Internet Download Manager v6.08 Build 5



လာပြန်ပါပြီဗျာ..... Internet Download Manager v6.08 Build 5 Beta နောက်ဆုံးထွက် Update လေးပါ Keygen ရော Pacth ပါ ပါပါတယ်...။စမ်းသုံးကြည့်ချင်ရင်....




အားလုံးအောင်မြင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

comments

Microsoft Windows 7: Ultimate 32 Bit and 64 Bit Full Version



For 32 Bit Download Here             
For 64 Bit Download Here                

အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်....
comments

Internet Download Manager v6.07 build 15 (just double click)



just double click ဆိုတဲ့အတိုင်းပါပဲ ဘာမှထပ်လုပ်ပေးစရာ မလိုတော့ပါဘူး...။ ဒေါင်းယူပြီး Zip ဖိုင်လေးကို ဖြည်ပြီး Run ပေးလိုက်ရုံပါပဲခင်မျာ...။
IDM နဲ့ အမြဲတမ်း ပြဿနာတတ်နေတဲ့ သူငယ်ချင်းများအတွက်တော့ အဆင်ပြေစေမှာပါ....။
 
Installation instructions:
1. Download Internet Download Manager Now / Uninstall oldest version – reboot OS
2. Un Zip and run exe file (just double click)
3. Run Internet Download Manager (IDM) from your start menu
4. Have fun!

ကဲ....စိတ်ဝင်စားရင်တော့...


အားလုံးပျော်ရွှင်ကြလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်...။

comments

Internet Download Manager 6.08 Beta Build 3 (Latest Version)


Internet Download Manager 6.08 Build 3 Beta  Update လေးပါ ဟိုနေ့ကတင်ထားလိုက်ပါသေးတယ်  Internet Download Manager 6.08 Build 2 Beta ကို အဲဒီ IDM Build 2 Beta ကို စမ်းကြည့်တာ သိပ်အဆင်မပြေတာနဲ့ Google မှာ ဒီနေ့ထပ်ရှာကြည့်တော့ ဒါလေးတွေ့တယ် ..။ ဒါနဲ့ ဒေါင်းယူပြီး စမ်းသုံးကြည့်တော့ တော်တော်အဆင်ပြေတာတွေ့ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်..။


စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့


Install ပြုလုပ်နည်းလေးကိုတော့   ဒီမှာဖတ်ကြည့်လိုက်ပါဗျာ  

အားလုံးအောင်မြင်ပါစေ...။
comments

Malwarebytes Anti-Malware 1.51.2.1300 + Key





 စက်ကိုနှေးစေတဲ့ Malware , Spyware , Trojan  တွေကို အကောင်းဆုံး ရှင်းပေးနိုင်တဲ့  Software လေးပါ...။
Perform Full Scan ကိုရွေးပြီး ၊ Scan လုပ်ပါ၊ အားလုံးစစ်လို့ပြီးသွားလို့ အနီရောင်စာသားတွေနဲ့ Malware တွေ Trojan တွေတွေ့ရင် ရှင်းရမယ့် Button ကိုနှိပ်ပေးလိုက်ပါ

 အမြဲတမ်း အသုံးပြုနိုင်အောင် Key လေးတွေပါ ထည့်ပေးထားပါတယ်။
 Key တွေ အလုပ် လုပ်မလုပ်ကတော့ အောက်ကပုံမှာတွေ့ရတဲ့အတိုင်းပါပဲ 




 စမ်းကြည့်ချင်တယ်ဆိုရင်တော့ 
 Size 9.47MB
comments

Uniblue PowerSuite 2012 3.0.5.5 Full Version + Serial Number

Uniblue PowerSuite 2012 3.0.5.5 Full Version + Serial Number
 Uniblue PowerSuite 2012 3.0.5.5 Full Version + Serial Number
 
 Computer ရဲ့ Performance တွေကိုအကောင်းဆုံးမြှင့်တင်ပေး
နိုင်ပါတယ်။ RegistryBooster, DriverScanner နဲ့ SpeedUpMyPC သုံးမျိုးလုံးပါဝင်ပါတယ်။ဒီကောင်
လေးက မိမိတို့ Computer ထဲကအရေးကြီးတဲ့ System တွေကို တိုးမြှင့်ပေးပါတယ်။ Registry ထဲမှာ
ရှိတဲ့ Error ဖိုင်တွေနဲ့ မလိုအပ်တဲ့ဖိုင်တွေကိုလည်းရှင်းထုတ်ပေးပါတယ်။Hardware functions တွေထဲ
က Old drivers တွေကို Update လုပ်ပေးခြင်း၊ Hard disk space ထဲမှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေကို
ဖယ်ရှားပေးခြင်းနဲ့ System တွေကို Optimize လုပ်ပေးခြင်းစတဲ့ Functions လေးတွေတော်တော်များ
များကိုစုံပါတယ်။
  1. · Remove harmful registry entries to reduce errors and conflicts
  2. · Defragment registry data to improve data processing efficiency
  3. · Update old drivers for better hardware function
  4. · Boost system resource management to avoid computer slowdowns
  5. · Remove junk files torecover hard drive space
  6. · Optimize system settings for maximum speed

 လိုအပ်ရင် 

comments

Internet.Download.Manager.v6.08.Build.2.Beta (20 Dec 2011)



Internet.Download.Manager.v6.08.Build.2.Beta... Update လေးပါ  ဒီနေ့ပဲထွက်လာပါတယ်....။ ဒီ IDM ကိုတော့ အားလုံးသိကြပြီးသားပါ....


အောက်မှာ ဒေါင်းယူနိုင်ပါတယ် အင်စတောလ် ပြုလုပ်ပုံကိုတော့    ဒီမှာဖတ်ကြည့်လိုက်ပါဗျာ

အထဲမှာ Keygen ရော Patch ဖိုင်တွေပါ ပါပါတယ် 
အားလုံးအောင်မြင်ကြပါစေ....
comments

HDD Regenerator 1.71 Full Version


HDD Regenerator v1.71 ကတော့ CD ၊ DVD ၊ USB Flash Drive တွေကို Bootable Device ဖြစ်အောင်လုပ်ပေးနိုင်တဲ့ Software လေးပါ။
* Ability to detect physical bad sectors on a hard disk drive surface.

* Ability to repair physical bad sectors (magnetic errors) on a hard disk surface.

* The product ignores file system, scans disk at physical level. It can be used with FAT, NTFS or any other file system, and also with unformatted or unpartitioned disks.

* Starting process directly under Windows XP / Vista.

* Bootable regenerating flash can be created from the program and used to automatically start regenerating process.

* Bootable regenerating CD allows starting regenerating process under DOS automatically.



Click Here to Download Setup
Click Here to Download Crack Only


comments

ကွန်ပြူတာ အနက်ဖွင့်ဆိုချက်




 Avast - Avast - အခမဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဗ်ဝဲတခု ဖြစ်တယ်။
  • Basic Input/Output System (BIOS) - ကွန်ပျူတာ တလုံးရဲ့ ပထမဆုံးနဲ့ အတွင်းပိုင်း အကျဆုံး ဆော့ဗ်ဝဲ အဆင့် ဖြစ်တယ်။ BIOS က ကွန်ပျူတာ စဖွင့်ချိန်မှာ တောင်းလာတဲ့ စကားဝှက်တခုနဲ့ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ အဆင့်မြင့် ဦးစားပေးချက် အတော်များများကို သတ်မှတ်ပေးတယ်။
  • Blacklist - တားဆီး ပိတ်ပင်ခံရတဲ့အတွက် ဖွင့်လို့ မရအောင် ပိတ်ဆို့ခံထားရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေ ပါဝင်တဲ့ စာရင်း ဖြစ်တယ်။
  • Bluetooth - အတည်သတ်မှတ်ထားတဲ့ လက်ကိုင်ဖုန်းတွေထဲက ဒေတာတွေကို အနီးကပ် အကွာအဝေးကနေ လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှု တခု ဖြစ်တယ်။ Bluetooth ဟာ လှိုင်းတို ရေဒီယို ထုတ်လွှင့်တဲ့ စနစ်ကို အသုံးပြုထားတယ်။
  • Booting - ကွန်ပျူတာကို စတင် ဖွင့်လိုက်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • CCleaner - လတ်တလော သုံးစွဲနေတဲ့ ပရိုဂရမ်တွေနဲ့ Windows operating system ရဲ့ hard drive ထဲမှာ ချန်ထားခဲ့တဲ့ ယာယီဖိုင်တွေ အပါအဝင် အထိခိုက်မခံတဲ့ သဲလွန်စတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ အခမဲ့ ကိရိယာ တခု ဖြစ်တယ်။
  • CD Burner - CD အလွတ်တွေထဲမှာ ဒေတာ ရေးကူးပေးနိုင်တဲ့ ကွန်ပျူတာ CD-ROM drive တခု ဖြစ်တယ်။ DVD burnersတွေက DVD အလွတ်မှာ ရေးကူးပေးနိုင်တယ်။ CD-RW နဲ့ DVD-RW drives တွေက သတင်း အချက်အလက်တွေကို CD-RW (သို့) DVD-RW ဓါတ်ပြားတွေပေါ်မှာ တကြိမ်မက ပယ်ဖျက်ပြီး၊ ပြန်ရေးကူးပေးနိုင်တယ်။
  • Circumvention - ပိတ်ဆို့ခံရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို ကြည့်ရှုလို့ ရအောင် အင်တာနက် စစ်ထုတ်ပိတ်ပင်ရေး ကိရိယာတွေကို ပတ်ရှောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။
  • Clam Win - ဝင်းဒိုးအတွက် ပြုလုပ်ထားတဲ့ FOSS ဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ်တခု ဖြစ်တယ်။
  • Cobian Backup - Backup လုပ်ပေးတဲ့ FOSS ကိရိယာတခု ဖြစ်တယ်။ နောက်ဆုံးထုတ် Cobian ဗားရှင်းဟာ ကုဒ်ပိတ်ထားတဲ့ အခမဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗားရှင်းတွေကတော့ FOSS ဗားရှင်းအနေနဲ့ ထုတ်ဝေခဲ့တယ်။
  • Comodo Firewall - အခမဲ့ firewall ကိရိယာတခု ဖြစ်တယ်။
  • Cookie - သီးခြား ကွန်ရက် စာမျက်နှာ တခုခုရဲ့ အချက်အလက်တွေကို သိမ်းထားဖို့ (သို့) သင် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ခွဲခြားနိုင်ဖို့ browser ကနေ ကွန်ပျူတာထဲမှာ သိမ်းဆည်းလိုက်တဲ့ ဖိုင်ငယ် တခု ဖြစ်တယ်။
  • Digital signature - သီးခြားဖိုင် (သို့) သတင်းတို တခုခုကို ပေးပို့တဲ့သူ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြတဲ့ စာဝှက်စနစ်သုံး နည်းလမ်းတမျိုး ဖြစ်တယ်။
  • Domain name - ကွန်ရက် စာမျက်နှာ (သို့) အင်တာနက် ဝန်ဆောင်မှု တခုခုကို စာနာမည်နဲ့ ရေးသားရတဲ့ လိပ်စာ ဖြစ်တယ်။ ဥပမာ အားဖြင့် security.ngoinabox.org
  • Encryption - စကားဝှက် တခု (သို့) စာဝှက်စနစ်သုံး သော့တခုခု ရှိထားတဲ့ ပုဂ္ဂိုလ်ကသာ စာဝှက်ဖော်နိုင်၊ ဖတ်ရှုနိုင်အောင် ပါးနပ်တဲ့ သင်္ချာနည်းကို သုံးပြီး အချက်အလက်ကို စာဝှက်ပေးတဲ့နည်း (သို့) မွှေနှောက်တဲ့နည်း တမျိုး ဖြစ်တယ်။
  • Enigmail - စာဝှက်ထားပြီး ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ် ရေးထိုးထားတဲ့ အီးမေးလ်ကို ပေးပို့နိုင်၊ လက်ခံစေနိုင်တဲ့ Thunderbird အီးမေးလ် ပရိုဂရမ်ရဲ့ add-on တခု ဖြစ်တယ်။
  • Eraser - ကွန်ပျူတာထဲ (သို့) ဖြုတ်တပ်လို့ ရတဲ့ သိမ်းဆည်းရေး ကိရိယာထဲက သတင်း အချက်အလက်တွေကို လုံလုံခြုံခြုံ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Firefox - Microsoft Internet Explorer နဲ့ အပြိုင် ရေပမ်းစားနေတဲ့ FOSS Web browser တခု ဖြစ်တယ်။
  • Firewall - ရုံးတွင်းမှာ ရှိတဲ့ networks တွေနဲ့ အင်တာနက်ကတဆင့် စိတ်မချရတဲ့ ဆက်သွယ်မှုလိုင်းတွေ အကြားမှာ ကွန်ပျူတာကို အကာအကွယ် ပေးတဲ့ ကိရိယာတခု ဖြစ်တယ်။
  • Free and Open Source Software (FOSS) - Free and Open Source Software (FOSS) - ဒီဆော့ဗ်ဝဲ အုပ်စုကို အခမဲ့ ရရှိနိုင်ပြီး လူတဦးတယောက်က အတားအဆီး မရှိပဲ စမ်းသပ်နိုင်၊ ဝေမျှနိုင် (သို့) ပြင်ဆင်နိုင်တဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • Freeware - အခမဲ့ ဆော့ဗ်ဝဲတွေထဲမှာ ပါဝင်ပေမဲ့ သူ့ကို ဖန်တီးရေးဆွဲတဲ့ နေရာမှာ အသုံးပြုတဲ့ အရင်းအမြစ်ကုဒ်ကို တရားဝင် ကြည့်ရှုခွင့် မပေးတဲ့ (သို့) နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိတဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • GNU/Linux - Microsoft Windows နဲ့အပြိုင် ထုတ်လုပ်ထားတဲ့ FOSS operating system တမျိုး ဖြစ်တယ်။
  • Global Positioning System (GPS) - အာကာသမှာ အခြေစိုက်ပြီး တကမ္ဘာလုံးကို လှည့်ပတ် သွားလာနေတဲ့ ဂြိုဟ်တု စနစ် တခု ဖြစ်တယ်။ ကမ္ဘာ့ ရာသီဥတု အပါအ၀င်၊ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ အရာဝတ္ထု၊ ကမ္ဘာ့အပြင်ပက အဆီးအတားမဲ့ ကောင်းကင် မြင်ကွင်း အစရှိတဲ့ အရာတွေနဲ့ ပါတ်သက်တဲ့ တည်နေရာ၊ အချိန်၊ သတင်း အချက်အလက်တွေကို ပံ့ပိုးပေးတယ်။
  • Hacker - ဒီနေရာမှာ အထိခိုက်မခံတဲ့ အချက်အလက် (သို့) ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အန္တရာယ်ရှိ ကွန်ပျူတာ ရာဇဝတ်သား တဦးတယောက်ကို ဆိုလိုတယ်။
  • Internet Protocol address (IP address) ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါ သတ်မှတ်ပေးတဲ့ သီးခြား IP လိပ်စာတခု ဖြစ်တယ်။
  • Internet Service Provider (ISP) - အင်တာနက် စတင် ချိတ်ဆက်တဲ့အခါ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (သို့) အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံ အတော်များများမှာ ရှိတဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံအတွင်းမှာ ဖွင့်ထားတဲ့ ISP တွေကတဆင့် ပိတ်ဆို့တဲ့ ကိရိယာ၊ စောင့်ကြည့်ရေး ကိရိယာတွေကို အသုံးပြုပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။
  • Infrared Data Association (IrDA) - အနီအောက် ရောင်စဉ် အလင်းတန်းကို အသုံးပြုပြီး ဒေတာတွေကို အနီးကပ် လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်ရေး တမျိုး ဖြစ်တယ်။ ခေတ်သစ် ကိရိယာတွေမှာ IrDA နေရာကို Bluetooth က အစားထိုး နေရာယူလာတာ ဖြစ်တယ်။
  • Java Applications (Applets) - Operating Systems အတော်များများမှာ အသုံးပြုနိုင်တဲ့ ပရိုဂရမ်ငယ်လေးတွေ ဖြစ်တယ်။ သူတို့ကို ကွန်ရက် စာမျက်နှာတွေရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက် ကောင်းမွန်လာအောင် အသုံးပြုလေ့ ရှိကြတယ်။
  • Keylogger - ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်ခဲ့သမျှ ကီးတွေကို မှတ်သားပြီး အဲဒီ အချက်အလက်တွေကို တဖက်က လူဆီ ပေးပို့ပေးတဲ့ ထောက်လှမ်းရေး ဆော့ဗ်ဝဲ တမျိုး ဖြစ်တယ်။ Keylogger တွေကို အီးမေးလ်နဲ့ တခြား စကားဝှက်တွေ ခိုးယူရာမှာ အသုံးပြုလေ့ ရှိတယ်။
  • KeePass - အခမဲ့ဖြစ်ပြီး လုံခြုံမှုရှိတဲ့ စကားဝှက် ဒေတာဘေ့စ် တခု ဖြစ်တယ်။/li>
  • LiveCD - ကွန်ပျူတာထဲမှာ တခြား operating system ကို ယာယီ လည်ပတ်စေနိုင်တဲ့ CD တချပ် ဖြစ်တယ်။
  • Malware - viruses, spyware, Trojans တွေနဲ့ တခြား အလားတူ အန္တရာယ်ရှိတဲ့ ဆော့ဗ်ဝဲ အားလုံးကို ခြုံငုံထားတဲ့ အထွေထွေ ဝေါ်ဟာရတရပ် ဖြစ်တယ်။
  • Mnemonic device - ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်မိနိုင်အောင် ကူညီလုပ်ဆောင်ပေးတဲ့ ရိုးရိုး လှည့်ကွက် တမျိုး ဖြစ်တယ်။
  • NoScript - ကွန်ရက် စာမျက်နှာတွေပေါ်မှာ မသိကျွမ်းပဲ ကပ်ပါလာတတ်တဲ့ အန္တရာယ်ရှိ ပရိုဂရမ်တွေရဲ့ ရန်ကနေ အကာအကွယ် ပေးနိုင်တဲ့ Firefox browser ရဲ့ လုံခြုံရေး add-on တခု ဖြစ်တယ်။
  • Off the Record (OTR) - Pidgin လို့ ခေါ်တဲ့ လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ်အတွက် ထုတ်လုပ်ထားတဲ့ စာဝှက်စနစ် plugin တခု ဖြစ်တယ်။
  • Peacefire - ဒီအခမဲ့ ဝန်ဆောင်မှုကို မှတ်ပုံတင်ထားတဲ့ လူတိုင်းက အင်တာနက် စီစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုတဲ့ ရှောင်တိမ်းရေး proxy တွေ ပါရှိတဲ့ နောက်ဆုံးထွက် ဝန်ဆောင်မှု စာရင်းတခုကို အီးမေးလ်နဲ့ လစဉ် အခမဲ့ ရရှိကြတယ်။
  • Physical threat - ဒီနေရာမှာ၊ ကွန်ပျူတာ စက်ပစ္စည်းတွေကို တခြား သူတွေက ကိုယ်ထိလက်ရောက် ရယူမှု (သို့) ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ဖြစ်တဲ့ ကျိုးပဲ့ ပျက်စီးမှု၊ မတော်တဆမှုတွေ (သို့) သဘာဝ ဘေးအန္တရာယ်တွေကြောင့် အထိခိုက်မခံတဲ့ သတင်း အချက်အလက် အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ် တခုခုကို ဆိုလိုတယ်။
  • Pidgin - Off the Record (OTR) လို့ ခေါ်တဲ့ စာဝှက်စနစ်ပါ plugin တခုကို အသုံးပြုထားတဲ့ FOSS စာတိုပေးပို့ရေး ကိရိယာ တခု ဖြစ်တယ်။
  • Proxy - အင်တာနက် စိစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုနိုင်ပြီး အင်တာနက် ဆက်သွယ်ရေး တချို့ (သို့) အားလုံးကို လမ်းဖွင့်ပေးတဲ့ ကြားခံ ဝန်ဆောင်မှု တခု ဖြစ်တယ်။ proxy တခုကို လူအများက အသုံးပြုနိုင်တယ်၊ (သို့) သူ့ကို အသုံးပြုနိုင်ဖို့ username နဲ့ စကားဝှက်တခု ရှိထားဖို့ လိုတယ်။ တချို့ proxy တွေသာ လုံခြုံမှု ရှိကြတယ်။ ဆိုလိုတာက proxy ကို ဖြတ်ပြီး ကွန်ပျူတာနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြား ဆက်သွယ်ပေးတဲ့ သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးတဲ့ စာဝှက်စနစ်ကို အသုံးပြုကြတယ်။
  • Proprietary software - အရင်းအမြစ် ဆော့ဗ်ဝဲ (FOSS) နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒီလုပ်ငန်းသုံး ကိရိယာတွေကို အများအားဖြင့် အခကြေးငွေ ပေးပြီး ၀ယ်ယူလို့ ရတယ်။ ဒါပေမဲ့ လိုင်စင် လိုအပ်ချက် ကန့်သတ်ချက်တွေနဲ့ အခမဲ့ ဆော့ဗ်ဝဲ အဖြစ်လည်း ရယူ အသုံးပြုနိုင်တယ်။
  • RiseUp - Webmail ကတဆင့် ဖြစ်စေ (သို့) Mozilla Thunderbird လို အီးမေးလ် client တခုမှ ဖြစ်စေ လုံလုံခြုံခြုံ အသုံးပြုနိုင်အောင် တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထုတ်လုပ်ထားတဲ့ အီးမေးလ် ဝန်ဆောင်မှုတခု ဖြစ်တယ်။
  • Router - ကွန်ရက် ချိတ်ဆက်မှု ကိရိယာ အစိတ်အပိုင်း တခု ဖြစ်ပြီး အဲဒီကတဆင့် ကွန်ပျူတာတွေက ရုံးတွင်း networks တွေမှာ အချိတ်အဆက် လုပ်တာတို့၊ ရုံးတွင်း ကွန်ရက်အမျိုးမျိုးကနေ ပြင်ပ အင်တာနက် ချိတ်ဆက်တာတို့ လုပ်ဆောင်ပေးတယ်။ Switch တွေ၊ gateway တွေနဲ့ hubတွေဟာ အလားတူ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီး၊ ကြိုးမဲ့ထုတ်လွှင့်ချက်တွေကို သုံးစွဲနိုင်အောင် စနှစ်တကျ တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေမှာ အလားတူ လုပ်ဆောင်ပေးတယ်။
  • Secure password database - master password တခုထဲကိုပဲ အသုံးပြုပြီး စကားဝှက်တွေကို သိုလှောင် သိမ်းဆည်းပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Secure Sockets Layer (SSL) - ကွန်ပျူတာနဲ့ ကွန်ရက်စာမျက်နှာတချို့ အပါအဝင်၊ ကြည့်ရှုနေတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြားမှာ လုံခြုံမှု ရှိစေပြီး၊ စာဝှက်ထားပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်း တခု အဖြစ် ထိန်းကျောင်းပေးတဲ့ နည်းပညာ ဖြစ်တယ်။ ကွန်ရက်စာမျက်နှာ တခုကို SSL ကတဆင့် ဆက်သွယ်တဲ့အခါ ကွန်ရက် လိပ်စာဟာ HTTP အစား HTTPS နဲ့ စတင်လာမှာ ဖြစ်တယ်။။
  • Security certificate - ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို လုံခြုံမှု ရှိစေဖို့ စာဝှက်စနစ်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးတယောက် ဆိုနေသူဟာ အမှန်တကယ် စစ်မှန်ကြောင်း သက်သေပြနိုင်တဲ့ နည်းစနစ် တမျိုး ဖြစ်တယ်။ လုံခြုံရေး လက်မှတ်တခုကို သင့်ရဲ့ browser က စစ်မှန်ကြောင်း အတည်ပြုပေးနိုင်ဖို့ ဒစ်ဂျစ်တယ် လက်မှတ်တခုအတွက် စိတ်ချရတဲ့ အဖွဲ့အစည်း တခုခုဆီမှာ ဝန်ဆောင်ခ ပေးဆောင်ဖို့ လိုတယ်။ အဖိုးအခ ပေးဆောင်ရတဲ့အတွက် တချို့ စီမံခန့်ခွဲသူတွေက ငွေကြေးပေးဆောင်ဖို့ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ အခါအားလျော်စွာ မှန်မှန်ကန်ကန် ဝန်ဆောင်မှု ပေးတဲ့ ကွန်ရက် တခုခုကို ကြည့်ရှုတဲ့အခါမှာလည်း လုံခြုံရေး လက်မှတ် (security certificate) ချို့ယွင်းချက်တွေကို တွေ့ရတတ်တယ်။
  • Security policy - သင့် အဖွဲ့အစည်းက ခြိမ်းခြောက်မှု အမျိုးမျိုးဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်အောင် ရေးသားပြုစုထားတဲ့ မှတ်တမ်းမှတ်ရာ တခု ဖြစ်တယ်၊ အဲဒီအထဲမှာ လုံခြုံရေး ဆိုင်ရာ အမှုကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ အရေးယူ ဆောင်ရွက်နိုင်တဲ့ အချက်တွေ ပါဝင်တဲ့ စာရင်းတခု ပါရှိတယ်။
  • Security cable - လုံခြုံရေးအရ သော့ခတ်နိုင်တဲ့ ကေဘယ်ကြိုးတခု ဖြစ်ပြီး အိတ်ဆောင် ကွန်ပျူတာ (သို့) တခြား စက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြင်ပ hard drive တွေ၊ အချို့ စားပွဲတင် ကွန်ပျူတာတွေနဲ့တကွ စက်ပစ္စည်းတွေကို ယူဆောင်သွားလို့ မရအောင် နံရံတခုခု (သို့) စားပွဲတခုခုမှာ လုံလုံခြုံခြုံ တွဲခတ်ထားနိုင်တယ်။
  • Server - အမြဲတမ်း ဖွင့်ထားတဲ့ ကွန်ပျူတာ ဖြစ်ပြီး ကွန်ရက် စာမျက်နှာ တခုကို ထိန်းသိမ်းတာ (သို့) တခြား ကွန်ပျူတာတွေဆီ အီးမေးလ် ပေးပို့တာ (သို့) အီးမေးလ် လက်ခံတာ စတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ အင်တာနက်နဲ့ အမြဲ ချိတ်ဆက်ထားတယ်။
  • SIM card - သေးငယ်ပြီး သီးခြား လက်ကိုင်ဖုန်း ကုမ္ပဏီက ပေးတဲ့ ဝန်ဆောင်မှုကို သုံးစွဲနိုင်ဖို့ လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ ဖြုတ်တပ်လို့ ရတဲ့ ကဒ်လေးတခု ဖြစ်တယ်။ SIM ကဒ်တွေဟာ ဖုန်းနံပါတ်တွေ၊ သတင်းတို ပေးပို့ချက်တွေကိုလည်း သိမ်းဆည်းထားနိုင်တယ်။
  • Skype - အခမဲ့ Voice over IP (VoIP) ကိရိယာတခု ဖြစ်ပြီး တခြား Skype ကို အသုံးပြုတဲ့သူတွေနဲ့ အခမဲ့ စကားပြောနိုင်တယ်၊ တယ်လီဖုန်းတွေကိုလည်း အခကြေးငွေ ပေးပြီး စကားပြောဆိုနိုင်တယ်။ Skype ကို စီမံ ထိန်းသိမ်းတဲ့ ကုမ္ပဏီရဲ့ ကြော်ငြာချက်အရ တခြား Skype အသုံးပြုသူတွေရဲ့ စကားပြောဆိုချက်တွေကို စာဝှက် (encrypt) ပေးထားတယ်လို့ ဆိုပါတယ်။ သူဟာ ကုဒ်ပိတ်ထားတဲ့ ကိရိယာ တခု ဖြစ်တဲ့ အတွက် ဒီအဆို မှန် မမှန်ကိုတော့ သက်သေ မပြနိုင်ဘူး။ ဒါပေမဲ့ လူအများစုကတော့ ဒီအဆို မှန်ကန်နိုင်တယ်လို့ ဆိုကြတယ်။ Skype မှာလည်း စာတို ပေးပို့မှုစနစ်ကို ပံ့ပိုးထားတယ်။
  • Source code - ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူတွေက ရေးသားထားတာ ဖြစ်ပြီး၊ ဆော့ဗ်ဝဲကို အလုပ်လုပ်စေတဲ့ ပင်မကုဒ် ဖြစ်တယ်။ သတ်မှတ်ထားတဲ့ ကိရိယာ တခုခုရဲ့ ပင်မ (source) ကုဒ်က သူ့ရဲ့ အလုပ်လုပ်ပုံတွေနဲ့ လုံခြုံမှုရှိ မရှိ (သို့) အန္တရာယ်ရှိ မရှိ စတာတွေကို ဖော်ပြပေးတယ်။
  • Spybot - ကွန်ပျူတာကို ထောက်လှမ်းနေတဲ့ ဆော့ဗ်ဝဲ spyware တွေကို စကင်ဖတ် စစ်ဆေးတာ၊ ဖယ်ရှားတာ၊ ကာကွယ်တာတွေ လုပ်ပေးတဲ့ အခမဲ့တဲ့ anti-malware ကိရိယာတခု ဖြစ်တယ်။
  • Steganography - အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို မလိုအပ်ပဲ အာရုံစူးစိုက်မှု မဖြစ်ပေါ်စေအောင် တခြား အယောင်ဆောင်ပြီး ပုံဖျက်ပေးတဲ့ နည်းလမ်းတမျိုးမျိုးကို ဆိုလိုတယ်။
  • Swap file - ကွန်ပျူတာထဲမှာ စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ အခါအားလျော်စွာ သိမ်းဆည်းထားတဲ့၊ အရေးကြီးတဲ့ အချက်တွေလည်း ပါဝင်နိုင်တဲ့ ဖိုင်တခု ဖြစ်တယ်။
  • Thunderbird - Enigmail စာဝှက်စနစ် ဖြည့်စွက် ဆော့ဗ်ဝဲ အပါအဝင် လုံခြုံရေး အင်္ဂါရပ်တွေ အတော်များများ ပါရှိတဲ့ FOSS အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Tor - အင်တာနက် စီစစ်ဖြတ်တောက်မှုကို ပတ်ရှောင်နိုင်ပြီး ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အင်တာနက်လိုင်းကနေ စောင့်ကြည့်နေနိုင်တဲ့ တစုံတယောက်ကို သင် ရောက်ရှိနေတဲ့ နေရာနဲ့ ကြည့်ရှုတဲ့ ကွန်ရက် စာမျက်နှာတွေကိုပါ ပုံဖျက်ပေးပြီး ဝှက်ထားပေးနိုင်တဲ့ ကိရိယာ တမျိုး ဖြစ်တယ်။
  • TrueCrypt - အထိခိုက်မခံတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ FOSS ဖိုင် စာဝှက် ကိရိယာတခု ဖြစ်တယ်။
  • Undelete Plus - အမှတ်တမဲ့ ပယ်ဖျက်လိုက်တဲ့ သတင်း အချက်အလက်တွေကို ပြန်လည် ဆယ်တင်ပေးနိုင်တဲ့ အခမဲ့ ကိရိယာတခု ဖြစ်တယ်။
  • Uninterruptable Power Supply (UPS) - ဓါတ်အား ကုန်ခန်းတဲ့ အခြေအနေမျိုးမှာ အကြပ်အတည်း ဖြစ်နေတဲ့ ကွန်ပျူတာ စက်ပစ္စည်းကို ဆက်လက် အလုပ်လုပ်နိုင်အောင် (သို့) စနစ်တကျ စက်ပိတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့ ပစ္စည်းကိရိယာ တခု ဖြစ်တယ်။
  • VautletSuite 2 Go - အခမဲ့ စာဝှက်ပေးတဲ့ အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Voice over IP (VoIP) - အင်တာနက်ကို အသုံးပြုပြီး တခြား VoIP သုံးစွဲသူတွေနဲ့ တယ်လီဖုန်းတွေကို အသံနဲ့ ဆက်သွယ် စကားပြောစေနိုင်တဲ့ နည်းပညာ ဖြစ်တယ်။
  • Whitelist - တချို့ ကွန်ရက်စာမျက်နှာတွေကို အလိုအလျောက် ပိတ်ဆို့ခံနေရတဲ့ အချိန်မှာ ကြည့်ရှုခွင့် ပြုပေးထားတဲ့ ကွန်ရက် စာမျက်နှာတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာနတွေရဲ့ စာရင်းတခု ဖြစ်တယ်။
  • Wiping - အချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • Your-Freedom - သီးသန့် proxy တခု ကနေတဆင့် အင်တာနက် ချိတ်ဆက်ပြီး ပိတ်ပင် စစ်ထုတ်မှုကို ပတ်ရှောင်နိုင်တဲ့ အခမဲ့ ရှောင်တိမ်းရေး ကိရိယာ တခု ဖြစ်တယ်။ အကယ်လို့ Your-Freedom ကို ကောင်းကောင်း configure လုပ်ထားတယ် ဆိုရင် သင့်ရဲ့ connection ကို လုံလုံခြုံခြုံ ရှိစေဖို့ အဲဒီ proxies တွေက ဆက်သွယ်မှုလိုင်းကို စာဝှက်ပေးမှာ ဖြစ်တယ်။
  •  
Ref:  https://security.ngoinabox.org/my
comments

Spybot - Spyware ဖယ်ရှားရေး ကိရိယာ (ကွန်ပြူရှိသူတိုင်းဆောင်ထားသင့်ပါတယ်)





Spybot Search & Destroy ကို ကွန်ပျူတာထဲက malware, adware နဲ့ spyware အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားရာမှာ အသုံးပြုတယ်။ Updates တွေကို အခမဲ့ ရယူနိုင်ပြီး အင်တာနက် ကြည့်ရှုတဲ့အခါ သိရှိပြီးတဲ့ malware ရဲ့ တိုက်ခိုက်လာမှုကို ခံနိုင်ရည် ရှိစေပါတယ်။


Searches for and removes ad- and spyware

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

Spybot S&D ဆိုတာ သင့် ကွန်ပျူတာထဲက adware, malware နဲ့ spyware အမျိုးအစား အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားပေးတဲ့ လူသိများတဲ့ အခမဲ့ ပရိုဂရမ် တခု ဖြစ်တယ်။ ကွန်ပျူတာကို adware, malware နဲ့ spyware တွေရဲ့ ဒဏ်ကို ခံနိုင်ရည် ရှိစေပြီး Spybot ကို Install လုပ်လိုက်တာနဲ့ ကွန်ပျူတာကို တိုက်ခိုက် မလာအောင် အကာအကွယ် ပေးပါတယ်။
Adware ဆိုတာ ကွန်ပျူတာမှာ ပေါ်လာတတ်တဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ spyware လို ထင်ရှားတဲ့ adware အမျိုးအစား တချို့ဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။
Malware (ဥပမာ trojans နဲ့ worms) ဆိုတာ ခွင့်ပြုချက်မရှိပဲ (သို့) မသိလိုက်ရပဲ ကွန်ပျူတာရဲ့ လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်အောင် (သို့) ထိန်းချုပ်ထားနိုင်အောင် စီမံထုတ်လုပ်ထားတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။
Spyware ဆိုတာ ဒေတာကို စုဆောင်းတာ၊ စောင့်ကြည့်တာတွေ လုပ်ပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မှတ်တမ်းတင်တဲ့အပြင်၊ သင့်ရဲ့ အင်တာနက် သုံးစွဲမှု အလေ့အထတွေကို ခြေရာခံတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။ malware လိုပဲ၊ ကွန်ပျူတာထဲမှာ တိတ်တဆိတ် အလုပ် လုပ်နေပါတယ်။ Spybot လို ပရိုဂရမ်မျိုးကို Install လုပ်လိုက်ခြင်းဖြင့် အဲဒီလိုမျိုး အန္တရာယ်ကနေ ကွန်ပျူတာကို အကာအကွယ် ပေးနိုင်ပါတယ်။
Spybot က TeaTimer လို့ခေါ်တဲ့ နောက်ထပ် ပရိုဂရမ် တမျိုးကိုလည်း Install လုပ်ပေးပါတယ်။ ၄င်းက ကွန်ပျူတာကို malware အသစ်တွေရဲ့ တိုက်ခိုက်မှု ရန်ကနေ အကာအကွယ် ပေးမှာ ဖြစ်တယ်။
မှတ်ချက် - Windows Vista မှာ Windows Defender လို့ခေါ်တဲ့ အရံသင့် Install လုပ်ထားတဲ့ ကိုယ်ပိုင် anti-spyware ပရိုဂရမ် ရှိပါတယ်။ ဒါပေမဲ့ Windows Vista က Spybot ကို အနှောင့်အယှက် မရှိ အလုပ် လုပ်စေနိုင်မှာ ဖြစ်ပါတယ်။

၂.၀ Spybot ကို Install လုပ်နည်း

အဆင့် ၁ ကို နှစ်ချက်နှိပ်လိုက်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၁ - ဘာသာစကား ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ
အဆင့် ၂။ Setup - Spybot Password Safe – Welcome to the Spybot - Search & Destroy Setup Wizard မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၃။ License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ ကျန်တဲ့ Installation လုပ်ငန်းစဉ်ကို ဆက်မလုပ်ခင် License Agreement ကို ဖတ်ရှုပါ။
အဆင့် ၄။ Next ခလုတ်ကို ဖွင့်နိုင်ဖို့ I accept the agreement option ကို Check လိုက်ပြီး Select Destination Location မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၂ - Select Components မျက်နှာပြင် ပြပုံ
အဆင့် ၆။ မျက်နှာပြင်ဟာ အပေါ်က ပုံ ၂ နဲ့ ဆင်တူဖို့ သင့်တော်တဲ့ အစိတ်အပိုင်းတွေကို Check လုပ်ပြီး၊ Select Start Menu Folder ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၇။ Default ဖိုင်တွဲ တည်နေရာကို အတည်ပြုဖို့ ကိုနှိပ်လိုက်ပြီး Select Additional Tasks မျက်နှာပြင်ကို သက်ဝင်စေပါ။
အဆင့် ၈Ready to Install မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ Installing မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၉။ Installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်လိုက်ပြီး Spybot - Search & Destroy ကို ဖွင့်လိုက်ပါ။

၂.၁ Spybot အကြောင်း

Spybot ထိထိရောက်ရောက် သုံးစွဲတဲ့နေရာမှာ ပါဝင်တဲ့ အခြေခံ အဆင့် နှစ်ခု ရှိတယ်။ -
  • Detection Rules နဲ့ Immunization databases ကို Spybot ဆီက သင့်တော်တဲ့ နောက်ဆုံးထွက် Updates တွေနဲ့ မွမ်းမံခြင်း
  • Spybot ကို အလုပ်လုပ်စေခြင်း။ ဒီနေရာမှာ အရင်က ဆွဲချခဲ့တဲ့ detection rules, immunisation databases (သို့) Updates တွေဟာ ကွန်ပျူတာကို ခံနိုင်ရည် ပိုရှိစေပြီး ကွန်ပျူတာထဲက spyware တိုက်ခိုက်မှုတွေကို စစ်ဆေးပေး၊ ဖယ်ရှားပေးတာတွေ လုပ်ဆောင်ပေးပါတယ်။
မှတ်ချက် - အဆင့်မြင့် သော့ချက် ရွေးချယ်မှုတွေကို ခြုံငုံသုံးသပ်ဖို့၊ အပိုင်း ၃.၀ အဆင့်မြင့် ရွေးချယ်မှုများကို ကြည့်ရှုပါ။

၂.၂ Spybot ကို ပထမဆုံးအကြိမ် အသုံးပြုနည်း

Installation ကို ပြီးသွားတဲ့အခါ၊ * Spybot *ဟာ အလိုအလျှောက် ဖွင့်လာမှာ ဖြစ်ပြီး အောက်ပါအတိုင်း Legal stuff မျက်နှာပြင်ကို ပြလာပါလိမ့်မယ်။-

ပုံ ၃။ Legal stuff မျက်နှာပြင် ပြပုံ
မှတ်ချက် - နောက်တခါ Spybot ကို ဖွင့်ဖို့၊ ကို နှစ်ချက် နှိပ်လိုက်ပါ၊ (သို့) Start > All Programs > Spybot - Search & Destroy > Spybot - Search & Destroy ကို ရွေးလိုက်ပါ။
အဆင့် ၁Spybot - Search & Destroy (ပုံ ၈) နဲ့ Create registry backup မျက်နှာပြင်တွေကို အောက်မှာ ပြထားတဲ့အတိုင်း သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၄ - Spybot-S&D Wizard ရဲ့ Create registry backup မျက်နှာပြင် ပြပုံ
မှတ်ချက် - registry ကနေ backup တခုကို ပြုလုပ်ဖို့ အလေးအနက် အကြံပြုလိုတယ်။ Windows Registry အကြောင်းကို ခြုံငုံသုံးသပ်တဲ့ အချက်အလက် အသေးစိတ်ကို CCleaner မှာ ကြည့်ရှုပါ။
အဆင့် ၂။ system registry ကနေ back up တခုကို ပြုလုပ်ပြီး သိမ်းဆည်းဖို့ ပုံ ၄ ထဲက ကို နှိပ်လိုက်ပါ။
အဆင့် ၃Spybot - Search for Updates မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ အကယ်လို့ အင်တာနက်နဲ့ ချိတ်ထားရင်၊ အောက်ပါအဆင့်အတိုင်း လုပ်ပါ - အဆင့် ၄Search for Updates ဝင်းဒိုးကို သက်ဝင်စေဖို့ ကို ** နှိပ်**လိုက်ပြီး၊ အပိုင်း ၂.၃ Spybot ရဲ့ Detection Rules နဲ့ Immunization Databases မွမ်းမံနည်းထဲကို တိုက်ရိုက် သွားပါ။
  • အကယ်လို့ အင်တာနက်နဲ့ မချိတ်ထားရင်၊ အောက်က အဆင့်အတိုင်း လုပ်ပါ။-
အဆင့် ၅Immunize this system ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို အောက်ပါအတိုင်း မြှင့်လိုက်ပါ -

ပုံ ၅ - ခံနိုင်ရည် မြှင့်တင်မှု အနေအထားပြ ဘားတန်း ပြပုံ
မှတ်ချက် - အကယ်လို့ သင့်ရဲ့ Browser ကို ဖွင့်ထားပြီး အကြောင်း တခုခုကြောင့် အသုံးမပြုပဲ ထားရင်၊ ခံနိုင်ရည် မြှင့်တင်မှု မလုပ်ခင် အောက်က မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

ပုံ ၆ - Open Browser Detected မျက်နှာပြင် ပြပုံ
အဆင့် ၆။ ဖွင့်ထားတဲ့ Browser တွေကို ပိတ်ပြီး ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၇ ကို နှိပ်လိုက်ပြီး Immunize စနစ်ထဲက Spybot - Search & Destroy console ထဲကို ပြန်သွားဖို့ ကို နှိပ်လိုက်ပါ။

ပုံ ၈ - Spybot - Search & Destroy console ပြပုံ

၂.၃ Spybot Detection စည်းကမ်းများနဲ့ Immunization ဒေတာဘေ့စ်များကို Update လုပ်နည်း

အရေးကြီးချက် - Spybot ကို နောက်ဆုံးထွက် definitions နဲ့ အမြဲတမ်း Update လုပ်ထားဖို့ အလွန် အရေးကြီးတယ်။
အဆင့်၁။ မွမ်းမံချက်တွေကို ဆွဲချရယူဖို့ ကွန်ရက် စာမျက်နှာတွေမှာ ရှိတဲ့ Spybot-S&D Updater ဝင်းဒိုးကို သက်ဝင်စေဖို့ Spybot-S&D ရဲ့ ဘယ်ဖက် Menu ထဲက ကို နှိပ်လိုက်ပါ။
အဆင့် ၂။ သင် နေထိုင်တဲ့ နိုင်ငံနဲ့ အနီးဆုံး နေရာဒေသကို ရွေးချယ်ပြီး၊ ညာဖက် နှိပ်လိုက်ပါ၊ အဲဒီနောက် ပုံ ၉ မှာ ပြထားတဲ့အတိုင်း Set this server as the preferred download location ကို ရွေးလိုက်ပါ။
  • အကယ်လို့ သင့်ရဲ့ detection rules ကို အခုတလော Update လုပ်ထားလိုက်ပြီ ဆိုရင်၊ Update အသစ်တွေ မရှိကြောင်း ပြတဲ့ pop-up မျက်နှာပြင် တခု ပေါ်လာလိမ့်မယ်။
  • အကယ်လို့ detection rules တွေကို မွမ်းမံမထားရင်၊ အောက်မှာ ပြထားတဲ့အတိုင်း Update တွေကို Download လို့ရတဲ့ ဆာဗာစာရင်းကို ဖော်ပြပေးတဲ့ Spybot-S&D Updater မျက်နှာပြင် ပေါ်လာလိမ့်မယ်။ -

ပုံ ၉ - Spybot-S&D Updater ဝင်းဒိုး ပြပုံ
အဆင့် ၃Spybot-S&D Updater - Please select the updates to download here ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၄။ တွေ့ရတဲ့ options တွေ အားလုံးကို Check လုပ်လိုက်ပါ၊ နောက်ပြီး အဲဒီ Updates တွေကို စတင် Download ရယူဖို့ ကို နှိပ်လိုက်ပါ။

ပုံ ၁၀ - Spybot-S&DUpdater မျက်နှာပြင်က detection rules, အထောက်အပံ့ ဖိုင်တွေနဲ့ immunization databases ကို ဖော်ပြနေပုံ
မှတ်ချက် - အကယ်လို့ အဲဒီ Updates တွေကို Download လုပ်နေတုန်းမှာ ချို့ယွင်းချက် တခုခု ပေါ်လာမယ် ဆိုရင်၊ Spybot က နောက်တခေါက် ထပ်ပြီး Download လုပ်ဖို့ ပြောလာလိမ့်မယ်။- အောင်အောင်မြင်မြင် Download လုပ်ပြီးတဲ့နောက်မှာ၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့နဲ့ ပြဿနာတွေကို စစ်ဆေးဖို့ အောက်ကအတိုင်း အချက်ပြလာလိမ့်မယ် -

ပုံ ၁၁ - အကြောင်းအရာဖော်ပြတဲ့ စာမျက်နှာ ပြပုံ
အဆင့် ၆ ကို နှိပ်လိုက်ပြီး ကို ဆက်နှိပ်ပါ။
Spybot - Search & Destroy ပင်မ မျက်နှာပြင်ကို ပြန်ရောက်သွားလိမ့်မယ်
မှတ်ချက် - Spybot Update ကို ဘယ်အချိန်မှာ မဆို အလုပ် လုပ်စေနိုင်တယ်။ - Start > All Programs > Spybot - Search&Destroy > Update Spybot -S&D ကို ရွေးလိုက်ပါ။

၂.၄ ကွန်ပျူတာရဲ့ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နည်း

Spybot ဟာ ကွန်ပျူတာကို "ခံနိုင်ရည်မြှင့်"ပေးပြီး spyware ရဲ့ ရန်ကနေ ကာကွယ်ပေးတယ်။ ဒါဟာ တိုက်ခိုက်လာနိုင်တဲ့ ရောဂါ အသစ်အဆန်းတွေကို အကာအကွယ် ပေးဖို့ ကာကွယ်ဆေးထိုးတာနဲ့ အတူတူပါပဲ။
ကွန်ပျူတာရဲ့ နည်းစနစ်ကို ခံနိုင်ရည် မြှင့်တင်ပေးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ အပေါ်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း ခံနိုင်ရည်မြှင့်တင်မှုကို အလိုအလျှောက် စတင် လုပ်ဆောင်ဖို့ Spybot-S&D ဘေးတန်းက ကို ဒါမှမဟုတ် ကို နှိပ်ပါ။
Immunize ဘောင်ထဲမှာ ရွေးချယ်ထားတဲ့ ကာကွယ်မှု ပုံစံအမျိုးမျိုးကို မြင်လို့ ရအောင် သင့်ရဲ့ ဝင်းဒိုးကို ချဲ့ပေးဖို့ လိုလိမ့်မယ်။
မှတ်ချက် - ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်လိုက်တဲ့အတွက် ကွန်ပျူတာရဲ့ လည်ပတ်မှု တခုလုံးကို ထိခိုက်လာစေတယ်လို့ သံသယဖြစ်ရင်၊ ခံနိုင်ရည် မြှင့်တင်တဲ့ လုပ်ငန်းစဉ်ကို reverse (သို့) undo ပြန်လုပ်လိုက်ပါ။ ခံနိုင်ရည် မြှင့်တင်တာကို ပြန်ရုပ်သိမ်းဖို့ ဖြစ်ဖြစ်၊ နဂို အနေအထား အတိုင်း ပြန်ထားဖို့ပဲ ဖြစ်ဖြစ် ကို သင် နှိပ်လို့ရပါတယ်။

၂.၅ ပြဿနာများကို စစ်ဆေးနည်း

သတိပေးချက် - ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို စတင် စစ်ဆေးမှု မလုပ်ခင်၊ Spybot Detection rules နဲ့ Immunization databases ကို မွမ်းမံပါ။
ပြဿနာတွေနဲ့ အန္တရာယ်တွေကို စစ်ဆေးဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ Spybot Search and Destroy ဘောင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၂။ ကွန်ပျူတာထဲမှာ အန္တရာယ်တွေ ရှိမရှိ စတင် စစ်ဆေးဖို့ (အကယ်လို့ ဒေတာ၊ ဖိုင်တွေ၊ ပရိုဂရမ်တွေ အများအပြား ရှိနေတယ် ဆိုရင်၊ မိနစ် ၂၀ ကနေ တနာရီအထိ ကြာနိုင်တယ်) ကို နှိပ်လိုက်ပါ။ Spybot အချက်ပြ မျက်နှာပြင်ဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။-

ပုံ ၁၂ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ
အဆင့် ၃။ ကွန်ပျူတာထဲက ပြဿနာတွေကို စတင် စစ်ဆေးဖို့ ကို အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -

ပုံ ၁၃ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ
စကင် စစ်ဆေးမှု ပြီးသွားတဲ့အခါ၊ တွေ့ရှိတဲ့ ပြဿနာ အမျိုးအစားနဲ့ အရေအတွက်ကို ဘောင်တခုထဲမှာ အောက်ပါအတိုင်း ဖော်ပြလာမှာ ဖြစ်တယ် -



ပုံ ၁၄ - ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေ (သို့) ခြိမ်းခြောက်မှုတွေကို ပြသနေတဲ့ Spybot - Search & Destroy စာမျက်နှာပြင် ပြပုံ
အဆင့် ၄။ ပယ်ဖျက်ချင်တဲ့ အချက်တွေကိုပဲ Check လိုက်ပါ။ တွေ့ရှိရတဲ့ အချက် တချို့ဟာ (အကြောင်း တခုခုအတွက်) သိမ်းထားဖို့ လိုအပ်တဲ့ ရောင်းဝယ်ရေး ဆော့ဗ်ဝဲ ဖြစ်နေနိုင်ပါတယ်။
သိကောင်းစရာ - အနီရောင်နဲ့ ပြထားတဲ့ အချက်တွေကို ပြဿနာ (သို့) ခြိမ်းခြောက်မှု တခုအဖြစ် သတ်မှတ်ထားတယ်။ အစိမ်းရောင်နဲ့ ပြထားတဲ့ အချက်တွေကတော့ အင်တာနက် သုံးစွဲမှုကို ခြေရာခံတာ ဖြစ်ပါတယ်။ သီးသန့်အချက် တခုခုကို ဆက်လက် ထားရှိလိုရင်၊ ၄င်းနဲ့ဆိုင်တဲ့ check box ကို un-check လုပ်လိုက်ပါ၊ ဒီလိုဆိုရင် ပယ်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။
အရေးကြီးချက် - တွေ့ရှိထားတဲ့ malware ကို မဖျက်ခင် (သို့) လျစ်လျူရှု မထားခင်၊ အချက် တခုစီရဲ့ အမူအကျင့်နဲ့ ဇစ်မြစ်တွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။
အဆင့် ၅။ အချက်အလက် ပိုပြီး မြင်တွေ့နိုင်ဖို့ Spybot ရလဒ် ဝင်းဒိုးရဲ့ ညာဖက်က ကို နှိပ်လိုက်ပါ။ အကယ်လို့ ဘာမှ ဖေါ်ပြမထားဘူး ဆိုရင်၊ အင်တာနက်ပေါ်မှာလည်း ရှာဖွေလို့ ရတယ်။ အသုံးပြုနည်း၊ ကွန်ပျူတာရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှာပါ။ ပြဿနာတွေ၊ ခြိမ်းခြောက်မှုတွေရဲ့ အကြောင်းရင်းကို ကောင်းကောင်း သိရှိထားခြင်းဖြင့် သင့်အတွက် ပိုမို စိတ်ချရမှာ ဖြစ်သလို၊ ပိုပြီး လုံခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။



ပုံ ၁၅ - က အကြောင်းအရာအစုံကို ဖေါ်ပြပေးနေပုံ
အဆင့် ၅။ malware ကို ပယ်ဖျက်ဖို့ ကို နှိပ်လိုက်ပါ။
အတည်ပြုချက်ပြတဲ့ စာမျက်နှာတခု ပေါ်လာပြီး တွေ့ရှိထားတဲ့ ပြဿနာတွေ အားလုံးကို ပယ်ဖျက်မယ် မပယ်ဖျက်ဘူး စတာတွေကို မေးလာလိမ့်မယ်။
အဆင့် ၆။ အကယ်လို့ ပယ်ဖျက်ချင်တယ် ဆိုရင် Yes ခလုတ်ကို နှိပ်လိုက်ပါ။
မှတ်ချက်- ကွန်ပျူတာထဲက ပြဿနာတွေကို အပတ်စဉ် အပတ်တိုင်း စကင်ဖတ် စစ်ဆေးဖို့ လိုအပ်တယ်။

၂.၆ Resident TeaTimer

Resident TeaTimer ဆိုတာ နောက်ကွယ်မှာ (Spybot ကို အသုံးမပြုတဲ့အချိန်မှာတောင်) အမြဲတမ်း လည်ပတ်နေတဲ့ Spybot ပရိုဂရမ် တခု ဖြစ်တယ်။အရေးကြီးတဲ့ ကွန်ပျူတာ လည်ပတ်မှုတွေကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာတွေက အရေးကြီးတဲ့ system configurations (သို့) settings တွေကို သွားပြီး မထိခိုက်နိုင်အောင် ၄င်းက အမြဲတမ်း စောင့်ကြည့်ပေးတယ်။ TeaTimer ဟာ အန္တရာယ်ရှိပြီး သံသယ ရှိဖို့ ကောင်းတဲ့ လှုပ်ရှားမှု တခုခုကို တွေ့ရှိလာတဲ့ အချိန်တိုင်း သုံးစွဲသူတွေကို အချက်ပေးလေ့ရှိတဲ့အတွက်၊ ဒီအချက်ပေးမှုကို (အန္တရာယ်ရှိကြောင်း အတည်ပြုပြီး) သင် လက်ခံခွင့်ပြုလို့ ရသလို ငြင်းပယ်လို့ ရတယ်။ pop-up မျက်နှာပြင်ရဲ့ နမူနာဟာ အောက်ပါအတိုင်း မြင်ရမှာ ဖြစ်တယ် -



ပုံ ၁၆ - ပြင်ဆင်ချက်ကို လက်ခံခွင့်ပြု / ငြင်းပယ်နိုင်တဲ့ Spybot - Search & Destroy Resident TeaTimer သတိပေးချက် စာမျက်နှာ ပြပုံ
ပရိုဂရမ် အတော်များများဟာ ကွန်ပျူတာရဲ့ အတွင်းပိုင်း လည်ပတ်မှုစနစ်အထိ ဝင်ရောက်လေ့ ရှိတဲ့အတွက်၊ လက်ခံခွင့်ပြုဖို့ / ငြင်းပယ်ဖို့ TeaTimer က မကြာခဏ မေးလာလိမ့်မယ်။ ဒီနမူနာထဲမှာ၊ Skype ကို Windows Start စာရင်းမှတ်ထဲကနေ ဖြုတ်ထားလိုက်တယ်။ ပရိုဂရမ် (ဒါဟာ အစပိုင်းမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ဘူး) တခုခုကို Uninstall လုပ်တဲ့အချိန်တိုင်း ဒီလို အမြဲဖြစ်ပျက်နေမှာ ဖြစ်တယ်။ ဒီနေရာမှာ၊ system setting အသေးအမွှားလေး တခုကို ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အဲဒါကို ခွင့်ပြုလိုက်လို့ ရတယ်။
သိကောင်းစရာ - အကယ်လို့ သင်ဟာ TeaTimer ဝင်းဒိုး တခုထဲမှာ ဘာလုပ်ရမယ် ဆိုတာ အသေအချာ မသိရှိရင်၊ အောက်မှာ ဖော်ပြထားတဲ့အတိုင်း အချက်အလက် အသေးစိတ်ကို ကြည့်ရှုဖို့ ကို နှိပ်လိုက်ပါ။



ပုံ ၁၇ - Spybot - Search & Destroy Startup စာမျက်နှာ ပြပုံ
တောင်းဆိုချက် တခုရဲ့ သက်ရောက်မှုတွေ ဘာဖြစ်လာမယ် ဆိုတာ အသေအချာ မသိရင်၊ ငြင်းပယ်လိုက်တာ ပိုပြီးအန္တရာယ် ကင်းတယ်။ ဒါပေမဲ့၊ အဲဒီ တောင်းဆိုချက်ဟာ မှန်ကန်မှု ရှိတယ်လို့ အသေအချာ ပြောနိုင်တယ် ဆိုရင်၊ Spybot က ဒီသတိပေးချက်ကို နောက်တခါ ဖေါ်ပြလာမှာ မဟုတ်ပါဘူး။
မှတ်ချက် - ပရိုဂရမ် အသစ်တခုခုကို သင် Install လုပ်လိုက်တဲ့နောက် startup အစီအစဉ်ထဲမှာ အလိုအလျောက် ပေါ်လာတဲ့အခါ TeaTimer အလုပ်လုပ်လာတာကို မကြာခဏ မြင်တွေ့ရမယ်။ ပရိုဂရမ်တခုခုကို Uninstall လုပ်တဲ့အခါမှာလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သိကောင်းစရာ - Update ပေါ်လာတဲ့အခါတိုင်း TeaTimer ကို အမြဲ Update လုပ်ပါ။

၂.၇ ဆယ်တင်ရေး ကိရိယာကို အသုံးပြုနည်း

ဆယ်တင်ရေး ကိရိယာဟာ လွန်ခဲ့တဲ့ အချိန်မှာ ပယ်ဖျက်လိုက်တဲ့ (သို့) ပြုပြင်လိုက်တဲ့ အချက်တခုခုကို ပြန်ဖော်ပေးနိုင်၊ ပြန်ရယူပေးနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ Spybot ဟာ အရင်တုန်းက ပယ်ဖျက်ခဲ့တဲ့ အချက်တခုစီရဲ့ backup တခုကို ဖန်တီးပေးတဲ့ အတွက် ဖြစ်တယ်။ အကယ်လို့ ပယ်ဖျက်လိုက်တဲ့ malware ရဲ့ အစိတ်အပိုင်းတခုဟာ သင့်ရဲ့ ကွန်ပျူတာကို ချွတ်ယွင်းစေတယ် ဆိုရင်၊ ဆယ်တင်ရေး ကိရိယာကို သုံးပြီး ပြန်ဖော်လို့ ရပါတယ်။
အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ အချက် တခုကို ပြန်ဖော်ချင်ရင် အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ ဆယ်တင်ရေး မျက်နှာပြင်ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -



ပုံ ၁၈ - Spybot Search & Destroy - ဆယ်တင်ရေး စာမျက်နှာ ပြပုံ
အဆင့် ၂။ အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ စာရင်းထဲကနေ ဆယ်တင်လိုတဲ့ အချက်တွေကို Check လုပ်ပြီး ကို နှိပ်လိုက်ပါ။
အတည်ပြုချက် ပြတဲ့ အညွှန်းစာမျက်နှာလေးဟာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -



ပုံ ၁၉ - အတည်ပြုချက် အညွှန်းစာမျက်နှာ ပြပုံ
အဆင့် ၃။ ရွေးလိုက်တဲ့ အချက်တွေကို ဆယ်တင်ဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၄။နောက်တမျိုးနဲ့၊ ရွေးချယ်ထားတဲ့ ဖိုင်တွေအားလုံးကို ဖယ်ရှားပစ်ဖို့ ကို နှိပ်လိုက်ပါ။ ဒါပေမဲ့ ရှင်းလင်းပစ်လိုက်တဲ့ အချက်တွေကို ပြန်ပြီး ဆယ်တင်လို့ ရမှာ မဟုတ်တော့ဘူးဆိုတာ သတိရပါ။

Ref:  security.ngoinabox.org/my
comments