ဆိုတော့

ခင်ဗျား လိုင်စင်ရှိရက်နဲ့ လမ်းစည်းကမ်းမလိုက်နာဘူး
....လမ်းစည်းကမ်းမသိရင် လမ်းပေါ်မတက်နဲ့ တဲ့

ခင်ဗျား လိုင်စင်လုပ်တော့ရေးဖြေ မဖြေရဘူးလားတဲ့.....

မဖြေရပါဘူး....ကညနကကောင်တကောင်ကို ငါးထောင်ပေးလိုက်
ခင်ဗျားဘယ်နှစ်ခုလိုချင်လဲ တန်းရတယ်လို့

ဟုတ်တယ်လေ သောက်မြင်ကကပ်လာတော့ ဘုကပြောမိရော...

ဘယ်ကောင့်ကိုပေးရတာလဲ ....ဒီကိစ္စမျိုးလုံးဝမရှိဘူးဘာညာနဲ့ လဒကလျှာရှည်တာ
အတော်ကြာတယ်ဗျာ...

ဒါနဲ့မြန်မြန်ပြတ်အောင်......ကဲ...ကဲ....ချလံသာမြန်မြန်ဖြတ်တော့ဗျာ
ဆိုတော့...သူ့တင်းကုပ်လေးထဲ ၀င်သွားတယ်

ပြန်ထွက်လာတယ် ဘောက်ချာတထပ်ကြီးနဲ့.......ဟောဒီမှာတွေ့လား
ဒီနေ့ဖမ်းထားတာတဲ့.....ကျုပ်လိုကောင်တွေချည်းပဲ

နေမှာပေါ့ ထောင်ဖမ်းထားတာ...မအေပေး....

အဲဒါနဲ့ ဘောက်ချာတွေလှန်တယ် ပြည့်နေတယ်....နောက်တအုပ်
....မလွတ်ဘူး....နောက်တအုပ်.....

ကံများကောင်းချင်တော့......ကျွန်တော့်ကိုဖမ်းဖို့ ချလံဖြတ်စရာ
စာရွက်မကျန်ဘူးဗျ.....

ကဲ.....စာရွက်မရှိရင်လဲ ဖြတ်မနေပါနဲ့ဗျာဆိုတော့....

မရဘူးလေ.....အရေးယူတာက ယူရမှာပဲတဲ့.....ဘောက်ချာနောက်ကျောမှာ ရေးမယ်ပြင်တယ်....

ဟာ.......ခင်ဗျားကလဲ....အဲလောက်ကြီးခဲရာ
ခဲဆစ်တွေလုပ်မနေပါနဲ့ဗျာ......လုပ်ပါ ခင်ဗျားလဲချလံရေးစရာမရှိဘူး

ကျုပ်လဲ ရုံးသွားရွေးရင် နှစ်သောင်းကျော်ကုန်မယ်....ဒီတော့
ခင်ဗျားကိုဘယ်လောက်ပေးစေချင်လဲ....ဒီနားတင်ဖြတ်

လိုက်ရအောင်ဆိုတော့.....

ဘာလဲဗျ.....လာဘ်ထိုးတာလား တဲ့.....

မဟုတ်ပါဘူးဗျာ ခင်ဗျားရုပ်ကြည့်ရတာ လာဘ်ပေးလာဘ်ယူလုပ်တတ်တဲ့
....အကျင့်ပျက်ဝန်ထမ်း မဟုတ်မှန်းသိပါတယ်

ခင်လို့ လက်ဖက်ရည်ဖိုးပေးတယ် သဘောထားဗျာ....အချိန်မရလို့ပါ....ဆိုပြီး
အိပ်ထဲကနှိုက်တော့ငါးထောင်တန်နှစ်ရွက်

ပါလာတယ်.....

ငနဲကလှမ်းကြည့်ပြီး.....ဒါလက်ဖက်ရည်ချိန်မဟုတ်ဘူးဗျ.....ထမင်းစားချိန်...တဲ့....

အေးပါဗျာ ရော့....ထမင်းဖိုးပေါ့ဗျာ....ဘီယာပါသောက်ချင်သောက်ဆိုတော့.......

လက်ကာပြပြီး.....စာအုပ်ကြားထဲညှပ်ထားခဲ့လိုက်....ဆိုပြီး ဆရာကြီးအထာနဲ့
ကော့ပက် ကော့ပက်နဲ့ လမ်းပေါ်ပြန်

ထွက်သွားတယ်.....

ဒါနဲ့ .....ငါးထောင်တန်လေး ညှပ်ထားခဲ့မယ် ကြံပြီးမှ ....သောက်မြင်ကပ်တာနဲ့.....

နှစ်ရာတန်လေးတရွက် ညှပ်ထားခဲ့တယ်.....မှတ်ရော......

ဒါတောင် ငါးကျပ်တန် တဆယ်တန်က ပါမလာလို့ပေါ့ဗျာ.........

တကယ်ပါ လက်ဖက်ရည်ဖိုး မတောင်းတဲ့ မော်တော်ပီကယ်နဲ့ တကယ်ကိုတွေ့ခဲ့ဘူး ပါတယ်.......
Edit by #နဂါးကလေး
comments

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...(78) ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ

၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၎။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့...
၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...
၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...
၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...
၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...
၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...
၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...
၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...
၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့...
၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...
၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...
၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...
၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...
၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...
၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....
၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...
၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...
၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...
၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...
၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပ
၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..
၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...
၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...
၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...
၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ...
၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...
၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....
၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...
၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ...
၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...
၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့...
၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....
၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...
၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....
၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...
၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...
၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...
၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...
၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...
၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...
၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...
၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...
၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...
၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...
၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...
၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....
၅၆။ သူမကို ယုံကြည်ပေးပါ...
၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ...
၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....
၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...
၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...
၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...
၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...
၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...
၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...
၆၆။ သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို ရွေးချယ်ပါစေ...
၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....
၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ...
၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...
၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...
၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...
၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...
၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...
၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့ အဆင်သင့်ပြင်ထားပေးပါ...
၇၆။ သူမ အိပ်ရာမထချင်ဘူးဆိုရင်...မနက်စာကို ကိုယ်တိုင် ခွံ့ကျွေးပါ...
၇၇။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...
၇၈။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...
------------------------------
#နဂါးကလေး
comments

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်။ (Ten Warning Signs of Paralysis)

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍
တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sl**p)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)
အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။ လက်ညှိုး၊
လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ.....
comments

ဗောင်းဗီကျွတ်တွားတာတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးကို ကျိတ်နာဒယ်”

တခါက ရွာတရွာမှာ ချစ်ချစ်ဆိုတဲ့လူတယောက်ရှိတယ်။ ဗိုလ်ရှစ်မောင်က
ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ
တရှက်ပဲချပ်မှန်ပီးအကုန်ရှော်သွားတယ်ဆိုတဲ့ “ရှ” နဲ့ “ချ”
ကိုတလွဲသုံးပြောတဲ့လယ်ဝေးသားတွေအပြောနဲ့ဆိုယင် ရှစ်ရှစ်ပေါ့။ ရှစ်ရှစ်
အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ
အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော
ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင်ဝေဖန်ပိုင်းခြားခြင်း
ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။

စိတ်ရောဂါဆန်ဆန်တခုကြောင့်ဒီလိုဖြစ်နေတာပဲ။ ဒီအချက်ကိုတော့
နီးစပ်ရာလူတချို့ပဲသိတယ်။ နာမည်ရင်းကတော့ ဘချစ်တဲ့။ တကယ်တော့ သူ့ရဲ့အဆင်း
အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့အရည်အချင်းတွေ
အပြင်ရပ်ကျိုးရွာကျိုးကိုလည်းတတ်စွမ်းသလောက်စေတနာကောင်းကောင်းနဲ့အားကျိုးမာန်တက်ဆောင်ရွက်တတ်တာကြောင့်
“ဘ”တင်မက ဘွားကော၊ ဦးကော ဒေါ်ပါမကျန်တရွာလုံးကဝိုင်းချစ်ကြ
ဦးစားပေကြရတဲ့ ရွာ့မင်းသား ရွာ့မျက်ရှုပေါ့။ ဒါကြောင့်လည်းချစ်စနိုးနဲ့
ဘချစ်ကို ချစ်ချစ်လို့ အဖျားဆွတ်ခေါ်နေကြတာပဲ။ ရှစ်ရှစ် အဲလေ
ချစ်ချစ်ဟာတနေ့မှာ
ရွာကိုတိုးတက်ကြီးပွားအောင်လုပ်ပေးနိုင်လိမ့်မယ်လို့လဲမျှော်လင့်ကြတယ်။
ဒါပေမယ့်အထက်မှာပြောခဲ့သလို စိတ်ရောဂါဆန်ဆန်အကျင့်တခုကရှိနေတယ်။
သူ့သဘောကနေရာတကာမှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိစေချင်တယ်
ဖြစ်စေချင်တယ်။ ပွင့်လင်းရောဂါပေါ့။ ဒါကြောင့်အပိတ်အဆို့တွေ
အတားအဆီးတွေလို့ထင်တဲ့ တံခါးမှန်တွေတွေ့ယင် သားရေကြိုးတချောင်းနဲ့
ရိုက်မခွဲပဲမနေနိုင်ဘူး။ သူ့စိတ်အထင်က ဒီမှန်တံခါးတွေမရှိယင်
လွတ်လပ်သွားမယ် ပွင့်လင်းသွာမယ်ထင်နေတာ။ ဒီတံခါးတွေဘာ့ကြောင့်ရှိနေတာ
ဘယ်လိုရှိနေတာကိုသူမသိဘူး။ အစပိုင်းတော့ဒီရောဂါက သိပ်မဆိုးဘူး။
ကွဲသွားတဲ့မှန်တွေအတွက် ငှက်ပစ်ယင်းချော်သွားလို့ပါလို့
ဆင်ခြေပေးတန်တာပေး၊ လျော်တန်တာလျော်နဲ့
ရောဂါကိုလူမသိအောင်ဖုံးဖိနိုင်သေးတယ်။ နောက်ပိုင်းအခြေနေတွေဆိုးလာတော့
ဆင်ခြေပေးဖို့ခက်လာတယ်။ ဖုံးဖိဖို့ခက်လာတယ်။
ဒါကြောင့်နီးစပ်ရာတွေက ဆေးကုမှဖြစ်တော့မယ်ဆိုပြီး
စိတ်ကုဆရာဝန်ရှိရာမြို့ကိုခေါ်လာကြတယ်။ မြို့ဆေးခန်းရောက်တော့
ထုံးစံအတိုင်းတန်းစီ တိုကင်ပြားယူ ကိုယ့်အလှည့်စောင့်ပေါ့။
ကိုယ့်အလှည့်ရောက်တော့ ရှစ်ရှစ် ဆိုပြီးခေါ်လာတယ်။
ကုလားဆရာဝန်ကလဲစကားမပီတော့ ချစ်ချစ်ကို ရှစ်ရှစ်လို့ပဲခေါ်တာပေါ့။
ဒါနဲ့အဖော်တယောက်နဲ့ဆရာဝန်အခန်းကိုဝင်သွားကြတယ်။
အထဲရောက်တော့ပါလာတဲ့အဖော်ကဖြစ်ကြောင်းရယ်ကုန်စင်
ချစ်ချစ်ရဲ့ရောဂါအခြေနေကိုပြောပြတယ်။ ချစ်ချစ်ကတော့ ဘေးနားကနေဘာမှ
မဟုတ်ပဲ ဒီလူတွေရောဂါမဟုတ်တာကို ရောဂါလုပ်နေတယ်၊ သူကတော့ပုံမှန်အေးဆေးပဲ၊
ဒီလူတွေစိတ်ချမ်းသာဖို့
လုပ်ချင်တာလုပ်ပြောချင်တာပြောလိုက်လျောပေးနေတာဆိုတဲ့အပေါက်နဲ့နားထောင်နေတယ်။
အဖော်ပါတဲ့သူကအကျိုးအကြောင်းစုံကိုပြောပြီးတာနဲ့ ဆရာဝန်က
ကျုပ်ချစ်ချစ်နဲ့နှစ်ယောက်တည်းဆွေးနွေးစရာရှိတယ်ဆိုပြီးအဖော်ပါလာတဲ့သူကိုအခန်ပြင်ထွက်ခိုင်းလိုက်တယ်။
နှစ်ယောက်တည်းရှိတဲ့အခါ ဆရာဝန်က ချစ်ချစ်ကိုမေးတယ်။
“ဒီလူပြောတာတွေဘယ်လိုလဲ”
“အလကားပါဗျာ ဒီလူတွေကကျုပ်ကို အစိုးရိမ်လွန်ပြီးပေါက်နေကြတာ “
“မှန်တွေကိုသားရေကြိုးနဲ့ခွဲပစ်နေတာကြတော့ကော”
“ဒါကတော့ဟုတ်ပါတယ်၊ ဟုတ်တယ်လေဗျာ
ဒီတံခါးတွေမှန်တွေရဲ့သဘောကအပိတ်အဆို့တွေ၊ အချုပ်အနှောင်တွေ၊ ဒါတွေမရှိမှ
လွတ်လပ်လာမယ် ပွင့်လင်းလာမယ် ဒါကြောင့်ကျနော်ကခွဲပစ်နေရတာ”
“မှန်တာပေါ့၊ ပွင်းလင်းလာဖို့က ဒီတံခါးတွေမရှိမှဖြစ်မှာပေါ့ “
“ဆရာက သဘောပေါက်လွယ်တယ်၊ ကျနော့ရွာကလူတွေကတော့ မနိပ်ပါဘူး၊
အာပေါက်အောင်ရှင်းပြလဲသဘောကမပေါက်ကြဘူး ကျနော့တောင် အရူးထင်နေကြတယ်”
“ဟုတ်တာပေါ့ ရှစ်ရှစ်ရာ၊ သူတို့ကစာမှသိပ်မတတ်ကြပဲ။ ဒါနဲ့ ဒီတံခါးတွေ
ဘာကြောင့်ဖြစ်လာတယ် ဘယ်လိုရှိနေတယ်ဆိုတာကိုစဉ်းစားကြည့်ပါအုံး”
“ဒါတွေစဉ်းစားနေယင်အချိန်တာပဲ အဖတ်တင်မယ်၊
လက်တွေ့လုပ်နိုင်တာအယင်လုပ်ရမှာပဲ။ ကျုပ်ကစိတ်ကူးယင်သမားမဟုတ်ဖူးဗျ။
ဒီရွာသားတွေနဲ့တော့ခက်တယ်ဗျာ၊ သူတို့လွတ်လပ်ပွင့်လင်းဖို့အတွက
ဒီတံခါးတွေ မှန်တွေကို ရိုက်ခွဲရမယ်ဆိုတာနားမလည်ကြဘူး၊
ဒါကြောင့်ကျုပ်ကစေတနာနဲ့ဒိုင်ခံရိုက်ခွဲပေးနေရတာ။
ကျုပ်စေတနာတွေဘယ်လောက်ကြီးမားပြင်းထန်နေသလဲဆို မှန်တံခါးနဲ့
သားရေကြိုးတွေ့ယင် နေကို မနေနိုင်ဘူးရိုက်ခွဲလိုက်ရမှ ဆရာရဲ့၊
ဆရာလဲရွာသားတွေကိုလွတ်လပ်ပွင့်လင်းစေချင်ယင် ကျနော်နဲ့ပူးပေါင်းပါ”
“ကောင်းပါပြီ ရှစ်ရှစ်ရယ်၊ ဒါနဲ့စကားမစပ်တခုမေးမယ်”
“မေးပါဆရာ၊ ဆရာ မရှင်းတာတွေ နားမလည်တာတွေ အကုန်ကျနော်ရှင်းပြပေးပါ့မယ်။
ကျနော်ကပွင့်လင်းမှကြိုက်တယ်”
“ဒီလိုဗျာ ရှစ်ရှစ်.. အကျော်အမော် အချောအလှမော်ဒယ်လေးတယောက်နဲ့ ခင်ဗျား
နှစ်ယောက်တည်း မှန်လုံခန်းကြီးထဲမှာရှိနေတယ်၊ မော်ဒယ်လေးကလဲ ခင်ဗျားကို
ရွှန်းလဲ့တဲ့မျက်လုံးရွဲကြီးတွေနဲ့ ဖိတ်ခေါ်သလိုကြည်နေမယ်ဆိုယင်
ခင်ဗျားဘာလုပ်မလဲ”
“ဟာဗျာဆရာကလဲ သိသားနဲ့မေးနေရတယ် ဟဲဟဲ”
“ပြောပါအုံး ခင်ဗျားဘာလုပ်မလဲ ဆွေးနွေးတဲ့သဘောပေါ့”
“ဟဲ ဟဲဆရာကလဲ..ပထမဆုံး ဟေ့ အလှလေး..ရုပ်ကလေးကလှသလို
မင်းရဲ့နာမည်လေးကလဲလှမယ်ဆိုတာကိုယ်သိပါတယ်၊
မင်းရဲ့နာမည်လှလှလေးကဘာများပါလိမ့်..ဆိုပြီးသူနားကပ်ထိုင်လိုက်မယ်ဆရာ”
“နောက်ပြီးတော့ကော” “ သူ့လက်ကလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော”“ပါးလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “အင်္ကျီကိုချွတ်မယ်ဆရာ”
“ပြီးတော့ကော”“အောက်ခံအင်္ကျီကိုလဲချွတ်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “ထမိန်ကိုချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီကို ချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီက သားရေကြိုးကိုထုတ်ပြီး
ဘေးကမှန်တွေကိုခွဲပစ်မယ်ဆရာ” လဲဆိုရော ကုလားဆရာဝန်လဲ သူ့နဖူးသူလက်နဲ့
အားကုန်ရိုက်ပြီးရေရွတ်လိုက်တာက “ ဟရေး
ဘားဗရေး..ဗောင်းဗီကျွတ်တွားဒါတောင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးဂို
ကျိတ်နာဒယ်”
#နဂါးကလေး
comments

မြို့ရိုးလေးနဲ့ မြို့ကလေး

 မြို့လေးကို မြို့ရိုးလေးက ခြံစည်းရိုးခတ်သလို ခတ်ထားတယ်။ မြို့လေးမှာ စမ်းချောင်းရှိတယ်။ သစ်ပင်တွေ ရှိတယ်။ မြစ်တစ်စင်းနဲ့ အင်းတစ်ခုလည်း ရှိတယ်။ အဲဒီ မြစ်နဲ့ အင်းထဲမှာငါးတွေရှိ တယ်။ ပြီးတော့ မြို့လေးမှာ အတော်အတန် ကျယ်ဝန်းတဲ့ မြက်ခင်းပြင်ကြီးရှိတယ်။ မြို့လေးမှာ နေထိုင် သူတွေဟာ စပါးနဲ့ ဟင်းသီးဟင်းရွက် အစုံကို စိုက်ပျိုးကြတယ်။
ပြီးတော့ ငါးမျှားကြတယ်။ အဲဒီမြို့လေးဟာ မိုးတစိမ့်စိမ့် အမြဲရွာနေတတ်တယ်။ ဆောင်းညဘက်ဆို အေးချမ်းလွန်းလို့ လူတွေဟာ မီးပုံပွဲတွေ လုပ်ကြတယ်။ မီးပုံပွဲမှာ သီချင်းတွေ ဆိုကြတယ်။ အဲဒီ သီချင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သံစဉ် သီချင်းတွေပေါ့။

အဲဒီ အထိ အဆင်ပြေပါတယ်။

ခက်သွားတာက တစ်ရက်မှာပေါ့။

မြို့လေးရဲ့ မြို့ရိုးတစ်နေရာမှာ အပေါက်အပြဲတစ်ခု ရှိနေတယ်။ အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ အဲဒီအပေါက်ကနေ တစ်ရက် လူတစ်ဦး ၀င်လာတယ်။ သူ့ပုံစံက အရာအားလုံးကို မေ့မျှောနေတဲ့ ပုံစံမျိုး။ သူလမ်းလျှောက်ပြီး ၀င်လာတာက လေထဲမှာ လွှင့်နေသလိုမျိုး။ မြို့သူ၊ မြို့သားတွေက သူစိမ်းတစ်ယောက်ကို တွေ့တော့ သူစိမ်းတစ်ယောက်မှန်း ချက်ချင်း သိကြတယ်။ အချင်းချင်း လက်တို့ကြတယ်။ မေးငေါ့ကြတယ်။ ဘယ်သူလဲ။ ဘယ်ဝှာလဲ။ ဘယ်က ရောက်လာတာလဲ။ မြို့ရိုးတစ်နေရာရာမှာ အပေါက်အပြဲတစ်ခုတော့ ရှိနေပြီဆိုတာ အားလုံး နားလည်လိုက်ကြတယ်။

သူစိမ်းကတော့ ဘာကိုမှ ဂရုပြုမိပုံမပေါ်။ တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက်နေတယ်။ သူဘယ်ကို သွားမှာလဲ။ ဘယ်က လာတာလဲ။ သို့လော၊ သို့လော တွေးနေကြပြီ။ အဲဒီ သတင်းဟာ ချက်ချင်း မြို့ဝန်မင်းဆီ ရောက်သွားတယ်။

“ဘာကွ
သူစိမ်းတစ်ယောက် ရောက်နေတယ် ဟုတ်လား”

မြို့ဝန်မင်းဟာ ချက်ချင်းဆိုသလို အံသြထိတ်လန့်သွားတယ်။

“မြို့ရိုးကို စစ်ဆေးတဲ့ လူတွေ လာစမ်း”

စစ်ဆေးရေးနဲ့ ကာကွယ်ရေး ၀န်ထမ်းတွေ ခေါင်းငုံနေကြတယ်။ သူတို့ဟာ မနေ့ညက မီးပုံပွဲမှာ အရက်အလွန်အကျွံသောက်ပြီး မြို့ရိုးကို မစစ်ဆေးခဲ့ကြဘူး။ မကာကွယ်ခဲ့ကြဘူး။ မစောင့်ရှောက်ခဲ့ကြဘူး။ သူတို့မှာ အပြစ်ရှိနေတယ်။ သူတို့အားလုံး မြို့ဝန်မင်းကို ကြောက်နေကြတယ်။
မြို့လေးမှာ အဲဒီသတင်းဟာ နေရာအနှံ့ ရောက်ရှိသွားပြီ။

“ဘာ…
သူစိမ်းတစ်ယောက် ဟုတ်လား”
“ဖမ်းမယ်ကွာ”
“အေး.. သတ်ပစ်မယ်ကွာ”
“မလုပ်ပါနဲ့ … ဘယ်သူ ဘယ်ဝှာ စုံစမ်းပါဦး”

အားလုံးဟာ ကိုယ့် ထင်ရာကိုယ် ပြောကြပြီ။ အချို့ကလည်း သူစိမ်းမမြင်ဖူးလို့ အပြေးသွားကြည့်ကြတယ်။ သူစိမ်းလူကတော့ လမ်းလျှောက်လျက်ပါပဲ။

ဒီလိုနဲ့ပေါ့။
မြို့ဝန်မင်းက အမိန့်ထုတ်လိုက်တယ်။
“အဲဒီသူစိမ်းကို ဖမ်းပြီး ငါ့ရှေ့တော်ကို တင်သွင်းစေ”

မြို့လေးရဲ့ စစ်သူကြီးများနဲ့ စစ်သည်များ အားလုံး သူစိမ်းရှိရာကို ပြေးကြပြီ။ ခက်တာက သူစိမ်းဟာ ဘယ်ရောက်သွားမှန်း မသိပြန်ဘူး။ လူတွေကို မေးကြတယ်။

“အဲဒီလူ ဘယ်ဘက် ထွက်သွားလဲ”
တွေ့မိတဲ့သူတွေက လမ်းညွှန်ကြတယ်။
“စမ်းချောင်းလေးရဲ့ အဆုံးကို သူသွားနေပုံရတယ်”

အချို့ကလည်း လယ်ကွင်းတွေဘက် သွားတယ်လို့ ဆိုတယ်။ အချို့ကလည်း မြို့လယ် လမ်းမကြီး တည့်တည့် လျှောက်သွားတာပါတဲ့။ စစ်သူကြီးများ ဘယ်ကို လိုက်ရမှန်း မသိ။ ပြည်သူတွေက တစ်ယောက်တစ်မျိုး ဆိုနေကြပြီ။ မြို့ဝန်မင်းကလည်း သူစိမ်းကို မဖမ်းမိရင် သူတို့ကို အပြစ်ပေးတော့မယ်။ ဒါနဲ့ စစ်သည်တွေဟာ အဖွဲ့တွေ ခွဲပြီး တစ်မြို့လုံး အနှံ့ ရှာဖွေကြတယ်။

မြို့လေးဟာ သေးသေးလေးပေမယ့် သူစိမ်းကို သူတို့ လွယ်လွယ် ရှာမတွေ့ကြဘူး။
“သူစိမ်း ပုန်းနေတာ ဖြစ်မယ်”
“ငါတို့မြို့ကို ဒုက္ခ ပေးမှာ များလား”
“မဖြစ်လောက်ပါဘူး သူ့ပုံစံက ဒုက္ခသည်နဲ့တောင် တူသေး”
“ဘယ်ပျောက်သွားတာလဲ သစ်ပင်ပေါ် တက်အိပ်နေတာများလား”
အားလုံး အတွေးကိုယ်စီနဲ့ လိုက်ရှာနေကြပြီ။

ဒီလိုနဲ့ပေါ့။
လေးရက်မြောက်နေ့မှာ သူစိမ်းဟာ မြို့မ လမ်းကြီးပေါ် ရောက်လာခဲ့တယ်။ ထုံးစံအတိုင်း လမ်းလျှောက်လာတယ်။
“သူစိမ်းဟေ့ တွေ့ပြီဟေ့
ဖမ်းဟေ့ ရိုက်ဟေ့
ဝိုင်းဟေ့”
ဒီလိုနဲ့ သူစိမ်းဟာ အဖမ်းခံလိုက်ရပြီး မြို့တော်ဝန်ဆီ ခေါ်ဆောင်သွားခံလိုက်ရတယ်။

ဒီလိုနဲ့ပေါ့။ ငါးရက်မြောက်နေ့မှာ မြို့လေးဟာ ခြောက်ကပ်သွားတယ်။ မြို့သူ၊ မြို့သားတွေဟာ ဘာအလုပ်မှ မလုပ်ကြတော့ဘူး။ သူစိမ်းကို တရားစီရင်ခန်းမှာ လူအားလုံး စိတ်ဝင်စားပြီး သွားကြည့်နေကြတယ်။

သူစိမ်းရဲ့ လက်တွေကို နောက်ပြန် ကြိုးတုပ်ထားတယ်။ ဒူးကွေးထားပြီး ခြေတွေကိုလည်း ကြိုးနဲ့ တုပ်ထားတယ်။ သူစိမ်းက ကြောက်ရွံ့ဟန်မပြ။ ရဲရင့်နေဟန်လည်း မပြ။ သူ့မျက်နှာကို ဘယ်သူမှ မဖတ်တတ်။ အဓိပ္ပါယ် မဖေါ်တတ်။ သူစိမ်းဟာ တည်ငြိမ်လွန်းနေတယ်။ မြို့တော်ဝန်ဟာ သူစိမ်းကို တစ်ချက်ကြည့်ပြီး စတင်မေးပြီ။

“မောင်မင်း ဘယ်သူလဲ
ဘယ်ကလာတာလဲ
မြို့ရိုးကို မောင်မင်း ဖျက်ဆီးပြီး ၀င်လာသလား”

မြို့သူ၊ မြို့သားတွေအားလုံး တိတ်ဆိတ်သွားကြပြီ။ သူစိမ်းဘာဖြေမလဲ။ သူစိမ်း ဘယ်သူလဲ အားလုံး သိချင်နေကြပြီ။
သူစိမ်းဟာ ခေါင်းငုံ့ထားတယ်။ ဘာမှ ပြန်မပြောဘူး။

“မောင်မင်း မေးနေတာ မကြားဘူးလား
မောင်မင်း ဘယ်သူလဲ
ဘယ်ကလာတာလဲ”

သူစိမ်းဟာ ခေါင်းငုံ့နေရာက အနည်းငယ် မော့လာတယ်။ မျက်လုံးပင့်ပြီး မြို့တော်ဝန်ကို လှမ်းကြည့်တယ်။ ပြီးတော့ သူ့ကို ၀ိုင်းကြည့်နေကြတဲ့ လူတွေကို လှည့်ကြည့်တယ်။ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့။

“……………
သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”

မြို့တော်ဝန်ဟာ သူစိမ်းပြန်ပြောတဲ့ စကားကို နားမလည်ဘူး။

“ဘာကွ …
မင်းကို မေးနေတာ
မောင်မင်း ဘယ်သူလဲ”
“သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”

သူစိမ်းပြောနေတာ လူတွေ နားမလည်ကြဘူး။ မြို့တော်ဝန်လည်း နားမလည်ဘူး။ သူ့ကို ဘာမေးမေး အဲဒါကိုပဲ ဖြေနေတော့တာပဲ။ မေးမရတဲ့ အဆုံး စစ်သည်တွေဟာ သူစိမ်းကို ရိုက်နှက်ဆုံးမကြတယ်။ ဘယ်လိုပဲ ရိုက်နှက်ပြီး မေးမေး သူစိမ်းက အဲဒီ စကားကိုပဲ ပြောနေတော့တာပဲ။
“သူစိမ်းတွေ
သူစိမ်းတွေ ၀င်လာပြီ
… သူစိမ်းတွေ …………..”
သူစိမ်းဟာ သွေးသံရဲရဲ ဖြစ်လာပြီ။ ဘာမေးမေး မဖြေဘူး။
ညနေစောင်းပြီ။

အဲလိုနဲ့ပေါ့။
မြို့တော်ဝန်ဟာ သူစိမ်းကို သတ်စေလို့ အမိန့်ပေးလိုက်တယ်။ သူစိမ်းကို ခေါင်းဖြတ်ပြီး သတ်လိုက်ကြတယ်။ ပြီးတော့ သူစိမ်းကို မြို့ရဲ့ အနောက်ဖက် သင်္ချိုင်းမှာ မြေမြှုပ် လိုက်ကြတယ်။

အဲလိုနဲ့ပေါ့။
အဲဒီညမှာ မြို့လေးဟာ အရင်ကထက် ပိုချမ်းခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ မီးမလှုံခဲ့ကြဘူး။ မီးလှုံစရာလည်း မလိုခဲ့ကြဘူး။ မြို့လေးဟာ တစ်မြို့လုံး မီးလောင်သွားတယ်။ လူတွေဟာ သေကြေပျက်စီးကုန်ကြတယ်။ မြို့လေးဟာ ပြာကျသွားတယ်။ မြက်ခင်းပြင်ဟာ သွေးတွေ စွန်းပေသွားခဲ့တယ်။ စပါးခင်းတွေဟာ ခြောက်ကပ် သွားကြတယ်။ မြို့တော်ဝန်နဲ့ စစ်သည်များလည်း မီးလောင်ပြာကျသွားတယ်။ ခွေး၊ နွားတိရိစ္ဆာန်များလည်း ပြေးကြရင်း မီးလောင် သေဆုံးသွားကြတယ်။

အဲလိုနဲ့ပေါ့။

မြို့လေးဟာ မရှိတော့ဘူး။

သူစိမ်းတစ်ယောက် ၀င်လာတာကို ဖမ်းဖို့နဲ့ စစ်ဆေးဖို့ လုပ်ခဲ့ကြတဲ့ မြို့လေးပေါ့။ အဲဒီသူစိမ်းကို သတ်ပစ်လိုက်ကြတဲ့ မြို့လေးပေါ့။ လူတွေ အားလုံးဟာ မြို့ရိုး အပေါက်ကို အရင်ဖာတေး ပြုပြင်သင့်တယ်ဆိုတာ မသိခဲ့ကြဘူးလေ။

ရင်နင့်အောင်

comments

ခေါင်းဆောင် မတင်ထိုက်သူများ

သယ်ရင်းတို့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို
့ဆိုတာ အလွန်ခက်ခဲပါတယ်။ သယ်ရင်းတို့ ခေါင်းဆောင်အရွေးမမှားရအောင် ကျွန်တော်တင်ပြပေးပါရစေ............
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။

၁။ ဂဏန်း

ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်

ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

၃။ ၀ါးပင်

ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး

နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်

လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအ

ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)
#နဂါးကလေး
comments

EQ လား IQ လား

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း (IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။

နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ >>>>>
Edit by #နဂါးကလေး
comments

ပျော်ရွှင်ခြင်း ၁ဝခု

ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှုဟာ သေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှုဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း တွေ့ရတယ်။ ပိုမြင့်တဲ့ အောင်မြင်မှုကိုမရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး အသိဉာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊ စေတနာရှိတဲ့ ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက်အရွယ် ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။
Edit by #နဂါးကလေး
comments

အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ ဘာတွေကို သိထားသင့်သလဲ

တစ်မိသားစု နှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက် ပေါင်းဖက်ကြရသည်မှာ ဓမ္မတာ
ဖြစ်ပေသည်။ ဤ၌ ဘ၀တစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။
၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်လျက်ရစေတာ့ဟူသည် သီချင်းထဲမှာပဲ
ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။ လူကောင်းသူကောင်းနှင့် ပေါင်းဖော်
တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်း အရေးကြီး
ပါ၏။
ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်
ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ စကားလေးမှာလည်း
မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။

“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်
တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။
#နဂါးကလေး ပြုပြင်တင်ဆက်သည်
comments

( တစ်ကယ်တော့.. အမေက အဖေ့ထက်.. သုံးနှစ် ငယ်ပါ၏။ )

ဧည့်ခန်းမှာ ဖုန်းတစ်လုံးနဲ့ အွန်လိုင်းတက်ပီး.. ကလိနေရင်းက.. အနားမှာ တီဗွီထိုင်ကြည့်နေသော.. အဖေနဲ့အမေကို.. စိတ်ထဲ မတင်မကျ ဖြစ်နေသည့် ကိစ္စတစ်ခုကို မေးလိုက်သည်။
"...အဖေ......!!!!...."
" ဟေ...လကွာ..."
" အဖေနဲ့.. သားနဲ့...ဘာတော်လဲ.."
" နို့စို့ဘက်.. အဲလေ.. မွှားကုန်ပီ.. သားအဖလေကွာ..."
" အမေကရော... သားအမေ အရင်းလား...."
" ငင်... ဟုတ်တယ်ဟေ့....! နင့်အဖေနဲ့.. ငါနဲ့ down load ဆွဲပီး..နင့်ကို install လုပ်ထားတာ.. ဟဲ့..! "
" အွင်း... တစ်ခုခုတော့.. လွဲနေတလိုပဲ့..."
" အလိုတော်.. နင်ကများ.. မယုံသင်္ကာနဲ့... ပြောစမ်းပါဦး.. နင့်ရဲ့.. မဟုတ်မဟတ်.. အတွေးအခေါ်တွေ..."
" အာ့ဆို.. အဖေက ဘယ်တုန်းက အိမ်ထောင်ကျတာလဲ.."
" ခိုးပြေးပီးတဲ့.. ညမှာပဲကွ..."
" ဟာဂျာ... အသက်ဘယ်လောက်တုန်းကလဲ.. လို့.. မေးတာလေ..ဂျာ...! "
" အော်.. အငီး.. ဒါလား.. အသက် ၂၀.. အင်း.. ဟုတ်တယ်.. အဲ့လောက်မှာ အိမ်ထောင်ကျတာ..."
" အမေကရော.. ဘယ်တုန်းက အိုသွားတာလဲ..ဟင်.."
" အင်း.. ပြောရမယ်ဆိုရင်တော့.. မလည်မဝယ်.. ဘုမသိ ဘမသိ ၁၇ နှစ်အရွယ်လောက်ကပေါ့..သားရယ်.."
" ကဲ.. အဲ့ဒီမှာ လွဲတော့တာပဲ.. အာ့ကြောင့် ရင်ထဲမှာ မရှင်း.. မရှင်းဖစ်နေတာ..."
" ဟေ.. ဘာတွေမျန်း.. လွဲနေတာလဲ..ဟင်.."
" ဖေတို့.. မေတို့ပဲ.. စဉ်းစားကျိပေါ့.. အဖေက အသက် ၂၀ မှာ မင်္ဂလာဆောင်တယ်..
အမေက.. ၁၇ နှစ်မှာ အိမ်ထောင်ကျတယ်..ဆိုတော့ကာ..
အမေက သုံးနှစ်စောပီး ယောကျာင်္းရတယ်..
အဖေကတော့..အမေ့ထက် သုံးနှစ်နောက်ကျပီးမှ.. မိန်းမရတာလေ..."
အဖေရော.. အမေရော.. နားဝေတိမ်တောင် ဖြစ်သွားဟန်ဖြင့်..
" အေး.. ဟုတ်တယ်နော်.. အဲ့ဒီတော့.."
" ဟာဂျာ.. အဖေကလဲ.. ပိန်းလိုက်ထှာ.. အဲ့ဂလိုသာဆို.. အဖေတော့.. တွားပီ.. အမေယောင်္ကျားရပီး.. နောက်သုံးနှစ်ကြာမှ အဖေနဲ့ရတာပေါ့..ဂျ..."
" ဟမ်... ဒီလိုကြီးလား.. ဒါဆို.. မိန်းမ.. မင်း.. မင်းက.. ငါ့ကို.. အင်..အင်ထု..ထု..."
" တယ်.. မတာလေးနှယ့်.. ကိုယ့်အဖေနဲ့.. အမေကို ပြဿနာတက်အောင် ရန်တိုက်ပေးနေတယ်.. ကဲဟယ်.. ဂလုံ.. ဂလွမ်..ဒေါင်..!!!!! "
သူတို့စားလက်စ လဖက်သုတ်ပန်းကန်ဖြင့် ကောက်ပေါက်သဖြင့်.. မနည်းလွတ်အောင် run ခဲ့ရပါသည်။
comments

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း) - ၂

“ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ်မမှတ်နဲ့”
“ဟင်-နို့နင်ကိုယ်တိုင်လဲနွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ငါ ကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လားဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင်ရောဂါဖြစ်တတ်တယ်။လတ်လတ်ဆတ်ဆတ်ကို
သတ်စား မှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာ တွေ သင်ရတာမပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”
“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီးနင့်ကိုယူတာမဟုတ်လား”
“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတ
ယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အဟုတ်မဟုတ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လ်ာငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာလွန်ကုန်ပြီ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”
“ ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။
ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက် ၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား

“ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။
နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကိုတက်နိုင်သမျှလူများနားလည်အောင်ပြုလုပ်ဖို့ရှိတယ်။

ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။
ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာဆိုပေတော့။ဥပဒေသတစ်ခုလည်းလုပ်ကြစို့။
“ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းသည်အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုယ်ကိုပြစ်တင်ခြင်းသည်သာအပြစ်အကင်းဆုံးဖြစ်၏။”

ဤဥပဒေသကိုရမှအိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြ တို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ဆင်းခါနီး၌

“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။
စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”

“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင် ကြောင်း

ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-

“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။
ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာပြုံးလိုက်မိလေ၏။
နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။
#နဂါးကလေး
comments

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊တွေးတောနေသူနေရှိကြကုန်၏

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ဌင်း၏ယောင်္ကျားကုလားက

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “ တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-

“ရှင်ကဘယ်ကလဲ၊ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း-

“နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ်လေ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။

၎င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။
ကျွန်ုပ်တို့လူစုတွင်မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သ လောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။ သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြကစားစရာရှိလျှင် မိမိကနဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။

“မယ်မြရယ်၊နင်ဘယ်အဖြစ်ရောက်လာတာလဲ၊နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့်ကုလားကကော၊ဘယ်လောက်များလူစကောင်းလို့လဲဟဲ့။” (မခံချင်၍ဒေါသနှင့်မေးသည်။)

အပိုင်း (၂) မျှော်........
comments

Netguide Journal Vol (3), Issue (32) (30.4.14)

NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ NetGuide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ NetGuide Journal Vol(3), Issue (32) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments

ရှောင်ရှားသင့်တဲ့ ကွန်ပျူတာ အမှားများ

Photo: ရှောင်ရှားသင့်တဲ့ ကွန်ပြူတာ အမှားများ
=====================

ကွန်ပြူတာ နဲ့ ပတ်သက်ပြီး အယူအဆများစွာ ၊ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့ ဟာ မှားယွင်းနေပါတယ်။  အဲဒီအမှားတွေ ကို  ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။ 

Default Installation ကို အသုံးပြုခြင်း
--------------------------------------
Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပိုဆော့ဝဲ တွေ ဟာ ကွန်ပြူတာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware , Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 
 
Registry ရှင်းလင်းခြင်း
------------------------
Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူတာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်းပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလားအပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင် လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။ 
 
Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း
------------------------------------------------
Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment ပြုလုပ်စရာမလိုပါဘူး။  Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင် Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။ 
 
ကွန်ပြူတာ ကို Restart မပြုလုပ်ခြင်း
-------------------------------------
ကွန်ပြူတာမှာ ပြဿနာ တစ်ခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ အလုပ်လုပ်ခြင်း၊  Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊ Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 
 
Data များကို Back Up မပြုလုပ်ခြင်း
-----------------------------------
ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊ Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေတာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်ချက်ပါရှိပါတယ်။ 
 
Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း
--------------------------------------------------------------
Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်းဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ 
Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်ထားနိုင်ပါတယ်။ 
 
Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။ 

ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။ 

သူရ
 
ကွန်ပြူတာ နဲ့ ပတ်သက်ပြီး အယူအဆများစွာ ၊ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့ ဟာ မှားယွင်းနေပါတယ်။ အဲဒီအမှားတွေ ကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။ 

Default Installation ကို အသုံးပြုခြင်း
--------------------------------------
Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပိုဆော့ဝဲ တွေ ဟာ ကွန်ပြူတာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware , Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

Registry ရှင်းလင်းခြင်း
------------------------
Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူတာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်းပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလားအပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင် လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။ 

Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း
------------------------------------------------
Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment ပြုလုပ်စရာမလိုပါဘူး။ Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင် Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။ 

ကွန်ပြူတာ ကို Restart မပြုလုပ်ခြင်း
-------------------------------------
ကွန်ပြူတာမှာ ပြဿနာ တစ်ခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ အလုပ်လုပ်ခြင်း၊ Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊ Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 

Data များကို Back Up မပြုလုပ်ခြင်း

-----------------------------------
ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊ Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေတာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်ချက်ပါရှိပါတယ်။ 

Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း
--------------------------------------------------------------
Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်းဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ 
Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်ထားနိုင်ပါတယ်။ 

Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။ 

ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။ 

သူရ
 
 Myanmar Digital Life Journal


 
comments