iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း


iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...




iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက် တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ

  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်

မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)

iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။




လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။

iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
 

Credit : မိုးသိကြား


comments

SAMSUNG ဟန်းဆက်များ Android 4.3 သို့ ဗားရှင်းမြှင့်ရာတွင် သတိထားရန် လိုဟုဆို


လူကြိုက်များ ဟန်းဆက်အမျိုးအစား အချို့ဖြစ်သည့် SAMSUNG GALAXY SII,SIII, Note II တို့ကို Android Official Version 4.3 သို့ မြှင့်တင်ရာတွင် သတိထားရန် လိုအပ်လာကြောင်း သိရသည်။

“အခုနောက်ပိုင်း Note II တချို့ကို Official version 4.3 မြှင့်လိုက်ရင် ဖုန်းဟန်းဆက်ရဲ့ Network စနစ်တွေ ပျောက်သွားတာမျိုးတွေ ကြုံတွေ့ရတယ်။ ဒီလိုဖြစ်လို့ ၄.၃ ကနေ Downgrade ပြန်ဆင်းချင်ရင်လည်း boot Loader သေသွားတတ်တယ်။ Official Android version 4.3 က boot loader ကို KNOX နဲ့ Security ခံထားတော့ Downgrade ပြန်ဆင်းမရတာမျိုးတွေ ကြုံတတ်တယ်” ဟု Techvilla မှ ဆားဗစ်ပညာရှင်တစ်ဦးမှ ပြောသည်။

“4.3 ဗားရှင်းတင်ဖို့အတွက် တချို့ဟန်းဆက်တွေက Network IC မနိုင်တာကြောင့် ဗားရှင်းတင်လိုက်ရင် Network လိုင်း ပျောက်သွားတာမျိုး ကြုံတတ်တယ်” ဟု ဆားဗစ်ပညာရှင် ကိုအောင်ဇင်က ထပ်မံပြောကြား သည်။ Android version 4.3 ကို ကိုယ်တိုင်စမ်းသပ် သုံးစွဲလိုသူများအနေဖြင့် Leak Version တင်ပြီးသာ စမ်းသပ်သုံးစွဲသင့်ပြီး SAMSUNG GALAXY SII,SIII,Note II များကို Official Version 4.3 မြှင့်တင်လိုပါက နားလည်တတ်ကျွမ်းသည့် ဆားဗစ်ပညာရှင်ထံတွင်သာ မြှင့်တင်သင့်ကြောင်း သိရသည်။


ကောင်းမြတ်ထွန်း၊ မန္တလေး

Ref : http://www.myanmarinternetjournal.com
comments

ဒီဇင်ဘာလအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်းအလုံးရေ ကိုးသောင်းကျော် ချထားမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန်ဖုန်းများအား ယခုနှစ်၊ ဧပြီလမှ စတင်ကာ လစဉ်ရောင်းချပေးခဲ့ရာ ယခုလအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဖုန်းအလုံးရေ ကိုးသောင်းကျော်ချထား ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
GSM နှင့် WCDMA ဖုန်းအမျိုးအစားများအား ချထားပေးသွားမည်ဖြစ်ပြီး GSM ဖုန်း (၄၈၇၈၀) နှင့် WCDMA ဖုန်း (၄၃၀၀၀) စုစုပေါင်း (၉၁၇၈၀) ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်ချထားပေးမှုတွင် အများဆုံးအရေအတွက် ဖြစ်သည်။ ယခုလအတွက် ချထား ပေးရာတွင် ဒေသအားလုံးအတွက် CDMA 800MHz ဖုန်းများမပါဝင်ပေ။ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာခဲ့သည်။ “သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ရက်နဲ့ အနည်းဆုံး လေးငါးရက် လောက်ကွာပြီးမှပဲ မဲနှိုက်ရတာ ဖြစ်ပါတယ်။ ဒီလအတွက်ကတော့ အခုချိန်ထိလာရောက် အကြောင်းကြားပေးတာမျိုး၊ ဆိုင်းဘုတ်ကပ် အကြောင်းကြားပေးတာမျိုး မတွေ့ ရသေးပါဘူး” ဟု အင်းစိန်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်း စုစုပေါင်း သုံးသိန်းခွဲကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်အတွက် အရေအတွက် အနည်းဆုံး ချထားပေးမည်ဖြစ်ပြီး WCDMA ဖုန်း (၃၅၃) ကိုသာ ချထားပေးမည်ဖြစ်ကာ GSM ဖုန်းလိုင်းများ မပါဝင်ပေ။ ကယားပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးစလုံးပါဝင်ကြောင်း တွေ့ရသည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၈ ခုတွင် အချိုးကျခွဲဝေပြီး ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။

ချထားပေးသည့် ဖုန်းများနှင့် ပတ်သက်၍ သတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်သည်။ ဖုန်းကတ် ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းမ်ကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြည့်ကာ သုံးစွဲရမည် ဖြစ်သည်။ ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများအနေဖြင့် လစဉ်ပြောဆိုခ ၂၅၀၀ ကျပ် အနည်းဆုံး သုံးစွဲရမည်ဖြစ်သည်။


ထွန်းထွန်း

Ref : http://www.myanmarinternetjournal.com

comments

Android ဖုန်းပေါ်မှာပန်းချီဆန်ဆန်ချယ်မှုန်းချင်သူများအတွက်



Android ဖုန်းပေါ်မှာ မိမိလိုသလို မိမိတို့ ရဲ့ ပုံလေးတွေကိုဆေးရောင်လှလှလေး .ပန်းချီဆန်ဆန်လေး..အသုံးပြုလိုသူများအတွက် ( ၂၇.၁၂.၂၀၁၃ )ရက်နေ့ play store ပေါ်မှာရောက်ရှိလာတဲ့  XnSketch Pro လေးပါ......မိမိတို့ ပုံကို ကြိုက်သလို အနူပညာဆန်ဆန်..ကာတွန်းပုံလေးတွေ ကိုအရောင်လေးတွေနဲ့ လုပ်မလားအလွယ်တစ်ကူပြုလုပ်နိုင်ပါတယ်...အရင်ကခဲခြစ် အဆပေါင်းများစွာသာလွန်တာပြီး အသုံးပြုရတာလည်းအဆင်ပြေပါတယ်ခင်ဗျာ...ဖိုင်ဆိုဒ်ကတော့  7MB ပဲမို့ ပေါ့ ပေါ့ ပါးပါးနဲ့ အနုပညာလက်ရာမြောက်စွာချယ်မှုန်းနိုင်တော့ မှာ ဖြစ်ပါတယ်...မည်သည့် android အမျိုးအစာနှင့် မဆို သင့် လျော်ပြီး android version 2.2 နှင့် အထက်မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်...










အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။


စိုင်းသူ
comments

One Click Root !!! V Root v 1.7.4 (New Update)



နာမည်ကြီး 1 Click Root Tool လေးပါ ဖုန်းတော်တော်များများကို အလွယ်တကူ Root ဖေါက်နိုင်ပါတယ်.... Update Version လေးမို့ ထပ်တင်ပေးလိုက်ပါတယ်..။



comments

CD/DVD ခွေပျက်တွေထဲက Data တွေ ပြန်ယူနည်း


CD/DVDs ခွေပျက်တွေထဲက Data တွေကို 90% ထိ အလွယ်တကူ ပြန်ယူနိုင်မဲ့ Software လေးပါ.. အရင်ကတင်ပေးထားတာ Link အလုပ်မလုပ်တော့လို့ ဒါရိုက် Link နဲ့ ပြန်တင်ပေးလိုက်ပါတယ်..။

1. အရင်ဆုံး ဒီနေရာကနေ Download & Install လုပ်ပါ.. >>> CD Recovery Toolbox

2. စက်ထဲကို ပျက်နေတဲ့ CD/DVD ထည့်ပေးပြီး  NEXT ကို နှိပ်ပါ ။

3. သိမ်းထားမဲ့ နေရာကို ရွေးပေးပြီး  NEXT ကို ထပ်နှိပ်ပါ ။

4. လိုချင်တဲ့ ဖိုလ်တွေကို ရွေးပြီး SAVE လုပ်နိုင်ပါပြီ ။

5. Save ပြီးအောင် ခဏစောင့်လိုက်ပါ  ။

CD Recovery Toolbox Free 400x296 Top 3 Free CD DVD Data Recovery Software Free

Features:

    Recovers information from any CD and DVD disks
    Recovers files larger than 4 GB
    Detects possible lack of free space on the hard disk for storing the recovered files.


|Download CD Recovery Toolbox|


ဝင်းကမ္ဘာကျော်

 www.winkabarkyaw.net

comments

Skype မှာ မြန်မာလို ရေး/ဖတ် လို့ရအောင်


ဇင်: Skype မှာ မြန်မာ Font ထည့်ချင်လို့ပါ ဘယ်လိုထည့်ရမှန်းမသိလို့ တင်ထားတာရှိရင်လည်း Link လေးပေးပါလား အကို ကျေးဇူးပါ...။

ကွန်ပျူတာက Skype မှာ မြန်မာလို ရေးလို့ / ဖတ်လို့ ရအောင် Setting ချိန်နည်းလေးပါ.. မသိသေးတဲ့ သူငယ်ချင်းများ အတွက် မျှဝေပေးလိုက်ပါတယ်.. Skype မရှိသေးလို့ လိုချင်တဲ့ သူငယ်ချင်းများကတော့ ဒီနေရာက တဆင့် နောက်ဆုံး Version ကို ဒေါင်းယူနိုင်ကြပါတယ်.. (Offline Installer) ပါ...။

ပြုလုပ်နည်းကတော...
ပုံလေးတွေကြည့်ပြီး နံပါတ်လေးတွေ အတိုင်း အစဉ်လိုက် လုပ်ပေးသွားရုံပါပဲ....
Tool ကို Click ပါ... ကျန်တာတွေ အားလုံးကိုတော့ အစဉ်လိုက်လုပ်ပေးသွားပါခင်မျာ... (ပုံတွေ သေးလို့ ရှင်းရှင်း လင်းလင် မမြင်ရဘူးဆိုရင် ပုံပေါ်ကို Click လိုက်ပါ)












ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

wwwinkabarkyaw.net

comments

ဖုန်းမှာ Internet Speed နဲ့ Wifi Speed ကိုဖော်ပြပေးနိုင်မယ့် Internet Speed Meter v1.3.3 APK


ဖုန်းနဲ့အင်တာနက်အသုံးပြုသူများအတွက် သင့်တော်မယ့် Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ပထမအကြိမ် တင်တုန်းကတော့ အခု Application လေးကိုလူကြိုက်တော်တော်များခဲ့ပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့ ထပ်ပြီးတင်ပေးလိုက်တာပါဗျာ။ ဒီကောင်လေးက ဘာတွေလုပ်ဆောင်ပေးနိုင် လည်းဆိုရင် Notification Bar မှာ မိမိအသုံးပြုနေတဲ့ Internet Connection ရဲ့ Speed ဘယ်လောက်ရ ရှိနေ လည်းဆိုတာကိုဖော်ပြပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင်မိမိ တစ်နေ့တာအသုံးပြုခဲ့တဲ့ Data Usage တွေ အားလုံးကို မှတ်တမ်းအနေနဲ့သိမ်းထားပေးမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘောကျလို့ လက်ရှိ အသုံးပြုနေပါတယ်ဗျာ။ ဒါလေးကိုသုံးခြင်းအားဖြင့် မိမိရဲ့ ကွန်နရှင် ကျနေလား မြန်နေလားဆိုတာသိ ရှိနိုင်ပြီး ကျနေတယ်ဆိုရင် ဆက်မသုံးဘဲ ပိတ်ထားနိုင်ပါတယ်ဗျာ။ အဲဒါဆို ရင်တော့ ပိုက်ဆံမကုန်တော့ ဘူးပေါ့။ Speed Meter မရှိဘူးဆိုရင်တော့ ဘယ်လောက်ကျနေမှန်မသိ တက်နေ မှန်းမသိနဲ့ ဖွင့်ပြီးစောင့်နေ ရင်တော့ ဖုန်း Bill ပိုကုန်မှာပေါ့ဗျာ။ Requires Android:2.3.3 and up




 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

Animation တွေနဲ့ အရမ်းမိုက်တဲ့ Live Wallpaper - Space Colony v1.2 APK


အခုကျွန်တော်တင်ပေးလိုက်တဲ့ Live Wallpaper ကတော့ အမိုက်စားဘဲဗျာ။ ညဖက်ကောင်းကင်ပြင်နဲ့ မိုးပျံ တိုက်တွေကို Animation တွေအနေနဲ့ဖန်တီးထားတဲ့ပုံစံမျိုးပါ။ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ရုပ်ထွက်လည်း အဆင့်မြင့်မြင့်ပါဘဲ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေကိုကြည့်နိုင်ပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်ဗျာ။












 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

Speed Up And Optimize Your PC (All in one PC Suite !) ကွန်ပျူတာရှိသူတိုင်း ဆောင်ထားသင့်တဲ့ Software !!!


ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)  လေးကို အစဉ်တစိုက် အားပေးလာကြတဲ့ မိတ်ဆွေ သူငယ်ချင်းများ Happy New Year ပါ...   နှစ်သစ်မှာ အားလုံး ကျန်းမာ ချမ်းသာ၍ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်...။

နှစ်သစ်ကူး လက်ဆောင်အဖြစ် အမှန်အကန် အလန်းစား အမိုက်စား Software လေးတစ်ခုကို အားလုံးအတွက် ပြန်လည်မျှဝေးပေးလိုက်ပါတယ်... :)

ဒီဆော့ဖ်ဝဲ လေးကတော့ အရမ်းကို လန်းတဲ့ ဆော့ဖ်ဝဲ လေးပါ .. PC မှာ တခြား Software တွေ သုံးစရာမလိုတော့လောက်အောင်ပါပဲ...  ကွန်ပျူတာရှိသူတိုင်း ဆောင်ထားသင့်တဲ့ Software လေးပါ.. Size လေးကလည်း 5MB ပဲရှိပါတယ်...။

ကွန်ပျူတာ System Error များကို ထိထိရောက်ရောက် နဲ့ အလွယ်တကူ ဖြေရှင်းပေးနိုင်ပါတယ် .. ဒါတင်မကသေးပဲ...

 Blue Screen Error များကို ရှင်းလင်းပေးခြင်း ,

Registry Cleaner က Registry အကောင်းဆုံး ရှင်းပေးခြင်း ,

 PC Optimizer က ကွန်ပျူတာကို မြန်ဆန်စေခြင်း ,

 Fix Errors က ကွန်ပျူတာရဲ့ Error တွေကို ပြုပြင်ပေးခြင်း ,

 File Extension က PC မှာဖြစ်တတ်တဲ့ Icon တွေ တူနေခြင်းကို ပြုပြင်ပေးခြင်း,

 Dll Fix က Dll ဖိုင်လ်တွေ ပျက်စီးတာတွေကို ပြုပြင်ပေးခြင်း ,

Disk Defrag က တစ်စစီ ပြန့်ကျဲနေတဲ့ ဖိုင်လ်တွေကို နေရာတကျ ပြန်စီပေးခြင်း,

 Dll Download က PC မှာ လိုအပ်နေတဲ့ Dll ဖိုင်လ်တွေကို အလိုလျောက် ဒေါင်းယူပေးခြင်း,

Windows Updates က PC အတွက် လိုအပ်နေတဲ့ Update ဖိုင်လ်တွေကို အလွယ်တကူ Update လုပ်ပေးခြင်းတို့ အပြင် တခြား Tool ပေါင်းမြောက်များစွာ ပါဝင်ပါသေးတယ်..။
1 Click နဲ့မို့ အသုံးပြုရတာလည်း အရမ်းလွယ်ကူစေပါတယ်.... ဒိထက်ပိုပြီး အသေးစိတ် သိလိုပါက မူရင်း ဝက်ဘ်ဆိုက်ဒ် မှာ လေ့လာနိုင်ကြပါတယ်ခင်မျာ.....:)


For the convenience along with protection, WiseFixer™ even offers the backup mechanism regarding any kind of repaired files for you to easily recover any changes whether required.

What WiseFixer™ Free Download

Instantly Fix ones Computer Errors via automatically diagnosing and also fixing a variety of method errors with intelligent WiseFixer™ error knowledge base.

Dramatically Speed Up your own Computer and olso world wide web coming from fixing just about all queries slowing lower the computer along wit world wide web in addiito fine-tuning ones method setting to be able to maximum performance.




အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျားးး

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net

 
comments

အားလုံး မျှော်လင့်နေကြတဲ့ MM Keyboard For iOS 7 + ထွက်ရှိ လာပါပြီ


 
 ယနေ့ MM Keyboard For iOS 7 + ဆိုပြီးထွက်လာပါတယ်...။

Cydia ထဲမှာ http://cydia.macforus.com/ ကို အပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ် ။

စာရိုက်တဲ့အခါတွင် ပြဿနာတစ်ခုတွေ့ပါတယ် ( -ူ ) ရိုက်တဲ့အခါမှာ ရှေ့ကိုရောက်နေပါတယ် ။

အသစ်ထွက်လာတဲ့ A7 တွေဖြစ်တဲ့ Pad Air / iPad Mini with Retina Display / iPhone 5S မော်ဒယ်တွေမှာ ထည့်မရသေးဘူးလို့ပြောပါတယ် ။

(( တစ်ခုသတိပေးချင်တာကတော့ ။ ။ ဖုန်းရဲ့ စက်တင်ထဲမှာ TTKeyboard ရဲ့ Burmese ဆိုတဲ့ ရှော့ကပ်လေးကို သွားပြီးမပျက်ဖြစ်ပါနဲ့ ဖျက်မိရင်ပြန်ထည့်ဖို့စာမပါပါဘူး ။ ပြန်အင်စတောလုပ်ရပါမယ် ။))

Burmese ဆိုတာလေးကို ဖျက်ဖျက် မဖျက်ဖျက် MM Keyboard မှာ လိုက်ပေါ်ပေးနေပါတယ် ။
ပြောရရင် စာမျက်နှာ 3 မျက်နှာဖြစ်နေတဲ့သဘောပါ ။

Burmese ရှော့ကပ်လေးကို ဖျက်ထားမိခဲ့ရင်....

တကယ်လို့ မိမိက MM Keyboard ကိုအဆင်မပြေလို့မသုံးပဲ English နဲ့ Burmese နဲ့ပဲ စာရိုက်သုံးချင်ပါက ပြန်ချိတ်ဖို့ရန် တိုင်ပွတ်ကုန်ပါရော ။

ဖျက်ထားမိပါက Cydia ထဲမှာ ပြန်အင်စတောလုပ်ရပါမယ် ပြန်ပေါ်လာပါမယ် ။

မိမိက English နဲ့ MM Keyboard ကိုပဲ သုံးချင်ပါက...
Cydia ထဲမှာ TTKeyboard ကို Uninstall လုပ်ထားရပါမယ် ။

Djjoe Man
 
  ______________________________

Pad Air / iPad Mini with Retina Display / iPhone 5S တွေအတွက်

Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ် ။

မည်သည့် iOS 7 Jailbroken Device တွင်မဆို ထည့်သွင်းအသုံးပြုလို့ရပါတယ် ။

ဒီလင့်မှာ သွားရောက်လေ့လာ၍ ဒေါင်းယူပါ..။
 
(သို့မဟုတ်) 

 iOS 7 Jailbreak ရပြီးတဲ့နောက်မှာ iOS Device တွေအတွက် ( including iPhone 5s, A7 chips ) Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ်ခင်ဗျာ.... 

မည်သည့် iOS 7 jailbroken device တွင်မဆို အသုံးပြုလို့ရပါတယ်ခင်ဗျ...
အခုကီးဘုတ်ကိုပြုလုပ်ရေးသားတဲ့သူကတော့ Dr. Myo Thet Han ပဲဖြစ်ပါတယ်..

iFile ကိုသုံးပြီးပဲဖြစ်ဖြစ်, iTools, iFunBox ကနေပဲဖြစ်ဖြစ် /System/Library/Frameworks/UIKit.framework အောက်မှာ .plist လေးကိုထည့်ပေးပြီး Respring လုပ်ပေးလိုက်ရုံပါပဲ ..

D, F, G, H, J, V စတဲ့ Key တွေကို Long Press ပြီးရိုက်ရတာပါ, ဘယ် Keyboard ကိုမှထပ် add စရာမလိုပါဘူး
 
Download Link : http://cl.ly/3j3y1m0K2J14
Mirror Link : http://d.pr/f/WAes

 Credit to Download Link : Sezin Lynn
 ________________________________

Cydia မှာ Repo အပ်နည်းကို မသိသူများအတွက်

Cydia ထဲဝင်လိုက်ပါ >> အောက်နားက Manage ကိုဝင်ပါ >> Sources ဝင် >> 

အပေါ်နားက Edit နှိပ် >> လင့်အပ်ရန် 

ဘောက်တစ်ခုကြလာမယ် http://cydia.macforus.com/ လို့ရိုက်ပြီးအပ်လိုက်ပါ >> အပ်ပြီးရင် 

Sources ထဲမှာ အဲဒီဆိုက်လေးရောက်နေပါပြီ ဝင်လိုက်ပါ >> အဲဒီဆိုက်ထဲက MM Keyboard 

For iOS 7 + ကို အင်စတောလုပ်လိုက်ပါ ။

ပြီးရင် General >> Keyboard >> International Keyboards >> Add New Keyboard 


ထဲဝင် >> Czech ကိုရွေးလိုက်ပါ ဒါဆိုဖုန်းမှာ မြန်မာလိုလက်ကွက်ရသွားပါပြီ ။
 

Credit to: Djjoe Man

comments

၂၀၁၃ ခုနှစ် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် Huawei တံဆိပ် လူသုံးအများဆုံးအဖြစ် ဆက်လက်တည်ရှိ


ပြည်တွင်း မိုဘိုင်းဖုန်းဈေးကွက်၌ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး၏ အရောင်းရဆုံး ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များဖြစ်ပြီး ယင်းတို့ထဲတွင် Huawei အမှတ်တံဆိပ် ဟန်းဆက်များက အရောင်းရဆုံး ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသော လုပ်ငန်းများထံမှ စုံစမ်းသိရသည်။
 
 ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိသည့် မြို့များ၏ မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Huawei အပြင် ZTE အမှတ်တံဆိပ် မိုဘိုင်းဖုန်းများက ယခုနှစ်၏ လူသုံးအများဆုံး ဟန်းဆက်များအဖြစ် ဈေးကွက်အတွင်း ယမန်နှစ်ကအတိုင်း ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်ဟု အထက်ပါလုပ်ငန်း လုပ်ကိုင်နေသူများက တညီတညွတ်တည်း ပြောသည်။ 
 
တရုတ်(တိုင်ပေ)မှ တင်သွင်းသည့် HTC အမှတ်တံဆိပ် ဖုန်းအိမ်များမှာမူ Huawei နှင့် ZTE တံဆိပ်များလောက် အရောင်းမသွက်သော်လည်း အရည်အသွေးပိုင်းနှင့် ဈေးနှုန်းပိုင်းတွင်မူ အဆိုပါအမှတ်တံဆိပ် ဟန်းဆက်များထက် သာလွန်မှုရှိသဖြင့် တတိယနေရာမှ လိုက်နေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်းဆိုင် အချို့က သုံးသပ်ပြောကြားသည်။ 
 
ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း အခြေခံလူတန်းစား အများစုတတ်နိုင်သည့် နှုန်းထားများဖြစ်နေခြင်းကြောင့် Huawei နှင့် ZTE တံဆိပ်များကိုသာ အများဆုံး ရွေးချယ်ရခြင်းဖြစ်ကြောင်း သုံးစွဲသူများက ပြောသည်။ Huawei ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ၄င်းတို့၏ သီးသန့်ဝန်ဆောင်မှု စင်တာများကို ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ထိုအမှတ်တံဆိပ် ဟန်းဆက်များကို ပိုမိုချဲ့ထွင်ရန် ကြိုးစားနေသည်ဟု သိရသည်။
 
 မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်တက်လာသော်လည်း အခြေခံလူတန်းစားများ၏ အရေအတွက်က ပိုမိုများပြားနေသောကြောင့် ဈေးနှုန်းသက်သာသည့် တရုတ်ထုတ် ဟန်းဆက်များကို လူသုံးများရခြင်း ဖြစ်သည်။ ထို့ကြောင့် Huawei ကဲ့သို့သော တရုတ်မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း ဈေးကွက်ကို အများဆုံး ရယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း မိုဘိုင်းဖုန်းလုပ်ငန်းရှင် တချို့က သုံးသပ်ကြသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
khit lu nge
 
Ref: http://www.myanmarcnn.com



comments

အင်တာနက် ဂျာနယ် အတွဲ (15) အမှတ် (1) (30.12.13)


အင်တာနက် ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက် ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ အင်တာနက် ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် အတွဲ (15) အမှတ် (1) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 9 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

အွန်လိုင်းပေါ်မှ MBA အခမဲ့ တက်ခွင့်ရမည့် တက္ကသိုလ်


 

အထက်ပါ လခ့် ဖြစ်ပါတယ်။ အွန်လိုင်းကနေ MBA လျှောက်ထား တက် ရောက်ခွင့်ရတဲ့ ဝဘ်ဆိုဒ်တွေထဲ မြန်မာပြည်က လူသိနည်းနေသေးတဲ့ ဝဘ်ဆိုဒ်ပါ။ အမေရိကန် အခြေဆိုက် တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာ့ စီးပွားရေး လုပ်ငန်း ကုမ္မဏီပေါင်း များစွာနဲ့ ပါတနာဖွဲ့ပြီး အွန်လိုင်း ပညာသင်ကြားရေးစနစ် ပြုလုပ်နေတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ တကယ်အခမဲ့ ပါ။ အားသာချက်ကတော့ ကျောင်းပြီးရင် ရနိုင်မယ့် အလုပ်ပါ တစ်ခါတည်း ချိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ The Muse မှ တရားဝင် ပြောကြားထားတဲ့ အချက်ပါ။

ဝဘ်ဆိုဒ်ပေါ်က Course တွေကို လေ့လာ သင်ကြားဖို့အတွက် ငွေကြေး တစ်ပြားတစ်ချပ်မှမကုန်ကျတဲ့အပြင် အလုပ်ပါ တစ်ခါတည်း ရှာဖွေပေး မှာ ဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခမဲ့အနေနဲ့သာ ပြုလုပ် ထားခြင်းဖြစ်ပြီး နောက်ပိုင်းဆိုရင် Paid feature နဲ့ သီးသန့်သင်မယ့် Course တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

ဒီတော့ ကျောင်းတက်ဖို့အတွက် မိမိမှာ အင်တာနက် ရဖို့လိုပါတယ်။ ကွန်ပြူတာမရှိရင်တောင် အင်တာနက်ဆိုင်မှာ ထိုင်ပြီး သင်ယူ နိုင်ပါ တယ်။ ကျောင်းတက်ဖို့အတွက် Sign up လုပ်ရပါမယ်။ ပြီးရင် Management 101 ကုဒ်နံပါတ်ရှိတဲ့ Course ကို ပထမဦးဆုံး လေ့လာ သင်ကြားရမှာပါ။ ပေးအပ်တဲ့ Assignment တွေကိုတော့ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

Management 101 က တစ်လပဲ ကြာမြင့်မှာပါ။ ပြီးရင် MBA က Course အတိုင်း ဆက်လေ့လာ ရမှာ ဖြစ်ပါတယ်။ MBA တင်မကပဲ အခြား ယူနိုင်သေးတဲ့ ဘာသာရပ်များလည်း ရှိသေးပြီး မိမိနှစ်သက်ရာကို Specialize လုပ်နိုင်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် လက်ရှိမြန်မာပြည်ကနေ MBA ကို ငွေကုန်ကြေးကျ လုံးဝ မရှိပဲ တက်ရောက်နိုင်ဖို့ ဝဘ်ဆိုဒ်ကောင်းလေးတစ်ခုကို မျှဝေ ပေးလိုက်ရပါတယ်။

မြ၀တီ



comments

DVDFab 9.0.6.3 All-In-One [11 Softs in one!!] For [Lifetime]

DVDFab ကို သုံးဖူးသူတိုင်း သိကြမှာပါ.. Copy Protected လုပ်ထားတဲ့ DVD တွေကိုတောင် Copy ကူးလို့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်.. ဒါ့အပြင် DVD, Bluray Disc တွေထဲက Data တွေကိုကူယူးခြင်း Rip, Convert, Decrypt,
and Crate ပြုလုပ်နိုင်ခြင်း စ,တာတွေကိုလည်းလုပ်ဆောင်နိုင်ပါသေးတယ်..။
 နောက်ဆုံး Latest Version တော့ မဟုတ်ပါဘူး All In One မို့ တင်ပေးလိုက်တာပါ.... Latest Version လိုချင်ရင်တော့ Comment,C-Box တွေကတဆင့်ပြောထားခဲ့နိုင်ပါတယ်...။


DVDFab All-In-One includes nearly all DVDFab options in it: DVD Copy, DVD Ripper, Blu-ray Copy, Blu-ray Ripper (3D Plus), Blu-ray to DVD, 2D to 3D Converter, DVD Creator, Blu-ray Creator, Video Converter, DVDFab HD Decrypter, and File Transfer.

It is the ultimate solution for you to freely copy, rip, convert, burn, clone any DVD/Blu-ray as desired regarding no limit from any copy protections; convert 2D DVD/Blu-ray/video to 3D video; convert video among various formats with outstanding audiovisual effect, and simply transfer converted files to iPod, Zune, and PSP. All these can be finished with ease, convenience, flexibility in just a few clicks at a super fast speed.
Crack အသုံးပြုပုံပါ...

INSTALL NOTES:

Instructions:

CRACK:
1. - Install the program, don't start.
2. - Copy the contents of the folder "Crack" in "C: \ Program Files \ DVDFab 9", replace.
3. - Start the program and use.

comments

Mobile Guide Issue Vol-2 ၊ Issue-35 (30.12.13)


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol(2), Issue (35)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

မလေးရှားရောက် မြန်မာ အလုပ်သမားများ (အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်)


 မလေးရှားရောက် အထောက်အထားမရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း
6P အစီအစဉ်အရ သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီး မြန်မာနိုင်ငံကူး လက်မှတ် မပြုလုပ်ရသေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးနောက် မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်မှုရှိပါက သက်ဆိုင်ရာမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း EVERFIND SERVICE SDN,BHD မှ အသိပေး ဖော်ပြချက်အား ဒီဇင်ဘာ ၂၆ ရက်က မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။

 အဆိုပါ EVER FIND SERVICE SDN,BHD က အသိပေး ဖော်ပြချက်အရ မလေးရှားနိုင်ငံမှ Work Permit လျှောက်ထားမှုများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် အပြီးသတ် ဆောင်ရွက်သွားရ မည် ဖြစ်ကြောင်းနှင့် အချိန်ကာလ သတ်မှတ်ထားရှိခြင်းကြောင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အ ထား ပြသနိုင် သူများ၊ မြန်မာနိုင်ငံတွင် နေရပ်လိပ်စာ အတိအကျရှိသူများ အားလုံး မြန်မာနိုင်ငံသား စိစစ်ခြင်း လုပ်ငန်း စဉ်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာသံရုံးနှင့် EVER FINE ကုမ္ပဏီတို့သို့ အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် မလေးရှားရောက် မြန်မာနိုင်ငံသားများအား အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

EVER FINE ကုမ္ပဏီတွင် မှတ်ပုံတင်ပြီးသူများအား ဒီဇင်ဘာ ၃၀ ရက်မှ ၃၁ ရက်အတွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းများအား မြန်မာသံရုံး၌ အပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး EVER FINE ကုမ္ပဏီသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် မြန်မာသံရုံးသို့ ကုမ္ပဏီကားများဖြင့် အခမဲ့ကြို/ပို့ ဆောင်ရွက်ပေး သွား မည် ဖြစ်ကြောင်းလည်း သိရသည်။
 မြန်မာနိုင်ငံမှ ရောက်ရှိလာသော သတင်းရဲတပ်ဖွဲ့၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာသံရုံး၌ မြန်မာနိုင်ငံသား စိစစ်မှုများ ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် အမြန်ဆက်သွယ် ဆောင်ရွက်ကြပါရန် အသိပေး အကြောင်းကြားထားကြောင်းလည်း မလေးရှားရောက် မြန်မာများက ပြောပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Ref:ခေတ်လူငယ်


comments

Samsung Galaxy S4 (I9500) 4.3 THL (မြန်မာစာ ပါဝင်ပြီး)


Samsung Galaxy S4 Android 4.3  အတွက် Thai region နဲ့မြန်မာစာ Original ပါရှိပါတဲ့ Firmware ပါ....
အောက်က Link မှာ Resume နဲ့ ဒေါင်းယူနိုင်ကြပါတယ်..။

Click Here to Download

Credit : http://www.myanmarmobiletutorial.com


comments

Digital Life Journal Issue Vol-2 ၊ Issue 34 (30.12.13)


Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(2), Issue (34) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

၂၀၁၂ အကယ်ဒမီ ကလေး ဇာတ်ဆောင်ပါ ချီးမြှင့်


၂၀၁၂ ခုနှစ်အတွက် မြန်မာ ရုပ်ရှင်အကောင်းဆုံး အကယ်ဒမီ ဆုပေးပွဲ ကို လက်ပံ ဇာတ်ကား နဲ့ ဥ ဇာတ်ကားတို့က လွမ်းမိုးခဲ့တာပါ။ ဒီနှစ်အကယ်ဒမီပေး ပွဲမှာဆိုရင် ၀ါနုတဲ့ သရုပ်ဆောင်တွေသာမက ၁၃ နှစ်ကြာ မပေးပဲ ထားခဲ့တဲ့ ကလေး သရုပ်ဆောင်ဆုကို ပါ  ၂၀၁၂ အတွက် အကယ်ဒမီဆုပေးခဲ့ဖြစ် ပါတယ်။ အပြည့်အစုံကိုတော့ အကယ်ဒမီပေးပွဲကို စောင့်ကြည့် သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှာ ကျင်းပခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲအခမ်းအနားဟာ အရင်နှစ်တွေနဲ့ မတူပဲ ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။ ရုပ်ရှင်ဆိုတာဟာ အနုပညာ၊ စီးပွားရေး နဲ့ နည်းပညာတွေ ပေါင်းစပ်ပြီးတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိရှိနဲ့ နောက်ပိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်နိုင်အောင် ကြိုးစားပါလို့  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ပြောပါတယ်။

"ဆူလွယ်နပ်လွယ် ထုတ်လုပ်မှုများဟာ ပြည်တွင်း၊ ပြည်ပဈေးကွက် များမှာ ရေရှည်ရှင်သန်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာ ကျနော်တို့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက်ဆိုရင် အနုပညာရှင်များနဲ့ တတ်သိပညာရှင်များအနေနဲ့ ရုပ်ရှင်နယ်ပယ် လုပ်ငန်းအတွင်း ကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြုတ်နှံသူများ ဝင်ရောက်လာအောင် ဆွဲဆောင်စည်းရုံးနိုင်ဖို့ အရေးကြီးတယ်လို့ တင်ပြလိုပါတယ်။"

အကယ်ဒမီ သမိုင်းမှာ ရှားရှားပါးပါး ပေးလေ့ရှိတဲ့ ကလေးသရုပ်ဆောင်ဆု ကိုတော့ ၁၃ နှစ် အကြာမှာ ၂၀၁၂ ခုနှစ်ဆုပေးပွဲမှာ ပြန်ပြီးပေး ခဲ့တာဖြစ်ပါတယ်။ ဆုရခဲ့တဲ့ ယွန်းယွန်းက ကလေးသရုပ်ဆောင်ဆု နဲ့ အကယ်ဒမီ ရခဲ့တာဟာ ပရိတ်သတ်ရဲ့ အားပေးမှုကြောင့် ဖြစ်တယ်လို့ သူကပြောပါတယ်။

"အခုလို ဒီဆုကို ရရှိဖို့ ပိုင်ဆိုင်ခွင့်ရတာဟာ ပရိတ်သတ်ကြီးရဲ့ အားပေးမှုတွေ ရာခိုင်နှုန်း အများကြီးပါဝင်တယ်လို့ သမီးယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ ရက်တော်တော်များများကတည်းကမှ သမီးအတွက် သရုပ်ဆောင်ဆုအတွက် ထိုက်ထိုက်တန်တန်ရဖို့ မျှော်လင့်ပြီးတော့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးကိုလည်း သမီးရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အမြဲတမ်းသိမ်းထားပါ့မယ်လို့ ပြောချင်ပါတယ်။"

အမျိုးသား သရုပ်ဆောင်ဆုကိုတော့ ပရိသတ် အများက မျှော်လင့် ထားတဲ့ ပြေတီဦးက ရရှိခဲ့ပြီးတော့  ဒုတိယအကြိမ် ရရှိခဲ့တဲ့ အကယ်ဒမီ ဖြစ်ပေမဲ့ သူ့အနေနဲ့ ရင်ခုန်နေရဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။

"ကျနော် အရမ်းရင်ခုန်ပါတယ်။ ကျနော် ပထမတစ်ကြိမ်ထက် ဒီတစ်ကြိမ်ကို ဘာဖြစ်လို့မှန်းကို မသိဘူး။ အရမ်းကို ရင်ခုန်ပါတယ်။ ကျနော်တို့ လက်ပံအဖွဲ့သားတွေ အတွက် အရမ်းကို ရင်ခုန်ပါတယ်။ မျှော်မှန်းမထားပေမဲ့ ဒီဆုကို ရရှိတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ တနိုင်ငံလုံးမှာ အားပေးနေကြတဲ့ ပရိတ်သတ်တွေ အားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။"

အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ ၀ါရင့် မင်းသမီးကြီးတွေ အကယ်ဒမီ စာရင်းပေါက်နေတဲ့ ကြားက ၀ါရင့်သရုပ်ဆောင်မဟုတ်တဲ့ ဖွေးဖွေးက ဆွတ်ခူးခဲ့တာပါ။ ပထမဆုံး အကယ်ဒမီဆု ဖြစ်လို့ မမျှော်လင့်ပဲ ရရှိခဲ့တဲ့ ဆု တစ်ဆု ဖြစ်တယ်လို့လည်း ဖွေးဖွေးကပြောပါတယ်။

" ဒီကားကို ဖွေးလွန်ခဲ့တဲ့ လေးနှစ်က ရိုက်ထားတာပါ။ အဲ့ဒီ့အချိန်မှာ သရုပ်ဆောင်အသစ်ပါ။ ဖွေးဖွေးကို ဘယ်သူမှလည်း မသိသေးဘူးပေါ့နော်။ ဦးဝိုင်းက အကုန်လုံးသင်ပေးပါတယ်။ ပုံစံဝင်အောင်လို့ပေါ့နော်။ အဲ့ဒီ့အချိန်မှာတုန်းက ခံယူချက်က အနုပညာကိုချစ်တယ်။ ရူးသွပ်တယ်။ ဒါကြောင့် ဒီကားကိုရိုက်ခဲ့တာပေါ့နော်။ အကယ်ဒမီတွေဘာတွေမဟုတ်ဘူး။ ဒါပေမဲ့ ဖွေးဖွေး ပထမဆုံးနဲ့ အရမ်းကြိုးစားခဲ့တဲ့ကားပါ။ အရမ်းကိုဝမ်းသာပါတယ်။"

၂၀၁၂ ခုနှစ် အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အတတ်ပညာ ဆုတွေကိုတော့  အသံနဲ့ ပတ်သက်ပြီး ကယန်းအလှ ရုပ်ရှင် ဇာတ်ကားနဲ့ ဦးတိုနီလင်း၊ တေးဂီတ အကောင်းဆုံးဆု ကိုတော့ မွေခံထိုက်စေ ဇာတ်ကားနဲ့ ဂီတမှူး ၀င်းကို၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်မှုဆုကိုတော ဥ ဇာတ်ကားနဲ့ ဦးဇော်မင်း (ဟံသာမြေ) ၊ အကောင်းဆုံး ဓာတ်ပုံဆုကိုတော့  ကယန်းအလှ ဇာတ်ကားနဲ့ ဦးအောင်ကိုလတ်တို့ က ရရှိသွားခဲ့တာပါ။

အကယ်ဒမီအတွက် အဓိက အရေးပါတဲ့ သရုပ်ဆောင်ဆုနဲ့ ဒါရိုက်တာ ဆုတွေကိုတော့ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားနဲ့ ကလေး သရုပ်ဆောင်ဆု ကို  ယွန်းယွန်း၊ အမျိုးသမီးဇာတ်ပို့ဆုကိုတော့ ဥ ဇာတ်ကား နဲ့ ချောရတနာ၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ လက်ပံ ဇာတ်ကားနဲ့  ဖွေးဖွေး အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ဥ ဇာတ်ကား နဲ့ ကိုဇော် (အာရုဏ်ဦး) တို့ က ရရှိခဲ့ပါတယ်။

ဒီနှစ် ၂၀၁၂ ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲမှာတော့ အကောင်းဆုံး ဇာတ်ကားဆုနဲ့ အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ ချီးမြင့်ခဲ့ ခြင်း မရှိခဲ့ပါဘူး။


၂ဝ၁၂ အတွက် ရုပ်ရှင်ထူးချွန်ဆု၏ ၉ဆုအနက် ဥ ဇာတ်ကားဖြင့် ဒါရိုက်တာဆု၊ တည်းဖြတ်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု ၃ဆုကို ရရှိခဲ့ပြီး ကယန်းအလှဇာတ်ကားဖြင့် ဓာတ်ပုံဆုနှင့် အသံဆု ၂ခု ဆွတ်ခူး ရရှိခဲ့သည်။






 VOA


၂၀၁၂ ခုခေတ် အကယ်ဒမီဆုပေးပွဲမှ ပေးအပ်ခဲ့သော ဆုများ  
 
၂ဝ၁၂ အတွက် ရုပ်ရှင်ထူးချွန်ဆုများအနက် အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံး ဇာတ်ကားဆု ၂ဆုကို ချီးမြှင့်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် ဇာတ်ညွှန်းဆုလည်း ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။

၁။ အသံဆု - တိုနီလင်း (ကယန်းအလှ)

၂။ ဂီတဆု - ဝင်းကို (အမွေခံထိုက်သူဖြစ်ပါစေ)

၃။ တည်းဖြတ်ဆု - ဇော်မင်း-ဟံသာမြေ (ဥ)

၎။ ဓာတ်ပုံဆု - အောင်ကိုလတ်(ကယန်းအလှ)

၅။ အထူးဆု - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)

၆။ အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ)

၇။ အမျိုးသမီးဇာတ်ပို့ဆု - ချောရတနာ (ဥ)

၈။ အမျိုးသမီးဇာတ်ဆောင်ဆု - ဖွေးဖွေး (လက်ပံ)

၉။ ဒါရိုက်တာဆု - ကိုဇော်-အရုဏ်ဦး (ဥ)


 
Ref : ကုမုဒြာ

comments

Samsung ဖုန်းတွေ အတွက် Pattern Lock ဖြုတ်နည်း (No Need Root & No Usb Debug On)


 Samsung Android Devices တွေအတွက် Pattern Lock , Password , Gmail စ,တွာကို Root မလို  Debug On မလို , Data တွေ ဆုံးရှုံး စရာမလိုပဲ အလွယ်တကူဖြုတ်ပစ်နိုင်တဲ့ Tool လေးပါ... အားလုံးအတွက် အသုံးဝင်မယ်ထငပါတယ်...။ Android Version 2.xx ကနေ 4.xx ထိ အလုပ်လုပ်ပါတယ်.. 
တကယ်လို့ ဒီ Tool လေးကို ကွန်ပျူတာမှာ Run မရဖြစ်နေရင် စက်မှာတင်ထားတဲ့ Antivirus ကို ခဏပိတ်ပေးပြီးမှ Run ပါ...။

One Click Pattern Crack No Root Required - No Usb Debug Needed !!!
One Click Password Reset No Root Required - No Usb Debug Needed !!!
One Click Pin Reset No Root Required - No Usb Debug Needed !!!

All Without User Data Loss

This was test made on Samsung Galaxy y
should work on all samsung models

Supports
Android 2.x.x (Tested some Models)
Android 4.x.x (Tested Some Models)

How to Work ?

Go to Settings
Select Modem Port
and do job

Test and Report
 
Note : If exe not works properly just disable your antivirus and open again.

Credit : XDA



www.winkabarkyaw.net


comments

Wondershare Video Editor 3.1.6.0 Full Crack (Video ဖိုင်လ်တွေ ဖြတ် / ဆက် လုပ်ချင်ရင်)


ဒါလေးက Video Editor လေးပါ... Video တွေကို မိမိစိတ်ကြိုက် ဖြတ်/ဆက် , သီချင်းထည့် , စာတန်းထိုး စ,တာတွေ လုပ်နိုင်ပါတယ်..။
  မိမိချစ်သူကို ပုံလေးတွေနဲ့ Slide Show လုပ်ချင်ရင်လည်းအဆင်ပြေပါသေးတယ်။

Wondershare Video Editor - an easy-to-use video editor with all the video editing tools you need, allows you to create Hollywood-like home movies with text, filter, motion and transition effects from all regular videos, audios and photos. Besides, you can directly upload your video to YouTube for sharing with family and friends, save videos for playback on portable devices like iPhone, iPad, iPod, etc. or burn DVD for better video preservation. No matter it’s a wedding video, love movie, travel story, life documentary or party record, it is just so easy to turn it to a treasured home video and share it with everyone!

Features:
  • Support all SD and HD videos, including WMV, AVI, MP4, FLV, MOV, MKV, MTS, etc. You can also capture videos directly with a video capture device or add videos from camcorders and other external hard drives directly. New
  • Add background music to your videos to add more flavor. All regular audio formats like MP3, WMA, WAV, M4A, AAC, AC3, OGG, etc. are supported.
  • Import photos like BMP, JPG, PNG, GIF, etc. and create home movies with photos and videos combined.
  • Edit and personalize videos/photos/audios with video editing features like trim, crop, rotate, set fade in & fade out, adjust duration, etc.
  • Add stylish captions on your videos and photos with customizable font, color, etc. to for better video meaning conveying.
  • Bring your movie to the next level instantly with professional and creative filter effects. 30+ filters are ready for your videos and photos. New
  • Add transition effects between two clips and apply motion effects to photos so as to achieve a natural and smooth transition.
  • Get optimized videos for playback on your portable devices like iPhone, iPad, PSP, iPod, Wii, Zune, etc.
  • Save edited videos to local hard drive for further use in a variety of video formats.
  • Directly upload your video creation to YouTube for sharing with more people by filling in necessary information.
  • Burn videos to DVD discs or save as DVD folder or ISO image files to preserve videos in a better way.
What’s New in Version 3.1.6
  • Compatible with Windows 8.1;
  • Fixed some minor bugs.


  Wondershare Video Editor 3.1.6.0 Full  

  Wondershare Video Editor 3.1.6.0 (Portable)


 “Use our download manager and get recommended downloads”
 ရှေ့ကအမှန်ချစ်လေးဖြုတ်ပြီးမှ ဒေါင်းယူပါ..။


www.winkabarkyaw.net

comments