Ant Download Manager PRO v1.4.6 Full Cracked [Latest Version]




Ant Download Manager ကတော့ Downloader နဲ့ ပါတ်သက်ပြီး အတော်လေး ကောင်းမွန်ပြည့်စုံတဲ့ Download Manager လေးတစ်ခုပါ... File, Format အမျိုးအစားပေါင်းများစွာကို ဒေါင်းယူနိုင်တဲ့အပြင် Video များဒေါင်းယူရာမှာလည်း Converter ပါ တခါတည်း ပါဝင်ပြီးသားမို့ မိမိလိုချင်တဲ့ Format များနှင့်ဒေါင်းယူနိုင်ပါသေးတယ်.. အပြည့်အစုံကိုတော့ မူရင်း  www.antdownloadmanager.com  ဝက်ဘ်ဆိုက်ဒ်မှာ လေ့လာနိုင်ပါတယ်။

Ant Download Manager PRO v1.4.6 [Latest Version] ကို အားလုံးအဆင်ပြေအောင် Just Download & Install Version အဖြစ်နှင့် တင်ပေးလိုက်ပါတယ်။ Crack, Patch, Seria Key တွေ မလိုတော့ပါဘူး ဒေါင်းလို့ရလာတဲ့  exe ဖိုလ်လေးကို Double Click နှင့် Install လုပ်ပေးရုံပါပဲ။


Ant Download Manager is a fast and easy downloader of any internet files.
Advanced support of video services (YouTube, Vimeo, DailyMotion, FB, VKontakte, Rutube, etc...).

Easy-to-use interface and provides numerous customizable parameters and options.
Ant Download Manager Pro Full allows you to grab various content from the Internet, and with built-in video grabber you can download video from any video sites quickly and easily. It supports YouTube, Vimeo, DailyMotion, Rutube, Facebook, and more. Moreover, the program also supports HTTP/HTTPS, FTP/FTPS, RTMP(RTMPS, RTMPE, RTMPT & RTMFP) protocols, support most popular premium link generators, and more.

Home Page: http://antdownloadmanager.com


**How to Install ?

  *Just Install.
  *Enjoy!










Download:





Winkabarkyaw.Net
http://www.winkabarkyaw.net




comments

♪ ကိုရီးယားခရီးစဉ် နဲ့ သိန်း ၄၀၀ တန် လက်ဆောင် ရရှိစေမယ့် ဆမ်ဆောင်း ရဲ့ Samsung Quiz Show ♫


အဆိုပါ အစီအစဉ်ကနေ တဆင့် ပညာရေးရဲ့ တန်ဖိုးကြီးမားပုံကို မီးမောင်းထိုးပြမည် ဖြစ်ပြီး လူငယ်များအား ပိုမိုလေ့လာသင်ကြားလိုစိတ် ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အစီစဉ်နဲ့ ပတ်သက်ပြီး Samsung Myanmar ၏ Head of Marketing, Mr. Richard See မှ “ကျွန်တော်တို့ ဒီအစီအစဉ်ကို ၂၀၁၃ တုန်းက တစ်ကြိမ်ပြုလုပ်ဖူးပါတယ်။ အခုက ဒုတိယအကြိမ်မြောက်ပါ။ ဒီတစ်ကြိမ်မှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တင်ဆက်ပုံ အသစ်နဲ့ လက်ရှိ အနေအထားတွေ အပေါ်မူတည်ပြီး ပြန်လည် အသက်သွင်းထားပါတယ်။

ကျွန်တော်တို့ ဒီအစီအစဉ် ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့  အနာဂတ်ဖော်ဆောင် ရာမှာ ပညာရေးက အရမ်းအရေးကြီးတယ်           ဆိုတဲ့အချက်ရယ်၊ လူငယ်တွေကို ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်စွာ ပြုစုပျိုးထောင်ရင် နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်တယ် ဆိုတာကို မီးမောင်းထိုးပြလိုတာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အစီအစဉ်အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် ၁၅ ခုရှိ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတစ်ကျောင်းလျင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးနှုန်းဖြင့် ရွေးချယ်ဖွဲ့စည်းထားပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ စုစုပေါင်း ကျောင်း ၃၃ ကျောင်းကို ရွေးချယ်ခဲ့သပါတယ်။ အဲဒီ  ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် နှင့် Final Round ဟူ၍ Level တစ်ခုခြင်းစီတွင် အမျိုးအစားမတူညီသည့် ပုံစံများဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဥာဏ်စမ်းမေးခွန်းများ အပြင် ဂိမ်းအစီအစဉ်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

“ဒီအစီအစဉ်မှ တဆင့် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သားသမီးတွေ၊ ကျောင်းသား ၊ကျောင်းသူတွေကို ကျောင်းသင်ခန်းစာတွေသာမက ကျောင်းပြင်ပ ဗဟုသုတ နဲ့ တခြား အရေးပါတဲ့ ကျွမ်းကျင်မှုတွေကိုပါ လေ့လာလိုက်စားသင့်ကြောင်း မြေတောင်မြှောက်ပေးစေလိုတာဖြစ်ပါတယ်။ နိုင်ငံတကာ အမှတ်တံဆိပ်ဖြစ်တဲ့ ကျွန်တော်တို့ Samsung က ဒီလို အစီစဉ်မျိုးကို ပထမဆုံး အကြိမ် မြန်မာနိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့လည်း ဒီအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ရင်း ပျော်ရွှင်စရာအမှတ်တရတွေ ဆုတွေ ရရှိဆွတ်ခူးကြလိမ့်မယ်လို့  ကျွန်တော်တို့အားလုံး မျှော်လင့်ပါတယ်။” ဟု Mr. Richard See မှ ထပ်မံဖြည့်စွက် ပြောကြားခဲ့တယ် လို့ သိရပါတယ်။

Samsung Quiz Show ရဲ့ Final Round တွင် ယှဉ်ပြိုင်ရမည့် ကျောင်းသုံးကျောင်းမှ ကျောင်းသုံး၊ကျောင်းသူအား ကိုရီးယားနိုင်ငံသို့ လေ့လာရေးခရီးစဉ် ခေါ်ဆောင်ကာ နောက်ဆုံးအနိုင်ရရှိတဲ့ အဖွဲ့မှ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေနဲ့ အတူ ပညာသင်ဆုများအား ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Samsung Quiz Show ပညာရေးထောက်ကူ ဥာဏ်စမ်း ရုပ်မြင်သံကြား အစီအစဉ်အား ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းတွင် အပတ်စဉ် သောကြာနေ့ ညနေ ၅း၃၀ တိုင်းထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်တယ် လို့ သိရပါတယ်။




Credit to ==>> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ iOS မှာ Safari ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫


iPhone မှာ Safari ရဲ့ လိပ်စာဘားကနေ အင်တာနက်မှာ ရှာဖွေမှုများကို သင် ပြုလုပ်တတ်မှာပါ။ Reader Mode ကို ဖွင့်ရတာလည်း အလွန် လွယ်ကူပါတယ်။ ဒါပေမယ့် ဒီထက် နက်နဲတဲ့ စွမ်းဆောင်ချက်များ ရှိနေပါတယ်။ ဥပမာအားဖြင့် Reader Mode ရဲ့ ပုံပန်းသွင်ပြင်ကို စိတ်ကြိုက်ပြောင်းခြင်း၊ ဆာဖာရီကနေ Spotlight Search များကို ပြုလုပ်ခြင်း၊ ၀က်စာမျက်နှာများကို PDF အဖြစ် သိမ်းဆည်းခြင်းနဲ့ အခြား iOS Device တစ်ခုမှာ ဖွင့်ထားတဲ့ Safari Tab ကို ပိတ်ခြင်းတို့လို အရာများ ဖြစ်ပါတယ်။

သင် လည်ပတ်တဲ့ ၀က်ဆိုက်များ ပြသခြင်းကို ပိတ်ပါ။

ဆာဖာရီမှာ လိပ်စာဘားကို နှိပ်ရင် သင်မကြာခဏ လည်ပတ်တဲ့ ၀က်ဆိုက်များကို ပြသထားတာက နောက်တစ်ခါ လည်ပတ်ရင် အဆင်ပြေပေမယ့် အခြားလူများ မြင်သွားနိုင်ပါတယ်။ အဲဒီ Frequently Visited ကဏ္ဍကို ပိတ်ထားချင်ရင် Settings> Safari > General ထဲသွားပြီး Frequently Visited Sites မှာ Off လုပ်ပါ။

သင့်ရဲ့ Favorites များကို Rearrange or Delete လုပ်ပါ။

ဆာဖာရီမှာ လိပ်စာဘားကို တစ်ချက်နှိပ်ရင် သင့်ရဲ့ Favorites များကို ပြသပေးပါတယ်။ Favorites မှ ၀က်ဆိုက် အိုင်ကွန်များကို Rearrange လုပ်ဖို့ လက်ဖြင့် ဖိဆွဲနိုင်ပါတယ်။ အိုင်ကွန်ကို ဖိထားပြီး Delete ကို နှိပ်ရင် အဲဒီ ကဏ္ဍကနေ ဖျက်ပေးမှာပါ။ အိုင်ကွန်ကို နာမည်ပြောင်းချင်ရင် ဖိထားပြီး Edit ကို နှိပ်ပါ။

Reader Mode ရဲ့ ဖောင့်နဲ့ နောက်ခံ အရောင်ကို ပြောင်းပါ။

ဆာဖာရီမှာ ၀က်ဆိုက်များမှ ရှုပ်ထွေးနေတဲ့ အရာများကို ဖယ်ရှားပေးပြီး စာဖတ်ရာမှာ ကောင်းမွန်စေတဲ့ Reader Mode ပါပါတယ်။ လိပ်စာဘားရဲ့ ဘယ်ဘက်မှ မျဉ်းလေးကြောင်း ခလုတ်ကို နှိပ်၍ Reader Mode ကို ဖွင့်နိုင်ပါတယ်။

Default အားဖြင့် Reader Mode ရဲ့ နောက်ခံ အရောင်ဟာ အဖြူဖြစ်ပြီး ဖောင့်ဟာ sans-serif San Francisco ဖြစ်ပါတယ်။ သင်က အဲဒီ နောက်ခံနဲ့ ဖောင့်ကို မနှစ်သက်ရင် ပြောင်းနိုင်ပါတယ်။ Reader Mode ဖြင့် ဖွင့်ထားတဲ့ ၀က်စာမျက်နှာတစ်ခုရဲ့ ထိပ်မှ “aA” Button ကို နှိပ်ပါ။ ဒါဆိုရင် နောက်ခံ အရောင်နဲ့ ဖောင့်ကို ပြောင်းနိုင်တဲ့ Menu ပေါ်လာမှာပါ။

ဝက်စာမျက်နှာတစ်ခုမှ စာသားများကို ရှာဖွေခြင်း။

Chrome လိုပဲ ဆာဖာရီမှာ လိပ်စာဘားကနေ အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်နိုင်ပါတယ်။ ဆာဖာရီမှာ ၀က်စာမျက်နှာ တစ်ခုမှ စာသားများကို ရှာချင်ရင်လည်း ဒီလိုလုပ်နိုင်ပါတယ်။ ရှာဖွေချင်တဲ့ စာသားကို ရိုက်ထည့်ပြီးရင် အောက်ကို ဆင်းပါ။ “ On This Page “ မှာ ရလဒ်များကို ပြသထားပါတယ်။

နောက်တစ်နည်းက စကရင်ရဲ့ အောက်ခြေမှ အပေါ်ထောင်နေတဲ့ မျှားပါတဲ့ လေးထောင့် ခလုတ် ( Action button ) ကို နှိပ်ပြီး “ Find on Page “ ကို နှိပ်ပါ။

Home Screen မှာ ၀က်ဆိုက်တစ်ခု ထည့်ပါ။

ဆာဖာရီရဲ့ စွမ်းဆောင်ချက် အဟောင်း တစ်ခုကို လူတွေ သုံးဖို့ မေ့နေကြပါတယ်။ အဲဒါက Home Screen မှာ ၀က်ဆိုက်တစ်ခုကို ထည့်သွင်းတာပါ။ ၀က်ဆိုက်တစ်ခုထဲ ရောက်တဲ့ အခါမှာ Action Button ကို နှိပ်ပြီး “ Add to Home Screen “ Button ကို နှိပ်ပါ။ Add ကို မနှိပ်ခင် Home Screen Icon ရဲ့ အမည်ကို ပြောင်းနိုင်ပါတယ်။

ဝက်စာမျက်နှာကို PDF အဖြစ် သိမ်းပါ။

ဆာဖာရီမှာ ၀က်စာမျက်နှာတစ်ခုကို PDF အဖြစ် သိမ်းချင်ရင် Action Button ကို နှိပ်ပါ။ Save PDF to iBooks ကို နှိပ်ပါ။ သင့်ဖုန်းမှာ Dropbox ကို အင်စတောလုပ်ထားရင်လည်း အဲဒီမှာ သိမ်းနိုင်ပါတယ်။

အခြား iOS Device မှာ ဖွင့်ထားတဲ့ Tab များကို ပိတ်ပါ။

ဆာဖာရီရဲ့ စကရင် အောက်ခြေမှ လေးထောင့် နှစ်ထပ် ခလုတ် ( Tabs Button ) ကို နှိပ်ရင် သင့်ရဲ့ Mac , iPad တို့လို iCloud ချိတ်ဆက်ထားတဲ့ Devices များမှာ ဖွင့်ထားတဲ့ Tabs များကို မြင်ရမှာပါ။ လူတွေ သိပ်မသိကြသေးတာက အခြား Device များမှာ ဖွင့်ထားတဲ့ Tab များကို အဲဒီကနေ ပိတ်နိုင်ပါတယ်။ ပိတ်ချင်တဲ့ Tab ကို ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး အနီရောင် Delete Button ကို နှိပ်ပါ။

ဆာဖာရီကနေ Spotlight Search ပြုလုပ်ပါ။

ဝက်စာမျက်နှာတစ်ခုမှ စာသား၊ အမည်များနဲ့ ပတ်သက်ပြီး Spotlight မှာ ရှာဖွေမှုများ ပြုလုပ်ချင်ရင် စာသားကို Select လုပ်ပါ။ ပြီးရင် Look Up ကို နှိပ်ပါ။ ဒါဆိုရင် Overlay Window တစ်ခု ပေါ်လာမှာ ဖြစ်ပြီး စာသားရဲ့ အဓိပ္ပါယ်၊ သတင်း၊ ၀ီကီပီဒီးယား ဆောင်းပါးများ အပါအ၀င် Spotlight ကနေ ရှာဖွေမှု ရလဒ်များကို ပြသပေးမှာပါ။




Credit to ==>> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ June လ အတွက် အကောင်းဆုံး Android App အသစ်များ ♫


လစဉ်လတိုင်း Android Apps အသစ်များစွာ ထွက်ပေါ်နေတဲ့ အတွက် အကောင်းဆုံး Apps များကို သင်ကိုယ်တိုင် ရှာဖွေရတာ မလွယ်ကူပါဘူး။ စာဖတ်သူများ အချိန်ကုန် သက်သာစေဖို့ အတွက် ဇွန်လအတွင်း ထွက်ရှိတဲ့ Android Apps များထဲက အကောင်းဆုံးများကို ရွေးချယ်ပေးလိုက်ပါတယ်။

Socratic 


Socratic က ကျောင်းသားများကို အိမ်စာ ကူလုပ်ပေးဖို့ ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ ကျောင်းစာများနဲ့ ပတ်သက်တဲ့ မေးခွန်းများအတွက် သူ့ကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ်။ သူ့ကို ဖွင့်ပြီး မေးခွန်းများ၊ သင်္ချာ ညီမျှခြင်းများကို ဓါတ်ပုံရိုက်လိုက်တာနဲ့ Yahoo နဲ့ Wikipedia မှ အဖြေများကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Google မှာ သင် စာရိုက်ပြီး ရှာဖွေဖို့ မလိုတော့တဲ့အတွက် အချိန်ကုန် ၊ အလုပ်ရှုပ် သက်သာစေပါတယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက် အချို့ရှိနေပါတယ်။ သူဟာ လက်ရေးစာများကို ခွဲခြမ်းစိတ်ဖြာရာမှာ အားနည်းနေပါသေးတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ တိုးတက်ကောင်းမွန်လာမှာပါ။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ အခမဲ့ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 6.71MB ဖြစ်ပါတယ်။
Download 

DirectChat


Facebook Messenger အသုံးပြုသူများအတွက် Floating Chat Head နဲ့ ရင်းနှီးကြမှာပါ။ Floating Chat Head ဟာ အခြား App များရဲ့ အပေါ်မှာ သေးငယ်တဲ့ အိုင်ကွန်လေးဖြင့် ပြသထားတဲ့ Facebook Messenger ဖြစ်ပါတယ်။ အဲဒီအတွက် အခြား App များကို သုံးနေရင်းကနေ Facebook Messenger မှာ လျှင်မြန်စွာ Chat နိုင်ပါတယ်။

DirectChat က အခြား Messenger များကိုလည်း Floating Chat Head ဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီအထဲမှာ WhatsApp, Skype တို့လည်း ပါဝင်ပါတယ်။ DirectChat ရဲ့ အခပေး ဗားရှင်းမှာ စွမ်းဆောင်ချက်များ ပိုမို ပါဝင်ပြီး ကြော်ညာများကိုလည်း ဖျောက်ပေးထားပါတယ်။ သူ့ကို Android 4.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 7.22MB ဖြစ်ပါတယ်။
Download
Keybase 


Keybase က တစ်မူထူးခြားတဲ့ Messaging App ဖြစ်ပါတယ်။ သူ့ကို သင့်ရဲ့ Facebook, Twitter တို့လို လူမှုကွန်ရက် အကောင့်များနဲ့ ချိတ်ဆက်လိုက်တာနဲ့ Keybase ကနေ လူမှုကွန်ရက် အားလုံးမှ သူငယ်ချင်းများနဲ့ စကားပြောနိုင်ပါပြီ။ Keybase မှာ Login ၀င်ပြီး Messaging Tab ကိုသွားပါ။ အဲဒီမှာ လူမှုကွန်ရက် အားလုံးမှ သင့် သူငယ်ချင်းများကို ဆက်သွယ်နိုင်ပါတယ်။

Keybase ဟာ Open Source ဖြစ်ပြီး Messages များကို Encrypt လုပ်ထားပါတယ်။ လူမှုကွန်ရက် အားလုံးမှ သူငယ်ချင်းများကို တစ်နေရာထဲကနေ စကားပြောချင်သူများအတွက် အသုံးဝင်ပါတယ်။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ အခမဲ့ အသုံးပြုနိုင်ပြီး ဖိုင်အရွယ်အစားမှာ 36.7MB ဖြစ်ပါတယ်။
Download




Credit to ==>> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

FREE INTERNET (1000% FREE Only For Malaysia)




INTERNET 1000% FREE!  ဆိုတာကတော့ Malaysia ရောက် မြန်မာများအတွက် သီးသန့်ဖြစ်ပါတယ်။


အားလုံးအသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်... :)


 Youtube Video တွေကိုပါ ကြည့်နိုင်၊ ဒေါင်းယူနိုင်ပါတယ်....



ပြုလုပ်နည်း
***********

နည်းလမ်းကတော့ ဖုန်း Setting မှဆင့် Wi-Fi ကို သွားပါ..

Add Network (or) Add Wi-Fi Network ကို နှိပ်ပြီး Network Name နေရာမှာ Riger1 ဟု ရေးထည့်ပေးပြီး Save (or) OK ကို နှိပ်ပေးရုံပါပဲ Password ထည့်စရာမလိုပါဘူး။



အဆင်မပြေသေးဘူးဖြစ်နေရင် စောစောကအတိုင်း  Setting  =>  Wi-Fi  =>  Add Network (or) Add Wi-Fi Network  =>  Network Name နေရာမှာ Riger2 (or)  Riger3 ဟု ထပ်ရေးထည့်ကြည့်ပါ..။



မှတ်ချက်။ ။ နေရာတိုင်းမရနိုင်ပါ။







အဆင်ပြေခဲ့တယ်ဆိုရင် မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနှင့် ... :)




GOOD LUCK!



Winkabarkyaw.Net




comments

♪ " Mediatek processor နဲ့ ထွက်ရှိလာတော့မယ့် Meizu M6 " ♫

Image may contain: phone and text

Meizu M6 ကို Mediatek processor အသုံးပြုလာပြီး Meizu ရဲ့ နှစ်လယ်မှာ မိတ်ဆက်နေကျ အဓိကစမတ်ဖုန်းတွေဖြစ်တဲ့ Meizu pro 7/plus မိတ်ဆက်ပွဲမတိုင်ခင် ထွက်ရှိလာတော့မယ်လို့ ခန့်မှန်းရပါ တယ်။ TENAA မှာ Meizu M710M နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ စမတ်ဖုန်းက Meizu M 6 ပဲ ဖြစ်မယ်လို့ ထင်ရပြီး Meizu M 5 ရဲ့ မော်ဒယ် 2 မျိုးတုန်းက M611A နဲ့ M611Y ဆိုပြီး မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ 

TENAA ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Quad core 1.3GHz processor, RAM 2GB/3GB/4GB နဲ့ ROM 16GB/32GB/64GB internal storage ဆိုပြီး ဗားရှင်းသုံးမျိုးရရှိနိုင်မှာပါ။ နောက်ဘက်မှာ 8 MP dual ကင်မရာ အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ 5 MP ရှိတယ်လို့ သိရပါတယ်။ 5 လက်မမျက်နှာပြင်မှာ 720p resolution ရရှိနိုင်မှာဖြစ်ပြီး ဘက်ထရီခံနိုင်ရည်အားကတော့ 3000 mAh ရှိတာ ဖြစ်ပါတယ်။ Android version အနေနဲ့ကတော့ Android 6.0 Marshmallow အသုံးပြုထားပါတယ်။

ပေါက်ကြားလာတဲ့ သတင်းအရတော့ အနက်ရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး အရောင် 3 မျိုး ထွက်ရှိလာမှာဖြစ်ပြီး CDMA network ကို ထောက်ပံ့မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ Mediatek processor ကို အသုံးပြုထားတဲ့ Meizu M6 က TENAA မှာ စာရင်းဝင်သွားပြီဖြစ်တာကြောင့် မကြာခင်ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဈေးနှုန်းကတော့ Meizu M 5 နဲ့ သိပ်ကွာမှာမဟုတ်ဘဲ 3GB+32GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ 149 ဝန်းကျင်(ကျပ် 2 သိန်းနီးပါး) ၊ 4GB+64GB ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ 183 ဝန်းကျင် (ငွေကျပ် 2 သိန်းခွဲနီးပါး)ရှိနိုင်တယ်လို့ သိရပါတယ်။


#igeekphone

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ " နောက်ဆုံးရဈေးနှုန်းများ " (27.6.2017 ၊ အင်္ဂါနေ့တွင် စုစည်းတင်ဆက်သည်။) ♫

Image may contain: screen and text

iPhone
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPhone 7 32GB Gold - 860000
iPhone 7 32GB Black - 860000
iPhone 7 128GB RED - 1050000
iPhone 7 128GB Gold - 1010000
iPhone 7 128GB Jet Black - 1010000
iPhone 7 128GB Black - 1010000
iPhone 7 256GB Jet Blk- 1090000
iPhone 7 Plus 128GB RED - 1230000
iPhone 7 Plus 128GB Jet Black - 1170000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPhone 6S Plus (128GB) - 990000
iPhone 6S Plus (64GB) - 940000
iPhone 6S (128GB) - 920000
iPhone 6S (64GB) - 869000
iPhone 6 Plus (128GB) - 720000
iPhone 6 Plus (64GB) - 680000
iPhone 6 Plus (16GB) - 630000
iPhone 6 (128GB) - 650000
iPhone 6 (64GB) - 600000
iPhone 6 (16GB) - 550000
iPhone 5S (16GB) - 325000
iPhone 5S (32GB) Silver - 345000
iPhone 5S (32GB) Gold - 355000
iPhone 5S (64GB) Silver - 375000
iPhone 5S (64GB) Gold - 395000
iPhone 5 (16GB) - 250000
iPhone 4S (16GB) - 178000
iPhone 4S (32GB) - 198000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPhone 7 Plus (32GB) Black / Rose Gold / Gold - 1059000
iPhone 7 Plus (128GB) Red - 1259000
iPhone 7 Plus (128GB) Jet Black / Gold - 1189000
iPhone 7 Plus (128GB) Black - 1219000
iPhone 7 Plus (256GB) Red - 1359000
iPhone 7 Plus (256GB) Jet Black / Black - 1299000
iPhone 7 Plus (256GB) Rose Gold / Gold - 1289000
iPhone 7 (32GB) Black / Rose Gold / Gold - 879000
iPhone 7 (128GB) Red - 1059000
iPhone 7 (128GB) Jet Black / Black - 1029000
iPhone 7 (128GB) Rose Gold / Gold - 1019000
iPhone 7 (256GB) Red - 1159000
iPhone 7 (256GB) Jet Black / Black - 1129000
iPhone 7 (256GB) Rose Gold / Gold - 1099000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPhone 7 (32GB) All Colour - 870000
iPhone 7 (128GB) Rose Gold, Gold, Silver - 1010000
iPhone 7 (128GB) JetBlack, Black - 1020000
iPhone 7 (128GB) Red Edition - 1060000
iPhone 7 (256GB) Black, JetBlack - 1120000
iPhone 7 (256GB) Red Edition - 1160000
iPhone 7 Plus (32GB) All Colour - 1050000
iPhone 7 Plus (128GB) Silver, Gold, Jetblack - 1170000
iPhone 7 Plus (128GB) Rose Gold, Black - 1210000
iPhone 7 Plus (128GB) Red Edition - 1250000
iPhone 7 Plus (256GB) JetBlack, Black, Gold - 1280000
iPhone 7 Plus (256GB) Rose Gold - 1290000
iPhone 7 Plus (256GB) Red Edition - 1360000
iPhone 6S (32GB) - 740000
iPhone 6S Plus (32GB) - 830000
iPhone SE (16GB) - 470000
iPhone SE (32GB) - 510000
iPhone 5S (16GB) - 389000
iPhone 6S (16GB) - 620000
iPhone 6S (64GB) - 760000
iPhone 6S Plus (64GB) - 820000
iPhone 6S Plus (128GB) - 910000

iPad
1. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPad Pro (128GB) Wifi + Cellular (4G) - 1109000
New iPad (2017) 128GB WiFi + Cellular (4G) - 809000

2. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iPad Pro Pencil - 160000
iPad Pro 12.9" Keyboard - 260000
iPad Pro 10.5" Keyboard - 250000
iPad Pro 9.7" Keyboard - 230000
iPad Pro 9.7" (32GB) WiFi - 740000
iPad Pro 9.7" (128GB) WiFi - 900000
iPad Pro 9.7" (128GB) 4G - 1080000
iPad Pro 10.5 64GB WiFi - 890000
iPad Pro 10.5 64GB (4G) - 1090000
iPad Pro 10.5 256GB (4G) - 1230000
iPad 2017 (32GB) WiFi - 490000
iPad 2017 (128GB) WiFi - 610000
iPad 2017 (32GB) 4G - 660000
iPad 2017 (128GB) 4G - 770000
iPad Mini 4 (128GB) WiFi - 680000
iPad Mini 4 (32GB) 4G - 670000

Macbook Pro
1. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Macbook Pro 13.3" (Touch Bar) [New Edition] - USD 1679
Macbook Pro 13.3" [New Edition] - USD 1379
New Macbook Rose Gold (12") (256GB) - USD 1229
New Macbook Rose Gold (12") (512GB) - USD 1479
Macbook Air (13.3") 128GB - USD 959
Macbook Air (13.3") 256GB - USD 1059

2. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
iMac 21.5" Retina 4K i5 (3.1GHz) 8GB RAM 1TB HDD - 2030000
iMac 21.5" i5 (2.8GHz) 8GB RAM 1TB HDD - 1700000
iMac 2017 (New) 21.5" i5 7th 2.3GHz / 8GB RAM / 1TB HDD - 1620000
iMac 2017 (New) 21.5" Retina 4K i5 7th 3.0GHz / 8GB RAM / 1TB HDD - 1850000
iMac 2017 (New) 21.5" Retina 4K i5 7th 3.4GHz / 8GB RAM /1TB Fusion - 21500000
iMac 2017 (New) 27" Retina 5K i5 7th 3.4GHz / 8GB 1TB Fusion / Radeon Pro 570-1 - 2500000
iMac 2017 (New) 27" Retina 5K i5 7th 3.4GHz / 8GB 1TB Fusion / Radeon Pro 575-1 - 2800000
Macbook Pro 13" (New) 2.3GHz / 8GB RAM / 128GB / Gray / No Touch Bar - 1780000
Macbook Pro 13" (New) 2.3GHz / 8GB RAM / 128GB / Silver / No Touch Bar - 1780000
Macbook Pro 13" (New) 2.3GHz / 8GB RAM / 256GB / Gray / No Touch Bar - 2080000
Macbook Pro 13" (New) 2.3GHz / 8GB RAM / 256GB / Silver / No Touch Bar - 2080000
Macbook Pro 13" (New) 3.1GHz / 8GB RAM / 256GB / Gray / Touch Bar - 2450000
Macbook Pro 13" (New) 3.1GHz / 8GB RAM / 256GB / Silver / Touch Bar - 2450000
Macbook Pro 13" (New) 3.1GHz / 8GB RAM / 512GB / Gray / Touch Bar - 2750000
Macbook Pro 13" (New) 3.1GHz / 8GB RAM / 512GB / Silver / Touch Bar - 2750000
Macbook Pro Retina 13" i5 2.9GHz (256GB) with touch bar Gray 2016 - 2200000
Macbook Pro Retina 13" i5 2.9GHz (256GB) with touch bar silver 2016 - 2200000
Macbook Pro Retina 13" i5 2.9GHz (512GB) with touch bar Gray 2016 - 2550000
Macbook Pro Retina 13" i5 2.9GHz (512GB) with touch bar Silver 2016 - 2550000
Macbook Pro Retina 15" i7 2.6GHz (256GB) with touch bar Gray 2016 - 2950000
Macbook Pro Retina 15" i7 2.6GHz (256GB) with touch bar silver 2016 - 2950000
Macbook Pro Retina 15" i7 2.7GHz (512GB) with touch bar Gray 2016 - 3450000
Macbook Pro Retina 15" i7 2.7GHz (512GB) with touch bar silver 2016 - 3450000
New Macbook 12" 1.2GHz / 8GB Ram / 256GB / Gold - 2017 - 1780000
New Macbook 12" 1.2GHz / 8GB Ram / 256GB / Rose Gold 2017 - 1780000
New Macbook 12" (512GB) Gold 2016 - 1990000
New Macbook 12" (512GB) Rose Gold 2016 - 1990000
Macbook Air 2017 13" i5 1.8GHz 8GB RAM 128GB - 1350000
Macbook Air 2017 13" i5 1.8GHz 8GB RAM 256GB - 1580000

Samsung
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Samsung Galaxy S8 Plus - 1190000
Samsung Galaxy S8 - 1060000
Samsung Galaxy Note 5 - 800000
Samsung Galaxy C9 Pro - 664000
Samsung Galaxy A7 2017 (1 Year) - 625000
Samsung Galaxy A5 2017 (1 Year) - 525000
Samsung Galaxy A9 Pro - 594000
Samsung Galaxy J7 Prime - 360000
Samsung Galaxy J5 Prime - 292000
Samsung Galaxy J2 Prime (1Year) - 169000
Samsung Galaxy A5 2016 (1 Year) - 465000
Samsung Galaxy J1 2016 (1 Year) - 132000
Samsung Galaxy On 7 (1 Year) - 198000
Samsung Galaxy Core Prime (1 Year) - 139000
Samsung Galaxy J2 (1 Year) - 151000
Samsung Galaxy J1 mini (1 Year) - 99000
Samsung Galaxy Grand Neo - 170000
Samsung Galaxy S3 Neo - 260000
Samsung Galaxy Trend 2X - 120000
Samsung Galaxy ACE PLUS - 99000
Samsung Galaxy ACE (Flower) - 99000
Samsung Galaxy ACE - 80000
Samsung Galaxy MINI 2 - 80000
Samsung ACE Advance - 80000
Samsung MINI - 55000
Samsung Y - 50000
Samsung Core 2 - 130000
Samsung Galaxy 5 - 40000
Samsung S3656 - 45000
Samsung F 480 - 60000
Samsung Tab J 7.0 - 259000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Samsung Galaxy Note 5 - 800000 (Offcial)
Samsung Galaxy S7 - 780000 (Offcial)
Samsung Galaxy S7 Edge (32GB) - 960000 (Offcial)
Samsung Galaxy S6 - 713000 (Offcial)
Samsung Galaxy S6 Edge (32GB) - 765000 (Offcial)
Samsung Galaxy S6 Edge Plus - 915000 (Official)
Samsung Galaxy A5 (2017) - 525000 (Offcial)
Samsung Galaxy A5 (2016) - 460000 (Offcial)
Samsung Galaxy A7 (2016) - 505000(Offcial)
Samsung Galaxy A7 (2017) - 625000 (Offcial)
Samsung Galaxy On 7 - 202000 (Offcial)
Samsung Galaxy J7 (2016) - 299000 (Offcial)
Samsung Galaxy J7 Prime - 360000 (Offcial)
Samsung Galaxy J5 Prime - 292000 (Offcial)
Samsung Galaxy J2 Prime - 169000 (Offcial)
Samsung Galaxy J2 - 151000 (Offcial)
Samsung Galaxy J1 (2016) - 132000 (Offcial)
Samsung Galaxy Ace 3 - 80000 (Official)
Samsung Galaxy Tap 4 (7.0") - 227000 (Offcial)
Samsung Galaxy Tab 3V (7.0") - 168000 (Offcial)
Samsung Galaxy Note 4 - 378000
Samsung Galaxy Note 3 - 278000
Samsung Galaxy Note 2 - 188000
Samsung Galaxy S6 - 420000
Samsung Galaxy S5 - 287000
Samsung Galaxy S4 - 195000
Samsung Galaxy S3 - 165000
Samsung Galaxy On7 - 162000
Samsung Galaxy Grand 2 - 122000
Samsung Galaxy Grand 9082 - 93000
Samsung Galaxy Grand Prime - 124000
Samsung Galaxy MEGA - 148000
Samsung Galaxy A3 - 193000
Samsung Galaxy A5 - 244000
Samsung Galaxy A7 - 305000
Samsung Galaxy J5 - 175000
Samsung Galaxy J7 - 218000
Samsung Galaxy Tab 10.1 - 198000
Samsung Galaxy Tab 3 - 155000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Samsung Galaxy S8 Plus - 1190000
Samsung Galaxy S8 - 1060000
Samsung Galaxy Note 5 - 800000
Samsung Galaxy C9 Pro - 664000
Samsung Galaxy A7 (2017) - 625000
Samsung Galaxy A5 (2017) - 525000
Samsung Galaxy J7 Prime - 360000
Samsung Galaxy X Cover 4 - 305000
Samsung Galaxy J5 Prime - 292000
Samsung Galaxy On7 - 198000
Samsung Galaxy J2 Prime - 169000
Samsung Galaxy Tab S3 9.7" - 918000
Samsung Galaxy Tab S2 VE 8.0" - 572000
Samsung Galaxy Tab A (2016) With S Pen - 481000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Samsung Galaxy S8 Plus - 1190000
Samsung Galaxy S8 - 1060000
Samsung Note 5 - 800000
Samsung Galaxy C9 Pro - 664000
Samsung Galaxy A7 (2017) - 625000
Samsung Galaxy A5 (2017) - 525000
Samsung Galaxy A7 (2016) - 505000
Samsung Galaxy A5 (2016) - 460000
Samsung Galaxy XCover 4 - 305000
Samsung Galaxy J7 Prime - 360000
Samsung Galaxy J5 Prime - 292000
Samsung Galaxy J2 Prime - 169000
Samsung Galaxy On7 - 198000
Samsung Galaxy Tab J - 259000
Samsung Galaxy Tab A 10.1 - 481000
Samsung Galaxy Tab S2 VE 8.0 - 572000
Samsung Galaxy Tab S2 VE 9.7 - 665000
Samsung Galaxy Tab S3 9.7 - 918000

SONY
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Sony Xperia XZs - 899000
Sony Xperia XZ - 749000
Sony Z5 Premium - 749000
Sony Z5 Dual - 459000
Sony XA Ultra - 389000
Sony Xperia XA - 249000
Sony Xperia X Perfomance - 669000
Sony Xperia XA Premium (New) - 999000
Sony Xperia XA1 Ultra (New) - 529000
Sony Xperia XA1 - 369000
Sony Xperia X - 479000
Sony M5 Dual - 279000
Sony Xperia Z1 Compact - 270000
Sony Xperia SP - 200000
Sony Xperia C - 160000
Sony Smart Band - 75000
Sony ZR - 220000
Sony U 5i - 75000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Sony Xperia XZ - 652000
Sony Xperia X Performance - 629000
Sony Xperia XZs - 817000
Sony Xperia X - 417000
Sony Xperia XA Ultar - 389000
Sony Xperia XA - 249000
Sony Xperia Z5 (Premium) - 652000
Sony Xperia M5 - 252000
Sony Xperia C4 (Dual) - 219000
Sony Xperia Xa 1 Ultra - 529000
Sony Xperia Xa 1 - 369000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Sony Xperia XZ Premium (LTE) - 999000
Sony Xperia XZs - 899000
Sony Xperia XZ (LTE) - 749000
Sony Xperia XA1 Ultra - 529000
Sony Xperia XA1 - 369000
Sony Xperia XA - 249000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Sony Xperia XZ Premium - 999000
Sony Xperia XZs - 899000
Sony Xperia XZ - 749000
Sony Xperia Z5 (4g) - 459000
Sony Xperia XA1 Ultra - 529000
Sony Xperia XA1 - 369000
Sony Xperia XA Ultra - 389000
Sony Xperia XA - 249000
Sony Xperia M5 - 279000
Sony Xperia X Performance - 590000
Sony Smart Watch 3 - 190000

HTC
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
HTC Desire 310 - 130000
HTC Desire 300 - 180000
HTC One Gold - 500000
HTC Desire X - 210000
HTC Desire S - 199000
HTC RHYME - 199000

2. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
HTC One A9 - 469000 (Official 12 Months)
HTC Desire 626G Plus - 225000 (Official 18 Months)

LG
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
LG Nexus 5 - 450000
LG Optimus G Pro - 500000
LG G2 - 440000
LG G Pro Lite - 200000

2. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
LG G5 SE - 599000 (One Year Parts Warranty Official)
LG G Flex 2 - 689000
LG Skylus 2 - 265000
LG K 10 - 149000

3. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
LG K 10 - 139000 (Clearance)
LG G6 Dual 64GB - 780000

VIVO
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Vivo V5 Plus - 538000
Vivo V5 - 318000
Vivo V5 Lite - 268000
Vivo Y55s - 228000
Vivo Y53 - 198000
Vivo Y52 - 158000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Vivo Y55S - 228000
Vivo Y55 - 218000
Vivo Y52 - 158000
Vivo V5 Plus - 538000
Vivo V5 Lite - 288000
Vivo V5 - 318000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Vivo V5 Plus - 538000
Vivo V5 - 318000
Vivo V5 Lite - 268000
Vivo Y55s - 228000
Vivo Y53 - 198000

OPPO
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
OPPO F3 Plus - 599000
OPPO F3 - 419000
OPPO A57 - 299000
OPPO F1s - 299000
OPPO A39 - 229000
OPPO A37 - 179000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
OPPO A39 - 229000
OPPO A37 - 179000
OPPO Neo 7 - 149000
OPPO Neo 5 - 119000
OPPO F1S - 299000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
OPPO F3 Plus - 599000
OPPO F3 - 419000
OPPO A39 - 229000
OPPO A37 - 179000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
OPPO F3 Plus - 599000
OPPO F3 - 419000
OPPO A57 - 299000
OPPO A37 - 179000

Meizu
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Meizu M3 E - 239000
Meizu M5 (Ram 3 / 32GB) - 179000
Meizu M5 (Ram 2 / 16GB) - 159000
Meizu MX6 - 339000
Meizu M3 Note (Ram 3 / 32GB) - 199000
Meizu M3 Note (Ram 2 / 16GB) - 175000
Meizu M5 S (Ram 3 / 32GB) - 199000
Meizu M3 S (Ram 3 / 32GB) - 152000
Meizu U20 (Ram 2 / 16GB) - 189000
Meizu U20 (Ram 3 / 32GB) - 219000
Meizu M5 Note (Ram 3 / 16GB) - 209000
Meizu M5 Note (Ram 3 / 32GB )- 229000
Meizu U10 (Ram 2 / 16GB) - 169000
Meizu M5C (Ram 2/16GB) - 125000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Meizu MX6 (4GB + 32GB) - 339000
Meizu M3 Note (2GB + 16GB) - 175000
Meizu M3 Note (3GB + 32GB) - 199000
Meizu M5 Note (2GB + 16GB) - 209000
Meizu M5 Note (3GB + 32GB) - 229000
Meizu M3 S (2GB + 16GB) - 148000
Meizu M3 S (3GB + 32GB) - 168000
Meizu U20 (2GB + 16GB) - 189000
Meizu U20 (3GB + 32GB) - 219000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Meizu M3E - 239000
Meizu M5 Note (16GB) - 209000
Meizu M5 Note (32GB) - 229000
Meizu M5s (16GB) - 179000
Meizu M5s (32GB) - 199000
Meizu M3 Note (32GB) - 199000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Meizu MX6 - 339000
Meizu U10 16GB - 169000
Meizu M5 Note 32GB - 229000
Meizu M5 Note 16GB - 209000
Meizu M5S 32GB - 199000
Meizu M5S 16GB - 179000
Meizu M5 32GB - 179000
Meizu M5 16GB - 159000
Meizu M5C (16GB / 2GB) - 125000
Meizu M3 Max 64GB - 279000
Meizu M2 Note 32GB - 160000 (Clearance)

Xiaomi
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Xiaomi Mi 6 (Ram 6 / 64GB) - 525000
Xiaomi Mi Note 2 (Ram 4 / 64GB) - 540000
Xiaomi Mi 5s Plus (Ram 4 / 64GB) - 393000
Xiaomi Mi 5s (Ram 3 / 64GB) - 338000
Xiaomi Mi 5 (Ram 3 / 64GB) - 288000
Xiaomi Redmi Pro (Ram 3 / 64GB) - 243000
Xiaomi Mi Max 2 (Ram 4, 64GB) - 359000
Xiaomi Redmi Note 4X (Ram 4 / 64GB) Pink - 208000
Xiaomi Redmi Note 4X (Ram 4 / 64GB) - 208000
Xiaomi Redmi Note 4X (Ram 3 / 32GB) - 180000
Xiaomi Redmi Note 4 (Ram 3 / 64GB) - 200000
Xiaomi Mi Note (Ram 3 / 64GB) - 223000
Xiaomi Redmi 4X (Ram 3 / 32GB) Gold / Black - 153000
Xiaomi Mi 4S (Ram 3 / 64GB) - 220000
Xiaomi Redmi 4X (Ram 2 / 16GB) - 130000
Xiaomi Redmi 4A (Ram 2 / 16GB) Pink - Gold - 110000
Xiaomi Redmi 4A (Ram 2 / 16GB) Gray - 110000
Xiaomi Note 2 (Ram 2 / 16GB) - 125000
Xiaomi Mi Sport Bluetooth - 40000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Xiaomi Redmi 5S (4GB + 32GB) - 370000
Xiaomi Note 4 (64GB) - 238000
Xiaomi Note 4 (3GB + 32GB) - 217000
Xiaomi Note 4 (4GB + 64GB) - 247000
Xiaomi Note 3 Pro(2GB + 16GB) - 193000
Xiaomi Mi 5 (3GB + 32GB) - 332000
Xiaomi Mi 4i (2GB + 32GB) - 192000
Xiaomi Mi 4A (2GB + 32GB) - 139000
Xiaomi Mi 4A (2GB + 16GB) - 120000
Xiaomi Redmi 4 (3GB + 21GB) - 203000
Xiaomi Redmi 4X (2GB + 16GB) - 157000
Xiaomi Redmi 4X (3GB + 32GB) - 187000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Xiaomi Mi 5 (64GB) - 289000
Xiaomi Note 4X (32GB) - 189000
Xiaomi Note 4 (32GB) - 219000
Xiaomi Redmi 4X (32GB) - 189000
Xiaomi Redmi 4X (16B) - 159000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Xiaomi Mi Mix (256GB) - 789000
Xiaomi Mi Note 2 - 679000
Xiaomi Redmi Note 4 (64GB / 4GB) - 249000
Xiaomi Redmi Note 4 (32GB / 3GB) - 219000
Xiaomi Redmi 4A (2GB / 32GB) - 139000
Xiaomi Redmi 4X (3GB / 32GB) - 189000
Xiaomi Mi 5S (3GB/64GB) - 359000
Xiaomi Mi 6 128GB (Ceramic) - 685000
Xiaomi Mi 6 128GB - 625000
Xiaomi Mi 6 64GB - 550000
Xiaomi Mi 5S Plus 64GB - 395000
Xiaomi Mi Max 2 - 368000
Xiaomi Mi 5S 64GB - 345000
Xiaomi Mi 5 64GB - 295000
Xiaomi Redmi Pro (64GB) - 245000
Xiaomi Redmi Note 4X Speical (64GB /4GB) - 208000
Xiaomi Redmi Note 4 (64GB / 3GB) - 203000
Xiaomi Redmi Note 4X (32GB) - 188000
Xiaomi Redmi 4X (32GB / 4GB) - 182000
Xiaomi Redmi 4X (32GB / 3GB) - 158000
Xiaomi Redmi 4X (16GB / 2GB) - 135000
Xiaomi Redmi 4A (16GB / 2GB) - 115000
Xiaomi Mi Pad 3 (64GB / 4GB) - 298000

Huawei
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Huawei GR5 2017 - 309000
Huawei GR5 Mini - 225000
Huawei GR5 - 239000
Huawei G Play Min Gold / White - 158000
Huawei Shot X - 199000
Huawei P9 Lite - 279000
Huawei Y6 2 - 195000
Huawei Y5 2 - 139000
Huawei Y3 2 - 99000
Huawei Y300 - 50000
Huawei Y220 - 40000
Huawei Y6 Pro (Ram 2 / 16GB) - 159000
Huawei Tab 7.0 16GB - 139000
Huawei Tab 7.0 8GB - 119000
Huawei T2 Pro 7.0 - 259000

2. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Huawei GR5 (2017) (2GB + 16GB) - 309000
Huawei P9 Lite (3GB + 16GB) - 263000
Huawei P8 Lite (2GB + 16GB) - 183000
Huawei GR5 Mini (2GB + 8GB) - 206000
Huawei Y6II (2GB + 16GB) - 195000
Huawei Y5II (1GB + 8GB) - 137000
Huawei Media Pad (8.0") - 155000
Huawei Media Pad 7.0" - 116000
Huawei Media Pad T2 7.0" - 149000

3. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Huawei P10 Plus (64GB) - 999000
Huawei P10 (64GB) - 799000
Huawei Mate 9 - 899000
Huawei P9 (EVA-19) - 559000
Huawei GR5 (2017) Premium - 399000
Huawei GR5 (2017) - 309000
Huawei GR5 - 239000
Huawei GR5 Mini - 225000
Huawei Y6II - 195000
Huawei MediaPad T2 Pro 7.0" (16GB) - 259000
Huawei MediaPad T1 8.0"(8GB) - 159000
Huawei MediaPad T1 7.0" (16GB) - 139000
Huawei MediaPad T1 7.0"(8GB) - 119000

4. Win Mobile (26.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Huawei P10 Plus - 999000
Huawei P10 - 799000
Huawei Mate 9 - 899000
Huawei P9 (+ Gifts) - 559000
Huawei G7 Plus (16GB / 2GB) - 269000
Huawei GR5 (2017) Premium - 399000
Huawei GR5 (2017) - 309000
Huawei GR5 - 239000
Huawei GR5 Mini (Gold / Silver) - 225000
Huawei Y6II - 195000
Huawei Y5II - 139000
Huawei T2 Pro Tablet - 259000
Huawei T1 7" - 119000
Huawei T1 8" - 159000

ASUS
1. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Asus Zenfone Go 4.5 (1GB + 8GB) - 99000
Asus Zenfone 2 Laser 5.0 (2GB + 16GB) - 199000
Asus Zenfone Max (2GB + 16GB) - 229000
Asus Zenfone Go 5.0 (2GB + 16GB) - 159000
Asus Zenfone Selfie (3GB + 16GB) - 299000
Asus Zenfone 2 Laser 6 (3GB +16GB) - 319000

2. Unique Mobile (21.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Asus Zenfone 3 - 399000
Asus Zenfone 2 Laser - 179000
Asus Zenfone Go TV - 165000

NOKIA
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
NOKIA XL - 160000
NOKIA Lumia 625 - 210000
NOKIA Lumia 620 - 160000
NOKIA C2-02 - 60000
NOKIA 5230 - 75000
NOKIA 5250 - 70000
NOKIA N9 - 200000

ZTE
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
ZTE Blade L3 - 89800
ZTE Blade L5 Plus - 109800
ZTE Blad D3 - 119800
ZTE Blad A452 - 149000
ZTE Blade V7 Lite - 179800
ZTE Blade S6 - 169800
ZTE Blade A711 - 239000

MAXXCALL
1. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Maxxcall X3 - 62000
Maxxcall X5 - 75000
Maxxcall X6 - 75000
Maxxcall X7 - 88000
Maxxcall M6 - 85000
Maxxcall M7 - 89000
Maxxcall M Note - 98000
Maxxcall Smart Tablet - 69000

KENBO
1. Today Mobile (22.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Kenbo O31+ - 129800
Kenbo Fly 1 - 119800
Kenbo Hero 2 - 99800
Kenbo E71 - 79800
Kenbo E91 - 79800
Kenbo E61s - 49800

CDMA 800Mhz
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
Huawei Honor 4A - 120000
C8816 White - 130000
Y600D - 100000
Y330C - 68000
SCHE 229 - 25000
Gold Sun A88 - 55000
S8600 - 99000
AXESSTEL - 80000
F339 - 60000

CDMA 450 Mhz
1. (AMT Mobile) (23.6.2017) ဈေးနှုန်းများဖြစ်ပါသည်။
(အချိန်နှင့်အမျှဈေးနှုန်းအပြောင်းအလဲရှိပါသည်။)
ZTE G 500 - 215000
Ubiquam U 900 - 40000
Ubiquam U 800 - 130000
Aiji AM 100 - 35000
G500 Mini - 75000
ZXET CF500 - 75000
G830 - 80000
CF330 Fold - 75000
ZXET CG500 - 75000



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ " 18:9 Full Screen နဲ့ 3D Sensor ကင်မရာပါဝင်လာမယ့် Huawei Mate 10 " ♫

Image may contain: phone

2017 ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းကစပြီး မျက်နှာပြင် ထိခိုက်မှုပိုနည်းတဲ့ စမတ်ဖုန်းတွေ ပိုများလာဖွယ် ရှိပါတယ်။ လက်ရှိမှာတော့ စမတ်ဖုန်း စစ်ဆေးသူဖြစ်တဲ့ Pang Jiutang က huawei ရဲ့ 18:9 full screen ရှိတဲ့ မျက်နှာပြင်ကြီး စမတ်ဖုန်းကို 2017 ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ အခြားနာမည်ကျော်ကြားတဲ့ Mocha RQ ကတော့ 2017 ရဲ့ တတိယလေးလပတ် သို့မဟုတ် စတုတ္ထလေးလပတ်မှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မျက်နှာပြင်ကြီးစမတ်ဖုန်းကတော့ Mate 10 ဖြစ်နိုင်ခြေရှိပါတယ်။

Mate 10 မှာ ဘေးဘောင်မရှိသလောက် Full screen အပြင် မျက်နှာပြင် ထိခိုက်မှု လျော့နည်းစေမယ့် bezel-less screen နည်းပညာကို အသုံးပြုထားမယ်လို့လည်းသိရပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေအရ optical fingerprint scanner နဲ့3D sensor တို့ကို အသုံးပြုထားပါတယ်။ ထိုင်ဝမ်ပစ္စည်းထုတ်လုပ်သူ Lengxi Dev ရဲ့ အဆိုအရ ဒီစမတ်ဖုန်း မှာ 3D sensor နည်းပညာ ပါဝင်ပြီး မျက်လုံးကို မှတ်သားထားတာ၊ မျက်နှာကိုမှတ်သားထားတာမျိုးတွေနဲ့ fingerprint scanner ကို bezel-less screen မှာ အချိန်တိုအတွင်း အသုံးပြုနိုင်ခြင်း စတာတွေ ပါဝင်မယ်လို့ Weibo မှာဖော်ပြထားပါတယ်။ ဒီသတင်းတွေအရ Huawei Mate 10 မှာလည်း မျက်လုံးနဲ့ lock ဖြည်တဲ့နည်းပညာ ပါဝင်မယ်လို့ ယူဆရတာ ဖြစ်ပါတယ်။


လောလောဆယ်မှာတော့ Huawei Mate 10 နဲ့ ပတ်သက်ပြီး သတင်းတွေအများကြီးတော့ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် bezel-less screen ကိုအသုံးပြုမယ်ဆိုတာကိုတော့ အတည်ပြုထားပါတယ်။ ဒီစမတ်ဖုန်းမှာ Kirin 970 processor ၊ 10nm FinFET ၊ ARM Cortex-A73 processor တို့ပါဝင်ပြီး ဟွာဝေး mate series ထုတ်ပြန်နေကျ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ထွက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 600 ဝန်းကျင်ပဲရှိဖို့လည်း စမတ်ဖုန်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါသေးတယ်။



#igeekphone

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ “Xiaomi Mi Max 2 အတွက် 32GB Model လာမည်” ♫

Image may contain: phone

ရှောင်မီကမေလမှာMi Max 2 ကိုမိတ်ဆက်ခဲ့ပြီး 64GB နဲ့ 128GB Model များထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ ဈေးသက်သာတဲ့ 32GB Model ရဲ့ သတင်းအချက်အလက်များကို GFXBench မှာတွေ့နေရပါပြီ။ Storage က လွဲပြီးအခြား Specification များဟာတူညီကြပါတယ်။ 32GB Model ကိုရှောင်မီက တရုတ်မှာမကြာခင် မိတ်ဆက်နိုင်ပါတယ်။

Mi Max 2 ဟာသတ္တုကိုယ်ထည် စမတ်ဖုန်း ဖြစ်ပြီး ၂၀၁၆ ထုတ် Mi Max ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ အနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာ ပါပါတယ်။ 4GB RAM , 5300mAh Battery , 6.44” Full HD Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ5MP Camera များတပ်ဆင်ထားပါတယ်။

Mi Max 2 မှာ Android 7.1.1 Nougat ကို MIUI 8 နဲ့ ပေါင်းစပ် ထည့်သွင်း ထားနိုင်ပါတယ်။ Qualcomm Snapdragon 625 Octa-Core Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ Adreno 506 GPU ပါမှာပါ။ Dual SIM Phone ဖြစ်ပါတယ်။

32GB Model အတွက် ရွှေရောင်အပြင် အခြားအရောင်များကို လည်းရောင်းချနိုင်ပါတယ်။ တန်ဖိုးအားဖြင့် ၂၀၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ 64GB ကို ၂၄၈ ဒေါ်လာ ၊ 128GB ကို ၂၉၁ ဒေါ်လာဖြင့် ရောင်းချပေးထားပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ “အူရီဒူးမြန်မာမှ တစ်နေ့လုံးအတွက် ၂၄၉ ကျပ်သာကျသင့်မည့် Voice Pack ကိုမိတ်ဆက်” ♫

Image may contain: 5 people, people smiling, text

အူရီဒူးမြန်မာဆင်းကတ်သုံးစွဲသူများအနေဖြင့် အူရီဒူးဖုန်း အချင်းချင်း တစ်နေ့တာအတွင်း ကြိုက် သလောက်ဖုန်းပြောနိုင်မည့် Voice pack အသစ်မိတ်ဆက်လိုက်ပြီး ၂၄၉ ကျပ်သာကျသင့်မည်ဖြစ်ကြောင်း သိရသည်။ *150# သို့ ဖုန်းခေါ်ဆိုပြီး ၂၃း၅၉း၅၉ နာရီအထိ သက်တမ်း ရှိသော အဆိုပါ တစ်နေ့တာသုံး voice pack ကို ရယူနိုင်မည်ဖြစ်သည်။

တစ်နေ့တာသုံး voice pack ကို နောက်ရက်များ တွင်ဆက်လက် အသုံး ပြုနိုင်ရန် နေ့စဉ်စာရင်းသွင်းရယူခြင်းဖြင့် ရိုးရှင်းစွာဖြင့် လုပ်ဆောင်ရန် သာလိုအပ်မည်ဖြစ်ပြီး အခြားဝန်ဆောင်မှုများ ရယူထားပါကလည်း မူလအတိုင်း ဆက်လက်ရရှိနေမည်ဖြစ်ကြောင်း သိရသည်။ 



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments