Android ဖုန်းထဲက မှားဖျက်မိတာတွေ ပြန်ယူပေးနိုင်မယ် Wondershare Dr.Fone for Android 4.1.0.72



Wondershare Dr.Fone for Android 4.1.0.72 | 42.7 Mb

Android ဖုန်းအသုံးပြု့တဲ့လူတိုင်းရဲ့ကွန်ပြူ  တာမှာ ရှိထားသင့်တဲ့ ဆော့ဝဲ လေးပါ။

ဒီဆော့ဝဲ လေးကို အရင်ဆိုဒ် အဟောင်းတုန်းကပဲတင်ပေးဖူးတာပါ။

တင်ပေးပြီး ၃ ရက်နေတော့ ကျနော်ဆိုဒ်ပါ အဖျက်ခံလိုက်ရပါတယ်။ဒီဆော့ဝဲလေးကြောင့်ပါ။

Google ရဲ့ Copyright နဲ့ ငြိ နေတာကို သတိပေးပါတယ်။ ကျနော်က မေးပြန်မစစ်မိလိုက်တော့

ကျနော် ဆိုဒ်လေး က လုံးဝတက်မလာတော့ပါဘူး။အခု့တခါထပ်တင်ပေးလိုက်မယ်နော်။ 

အရမ်းကောင်းလို့ပါ။ဘာတွေကောင်းသလဲ ဆိုရင်တော့...

Android ဖုန်း ထဲမှာထည့်ထားတဲ့ Contacts တွေ၊ SMS တွေနဲ့ SD Card ထဲမှာသိမ်းထားတဲ့

mp3 ၊ ဓါတ်ပုံ နဲ့ Video တွေကို မတော်တဆ Delete လုပ်မိလို့ပဲ ဖြစ်ဖြစ်

ဖျက်ပြီးသားတွေ ပြန်လိုခြင်တာပဲဖြစ်ဖြစ် ဒီကောင်လေးက ပြန်ယူနိုင်ပါတယ် 

အသေးစိတ် ကိုတော့ အောက်မှာလည်းရေးပေးထားပါတယ်။

မူရင်းလင့်မှာလည်းကြည့်နိုင်အောင် အောက်မှာလည်း တင်ပေးထားပါတယ် ခင်ဗျာ 

DOWNLOAD




ကိုလတ်(ကျွဲဆင်း)



Accidentally deleted messages or contacts on your Samsung handset? Or lost photos from the SD card on your Android device? No need to worry now! Wondershare Dr.Fone for Android is capable of recovering messages, contacts, photos and video on/from an Android phone or tablet. Due to the ease-to-use interface, it?s ideal for everyone, like single users or professionals, even concerned parents who want to protect their kids from negative information. Scan, preview and recover. Simple clicks bring you what you want.

The World?s 1st Data Recovery Software for Android Smartphones
- Directly recover deleted SMS text messages and contacts
- Retrieve photos and video lost due to deleting, restoring factory settings, flashing ROM, rooting, etc., from SD cards inside Android devices
- Preview & selectively recover messages, contacts and photos before recovery
- Support multiple Android phones and tablets, like Samsung, HTC, LG, Motorola, and so forth
- Only read and recover the data, no personal info leaking

Directly scan and recover SMS, contacts, photos & video
- Automatically scan your device after connected to the computer;
- Recover sent & received messages, and export in HTML to PC for easy reading and printing;
- Retrieve deleted contacts, including names, numbers, Email & addresses, and export in HTML, vCard and CSV to PC;
- Regain photos and video from SD cards inside Android devices to a computer.

Browse, backup and re-sync data on your computer
- Existing data and deleted data each have their own color in the scan result;
- Browse and backup them from a device to your computer;
- Re-sync contacts backup to a device via Wondershare MobileGo for Android.

Preview & selective recovery
- Preview all recoverable contacts, messages and photos before recovery;
- Selectively recover what you want by selecting them from the scan result.

Support multiple Android devices & Android OS
- Available for hot Android phones and tablets from Samsung, HTC, LG, Sony, Motorola, ZET, Huawei, etc.;
- Support lots of Android OS versions;
- All rooted Samsung devices are supported, regardless of Android OS.
- The list of devices and Android OS is still rapidly growing.

Homepage - http://www.wondershare.com
comments

FRONTLINE COMMANDO: D-DAY APK + OBB




ကျနော်ရဲ့ သူငယ်ချင်းတစ်ယောက်တောင်းလို့ရှာပေးရင်းနဲ့ အခြားသူငယ်ချင်းတွေလည်း

ကစားနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ။ဒုတိယကမ္ဘာစစ်ကိုအခြေခံပီး

ကစားရတဲ့ သေနပ်ပစ် ဂိမ်းလေးပါ။ ကစားမယ်ဆိုအောက်မှာ ဝင်ဒေါင်းလိုက်ပါ

APK ရော DATA ပါတင်ပေးထားပါတယ်ခင်ဗျာ








DOWNLOAD APK ( 14.3 MB)



DOWNLOAD OBB(273.7 MB)

 
 
ကိုလတ်(ကျွဲဆင်း)
 
 
 
 

comments

အသစ်ထွက်ဇာတ်ကား Grudge Match




Pittsburgh ဆိုတဲ့မြို့ကြီးမှာ လက်ဝှေ့အကျော်အမော် နှစ်ယောက် ရှိပါတယ်။
Henry 'Razor' Sharp နဲ့ Billy 'The Kid' McDonnen တို့ ဖြစ်ပါတယ်။
 Razor နဲ့ Kid ပေါ့။ 
သူတို့နှစ်ယောက်က ပြိုင်ဘက်တွေပါ။ 
လုံးဝမတည့်ပါဘူး။
သူတို့ကိုလိုက်ပြီး မြို့ကပရိသတ်ကလည်း နှစ်ခြမ်းကွဲသွားပါတယ်။
တစ်ခြမ်းက Razor ကို အားပေးတယ်။
 နောက်တစ်ခြမ်းက Kid ကို အားပေးတယ်။
အဲသလိုမျိုး အပြိုင်အဆိုင်ပြင်းထန်လှတဲ့ ပြိုင်ဘက်နှစ်ယောက်ပါ။

သူတို့နှစ်ယောက်လုံးဟာ လက်ဝှေ့လောကမှာ ပြိုင်စံရှားပုဂ္ဂိုလ်တွေပါပဲ။
 သူတို့ထိုးသတ်လာခဲ့တဲ့ ပွဲစဉ်တွေအားလုံးမှာ တစ်ယောက်တစ်ပွဲဆီပဲ ရှူံးဖူးပါတယ်။ 
Kid က Razor ကို တစ်ခါရှုံးတယ်။ 
Razor က Kid ကို တစ်ခါရှူံးတယ်။ 
အဲဒီတော့ သူတို့နှစ်ယောက်မှာ ဘယ်သူကသာတယ်ဆိုတာ အနိုင်အရှုံးမကွဲပြားဘူးပေါ့။ 
လူတိုင်းက သူတို့နှစ်ယောက်ကို နောက်တစ်ပွဲထိုးစေချင်တယ်။ 
ဘယ်သူသာသလဲ ပြတ်ပြတ်သားသား သိချင်တယ်။ 
အဲဒီအချိန်မှာပဲ ရုတ်တရက် Razor က ထပြီး ကြေငြာလိုက်တယ်။ 
သူ လက်ဝှေ့လောကမှ အနားယူတော့မယ်တဲ့။

အားလုံးက အံ့အားသင့်သွားကြသလို နှမြောတသလည်း ဖြစ်ကြရပါတယ်။ 
တကယ့်ပွဲကြီးပွဲကောင်းကြီးကို လွတ်သွားရပြီကိုး။ 
အဆိုးဆုံးကတော့ Kid ပါပဲ။ 
Kid က ဒါကို လုံးဝမကျေနပ်ပါဘူး။
 သူက နောက်တစ်ပွဲ ထပ်ထိုးချင်တယ်။ 
အဲဒီပွဲမှာ သူ အနိုင်ထိုးပြီး သူသာကြောင်း ပြချင်တယ်။ 
အခုတော့ သူ့မှာ ဒီအခွင့်အရေးကြီး လက်လွတ်သွားရပြီ။
 ပြီးတော့ သူတို့နှစ်ယောက် ပထမတစ်ခါထိုးတုန်းက သူနိုင်ထားတာ။ 
ဒုတိယတစ်ခါထိုးတော့ သူ ရှူံးသွားတယ်။
 အခုလို ရုတ်တရက် Razor က အနားယူလိုက်တော့ သူ့ကို အနိုင်ပိုင်းသလို ဖြစ်သွားတာပေါ့။ 
အဲဒါကို လုံးဝ ကြိတ်မနိုင်ခဲမရဖြစ်ပြီး အသက်တွေလည်း ကြီးလာပါပြီ။ 

ဒီတော့မှ သူတို့နှစ်ယောက် လက်ဝှေ့ထိုးဖြစ်ဖို့ အကြောင်းအရာတွေက ဖန်တီးလာတဲ့အတွက်.....
ကြိုးဝိုင်းထဲမှာ နောက်တစ်ကြိမ်ပြန်တွေ့ကြတဲ့ သူတို့နှစ်ယောက်...........
ဘယ်သူက နိုင်သွားသလဲဆိုတာ........

ဒီဇာတ်ကားလေးမှာ ခံစားကြည့်ကြပါဦး။ 

ဇာတ်လမ်းကို ကြည့်ရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိလာရပါလိမ့်မယ်။
 နောက်ပြီး အားကစားသမားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုလည်း ဒီဇာတ်ကားထဲမှာ လေ့လာရမှာပါ။

Razor အဖြစ် မင်းသားကြီး Sylvester Stallone ၊ Kid အဖြစ် မင်းသားကြီးRobert De Niro တို့က သရုပ်ဆောင်ထားပါတယ်။
 ဒါရိုက်တာကတော့Peter Segal ဖြစ်ပါတယ်။ 

ဒီဇာတ်ကားဟာ IMDb မှာ rating 6.6 ရထားပါတယ်။ 
ကျွန်တော်က ဇာတ်ကားတစ်ကားကို rating ပေးတဲ့အခါ IMDb ကိုပဲ အားကိုးပါတယ်။ 
သူက ရုပ်ရှင်ဝါသနာရှင်တွေက ပေးတဲ့ကြယ်ပွင့်ကိုကြည့်ပြီး သတ်မှတ်ပေးတာဖြစ်ပါတယ်။ 
rotten tomatoes ကတော့ ဝေဖန်ရေးဆရာတွေက ပေးတာဖြစ်ပါတယ်။
 သူတို့ကတော့ ပညာရှင်ရှုထောင့်ကနေ သုံးသပ်ပြီး ပေးတာ ဖြစ်ပါတယ်။ 
အဲဒီအတွက်ကြောင့် အတတ်ပညာပိုင်းတွေကိုပါ ထည့်စဉ်းစားကြပါတယ်။ 
ကျွန်တော်ကတော့ ရုပ်ရှင်ကားတစ်ကားကြည့်လို့ ကိုယ့်ကို စိတ်ကျေနပ်မှုပေးနိုင်တယ် ဖျော်ဖြေမှုကောင်းကောင်းပေးနိုင်တယ်ဆိုရင် သဘောကျပါတယ်။
 ကျွန်တော်က ဝါသနာရှင်ပါ။
 ပညာရှင်မဟုတ်ပါဘူး။
 အဲဒီအတွက်ကြောင့် IMDb ကိုပဲ အားကိုးပါတယ်။ 
ဘာဖြစ်လို့ ဒါကို ရှင်းပြနေရတာလဲဆိုတော့ ဒီဇာတ်ကားဟာ rotten tomatoes မှာ rating 30% ပဲ ရထားတာကြောင့်ပါ။

ကြည့်ရန် Movie Locos ကိုနှိပ်ပါ။

ဒေါင်းရန် Movie Locos ကိုနှိပ်ပါ။

ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကို အားပေးကြပါဦးခင်ဗျာ။


comments

Mobile Guide Issue Vol-2 ၊ Issue-148 (31.3.14)



Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (148)ကို တင်ပေးလိုက်ပါတယ်ဗျာ။ 31 ရက်နေ့ထွက်ပါ။ ဂျာနယ်ဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသ မှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments

Digital Life Journal Issue Vol-2 ၊ Issue 47 (31.3.14)



Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(2), Issue (47) ကို တင်ပေး လိုက်ပါတယ်ဗျာ။ 31 ရက်နေ့ထွက် ပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments

ချန်နရာရဲ့ အကောင်းဆုံး အတွေးအခေါ် ( ၁၅ ) ခု


( ၁ ) အခြား သူ တွေရဲ့ အမှားတွေ ကနေ သင်ခန်း စာ ရယူပါ။ သင့် အနေနဲ့ အမှားတွေ အားလုံး ကိုယ်တိုင် လိုက် လုပ်ကြည့် ရလောက် အောင် အသက်မရှည် နိုင်ပါဘူး။
( ၂ ) လူ တစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့ သစ်ပင်တွေဟာ အရင်ဆုံး အခုတ် ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံးရှင်းထုတ် ခံရတတ်ပါတယ်။


( ၃ ) မြွေ တစ်ကောင် ဟာ အဆိပ် မရှိ လျှင်ပင် အဆိပ် ရှိချင်ယောင် ဆောင် နေရပါမယ်။

( ၄ ) မိတ်ဆွေ ဖြစ်ခြင်း ရဲ့ နောက်ကွယ် မှာ ကိုယ့်ကျိုး ကြည့်မှု အချို့ ရှိနေ တတ် ပါတယ်။ ကိုယ့် ကျိုး မကြည့် တဲ့ မိတ်ဆွေ စိတ် ဆိုတာ မရှိ ပါဘူး။ ဒါဟာ လက်ခံ ရန် ခက်ခဲ လွန်း ပေမယ့် ပကတိ အခြေ အနေ မှန်ပါပဲ။

( ၅ ) အလုပ် တစ်ခုခု မစ တင်မှီ မိမိ ကိုယ်ကို အမြဲတမ်း မေးခွန်း သုံးခု မေးပါ။ “ဒီအလုပ် ကို ဘာကြောင့် လုပ်နေ တာလဲ။ အကျိုး ရလဒ်တွေ က ဘာတွေ လဲ။ အောင်မြင် နိုင်ပါ့ မလား။” ဒီ မေးခွန်း တွေနဲ့ပတ်သက် ပြီး လေးလေး နက်နက် စဉ်းစား၊ ကျေနပ် လောက်တဲ့ အဖြေ တွေ့ မှသာ ဆက်လက် လုပ်ဆောင် ပါ။

( ၆ ) ကြောက်ရွံ့မှု ပေါ်လာ လျှင် ချက်ချင်း ပင် တိုက်ခိုက် ဖယ်ရှား ပစ် လိုက်ပါ။

( ၇ ) လောကကြီး မှာ အကြီးမား ဆုံး စွမ်းအား ဆိုတာ အမျိုးသမီး တစ်ယောက် ရဲ့ နုပျိုမှု နဲ့ အလှအပ ပါ။

( ၈ ) တစ်ခုခု စတင် လုပ်ဆောင် တဲ့ အခါ ကျရှုံးမှာ ကို မကြောက် ပါနဲ့။ စွန့်လွှတ် အရှုံး မပေး ပါနဲ့။ ရိုးရိုး သားသား လုပ်ကိုင် ဆောင်ရွက် တဲ့ လူတွေ ဟာ အပျော်ရွှင် ဆုံး လူတွေ ဖြစ်နေ တတ် ပါတယ်။

( ၉ ) ပန်းပွင့် တွေရဲ့ ရနံ့ဟာ လေနှင်ရာ ဘက်သာ မွေးပျံ့ ပါတယ်။ ဒါပေမယ့် လူ တစ်ယောက်ရဲ့ ဂုဏ် သတင်း ကတော့ အရပ် မျက်နှာ အားလုံး ပျံနှံ့ပါတယ်။

( ၁၀ ) ဘုရား သခင်ဆို တာ ရုပ်တု တွေမှာ ရှိမနေ ပါဘူး။ သင့် ခံစားချက် ဟာ သင်ရဲ့ ဘုရားသခင် ပါ။ သင့်စိတ် ဟာ သင်ရဲ့ ဘုရားကျောင်း ပါ။

( ၁၁ ) လူ တစ်ယောက် ဟာ ဖွားမြင် ခြင်းဖြင့် ကြီးမြတ် လာတာ မဟုတ်ဘူး။ လုပ်ဆောင်ချက် ဖြင့်သာ ကြီးမြတ် လာတာပါ။

( ၁၂ ) သင့် အဆင့် အတန်း ထက် မြင့်နေတဲ့ လူတွေ၊ နိမ့်ကျ နေတဲ့ လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေ မဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေ ဖွဲ့မှုမျိုး ဟာ ဘယ်လို ပျော်ရွှင်မှု မျိုး ကိုမှ မပေးကမ်း နိုင်ပါဘူး။

( ၁၃ ) သင့် ကလေး ကို ပထမ ငါးနှစ် တာ ကာလ အတွင်း ချစ်သူ တစ်ဦးလို ဆက်ဆံ ပါ။ နောက် ငါးနှစ် မှာ ဆူပူ ကြိမ်းမောင်း ပါ။ ဆယ့် ခြောက်နှစ် အရွယ် ရောက်တဲ့ အခါ သူငယ်ချင်း လို ဆက်ဆံပါ။ ကြီးပြင်း အရွယ် ရောက်လာတဲ့ ကလေး တွေ ဟာ သင်ရဲ့ အကောင်း ဆုံး သူငယ်ချင်း တွေ ပါပဲ။

( ၁၄ ) မျက်မမြင် တစ်ယောက် အတွက် မှန်တစ်ချပ် ဟာ အသုံးမဝင် သလို လူမိုက် တစ်ယောက် အတွက် စာအုပ် တွေ ဟာလည်း အသုံး မဝင် ပါဘူး။

( ၁၅ ) ပညာ ဆိုတာ အကောင်း ဆုံး မိတ်ဆွေ ပါ။ ပညာတတ် တစ်ယောက် ကို နေရာ တိုင်းက လေးစား တန်ဖိုး ထား ပါတယ်။ ပညာ ဟာ အလှ တရားနဲ့ ငယ်ရွယ် နုပျိုမှု ကို အနိုင်ယူ ပါတယ်။
comments

သမိုင်းလူသား “အဲလ်ဘတ် အိုင်စတိုင်း”

Weakness of attitude becomes weakness of character.
ခံယူချက် ပျော့ညံ့မှုကနေ ကိုယ်ကျင့်တရား လျော့ရဲမှု ဖြစ်လာတယ်။
အဲ(လ) ဘတ် အိုင်စတိုင်းသည် ၂ဝ ရာစု၏ အကြီးမြတ်ဆုံး သိပ္ပံ ပညာရှင်အဖြစ် အသိအမှတ် ပြုခံရ သော ဂျာမန်နွယ်ဖွား၊ အမေရိကန် သဘောတရားရေးရာ ရူပဗေဒပညာ ရှင်ဖြစ်ပြီး ၁၉၂၁ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ်သည်။
သူရှာဖွေဖော်ထုတ်ခဲ့သော နှိုင်းရ ဓမ္မသဘောတရား (Relativity Theory) မှာ ယနေ့ အချိန်ထိ အသုံးဝင် မှန်ကန်နေဆဲ တရားဖြစ်သည်။ နျူကလီး ယားကွဲကွာမှု (Nuclear Fission) ကို သူဖော်ထုတ်တင်ပြခဲ့သော်လည်း ထို နျူကလီးယား စွမ်းအင်ကို အသုံးချ၍ နျူကလီးယား လက်နက် ထုတ်လုပ်ခြင်းကို အပြင်းအထန် ဆန့်ကျင်ရှုံ့ချခဲ့သော စစ်ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သည်။

အဲ(လ)ဘတ် အိုင်စတိုင်းကို ၁၈၇၉ ခုနှစ် မတ် ၁၄ ရက်တွင် ဂျာမန် အင်ပိုင်ယာ၊ ဝါတင်ဘတ်(ဂ)နယ်၊ အန်းမြို့၌ ဖခင်ဟာမန်းအိုင်စတိုင်းနှင့် မိခင် ပေါ်လင်း အိုင်စတိုင်းတို့က မွေးဖွားခဲ့သည်။ အသက် ၆ ပတ်သား အရွယ်တွင် မိသားစုက မြူးနစ်မြို့ သို့ ပြောင်းရွှေ့ခဲ့သဖြင့် ငယ်စဉ်က မြူးနစ်တွင် စတင်ပညာသင်ကြားခဲ့ ပြီး နောက်ပိုင်း တွင် အီတလီနိုင်ငံ၌ ဆက်လက်သင်ကြားကာ ၁၈ဝ၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ရှိ ဖယ်ဒရယ်ပိုလီတက္ကနစ် ကျောင်း သို့ တက်ရောက်ခဲ့သည်။ ၁၉ဝဝ ပြည့် နှစ်တွင် ရူပဗေဒဖြင့် ဘွဲ့ရခဲ့ပြီး ၁၉ဝ၅ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိခဲ့သည်။

အိုင်စတိုင်းသည် ဝဝဝ ခုနှစ် တွင် ဇူးရစ်တက္ကသိုလ်၌ ပါမောက္ခ ဖြစ်ခဲ့ပြီး ၁၉၁၁ ခုနှစ်တွင် ချက်နိုင်ငံ တွင် ပါမောက္ခ အဖြစ် ယာယီတာဝန် ထမ်းဆောင်ကာ နောင်နှစ်တွင် ဇူးရစ် ၌ ပြန်လည် တာဝန်ယူခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဘာလင်တက္ကသိုလ်၌ ပါမောက္ခအဖြစ်နှင့် ဂျာမဏီနိုင်ငံသား ဖြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင်  နာဇီ ဟစ်တလာ၏ ဂျူးဆန့်ကျင်သော နိုင်ငံရေးကြောင့် ဂျာမဏီနိုင်ငံသား အဖြစ်ကို စွန့်လွှတ်၍ အမေရိကားသို့ ထွက်ပြေး ဝင်ရောက်ခဲ့ပြီး ပရင့်စတန်တက္ကသိုလ် တွင် သဘောတရားရေးရာ ရူပဗေဒ ပါမောက္ခအဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၄ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသား  အဖြစ်ခံယူပြီး ၁၉၄၅ ခုနှစ်တွင် ရာထူးမှ အနားယူ ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက် လာသည့် ကမ္ဘာ့အစိုးရလှုပ်ရှားမှုတွင် အဓိက ဦးဆောင်သူတစ်ဦးဖြစ်သော အိုင်စတိုင်းကို အစ္စရေးနိုင်ငံ၏ သမ္မတ တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ သို့ သော် ဂျေရုဆလင် ဟီးဘရူးတက္ကသိုလ်  ထူထောင်ရေးတွင် ဒေါက်တာ ချိမ်း (မ)ဝိုက်(ဇ)မင်းနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
အိုင်စတိုင်းသည် ရူပဗေဒ၏ ပြဿနာများကို အမြဲတမ်းရှာဖွေပြီး မရမက ဖြေရှင်းလေ့ရှိခဲ့သည်။ ပြဿနာ ဖြေရှင်းရာတွင် သူ့ကိုယ်ပိုင် မဟာဗျူဟာကို အသုံးပြုပြီး ပန်းတိုင်ရောက်  ရှိရေးအတွက် အရေးပါသောအဆင့် များကို တင်ကြိုမြင်နိုင်စွမ်းရှိသည်။ သူသည် ကြီးမားသော အောင်မြင်မှုများ  ရရှိလာခြင်းအပေါ်၌ ကျေနပ် မနေဘဲ နောက်တစ်ဆင့် တက်လှမ်းရန် လှေကား ထစ်များအဖြစ်သာသဘောထားခဲ့သည်။

စကြာဝဠာကြီးကို လေ့လာရာ တွင် ကာလနှင့် အာကာသကို အခြေ တည်၍ အိုင်စတိုင်းက ရှင်းလင်းပြခဲ့ သည်။ E-mc2 ဟူသော သင်္ချာညီမျှ ခြင်းသည် ယနေ့တိုင် ကျော်ကြား သော စွမ်းအင်သဘောတရားဖွင့်ဆို ချက်ဖြစ်သည်။ စွမ်းအင် (Energy) သည် ဒြပ်ထု (mass)နှင့် အလင်း အလျင်နှုန်း (c)နှစ်ဆမြှောက်၍ ရသည့် ရလဒ်နှင့် ညီမျှသည်ဟု အိုင်စတိုင်း က ဆိုသည်။ ဤညီမျှခြင်းမှ နျူကလီးယား စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ကြ ရသည်။ ၁၉၂၁ ခုနှစ်တွင် ရူပဗေဒ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။

၁၉၃၉ ခုနှစ်တွင် အိုင်စတိုင်းက အမေရိကန်သမ္မတ ရုစဗဲ့ထံသို့ စာ ရေးပြီး နျူကလီးယားစွမ်းအင်၏ စစ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ များကို ဖော် ပြခဲ့သည်။ တစ်ဖက်တွင် ဟစ်တလာ ၏ နာဇီဂျာမဏီက အနုမြူဗုံး ပြုလုပ် နိုင်ခြေ ကိုလည်း ထောက်ပြသတိပေး ခဲ့ရာ သူ၏ အကြောင်းကြားချက်က အမေရိကန်၏ အနုမြူဗုံး ထုတ်လုပ်ရန် ဆုံးဖြတ်ရာတွင် ဩဇာ သက်ရောက်ခဲ့ သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် က ဂျပန်ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့များ ပေါ်သို့ အနုမြူဗုံးများ သုံးစွဲ တိုက်ခိုက်သောအခါ အိုင်စတိုင်းက အပြင်းအထန် ကန့်ကွက်ရှုံ့ချခဲ့ပြီး နောက်ပိုင်း တွင် နျူကလီးယား လက်နက်များ ဆန့်ကျင်ရေးကို တောက် လျှောက်ရေးသားဟောပြောခဲ့သည်။

အိုင်စတိုင်း၏ သုတေသနတွေ့ ရှိချက်များမှ အထူးအရေးကြီးသော မှတ်တမ်းများမှာ နှိုင်းရဓမ္မဆိုင်ရာ အထူး သဘောတရား (Special Theory of Relativity 1905)၊ နှိုင်းရဓမ္မတရား အင်္ဂလိပ်ဘာသာပြန် (Relativity 1920, 1950)၊ နှိုင်းရဓမ္မဆိုင်ရာ အထွေထွေသဘောတရား (General Theory of Relativity 1916)၊ ဘရောင်း ရွေ့လျားမှုဆိုင်ရာ သဘောတရား လေ့လာချက်များ (Investigations on Theory of Brownian Movement 1926) နှင့် ရူပဗေဒ ဆင့်ကဲဖြစ်စဉ် (The Evolution of Physics 1938) တို့ဖြစ်သည်။ သိပ္ပံစမ်းသပ်မှု မဟုတ်သော ကျမ်းများမှာ ဇီယွန်ဝါဒအကြောင်း (About Zionism 1930)၊ စစ်ဘာကြောင့်ဖြစ် (Why War 1933)၊ ကျွန်ုပ်၏ အတွေးအခေါ် (My Philosophy) နှင့်  ကျွန်ုပ်၏ နောက်ပိုင်းနှစ်ကာလများ (Out of My later Years 1950) တို့ ဖြစ်ပါသည်။

အဲ(လ)ဘတ် အိုင်းစတိုင်းသည် ၁၉၅၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် အေဩတစ် သွေးကြော ပေါက်ကွဲမှုကြောင့် အတွင်း သွေးယိုမှုဖြစ်ပွားကာ ကွယ်လွန်ခဲ့ပါသည်။
ကိုးကား၊

အတ္ထုပ္ပတ္တိ အဘိဓာန် (မောင်ဝံသ)၊

comments

အမြဲသတိရနေရမဲ့ အချက် (၂၄) ချက်

သင့်ရဲ့ဖြစ်တည်မှုဟာ လောကကြီးအတွက် လက်ဆောင်တစ်ခုပါ။
သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။
သင့်ဘဝဆိုတာ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။
နေ့ရက်များစွာကို တစ်ကြိမ်မှာ တစ်ရက်သာလျှင် အသုံးချပါ။
သုခတွေကိုသာတွေးပြီး ဒုက္ခတွေကို မေ့ထားပါ။

ဖြစ်ပျက်လာသမျှ အရာရာတိုင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
သင့်ဆီမှာ ဖြေရှင်းချက်ပေါင်းမြောက်မြားစွာ ရှိပါတယ်။
နားလည်မှုပါ၊ သတ္တိရှိပါ၊ ခံနိုင်ရည်ရှိပါ။
သင့်အပေါ် ကန့်သတ်ချက်တွေ မထားပါနှင့်။
လက်တွေ့အကောင်အထည်ဖေါ်ပေးဖို့ အိပ်မက်ပေါင်းများစွာ စောင့်ကြိုနေပါတယ်။
ဆုံးဖြတ်ချက်တွေဟာ ကံကြမ္မာကို အခွင့်အရေးမပေးနိုင်လောက်အောင် အရေးပါလွန်းပါတယ်။
သင့်ရဲ့ပန်းတိုင်အတွက် အောင်မြင်မှု အမြင့်မားဆုံးရအောင် ကြိုးပမ်းပါ။
စိုးရိမ်ပူပန်ခြင်းထက် စွမ်းအားဖြုန်းတီးသောအရာ မရှိပါ။
ပြဿနာတစ်ခုကို အချိန်အတော်ကြာ သယ်ဆောင်လေ၊ အဲဒီအကျိုးဆက်ကို ပို၍ခံစားရလေပါပဲ။
အရာရာတိုင်း ပြင်းပြင်းထန်ထန် မလုပ်ဆောင်ပါနှင့်။
ငြိမ်းချမ်းတဲ့ဘဝမျိုးအဖြစ် ရှင်သန်ပါ၊ ဝမ်းနည်းစရာ ဘဝမျိုးမဖြစ်ပါစေနှင့်။
မေတ္တာအနည်းငယ် ပေးကမ်းခြင်းက ခရီးအတော်ရောက်တယ်ဆိုတာ သတိရပါ။
မေတ္တာအမြောက်အများ ပေးကမ်းမယ်ဆိုရင်တော့ ထာဝရတည်တံ့မယ်ဆိုတာ သတိရပါ။
မိတ်ဆွေစိတ်ဆိုတာ အကျိုးကျေးဇူးများတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ သတိရပါ။
ဘဝရဲ့ ရတနာဆိုတာ လူတွေအားလုံး ပူးပေါင်းနေထိုင် လုပ်ကိုင်ခြင်းပါ။
ဘယ်တော့မှ အလွန်အမင်း နောက်မကျသေးဘူးဆိုတာ သဘောပေါက်ပါ။
သာမန်အကြောင်းကိစ္စတွေကို ထူးထူးခြားခြား နည်းလမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပါ။
မိသာစုစိတ်ဓါတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်မှုတွေ ရှိပါစေ။
ပြန်လည်စတင်နိုင်ဖို့ အချိန်ပေးပါ။
ပြီးတော့...
သင်ဟာ အလွန်ထူးခြားတယ်ဆိုတာကို
တစ်နေ့မျှပင် မမေ့ပါနှင့်။

Ref; 24 Things To Always Remember
Author; unknown comments

"ရမ်းချနေတဲ့ ကျနော်"


ကျနော်က နိုင်ငံခြားဟာသတွေကို ဘာသာပြန်တယ်ဆိုတော့ တချို့က အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး သူတို့မှာ ကြုံရတဲ့ အခက်အခဲလေးတွေကို ကျနော့် လာလာမေးကြတယ်။
'သန်၎ကိုတော့ ဖြေရှင်းပေးနိုင်ကောင်းရဲ့'... ဆိုတဲ့ အားကိုးတကြီးစိတ်နဲ့ လာကြတာ
ကြွားတယ် မထင်နဲ့... ပြောပြလိုက်မယ်... ..

ကျနော် ဆယ်တန်းအောင်တော့ အင်္ဂလိပ်စာ ၄၂ မှတ်တိတိနဲ့ အောင်တာ

ငါးတန်းရောက်လို့ အင်္ဂလိပ်စာ စသင်ရပါပြီဆိုကတည်းက ပျင်းတာများ ဆယ်တန်းအောင်တဲ့ အထိပဲ။
ခုထိရော တတ်နေပြီလားဆိုရင် ရမ်းချနေတုန်းပဲ ဟီး

စင်္ကာပူကိုရောက်တော့ အလုပ်မှာ အင်္ဂလိပ်လိုပြော အင်္ဂလိပ်လိုရေးရတာ၊ ဒုက္ခရောက်လိုက်တာမှ ချာလပတ်ကို ရမ်းနေရော... ...

သူငယ်ချင်းတွေက မေးတယ်... ...
"အလုပ်မှာ အင်္ဂလိပ်လိုပြောရတော့ အဆင်ပြေလားကွ"
"အင်း... နှစ်ပတ်လောက်အတွင်း သူတို့နဲ့ လက်ရည်တူ ယှဉ်နိုင်ပါတယ်"
"ဟာ... မြန်ထှာ၊ ချီးကျူးပါတယ်"
"ရမ်းချီးကျူးမနေနဲ့"
"ဘာလို့လဲ..."
"အစပိုင်း သူတို့ဘာပြောပြော ငါနားမလည်ဘူး"
"အင်း..."
"နှစ်ပတ်လောက်နေတော့ ငါဘာပြောပြော သူတို့ နားမလည်ဘူး၊ တူသွားရော"
"ငင်... "

ဒီမှာက Fair Price ကုန်တိုက်ကို NTUC လို့ အလွယ်ခေါ်ကြတယ်။
အဲဒါ ရောက်ခါစက အခန်းဖော်က ပြောတယ်လေ....
'မင်းဈေးဝယ်ချင်ရင် NTUC မှာဝယ်၊ အစုံရတယ်၊ ဈေးလည်းချိုတယ်'
ဒါနဲ့ တယောက်ထဲ ဈေးဝယ်ထွက်လာတာပေါ့...
ဈေးထဲရောက်တော့ Aunty Lucy ဆိုင် ဘယ်နားမှာတုန်းလို့ လိုက်မေးတာ ဘယ်သူမှ မသိဘူး ဖြစ်နေကြတယ်။
ကိုယ်က NTUC ဆိုတာကို အန်တီလူစီ လို့ ကြားနေတာလေ။

တရက်က...
ရုံးမှာ အလုပ်အရေးကြီးလို့ ညဘက် ၉ နာရီလောက်ထိ မပြန်ရသေးဘူး။
သူဌေးလည်း မပြန်သေးဘူး။
ခဏနေတော့ သူဌေးရောက်လာပြီး အလုပ်ပြီးပြီလားမေးတယ်... ...
"မပြီးသေးဘူး" လို့ ပြန်ပြောတော့
သူဌေးက "I'm very angry" လို့ ပြောတယ် (အလုပ်မပြီးရကောင်းလားပေါ့၊ နှေးတယ်ပေါ့)
ဒါကို ကိုယ်က အင်္ဂလိပ်လို တော်တဲ့လူဆိုတော့...
"I'm very hungry".. လို့ ကြားတယ်။ ကိုယ်လည်း ညစာမစားရသေးတော့ ဆာနေတာကိုး။ သူလည်း ဆာတယ်လို့ ပြောတာနေမှာပေါ့။
ဒါနဲ့ အံဆွဲထဲထည့်ထားတဲ့ ခေါက်ဆွဲခြောက်ထုတ်လေး ထုတ်ပြရင်း ဖားလိုက်မိတယ်... ...
"မင်း ဆာရင် ငါခေါက်ဆွဲခြောက် ပြုတ်ပေးမယ်လေ".. ဆိုတာကိုဗျာ အဲဒီခေါက်ဆွဲခြောက်ထုပ်ကို ယူပြီးလွင့်ပစ်တယ်။
ပါးစပ်ကလည်း ပွစိပွစိနဲ့ ပြောသွားသေး... ...

"Lousy guy... Lousy guy. I die I die"

ဟွင့်... တိမှမတိတာဂျာ...

...ဆိုတော့... ...
ကျနော်ပြောချင်တာက ကျနော် တကယ်ပဲ အင်္ဂလိပ်စာကို အများကြီး မသိပါဘူးဆိုတာပါပဲ။

ဘာသာပြန်တယ်ဆိုရာမှာတောင်...
အမှားမခံတဲ့ စာတွေပေတွေကို ဘာသာမပြန်ရဲပါဘူး။
ဟာသကို ဘာသာပြန်တယ်ဆိုတာက (ကျနော့်အထင်) တာဝန်မကြီးဘူး။
မှားပြီး ဘာသာပြန်မိရင်တောင်မှ ရီနေရသေးတယ်ဆိုရင် ရည်ရွယ်ရင်းမပျောက်ဘူးလို့ မှတ်ယူထားတာပါ။

ဒီတော့ဗျာ...
ကျနော်ဘာသာပြန်တယ်ဆိုတာ တတ်လို့ဘာသာပြန်တာ မဟုတ်ပါဘဲ သူငယ်ချင်းတွေကို ရယ်မောစေချင်လို့ ရမ်းပြီး ဘာသာပြန်နေတာ ဖြစ်ပါကြောင်း ... ...

ကြုံတုန်း ကျနော် ရမ်းချထားတဲ့ ဟာသရဲ့ မူရင်းနဲ့ ဘာသာပြန်ကို ဖော်ပြပေးလိုက်ပါတယ်။

======
မူရင်းဟာသ
======
And then there was the Newfie who was found dead in his jail cell with twelve bumps on his head. He'd tried to hang himself with a rubber band.
Category: Random

==========
ကျနော့်ဘာသာပြန်
==========
ချစ်သူက သစ္စာဖောက်သွားလို့ ကျေးညိုတစ်ယောက် သေလောက်အောင် ခံစားနေရတယ်။
မခံနိုင်တဲ့အဆုံး အရက်တွေမူးအောင်သောက်ပြီး ကြိုးဆွဲချသတ်သေဖို့ ပြင်တယ်။
ဒါနဲ့... ...
နွားတင်းကုပ်ထဲသွားပြီး တွေ့တဲ့ကြိုးနဲ့ လည်ပင်းကိုချည်ပြီး ထုပ်တန်းပေါ်က ခုန်ချလိုက်တာ... ....
ကံများ မကောင်းချင်တော့ ကြိုးက ရာဘာကြိုးဖြစ်နေတယ်လေ....
အဲဒါ လည်ပင်းအစ် မသေပဲ၊ ထုပ်တန်းနဲ့ ကြမ်းပြင်ကို ကိုးခေါက်လောက် အသွားအပြန်ရိုက်မိပြီး ခေါင်းမှာ ဘုသီးကိုးလုံးထလို့ သေရော...

အေးတာပဲ...

သန်၎ကို-ရမ်းချသည်။ comments

စောင့်ရှောက်ရေး v4.1.1 For Android

ဒီ စောင့်ရှောက်ရေး apk လေးကို MyanmarMobleForum မှ ကို YangCracker က Advanced Mobile care ကိုပြန်ပြီးမြန်မာမှူပြု ထားတာဖြစ်ပါတယ်။ android ဖုန်းသုံးသူတိုင်းဆောင်ထားသင့်တဲ့ Apk တစ်ခုပါ။ PC တွေမှာဆိုရင် Advanced Systemcare ကိုမသိတဲ့သူရှိပါဘူး။ ဒါလေးကတော့ Android သမားတွေအတွက် တစ်ကယ်ကို ရှိထားသင့်ပါတယ်။ ကျွန်တော်ကတော့ တစ်ခြား Antivirus တွေထက် ဒီကောင်လေးကိုပိုကြိုက်ပါတယ်။ ကဲ ကို YangCracker ရဲ့ စောင်ရှောက်ရေး Apk ကိုအားပေးလိုက်ကြပါအုံး.......
comments

iPhone Pattern & Password ဖြည်နည်း



 မေးထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်....။


 iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁)

1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။

3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။

4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။

5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!


နည်းလမ်း(၂)

ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။

com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။

<key>Password</key>

<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။


အဆင်ပြေပါစေ..


Download : 
 


Credit to : http://www.mm-mpxteam.net
comments

Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ



Facebook Account Security နဲ့ ပတ်သက်လို့ အခြေခံအချက်လေးများ..
၁။ သင့်ရဲ့ Facebook Account ကို ဟက်ခံရလို့ ပါသွားပြှီဆိုရင်...ပြန်ဟက်ဖို့ မကြိုးစားပါနဲ့... ဘာလို့လဲဆိုတော့..Facebook Account hacking နဲ့ ပါတ်သက်လို့ အတွေ့အာကြုံရှိတဲ့ဗဟုသုတ ပြည့်စုံတဲ့လူရဲ့ လက်ထဲ ရောက်နေလို့ပါပဲ..။ သင့်ရဲ့ primary email ကို အသုံးပြုပြီး...မိမိ Facebook Account ကို recovery လုပ်ဆောင်ရန်သာ ရှိပါတယ်...

၂။ စည်းကမ်းချက် ၂ အနေနဲ့တော့..သင့်ရဲ့ Facebook Account password နဲ့ recovery လုပ်နိုင်တဲ့primary email password ကို မည်သည့်အခါမျှ တူအောင် မပေးပါနဲ့၊ ဥပမာ၊ Facebook AccountPassword သည် "abc123" ဖြစ်ခဲ့မယ်ဆိုလျှင် primary email password သည် "bca543" စသဖြင့် ဒါမျိုးဖြစ်သင့်ပါတယ်။

၃။ တတိယစည်းကမ်းအနေနဲ့တော့....သင့်ရဲ့ Facebook Account password ကို တစ်ပတ်၊ တစ်လစသဖြင့် ကာလတစ်ခု သတ်မှတ်ပြီး...ပြောင်းလဲ အသုံးပြုသင့်ပါ တယ်။ များသောအားဖြင့် အလုပ်ရှုပ်လို့ user တွေက ဒီလို အကျင့်ကောင်းလေးကို အသုံးမပြုကြပါဘူး

၎။ Facebook ရဲ့ အကောင့်ဖွင့်တဲ့ primary email ကို အသုံးပြုတဲ့နေရာမှာ...ကျွန်တော်တို့အနေနဲ့
gmail ဖြင့် အသုံးပြုဖို့ အားပေးလိုပါတယ်။ Yahoo mail ကဲ့သို့ မေးလ်များ အသုံးပြုခဲ့မယ်ဆိုရင်လူကြီးမင်းရဲ့ အကောင့်အတွက် ဒုက္ခရောက်စရာလေးတွေ ကြုံလာနိုင်ပါတယ်..ဘာကြောင့်လဲဆိုတော့. Yahoo mail ကဲ့သိုမေးလ်များဟာ check in (၀င်စစ်ခြင်း) မ၀င်တာ ကြာလာတာနဲ့ အမျှ သင့်ရဲ့အကောင့်ကို deactivate (အကောင့်ရပ်ဆိုင်းခြင်း) လုပ်သွားတတ်လို့ပါပဲ။
 
၅။ မိမိနဲ့မသိတဲ့၊ မိမိမယုံကြည်ရတဲ့ သူတွေပို့လိုက်တဲ့ link တွေကို မည်သည့်အခါမျှ လက်မခံဖို့လိုပါတယ်။ တစ်ကယ်လို့ မမျှော်လင့်ပဲ လက်ခံလိုက်မယ်၊ နှိပ်မိလိုက် မယ်ဆိုရင်တော့...မိမိတို့ရဲ့၏အကောင့် password ကို မဆိုင်းမတွပဲ အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။

၆။ နောက်တစ်ခုအနေနဲ့ မိမိမသိတဲ့၊ မိမိနဲ့ မရင်းနှီးတဲ့ လူတွေဆီက app request တွေကိုလည်း လက်မခံဖို့ မနှိပ်မိဖို့ လိုအပ်ပါသေးတယ်..

၇။ တစ်ကယ်လို့ သင့်ရဲ့ အကောင့်ကို သင်မသိပဲ တစ်ခြားလူတစ်ယောက် အသုံးပြုနေတယ်လို့ သံသယရှိလာခဲ့မယ်ဆိုရင်။ setting ထဲဝင် password ကို ပြောင်းပါ ပြီးရင် "Log me Out of other devices."ဆိုတာလေးကို click လုပ်ပြီး တခြား devices တွေနဲ့ အသုံးပြုခြင်းမှ ပိတ်ပေးဖို့လိုအပ်ပါလိမ့်မယ်။

၈။ Cyber Cafe, Internet Cafe စတဲ့ အများသုံး နေရာတွေမှာ သင် အသုံးပြုပြီးပြီ ဆိုရင်တော့သင့်ရဲ့ အကောင့် password ပြောင်းလဲဖို့ သတိပြုရပါလိမ့်မယ်။

၉။ Facebook အသုံးပြုဖို့ log in ၀င်တဲ့နေရာမှာ "Save Password for this site" စသဖြင့် သင့်ရဲpassword ကို သိမ်းဆည်းမလားလို့ မေးလာခဲ့ရင် Never save password စသဖြင့် သင့်ရဲ့ password ကို သိမ်းဆည်း ခြင်း မပြုလုပ်ဖို့ လိုပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ အင်တာနက်အသုံးပြုတဲ့ browser ကနေ သင့်ရဲ့ password ကို အလွယ်တကူ ခိုးယူသွားနိုင်လို့ပါပဲ။
ဒီအချက်လေးတွေဟာ..facebook အသုံးပြုသူများအတွက် မိမိရဲ့အကောင့် လုံခြုံရေးအတွက် အခြေခံ အချက်အလက် အချို့လေးတွေဖြစ်ပါတယ်။ သင်သာ ဒီအချက်အလက်လေးတွေအတိုင်း လိုက်နာပြီး အသုံးပြုခဲ့မယ်ဆို
ရင် မိမိရဲ့ facebook အကောင့် အလွယ်တကူ ဟက်ခံရနိုင်ခြေရာခိုင်နှုန်း အလွန်းနည်းပါးပြီ၊ အကယ်လို့ ဟက်ခံခဲ့ရမယ်ဆိုရင်တောင်မှ အလွယ်တကူ recovery ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်..

ဒီအချက်လေးတွေဟာ Facebook
Account အသုံးပြုသူ user များအတွက်...အထောက်အကူပြု နိုင်မယ်လို့ယုံကြည်ပါတယ်..၊
ကိုယ်စိတ်နှစ်ပါး ကျန်းမာရွင်လန်း ချမ်းမြေ့နိုင်ကြပါစေ.................

Credit to: PC Tips and Tricks မှ ဆီလျှော်အောင် ပြန်ဆိုရေးသားပါသည်။

ကိုဖီးနစ်

comments

iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number ကို ဖျောက်နည်း


iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number တွေကို မြင်ရတာ စိတ်ညစ်စရာ ဖြစ်ပါတယ်။ အဲဒီ နံပါတ်တွေဟာ မဖတ်ရသေးတဲ့ အီးမေး အရေအတွက် ကိုဖော်ပြထားတာဖြစ်ပါတယ်။ Inbox ကို ရှင်းလင်းမှသာ အဲဒီနံပါတ်တွေပျောက်မှာဖြစ် ပါတယ်။ ဒီလိုရှင်းလင်းဖို့ Email App ကိုဖွင့်ပြီး အီးမေး တစ်ခုချင်းစီကို Mark as read အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရတာ အလုပ်တော်တော် ရှုပ်ပါတယ်။ အဲဒီအတွက် နောက်ထပ် နည်းတစ်ခုကို အသုံးပြုပါမယ်။

iDevice က Settings ကိုဖွင့်ပြီး Notification Center ကိုသွားပါ။ Mail App ကိုရှာပါ။

2

Mail App ထဲက Badge App Icon Setting ကို ရှာပြီး Off လုပ်ပေးပါ။ အောက်ကပုံမှာ ပြထားတာက On လုပ်ထားတာ ဖြစ်ပါတယ်။ Off လုပ်ပေးရပါမယ်။

3

အဲဒီ Settings Screen မှာ ပဲ Alerts တွေကို ပိတ်ထားလို့ရပါသေးတယ်။အခြား App Icon တွေမှာလည်း နံပါတ်တွေပေါ်နေလို့ ဖျောက်ချင်ရင် ဒီနည်း သုံးနိုင်ပါတယ်။

အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

POST BY : MMICT
comments

Subway Surfers 1.21.0 MEXICO MOD APK (Unlimited Golds/Keys/Boards)




ကဲ Android အတွက် subway surfers အသစ်လေးလာပါပြီခင်ဗျာ

ဒီမှာတော့ Unlimited Mood တွေအများကြီးနဲ့ဂိမ်းလေးပါ။

ဒီကောင်လေးကို Play Store မှာ 27 ရက်နေ့က update ထွက်ခဲ့တာပါ

subway surfers ကို ကစားရတာနှစ်သက်သူတွေအတွက် အောက်မှာဝင်ဒေါင်းသွားလိုက်ပါ






DOWNLOAD



ကိုလတ်(ကျွဲဆင်း)

comments

ပျောက်ဆုံးလေယာဉ်မှ အသက်ရှင်ဖွယ်ရှိသူများကို ဆက်လက်ရှာဖွေမည်ဟု မလေးရှားဝန်ကြီးကတိပြု


ပျောက်ဆုံးနေသောခရီးသည်တင် လေ ယာဉ်မှ အသက်ရှင်သန်နိုင်ဖွယ်ရှိသူများအား ဆက်လက်ရှာဖွေ သွားမည်ဟု မလေးရှား ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီးက မတ် ၂၉ ရက်တွင် ကတိပြုလိုက်သည်။

ရက်သတ္တ သုံးပတ်ကြာမျှ ပျောက်ဆုံး နေသော လေယာဉ်နှင့်ပတ်သက်၍ မိမိတို့ မျှော်လင့်ချက် ကုန်ဆုံးခြင်းမရှိကြောင်း၊ အသက်ရှင်သန်လွတ်မြောက်သူများကို တွေ့ လို တွေ့ငြား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှားမူဒင်ဟူစိန်က သတင်းထောက်များ အား ပြောကြားသည်။

မလေးရှားလေကြောင်းဌာနမှ ခရီးစဉ် အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းလာသော ခရီးသည်တင်လေ ယာဉ်သည် မတ် ၈ ရက်က မြို့တော်ကွာလာလမ်ပူမှ တရုတ်နိုင်ငံမြို့တော် ပေကျင်းသို့ မောင်းနှင်နေချိန် အတွင်း ပျောက်ဆုံးသွားခဲ့သည်။

ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦးလိုက်ပါလာခဲ့သော ယင်းလေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌ ပျက်ကျဖွယ် ရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရ ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က ပြောကြားခဲ့သည်။

ထိုစဉ်အတွင်း သြစတြေးလျနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကမ်းလွန်၌ ရှာဖွေနေ သောလေယာဉ်များသည် လေယာဉ်အပျက် အစီးအပိုင်းအစများအဖြစ် ယူဆရသော အရာဝတ္ထုအချို့ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သြစတြေးလျပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က ပြောကြားသည်။

မတ်၂၈ရက်ကရှာဖွေစဉ်အတွင်း လေယာဉ်ငါးစင်းက လေယာဉ်အပျက်အစီးအပိုင်းအစများအဖြစ် ယူဆရသော အ ရာဝတ္ထု များကိုတွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းများရယူ ခဲ့ကြကြောင်း၊ ကျွမ်းကျင်သူပညာရှင် များက ယင်းဓာတ်ပုံမှတ်တမ်းများကို သုံးသပ်လေ့လာ လျက်ရှိကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က ပြောကြားသည်။

တရုတ်ပင်လယ်ရေကြောင်းအာဏာပိုင်အဖွဲ့မှ ဟိုင်ဇွန်-ဝ၁ အမည်ရှိ ကင်းလှည့် ရေယာဉ်က ယင်းအရာဝတ္ထုများကို ဆယ်ယူ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ရိုက်တာ



comments

ATM ကဒ်ဖြင့် အလွယ်တကူငွေထုတ်နည်း


ATM ကဒ်ဖြင့် အလွယ် တကူငွေထုတ်နည်း

ယနေ့ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်အမြောက်အများကို နိုင်ငံတော်မှ လုပ်ကိုင်ခွင့် ချထားပေး ပြီးနောက်ပိုင်း တွင်ကျယ်လာသော
ငွေကြေး ပိုင်းဆိုင်ရာ ၀န်ဆောင်မူကို သူသူ ငါငါ အပြိုင် အဆိုင်လုပ်ကိုင်လာကြရာတွင် ATM ကဒ်သည် တစ်ခုအပါအ၀င် ဖြစ်သည်။

မိမိအပါအ၀င် နှစ်ပေါင်းများစွာ အဆိုပါ ကဒ်သုံးငွေကြေးထုတ်ယူမူ စနစ်များဖြင့် အတော့်ကို အလှမ်းကွာဝေးခဲ့ရပါတယ်။ ထို့ကြောင့်
စာဖတ်သူ မိဘပြည်သူအများ ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်ကာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။


(၁) ပထမဦး ဆုံး ( Welcome Screen )ကြိုဆိုပါ၏ စာသားကိုမြင်ရသော အခါတွင် ကဒ်ကိုထည့်သွင်းရန်ပြထားပါမည်။

(၂) မိမိ၏ ကဒ်တွင်ပါရှိသော မြှားပုံပါအတိုင်း ထည့်သွင်းရမည်။

(၃) အင်္ဂလိပ် / မြန်မာ နှစ်ဘာသာ အနက် ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။

(၄) ဘာသာစကား ရွေးပြီးပါက ( Personal Identification Number - PIN NO )ရိုက်ထည့်ပါ။

(၅) PIN NO ရိုက်ထည့်ပြီးပါက ခေတ္တစောင့်ဆိုင်းရ ပါမည်။

ထို့နောက် မိမိလုပ်ဆောင်လိုသော လုပ်ငန်းကို ရွေးချယ်ပေး ရပါမည်။
(က) ငွေထုတ်ယူလိုပါက ( ငွေထုတ်ယူမည်) ကိုရွေးချယ်ပေးပါ။
(ခ) ငွေလက်ကျန်သိလိုပါက ( ငွေလက်ကျန်ကြည့်ရူမည် ) ကိုရွေးပေးပါ။
(ဂ) ငွေလွှဲပြောင်း မည်ဆိုပါက ( ငွေလွှဲပြောင်းမည် ) ကိုရွေးပေးရမည်။
(ဃ) မိမိကဒ်၏ PIN NO ပြောင်းလိုပါက ( PIN နံပါတ် ပြောင်းမည် ) ကိုရွေးပေးရမည်။
(င) မိမိကဒ်၏ အကြောင်းအချက်အလက်ကို သိလိုပါက ( Mini Statement ) ကိုရွေးလိုက်ပါ။

(၆) ငွေထုတ်ယူ မည်ကိုရွေးချယ် ခဲ့သည်ဖြစ်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏ ဥပမာ။ ။ ၅၀၀၀ ၊ ၁၀၀၀၀၊ ၃၀၀၀၀... စသည့်ဖြင့် ရွေးလိုက်နိုင်သလို
မိမိ စိတ်ကြိုက်ရွေးချယ်လိုပါက ( အခြား) ဟူသော စာသားကို ရွေးပြီး မိမိထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်နိုင်ပါသည်.။

(၇) မိမိထုတ်ယူလိုသော ငွေသားပမာဏကို ရွေးပြီးပါက ခေတ္တစောင့်ဆိုင်း ရမှာဖြစ်ကာ များမကြာမှိ သင့်ငွေသားများ စက်အတွင်းမှ ထုတ်ပေးပါလိမ့်မယ်။

(၈) ငွေသားလက်ခံ ပြေစာကို ရယူလိုပါက ( သဘောတူပါသည်) ကိုရွေးပေး လိုက်ခြင်းဖြင့် စလစ်ကလေးတစ်ခု ထုတ်ပေးပါလိမ့်မည်။

(၉) အခြား သောဝန်ဆောင်မူများကိုဆက်လက် လုပ်ဆောင်ခြင်းမပြုလုပ်လို တော့ပါက (မပြုလုပ်ပါ) ကိုရွေးချယ် လိုက်ပါ။ ထို့နောက် သင့်၏ ATM ကဒ်ထွက်လာ ပါလိမ့်မည်။

သတိပြုရန်အချက်။ ။ ( မိမိကဒ် အားသတ်မှတ်ထားသော (၁) မိနစ်အတွင်း မထုတ်ယူမိပါက စက်မှ အလိုအလျေက် ကဒ်ကို သိမ်းယူသွားမှာ ဖြစ်တဲ့ အတွက် သတိပြုစေချင်ပါသည်။ )

အထက်ပါ လုပ်ဆောင်မူများသည် CB Bank ATM ကဒ် စနစ်သုးံပြုခဲ့ခြင်းဖြစ်ကာ အခြားသော ဘဏ်များ၏ လုပ်ဆောင်မူများမှာလည်း အလားတူ ဖြစ်ကာ ထင်သာမြင်သာလောက်အောင်
ခြားနားမူသိပ်မရှိ ကြောင်းသတင်းပေးလိုက်ပါတယ်။

 
ကချင်း (MM Social Sky )


comments

Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေးပြီ

Office Mobile apk for Android
Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။
Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ကို အခပေး အသုံးပြုရမှာဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၉၉.၉၉ သို့မဟုတ် ယူရို ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
Android နဲ့ iPhone အတွက် Office ကို အောက်ကလင့် တွေကနေ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။
https://itunes.apple.com/us/app/office-mobile-for-office-365/id541164041?mt=8(For IOS)
https://play.google.com/store/apps/details?id=com.microsoft.office.officehub(For android)
Ref:Myanmar Digital Life Journal comments

Angry Birds Go! v1.2.0 [Money Mod] Apk (Update - March-28)

Angry Birds Go! - screenshot thumbnail

Angry Birds ရဲ့နောက်ဆုံးထွက် Version လေးပါ။ 28ရက်နေ့ကမှအသစ်ထွက်လာတာပါ။ အခုကျွန်တော် တင်ပေးလိုက်တာကတော့ Hack ထားပြီးသား Unlimited Version လေးပါ။ စိတ်ကြိုက်ကစားရုံပါဘဲ။ ကစား ရမယ့်အခန်းတွေ ကို မိမိကစားချင်တာရွေးချယ်ကစားနိုင်ပါတယ်။ အားလုံး Lock ဖြုတ်ထားပြီးသားပါ။ အခု Game လေးကတော့ အရင် Angry Birds ပုံစံတွေနဲ့မတူပါဘူး။ ၀က်တွေနဲ့ ကားမောင်းပြီး ဖဲ့ရမှာပါဗျာ။ တမျိုးလေးဆန်းနေပါတယ်ဗျာ။ နမူနကြည့်နိုင်အောင် အောက်မှာ Screen Shot ရိုက်ပြီးတင်ပေးလိုက်ပါတယ် ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot




**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments

TuneUp Utilities 2014 v14.0.1000.275 + Keygen & Serial Key

http://i742.photobucket.com/albums/xx68/aylpic/18/TuneUpUtilities2014.jpg

TuneUp Utilities ကိုတော့ လူတိုင်းသိကြမှာပါ။ မနေ့က Update ထွက်လာလို့တင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Operation System တစ်ခုလုံးကို Optimize လုပ်ပေးနိုင်ပြီး PC အတွက် အသုံးတည့်စေမယ့် Tools ပေါင်းများစွာပါဝင်တဲ့ Software တစ်ခုပါ။ System မှာရှိနေတဲ့ Error များကို Fix လုပ်ပေးခြင်းအားဖြင့် ကွန်ပြူတာရဲ့ Speed ကိုမြှင့်တင်ပေးပါတယ်။ ဒီထက်ပိုပြီးအသေးစိတ်သိချင်တယ်ဆို ရင်အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။ Windows ® 2003, Windows XP, Windows Vista, Windows 7, Windows 8, Windows 8.1 (32 and 64-bit) အားလုံးမှာအသုံးပြုနိုင်ပါတယ်။ အမြဲတမ်း သုံးနိုင်အောင် Full Version အဖြစ် Serial Key နဲ့ Keygen ကိုထည့်ပေးလိုက်ပါတယ်ဗျာ။

....................................................................
 
TuneUp Utilities 2014 – An updated set of various tools for tuning your system. TuneUp Utilities allow you to clean the wheels of a different litter, remove from the registry invalid entries, manage startup to optimize memory, permanently delete files using the tool “TuneUp Shredder” (it is not possible to restore files, even with special programs), to change the appearance of Windows, and much more. All utilities are collected in a single graphical environment. This package contains the important functions for the configuration, optimization of the system, cleaning and maintenance-friendly graphical interface.
TuneUp stands out due to its ease of use. During development, the main emphasis was placed on providing opportunities for each level Windows users to optimize their computer efficiently and completely. The following is a brief overview of the most important new features:
TuneUp Turbo Mode. TuneUp Turbo Mode gives you immediate performance boost whenever you need it. It disables many features that work in the background, even when you are not using them.
TuneUp Operational Optimization . TuneUp Utilities offer you two new optimization method, which ensures optimum performance even under high load computer. If necessary, the speed will increase or accelerate the process of running the program.
Gadget TuneUp Utilities. For Windows Vista and Windows 7, there is now a device TuneUp Utilities, which always displays the status of the computer desktop.
TuneUp Optimization Report. TuneUp Utilities will provide you with progress reports will show you what services and other optimization problems you have done and what benefits it has brought you.
The main window. TuneUp Utilities have been completely renovated: new main window is even easier to use and provides faster access to each function.
Adapting to Windows 7. TuneUp Utilities fully supports the new operating system Windows 7. Just like Windows XP and Vista. TuneUp Utilities also performed on 64-bit versions of Windows 7.
Even more extensive options Automatic Maintenance. Automatic service and fast solution to the problems now do more maintenance tasks. You can also specify a starting automatic maintenance when you are not actively working in the computer and – (laptop) – when it is connected to a power source.
Disk defragmenter. The new TuneUp Utilities is now offering you two ways to defragment your hard drive: full and fast.
More defrag registry. The previous version of the registry was supposed to be defragmented after analysis at reboot. The new TuneUp Utilities, you can now put this optimization to the next start your computer, and you can not interrupt their work for this.
When space became even more secure. You can now delete unwanted files and old backups separately from each other in order to free up disk space on your hard drive. This allows you to safely remove redundant files at any time. After each treatment, TuneUp Utilities also show you how much disk space has been freed.
Easier to use. Many functions of TuneUp Utilities have become more easy to use, making it easier for you to optimize your system Windows.
Detailed information about your programs. TuneUp Utilities provides you with a detailed description of all programs installed on your computer. If you would like to find out more information about one of your programs, you can get search results on the network.
Supported Platforms :
Windows ® 2003, Windows XP, Windows Vista, Windows 7, Windows 8, Windows 8.1 (32 and 64-bit)
Language: English

http://betanews.com/wp-content/uploads/2013/09/tuneup.jpg

http://www.tune-up.com/fileadmin/images/screenshots/tuu2013_en/sg04_Integrator.png


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments

Advanced SystemCare Ultimate 7 + How to Activate ?



 Advanced SystemCare 7 Ultimate ကို အားလုံးသိကြမှာပါ... ကွန်ပျူတာရဲ့ System Error တွေကို ရှင်းပေးနိုင်တဲ့ အပြင် အင်တာနက်လုံခြုံရေးအတွက် Antivirus ကိုပါ တစ်ခါတည်း တွဲပေးထားတာပါ..
အသုံးပြုသင့်တဲ့ Software လေးမို့ နောက်ဆုံး Update Version လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

What does
Advanced SystemCare Ultimate 7 do?


    Based on #1 ranked BitDefender antivirus technology and IObit anti-malware engine, Advanced SystemCare Ultimate 7 incorporates top anti-virus capabilities, as well as the already proven comprehensive PC tune-up ability. It provides protection against all kinds of security threats, system slowdown, freeze and crash without slowing down your system.

    Advanced SystemCare Ultimate 7 is compatible with other security software, and it includes all features of ASC PRO. Users who uninstall Advanced SystemCare PRO during Advanced SystemCare Ultimate 7 trial can easily revert to ASC PRO at any time.

Activate ဖြစ်အောင်မလုပ်တတ်ဘူးဆိုပြီး အကူညီတောင်းထားလို့ ပြုလုပ်နည်း အဆင့်ဆင့်ကိုပါ မျှဝေပေးလိုက်ပါတယ်..။

ပထမဆုံး Advanced SystemCare Ultimate 7 ကို မူရင်းဆိုက်ဒ်မှ ဒေါင်းယူ Install လုပ်ပါ...

ပြီးရင်  Advanced SystemCare Ultimate ကို Run ပါ...

Setting ကို နှိပ်ပါ... (အဆင်မပြေရင် နံပါတ်လေးတွေအတိုင်း အစဉ်လိုက်နှိပ်ပေးသွားပါ) ပုံသေးနေရင် ပုံကို Click ပြီးကြည့်နိုင်ပါတယ်..


ပုံထဲကအတိုင်း Auto Update က တဆင့် .... Specify proxy server ကို Select ပေးပါ...


သက်ဆိုင်ရာနေရာလေးတွေမှာ ပုံထဲကအတိုင်း အောက်က Code လေးတွေ ဖြည့်ပေးလိုက်ပါ..။

Host : 128.199.232.107
Port : 8080

Key ဖိုင်လ်ကို Download လုပ်ယူပါ .. အထဲက Key တစ်ခုခုနဲ့ Activate လုပ်ပေးလိုက်ပါ....


ပုံထဲကအတိုင်း Error box လေး ပေါ်လာရင် OK ကို နှိပ်ပေးလိုက်ပါ...


ပြီးပြီးဆိုရင်တော့ .....



အပေါ်ကပုံ အတိုင်း Activated ဖြစ်သွားမှာပါ...




ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


comments

နည်းပညာသစ်တွေ အသုံးပြုပြီး ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေ


ဂျာမန်အင်ဂျင်နီယာတွေ တီထွင်ထုတ်လုပ်ထားတဲ့ သမုဒ္ဒရာရေနက် လေ့လာရှာဖွေရေးယာဉ် ABYSS ဟာ ရေအနက် မီတာ ၂၀၀၀ ကနေ မီတာ ၆၀၀၀ ထိ ရေနက်ပိုင်း ရှာဖွေလေ့လာရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တာကြောင့် မလေးရှားလေကြောင်း လေယာဉ်ပျောက် ရှာဖွေရေး လုပ်ငန်းမှာ အသုံးတည့်နိုင်တယ်လို့ ဆိုပါတယ်။

ရှာဖွေရေးယာဉ်ဟာ အလားတူဖြစ်ရပ်မျိုး အတွေ့အကြုံရှိပြီး ၂၀၁၁ ခုနှစ်က ဘရာဇီးကမ်းလွန်မှာ ပျက်ကျပျောက်ဆုံးခဲ့တဲ့ ပြင်သစ်လေကြောင်းလိုင်းကို ရှာဖွေခဲ့တာလည်းဖြစ်ပါတယ်။

ရေယာဉ်ဟာ ဘက်ထရီနဲ့ အလုပ်လုပ်တာဖြစ်ပြီး အရှည် ၄ မီတာ အကျယ် မီတာဝက်လောက်ပဲရှိပါတယ်။ ၈၈၀ ကီလိုအလေးချိန်ရှိပြီး ရေအောက်မှာ ၂၂ နာရီကြာ အလုပ်လုပ်နိုင်တယ်တာလည်းဖြစ်ပါတယ်။

ရေယာဉ်ရဲ့ အင်ဂျင်နီယာတဦးဖြစ်တဲ့ မာရှယ် ရောသန်ဘတ် က ၁ ရက်ကို စတုရန်းကီလိုမီတာ ၅၀ လေ့လာရှာဖွေရေး လုပ်နိုင်တာကြောင့် ရှာဖွေရေးယာဉ် ၃ စီးဆိုရင် ဧရိယာ ၁၅၀ စတုရန်း ကီလိုမီတာကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တောင်းဆိုလာရင် အဆင်သင့်ပါပဲလို့ ပြောဆိုခဲ့ပါတယ်။ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေနေတဲ့ နိုင်ငံစုံအဖွဲ့တွေဟာ သြစတြေးလျနိုင်ငံနဲ့ ပိုနီးတဲ့ ရှာဖွေရေးဇုန်သစ်မှာ မတ်လ ၂၇ ရက်နေ့ကတည်းက ပြောင်းလဲရှာဖွေနေကြပါတယ်။

အမေရိကန်နိုင်ငံကလည်း လေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ Blackbox ကို ရှာဖွေနိုင်တဲ့ ကိရိယာတခုကို ပေးပိုထားပါတယ်။ Blackbox ကို ရှာဖွေလို့လွယ်ကူအောင် အချက်အလက်တွေ လွှင်ထုတ်နိုင်ဖို့ တပ်ဆင်ထားတဲ့ ဘက်ထရီဟာ ၁ လ သက်တမ်းပဲရှိတာကြောင့် အချိန် မကျန်တဲ့ အခြေအနေဖြစ်နေပါတယ်။

 
DVB



comments

DriverPack Solution 14 R411+14.03.3 (New Update,28 March2014)



DriverPack ကို သိတဲ့လူများ သိကြမှာပါ... ကွန်ပျူတာမှာ လိုအပ်နေတဲ့ Driver တွေကို အလိုလျှောက် ထည့်သွင်းပေးနိုင်တဲ့ Software ပါ.... မနေ့ကမှ Update လေးထွက်လာလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

The all-new shell DRP 14 automatically select and install the correct driver for your computer. This version has many new features and optimized for the new operating system Windows 8.1. Compared with the previous version of the DRP 14in this version is much fixed shell and completely new driver packs. Installing the driver is in a shell just a few clicks, and this process can be fully automated. Thanks freshest driver-pakam, the program will install drivers on virtually any computer of any age. Install and update the drivers of this program is not connected to the Internet directly from the HDD / flash / DVD.

Some Key Features
- Works with any driver packages (files 7z, zip), for any operating system since Windows XP
Work as a 32 bit and a 64 bit
Ability to group and custom installation of drivers
Ability to handle files in batches finish Bashrat'a
Transparent application settings (all settings are changed through the settings). All settings are stored in an ini-file
Quickly create a database of drivers (the ability to create all databases with one click)
Friendly and responsive interface
View the list of devices for the local PC
View oxidase drivers for the driver package
Ability to work with any carrier
Ability to add and run from the interface additional tools (to add, use the menu-options - additional tools). Ie, to some extent can be used as a autorun for your collections
Check for program updates via the Internet
Ability to silent install
Multilingual interface.

Credit : http://www.bunganajwa.com




 
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net



comments

DW Contacts & Phone & Dialer v2.6.1.0-pro APK (Update March-28)


Contact List တွေကို အခြားသူများနဲ့မတူဘဲ တမူထူးခြားအောင် အလန်းဇယားလေးဖန်တီးချင်သူများအ အတွက် DW Contacts & Phone & Dialer v2.6.1.0-pro ဆိုတဲ့ Android Application လေးတစ်ခုတင်ပေး လိုက်ပါတယ်ဗျာ။ မိမိရဲ့ Contacts တွေကို အမျိုးအစားများခွဲခြားပြီး သီးသန့်သတ်မှတ်ပေးနိုင်ပါတယ်။ ဖုန်းတိုင်းမှာ အဒီ Function ကိုထည့်ပေးထားတယ်ဆိုပေမယ့် အခု Application လေးနဲ့ မှတ်တာမျိုးနဲ့မတူပါ ဘူး စမ်းသုံးကြည့်ပါ အတော်လေးလန်းလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ Android OS 2.1 နှင့် အထက်ဖုန်း များမှာစပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

 
 
 
 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


comments