ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်



Samsung Galaxy Mega 7.0 (Or Mega 2) ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် က ခွင့်ပြုလိုက် ပြီဖြစ်သည်။ Galaxy Mega 2 တွင် ခဲတံ အရွယ်အစားရှိသည့် ကြီးမားသော ခုနစ်လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါသည်။ Galaxy Mega 2 သည် သူ၏ နောင်တော်ထက် ၀.၇ လက်မ ပိုမိုကြီးမား လာပြီး ထွက်ရှိပြီးသမျှ Android Phone များထဲတွင် အကြီးဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါ သည်။

အမေရိကန်ရှိ မည်သည့် Wireless Carrier က အဆိုပါဖုန်းကို ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။ Samsung ၏ စမတ်ဖုန်းများကို AT&T မှ ရောင်းချလေ့ရှိသည့်အတွက် Mega 2 ကိုလည်း AT&T မှ ပင်ရောင်းချမည် ဟု Android Central က ခန့်မှန်းပါသည်။ Mega 2 ကို အမေရိကန် သို့မဟုတ် အာရှ တွင် ရောင်းချမည် ဆိုသည့် သတင်းအချက်အလက်ကိုလည်း ကွဲပြားစွာ မသိရသေးပါ။

Mega 2 ကို ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ယခင်မျိုးဆက် ၏ ဈေးနှုန်းမှာ ဒေါ်လာ ၄၉၉ ရှိပါသည်။

Mega 2 ၏ မျက်နှာပြင်အရွယ်အစား အပြင် အခြား Specification များနှင့် ပတ်သက်၍ သတင်း ထွက်ပေါ်ခြင်းမရှိသေးပါ။ Mega 2 သည် ခုနစ်လက်မအရွယ် ရှိသည့်အတွက် တက်ဘလက်အရွယ်ရှိ ပါသည်။ သို့သော် Mega 2 သည် အလွန်ပါးလွှာပြီး ပေါ့ပါးသည့်အတွက် ဖုန်းကဲ့သို့ အသုံးပြုရန် အဆင်ပြေ မည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

Samsung က ဇွန်လ ၁၂ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲတစ်ခု ကျင်းပရန် ရှိနေပြီး Galaxy Tab S တက်ဘလက်များကို ပြသမည် ဖြစ်သည်။ အဆိုပါပွဲတွင် Mega 2 ကိုလည်း ပွဲထုတ်နိုင်သည် ဟု ကျွမ်းကျင် သူများက ခန့်မှန်းကြပါသည်။

သူရ
Myanmar Digital Life Journal


comments

ဒေတာအဟောင်းတွေ ပယ်ဖျက်ခွင့် ဂူဂဲလ် ပေးမယ်



ဥရောပသားတွေ အနေနဲ့ ဂူဂဲလ် အွန်လိုင်း ရှာဖွေရေး စာမျက်နှာကနေ တွေ့ရှိနိုင်မယ့် ကိုယ့်ရဲ့ ကိုယ့်ရေး ကိုယ်တာ အချက်အလက် တွေကို ဖယ်ရှား စေချင်ရင် ပြောဖို့ အတွက် အွန်လိုင်း လင့်ခ် တစ်ခုကို ပြုလုပ်ပေးမယ်လို့ အင်တာနက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ ဂူဂဲလ်က ပြောကြားလိုက်ပါတယ်။

ဥရောပက လိုလားတဲ့ တောင်းဆိုချက်တွေနဲ့အညီ ဖြေရှင်းပေးဖို့ လွတ်လပ်တဲ့ ပညာရှင်တွေနဲ့ ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တွေ ပါဝင်တဲ့ ကော်မတီကနေ ရေရှည် မဟာဗျူဟာ တစ်ခုကို ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဂူဂဲလ်က ပြောပါတယ်။

အွန်လိုင်းမှာ ရှိနေတဲ့ သတင်း အချက်အလက် အဟောင်းတွေ၊ လက်ရှိ အခြေအနေနဲ့ ကျိုးကြောင်း ဆီလျော်မှု မရှိတော့တဲ့ အချက်အလက်တွေကို ဂူဂဲလ် ရှာဖွေရေး စာမျက်နှာကနေ ရှာမတွေ့အောင် လုပ်ပေးဖို့ အစောပိုင်းက တရားမျှတမှုဆိုင်ရာ ဥရောပ တရားရုံးကနေ တောင်းဆိုခဲ့ပြီးနောက် ဂူဂဲလ်က အခုလို ဆောင်ရွက်ဖို့ ကြေညာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဂူဂဲလ် အမှုဆောင် အရာရှိချုပ် Larry Page ကတော့ ဂူဂဲလ် အနေနဲ့ ဥရောပရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလို လုပ်ပေးတဲ့အတွက် ဆန်းသစ် ပြောင်းလဲမှု အပိုင်းကို ထိခိုက်မှုတွေ ရှိစေနိုင်ပြီး ဖိနှိပ်သူ အစိုးရတွေကို အကြိုက်တွေ့စေနိုင်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။

BBC


comments

Smart Zawgyi Pro (Android version)











Developer
ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။
၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error
ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။

မနေ့ညက အဲဒါသုံးရင်း အဲဒီ
Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users
တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version)
အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro
(Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart
Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run
ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့
အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။

-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။

-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို
ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။
ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း
Smart Zawgyi Pro ကိုသုံးစွဲနေကြသူတွေအတွက် ယင်း မူရင်း Smart Zawgyi Pro
ကို Android App အနေနဲ့ပြန်လည်ရေးသားဖန်တီးထားခြင်းပါ။

Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။

Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။

Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။

http://www.solidfiles.com/d/635449c200/smartzawgyipro_(Thet_Naing_Soe).apk

(Download Site ထဲရောက်သွားရင် Direct Download Link ကိုနှိပ်ပြီး download ရယူပါ)

အားလုံးပဲအဆင်ပြေကြပါစေ။

Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

re:Thet Naing Soe

 
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
comments

♪ Theme အသစ်လေး - CM11 CM10 HTC One Sense Theme v1.1.8 Apk ♫

CM11_CM10_HTC_One_Sense_theme

Android User တွေအတွက် နောက်ထပ် Theme အသစ်လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်အခု တင်ပေးလိုက်တဲ့ Theme လေးက ဆိုဒ်တော်တော်များများမှာမတင်ထားသေးပါဘူး။ ရှားရှားပါးပါးလေး ဗျာ။ သူနဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Launcher တွေကလည်း အများကြီးပါပဲ။ တစ်ခုချင်းစီကိုအောက်မှာရေးပေးထား ပါတယ်ဗျာ။ နမူနာပုံစံကြည့်ချင်ရင်တော့အောက်မှာ Screen Shot ရိုက်ပြထားပါတယ်ဗျာ။ Android OS 4.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


[Themed (non)-system apps]
- Apex Launcher
- Nova Launcher
- Trebuchet
- Default launcher
- Action Launcher Pro
- ADW Launcher EX
- Apollo
- Android music player
- Poweramp
- Go Contacts EX
- Go Dialer EX
- exDialer & Contacts
- Root Explorer
- ASTRO Filemanager
- OI Filemanager
- ES File Explorer
- Solid Exporer Beta
- Camera ICS
- Camera ICS+
- Camera JB+
- Camera Launcher for Nexus 7




CM11 CM10 HTC One Sense theme - screenshot thumbnail  CM11 CM10 HTC One Sense theme - screenshot thumbnail


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download


comments

စိတ်ချရပြီး ကြံခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို ကမ္ဘာကျော် Hacker Group တစ်ခုဖြစ်တဲ့ Anonymous group ကထုတ်ပြန်

 

 
ဒီရက်ပိုင်းအတွင်း ကျွန်တော့် မိတ်ဆွေတွေ
ထဲက account တွေ တစ်ခုပြီးတစ်ခု ကျနေတာတွေ Hacked ပြုလုပ်ခံရတာတွေ
များလာ တယ်ဗျ

ဒီတော့ Email၊ Facebookနဲ့ Twitter တွေရဲ့ Passwordsတွေဘယ်လို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Accountကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwordsတစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။ 

ဒီလိုမျိုး စိတ်ချရပြီး ကြံခိုင်တဲ့ Passwordsတစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို
ကမ္ဘာကျော် Hacker Group တစ်ခုဖြစ်တဲ့
Anonymous group ကထုတ်ပြန် ချက်ကို
Time မဂ္ဂဇင်းက ဖော်ပြထားပါတယ်

Passwordsကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwordsကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင် ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။
User Accountတစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
လို့ ထုတ်ပြန်ထားပါတယ်

ဒါအပြင်
သင့် Facebook အကောင့် လုံခြုံရေးအတွက် အချက်မှာ Security Question ပေးသင့်ပါတယ်

Security Question ပေးရန်
Link မှာ https://www.facebook.com/settings?tab=securityဖြစ်ပါတယ်

သတိထားရမှာက အဲ့ဒီ Facebook Security Question မှာ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ
ခန့်မှန်းရခက်တဲ့ မေးခွန်းနဲ့ အဖြေကို ပေးပါ

Secure Browsing setting ကို On ထားပါ

Recovery အသုံးပြုသော Email ကို
ဖြည့်ထားပါ ထိုemail မှာ ပြန်လည် ပြုလုပ်ရန်
ဖြစ်သည်

Login Notifications ကို လည်း On ပေးထားပါ။
မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)

Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)

Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။

IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။

Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။

မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။

နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

Burmar Pyi Thar

comments

YouWave for Android Home 3.19 full with crack

YouWave for Android Home 3.19 Multilingual | 145.2 MB
 
  ဒါလေးက မိမိတို့ Windowsမှာ Android App တွေကို အသုံးပြုနိုင်အောင်ကူညီပေးမှာဖြစ်သလို
Tablet, Phone တွေလိုမျိုးလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်အခု YouWave for Android Home  3.19
 ကို တင်ပေးလိုက်ပါတယ်..လိုအပ်သူများအောက်မှာဒေါင်းယူလိုက်ပါ။

Playing with the Android emulator on your computer is a pretty geeky endeavor, but YouWave makes it easy to accomplish on your Windows PC. If you can download and install a Windows program, you can have an Android virtual machine running on your desktop in just a few minutes. All without ever touching the SDK or Sun's JDK. As a bonus, the Window it runs in has a really easy method of installing third party apps from free Android applications stores, as well as apps downloaded to your PC.

YouWave for Android
- Runs Android apps and app stores on your PC, no phone required
- Download thousands of apps online via app stores within youwave
- High performance - The fastest way to run Android on pc
- Easy to use - Easy to install. Easy to import and run apps

Key Technical Features
Supports Android 4.0 ICS (Home Version (new)) and 2.3 Gingerbread (Basic Version)
Simulated SD card functionality - enables game saving
Saved State - enables fast restart
Enables multi-player online games
Dynamic rotating - phone-like instant response (new)
Volume control buttons (new)
Retractable control panel (new)


OS : Windows XP, Vista, Windows 7 or 8 32/64 bit
Language : Multilingual

Home Page - http://youwave.com/


 DOWNLOAD>>>Link1 (or) Link2



comments

မိမိဖုန်းမှာတပ်ဆင်ထားတဲ့Hardwareပိုင်းကို အသေးစိပ်စစ်ဆေးပေးမယ့် Sayyoethe Tester.apk (ဖုန်းအသစ်ဝယ်ရင်ထည့်စမ်းသပ်သည့်APK)

မိမိ ဖုန်းမှာတပ်ဆင်ထားတဲ့ LCD,Battery, စတဲ့ hardware ပိုင်းတွေကို အလုပ်လုပ်မလုပ် ကောင်းမကောင်းအသေးစိပ်စမ်းသပ် ပေးမယ့်ကောင်လေးပါ...မြန်မာမူပါ
ှSYT Tester လို့အမည်ပေးထားပါတယ်။ Multi task ကိုလည်းစမ်းသပ်နိုင်ပါတယ် မိမိဖုန်းမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ မော်ဒယ်တွေ၊RAM RoM တွေကိုလည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်
ဖုန်းအသစ်ဝယ်တဲ့အခါ ဒါလေးထည့်သွင်းပြီးစမ်းသပ် ရင် လုံးဝ အဆင်ပြေပါလိမ့်မယ်...ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါအောက်မှာ တင်ပေးထားတဲ့လင့်ကနေဒေါင်းလုပ်ယူနိုင်ပါပြီ








DOWNLOAD HERE

comments

တစ်ချိန်တည်း တစ်ထိုင်တည်း နဲ့ Facebook Account ပေါင်းမြောက်မြားစွာကို လွယ်လွယ်ကူကူနဲ့ ကိုယ်ကိုယ်တိုင် ဖွင့်လို့ရဖို့အတွက်



လုပ်ပုံ လုပ်နည်း အဆင့်ဆင့် သေချာ ရှင်းပြချက် ဓာတ်ပုံပေါင်း 26 ပုံ နဲ့ စာမျက်နှာ အရေအတွက် 20 တိတိ ရှိတဲ့ PDF File လေး တစ်ခု ကို Tutorial လေး အနေနဲ့ ရေးသားပေးထားပါတယ် ။ အလွယ်ကူ ဆုံး အရှင်း လင်း ဆုံး ဖြစ်အောင် တတ်နိုင်သလောက် တစ်ဆင့်ချင်းစီ Step by Step ရေးသားပေးထားပါတယ် ။ တစ်ဆင့်ချင်းစီ ကို သေချာ လိုက်လုပ်ကြည့်ပါ ။ Account ဖွင့်ဖို့ အတွက် ဘယ်လောက် လွယ်ကူတယ် ဆိုတာ တွေ့ရမှာပါ ။

အဲ့တော့ ... အကောင့် ဖွင်ဖို့ တောင်းဆိုထားတဲ့ သူတွေ အကုန်လုံး တစ်ချက်လောက် ကိုယ်တိုင် ကိုယ်ကျ လုပ်ကြည့်စေချင်ပါတယ် ။ လုပ်ကြည့်ပြီးလို့မှ အဆင်မပြေတဲ့ နေရာ တစ်ခုခု ( အဆင့်တစ်ဆင့်ဆင့် ) ရှိနေ ခဲ့မယ် ဆိုရင် ဆက်သွယ်ပါ ။ message ပို့ပါ ။ လုပ်လို့ မရတဲ့ နေရာကို ပြောပါ ။

ကျွန်တော်တို့ ဖွင့်ပေးတာ ထက်စာရင် ကိုယ်ကိုယ်တိုင် ဖွင့်လို့ အောင်မြင်သွားတဲ့ အရသာ က ပိုပြီး ကောင်းမယ် ထင်ပါတယ် ။ တကယ်လို့ ဖွင့်တတ် သွားရင် ...... Account တစ်ခု ကို 2000 ကနေ စပြီး တောင်းလို့ ရပါပြီ ။ အဲ့ဒါကြောင့် ... ကိုယ်ကိုယ်တိုင် လေး တစ်ချက်လောက် လုပ်ကြည့်ကြပါ .... ။

လိုအပ်ချက်တွေ တစ်ခု ချင်းစီ ကို အရင် Download ဆွဲပါ ။ PDF File လေးကို ဆွဲပါ ။ ပြီးရင် တစ်ဆင့်ချင်း စီ ဖတ်ပြီး လိုက်လုပ်ကြည့်ကြပါ ။ PDF File အဆင်မပြေတဲ့ သူတွေ အတွက် စာမျက်နှာ 20 စလုံး ကို Screen Shot ရိုက်ပြီး တစ်ခါတည်း ဓာတ်ပုံ အနေနဲ့ တင်ပေးထားပါတယ် ။ တစ်ပုံချင်းစီ ကို သေချာ ကြည့်ပြီး တစ်ဆင့်ချင်းစီ လိုက် လုပ်ကြည့်ပါ ။

ကိုယ်ကိုယ်တိုင် ဖွင့်လို့ အဆင်ပြေတယ် ၊ အောင်မြင် တယ်ဆိုရင် သူငယ်ချင်းတွေကို မျှဝေပေးပါ ။ ဒီ Page လေးကို ထပ်ပြီး Share ပေးကြပါ ။ ဒီ Post လေးကိုလည်း Like and Share လုပ်ပေးကြပါ ။

အားလုံး ပဲ အဆင်ပြေပြေ နဲ့ Facebook Account တွေ ဖွင့်နိုင်ကြပါစေ ခင်ဗျာ ... ။ အချိန်တို အတွင်းမှာ ကျွန်တော့် Page လေးကို Like and Share လုပ်ပေးတဲ့ သူတွေ ၊ Facebook Account တွေကို Message ပို့ပြီး ဖွင့်ခိုင်းတဲ့ သူတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ ... ။

နောက်လည်း အမြဲ မိုဘိုင်းဖုန်းနဲ့ ပတ်သတ်တဲ့ Update ဖြစ်တဲ့ သတင်းများ ၊ နည်းပညာနဲ့ ပတ်သတ်သော သတင်းများကို အမြဲတင်ပေးရင်း အားလုံး အဆင်ပြေစေ ရန် အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီ အားဖြည့်ပေးနေမှာ ဖြစ်ပါကြောင်းးး ပြောကြားရင်းးးးး

လိုအပ်တဲ့ File များကို Download အရင် ဆွဲပါ ။

UC Browser --> http://www.mediafire.com/download/w8u23y176j6y1cg/UC_Browser_Mini_for_Android_9_0_2_(_facebook_acc_open_yan).apk

ဖုန်းထဲမှာ PDF File ဖတ်ဖို့အတွက် အောက်မှာ ပေးထားတဲ့ application 2 ခုထဲက တစ်ခုကို ဒေါင်းလုပ် ဆွဲပြီး ထည့်ပါ ။ ( moon reader က နည်းနည်း ဆိုဒ်သေးပါတယ် ။ သူ့ ကို ဆွဲပါ ။ အဆင်မပြေမှ Office Suite ကို ထပ်ဆွဲပါ ။ )

Moon Reader Pro --> http://www.mediafire.com/download/4719cph7m75eb23/Moon+_Reader_Pro.apk

Office Suite --> http://www.mediafire.com/download/73ai8r93fn3wr9j/OfficeSuite.apk

အရေးအကြီး ဆုံး ဖြစ်တဲ့ Tutorial PDF File ကို Download ဆွဲပါ ။ ပြီးရင် အပေါ် က application 2 ခုထဲက တစ်ခုကိုအသုံးပြု ပြီး ဖွင့်ပါ ။

Tutorial PDF --> https://www.mediafire.com/?5n3hs58fv6vuk0m

Tutorial Photo Screen Shot Album --> https://www.facebook.com/media/set/?set=a.711139945591223.1073741829.694959360542615&type=1

တစ်ဆင့်ချင်းစီ ဖတ်ပြီး လိုက် လုပ်ဆောင် ကြည့်ပါ ။ ( တင်ပေးတာ နည်းနည်း နောက်ကျသွားလို့ အားလုံး ကို တောင်းပန်ပါတယ် ... ။ ဆိုင်မှာ Customer တွေ များနေတာရယ် ၊ မြန်မာ့ဆက်သွယ်ရေး ရဲ့ Connection အခြေအနေရယ်ကြောင့် နည်းနည်း နောက်ကျသွားတာပါ ... ။ )

The Last Mobile Service & Training Centre
FB သုံးသူတိုင်း သိထားသင့်သည့် အရာများ


comments

RSS Graffiti နဲ့ ဘလော့ပိုစ် တွေ ဖေ့ဘုတ်ပေါ် Auto Share နည်း

 မိမိဘလော့ကို လူဝင်များစေတဲ့ tips တစ်ခုဖြစ်တဲ့ ဘလော့တင်သမျှပို့တွေကို မိမိဖေ့ဘုတ်ပေ့ခ်ျပေါ် အလိုအလျောက် ရှဲနည်းလေးတစ်ခုအကြောင်း ရေးသားတင်ပြချင်လို့ပါခင်ည။

ပထမဆုံး ဒီနေရာ ကိုသွားလိုက်ပါ။

ေ၇ာက်ရင် ပုံမှပြထားတဲ့ Go to permissions dialog ကိုနှိပ်ပေးပါ





ပေါ်လာတဲ့ confirm ဘောက်သုံးခုကို ok ပေးလိုက်ပါ။

ပုံကအတိုင်း new publishing plan ကိုရွေးပေးပါ









name မှာအမည်တစ်ခုပေးကာ create new plan မှာနှိပ်ပါ















အောက်ကအတိုင်းပေါ်လာပါမယ်







New source မှာ နှိပ်ပြီး မိမိ ဘလော့ရဲ့  RSS Feed Link ကိုထည့်လိုက်ပါ။ Feed link ယူတာတော့အားလုံးသိကြမှာပါ။ အဆင်မပြေရင် comment ချန်ခဲ့ပါ။









Add source ကိုနှိပ်လိုက်ရင်  ဘောက်တစ်ခုကျလာပါမယ် အဲဒီမှာ ကိုယ်ရှဲမယ့် ပို့စ်အရေအတွက်နဲ့

အရင်ပို့စ်အဟောင်းတွေကိုအရင် ရှဲလုပ်မှာလား အသစ်တွေ စ ရှဲမှာလားဆိုတာတွေရွေးပြီး save ကိုနှိပ်လိုက်ပါ။










ဒီတစ်ခါ choose target ကိုနှိပ်ပြီး Facebook ကိုရွေးပေးလိုက်ပါ။အောက်ကအတိုင်းပေါ်လာပါမယ်





choose target မှာ မိမိ facebook ပေ့ ဒါမှမဟုတ် မိမိ အကောင့်ကို ရွေးပေးလိုက်ပါ။ ပေ့ခ်ျကော အကောင့်ကော နှစ်ခုပြိုင်မလုပ်ပါနဲ့ နှစ်ခုလုံးကိုရှဲချင်ယင် plan တစ်ခုထပ်လုပ်လိုက်ပါ။ပြီးရင် save လိုက်ပါ။ပြီးတော့ OFF နေရာလေးတွေကို ကလစ်နှိပ်ပြီးတော့ ON ပေးလိုက်ပါ။ off လုပ်ပြီးရပ်ထားလို့လည်းရပါတယ် ON လုပ်ရင် auto share နေမှာဖြစ်ပါတယ်။



ပြီးပြီးခြင်း Graffiti က identifingလုပ်မှာဖြစ်ပြီး အချိန်အနည်းငယ်ကြာတာနဲ့ မိမိ ဘလော့ဂ်ပို့စ်တွေ ဖေ့ဘုတ်ပေါ်ရောက်လာမှာဖြစ်ပါတယ်။အောက်မှာကျွန်တော်လုပ်ထားတဲ့ plan နှစ်ခုပါခင်ဗျာ









ကျေးဇူး



ပို့စ်ရေးသူ- HanWaiLinn-www.sayyoethe.blogspot.com















[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


comments

Google.com က Tricks လေးတွေဗျို့  (I am feeling lucky tricks)



Collection of Cool Google Tricks

  Google.com ကိုဝင်ပါ။ "google guitar" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google snake" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Zerg Rush"လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "calculator" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "blink html" လို့ရိုက်ပြီး search မှာနှိပ်ပါ

Google.com ကိုဝင်ပါ။ "google mirror" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Google Sphere" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google terminal" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Do a barrel roll" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google chuck norris kisses rajnikanth" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google gravity" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။

Google.com ကိုဝင်ပါ။ "Dark google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google underwater"လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google Sphere" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Google Loco" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google pacman" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "google mirror" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "epic google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "the answer to life, the universe and everything" ရိုက်searchနှိပ်
Google.com ကိုဝင်ပါ။ "make google logo black and white" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။
Google.com ကိုဝင်ပါ။ "Weenie Google" လို့ရိုက်ပြီး  i am feeling lucky(ဥုံဖွ)ကိုနှိပ်လိုက်ပါ။



 ဆေးရိုးသည်-Hanwailinn-www.sayyoethe.blogspot.com
[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်


comments

မြန်မာ့နန်းတွင်းအရှုပ်တော်ပုံ ပါတော်မူ ဇာတ်လမ်း ဒေါင်းလုပ်


မြန်မာ့သဘင်ဥသျှောင် စိန်မဟာသဘင် မှ ရဲစိန် ညီဝင်းစိန် စသူတို့ ဦးဆောင်အသံသွင်း ထားတဲ့ မြန်မာ့နန်းတွင်းအရှုပ်တော်ပုံ ကြီးပါ။ သီပေါမင်း ပါတော်မူရတဲ့ အကြောင်းကို ဇာတ်လမ်းဆင်ထားတာ နားဆောင်ရတာ အလွန်မတန်မှကို တန်ဖိုးရှိလှပါ။
ကင်းဝန်မင်း တိုင်တားမင်း သီပေါမင်း စုဖုရားလတ် မြင်ကွန်းမင်းညီနောင်။ ကနောင်မင်းသားကြီး။ ရတနာမောာင်မောင်တုတ် စတဲ့ သမိုင်းဇာတ်ကောင်တွေကို မျက်လုံးထဲမှာ ပုံပေါ်လာစေပါတယ်။ ကျွန်တော်မှတ်မိသေးတယ် အရင် ခေတ်တုန်းက ဒီဇာတ်လမ်းကို မဖွင့်ရဘူးလို့ ပိတ်ထားသတဲ့ဗျ ဘာကြောင့်လဲတော့မသိပါဘူး။ နားမဆင်ရသေးရင် နားဆင်ဖို့ အထူးတိုက်တွန်းလိုပါတယ်။ကျွန်တော်ကြုံဘူးတာလေးတစ်ခုပြောလိုပါတယ်။ကျွန်တော်ဒီဇာတ်တော်ကြီးကိုနား
ဆင်နေတာ သူငယ်ချင်းတွေမြင်တော့ ကျွန်တော့်ကို ရွာသားတဲ့ ခေတ်အောက်နေတဲ့ကောင် တဲ့ဗျာ။ မြန်မာ
တို့ရဲ့ ဂန္တ၀င်ဇာတ်တော်တွေကို မြန်မာတွေနားမထောင်ရင် ဘယ်သူတွေနားထောင်မှာလဲဗျာ


ဟုတ်ကဲ့ password မေးရင် www.sayyoethe.blogspot.com ထည့်ပေးပါ။
by hanwailinn - www.sayyoethe.blogspot.com

DOWNLOAD ON SOLIDFILES

[IMG]
comments

Galaxy S 4 Theme HDFree

မင်္ဂလာပါ။ 

ဒီတစ်ခါတော့ အားလုံးအကြိုက်တွေ့စေမယ့်app လေးတစ်ခုကို တင်ပေးပါ့မယ်။
Galaxy S 4 Theme HDFreeဆိုတဲ့app လေးပါ။ Galaxy S4 ဒီဇိုင်းလေးပေါ့ဗျာ။ကဲဗျာ
လိုချင်သူများ အောက်မှာDownload ရယူနိုင်ပါတယ်။

Features:
1. Full HD.
2. 4 HD 1920×1920 px Stock Wallpapers from S4.
3. 25 HD 144×144 px Stock Icons.
4. Dock background removed as in the original S4
Launcher.
5. Themed app drawer and app tabs.
6. No 3rd party icons.
7. Widget re-sizer themed like original S4 re-sizer.
8. Minor changes like App info, etc themed like S4.
9. Original S4 font!
To make the App Drawer transparent, go to Apex
Settings > Drawer > Set Transparency.
Theme will be updated frequently. Please leave a
review if you like it.
Thanks a lot to sarkar1990 for testing and
supporting me.
Also a big thanks to Chinese for supporting me.
If you like this theme, please support me by buying
the pro version.

Size : 9.0MB

Current Version : 2.5

Requires Android : 4.0 and up

 Download 

အဆင်ပြေပါစေ။

                  ညီညီ(နည်းပညာ)

comments

♪ Angry Birds Go! v1.3 Mod Money Apk ♫

Cover art


Angry Birds ရဲ့နောက်ဆုံးထွက် Version လေးပါ။ အခုကျွန်တော် တင်ပေးလိုက်တာကတော့ Hack ထားပြီး သား Unlimited Version လေးပါ။ စိတ်ကြိုက်ကစားရုံပါဘဲ။ ကစား ရမယ့်အခန်းတွေ ကို မိမိကစားချင်တာ ကိုရွေးချယ်ကစားနိုင်ပါတယ်။ အားလုံး Lock ဖြုတ်ထားပြီးသားပါ။ အခု Game လေးကတော့ အရင် Angry Birds ပုံစံတွေနဲ့မတူပါဘူး။ ၀က်တွေနဲ့ ကားမောင်းပြီး ဖဲ့ရမှာပါဗျာ။ တမျိုးလေးဆန်းနေပါတယ်ဗျာ။ နမူနာ ကြည့်နိုင်အောင် အောက်မှာ Screen Shot ရိုက်ပြီးတင်ပေးလိုက်ပါတယ် ဗျာ။ Android OS 2.3.3 နှင့်အထက် ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။

 

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

Angry Birds Go! - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download


comments

♪လူနဲ့ဘောလုံးမကန်ဘဲကားတွေနဲ့ဘောလုံးကန်မယ့် - Soccer Rally 2 Mod (Unlimited Money) v1.05 APK ♫

Soccer Rally 2 - screenshot

အခုတင်ပေးလိုက်တဲ့ Game လေးကတော့ အဆန်းလေးပါဗျာ။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ ဘောလုံးကန်တာ ကိုကစားသမားတွေနဲ့မကန်ဘဲ ကားတွေနဲ့ဘောလုံးကန်ရမှာပါ။ ကျွန်တော်စမ်းကြီး ကမြင်းကြည့်ပြီးပါပြီ မိုက်တယ်ဗျာ။ တစ်မျိုးတော့ဆန်းတာပေါ့။ နည်းနည်းလေးတော့ခက်တာပေါ့ဗျာ။ကွင်းတွေကလည်း ပုံစံအမျိုး မျိုးရွေးချယ်ပြီး ကစားနိုင်ပါတယ်ဗျာ။ ဘောလုံးကွင်းတွေအပြင် လမ်းဘေးကွင်းတွေနဲ့ ဂိုထောင်တွေထဲမှာ လည်းကစားနိုင်ပါသေးတယ်။ အခုတင်ပေးလိုက်တာကတော့ Unlimited Money ဖြစ်တဲ့အတွက် အားလုံးကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူကစားနိုင်မှာပါ။ Android OS 4.1 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်။

Install ပြုလုပ်ပုံကလည်းလွယ်ပါတယ်။ပုံမှန်ရှင်းပြနေကြအတိုင်းပါဘဲ။
Apk ကို Install လုပ်လိုက်ပါ။ပြီးသွားပြီဆိုတာနဲ့ Download Folder ထဲမှာပါလာတဲ့ com.iceflame.Soccer Rally2 ဆိုတဲ့ Folder ကို Copy ကူးပြီး SDcard/Android/obb/ ထဲမှာ Paste လုပ်လိုက်ရုံပါဘဲ။ အဆင်ပြေပါစေ ဗျာ။

Soccer Rally 2 - screenshot

Soccer Rally 2 - screenshot

Soccer Rally 2 - screenshot

 Soccer Rally 2 - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download


comments

Video Call ခေါ်ဆိုမှုအား Telenor ၀က်ဘ်ဆိုဒ်တွင် စတင် အသုံးပြုနိုင်


မြန်မာနိုင်ငံတွင် ပထမဆုံး Video Call ခေါ်ဆိုမှုအား Telenor Myanmar ၏ ၀က်ဘ်ဆိုဒ်တွင် စတင် အသုံးပြု သွားမည်ဖြစ်သည်။ အခုလောလောဆယ် မှာတော့ ၀က်ဘ်ဆိုဒ်ကနေပဲ အသုံးပြုနိုင် ဦးမှာပါ။ Telenor ဆင်းမ်ကဒ်တွေ စပြီးရောင်းချ ရင်တော့ မိုဘိုင်းဖုန်းတွေ ကနေ အသုံးပြု နိုင်အောင် စီစဉ်ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။

Video Call ခေါ်ဆိုနိုင်ရန် Telenor Myanmar ၀က်ဘ်ဆိုဒ်ဖြစ်သော www. telenor myanmar.com သို့ဝင်ရောက်ကာ အသုံးပြုရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် အသုံးပြုလိုပါက Tango, Viber, Skype စသည့်ဆော့ဖ်ဝဲလ်များအား ထည့်ပြီးမှသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Telenor မှ သိရသည်။

Video Call ခေါ်ဆိုမှုကို ပြီးခဲ့သည့် ဧပြီလဆန်းတွင်း ပထမဆုံး ရန်ကုန် Data Center ၌ စမ်းသပ်ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ယခုအခါ မန္တလေးရှိ Data Center မှာလည်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ယင်း ၀န်ဆောင်မှု ကို အသုံးပြုနိုင်ခြင်း အားဖြင့် အသံ သာမက ရုပ်ကိုပါမြင် တွေ့ရမည်ဖြစ်ပြီး၊ အနီးပတ်ဝန်းကျင်ရှိ မြင်ကွင်းများ ကိုလည်း တိုက်ရိုက်မြင်တွေ့ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အချိန်တိုအတွင်းမှာ အခုလို အောင်မြင်မှုတွေ ရရှိလာတာ ပြည်သူတွေအတွက် ၀မ်းသာစရာပါပဲ၊ အခုမြန်မာ့ဆက်သွယ်ရေး ကလည်း၊ ဒီလို ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးငွေသောင်း က ပြောသည်။

ထို့ပြင် စက်တင်ဘာလတွင် စတင်ရောင်းချပေးမည့် Telenor ဆင်းကဒ်များ၏ ဈေးနှုန်းမှာ ကျပ် (၁၅၀၀) ကျပ်နှင့် အသုံးပြုခ မှာလည်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်း အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်းမ်ကတ်များဖြင့် အင်တာနက်၊ Video Call ၊ Voice Message တို့ အပြင် မိုဘိုင်းနှင့် ဆက်စပ်သောကဏ္ဍများ အားလုံးကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။

messenger news journal


comments

2K Display ရုပ်ထွက်နဲ့ အထင်ကြီးစရာ LG G3


တကယ်တော့ LG က 4K ရုပ်ထွက် မျက်နှာပြင် ရှိတဲ့ UHD Screen ကို ဖြစ်စေချင်ခဲ့တာပါ။ အခုတော့ ရုပ်ထွက် 2560×1440 2k ရုပ်ထွက် အထက်နားလောက်မှာပဲ ရှိလာတဲ့အတွက် Quad HD မျက်နှာပြင်
စမတ်ဖုန်းလို့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Quad HD မျက်နှာပြင်နဲ့ Screen ရုပ်ထွက်မှာ အခြား နာမည်ကြီးဖုန်းတွေ ဖြစ်တဲ့ HTC M8 နဲ့ Galaxy S5 တို့ထက် ပိုသာလွန်ခဲ့ပါတယ်။ ဒါဟာ သူရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။

မျက်နှာပြင် အရွှယ်အစား ၅.၅ လက်မ ဖြစ်ကာ နောက်ဆုံးထွက် High-end ဖုန်းတွေထဲမှာတော့ အကျယ်ဝန်းဆုံးပါပဲ။ Pixel သိပ်သည်းဆကိုက 538 တို့နဲ့ သိပ်ကို မိုက်ပါတယ်။ ထို ရုပ်ထွက် မြင်ကွင်းဟာ ၂၇ လက်မရှိတဲ့ iMac တစ်လုံးနဲ့ တူညီနေပါတယ်။ G3 ဟာ အမြင့်စားရုပ်ထွက်တွေ ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ LG ခေါ်ဆိုထားတဲ့ Quad-HD ရုပ်ထွက်နဲ့ ထဲမှတော့ ပထမဦးဆုံး စီးကြောင်း တစ်ခုပါပဲ။ အရည်အသွေးမြင့်မားတဲ့ High-end ဖုန်းတွေမှာသာ သုံးလေ့ရှိတဲ့ IPS LCD နဲ့တောက်ပနေတဲ့ G3 ဟာ 4K ဗီဒီယို လုပ်ဆောင်မူတွေကိုလည်း ပြုလုပ်ဆောင်ရွက်နိင်ပြီး အခြား HTC M8 နဲ့ Galaxy S5 တို့နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ သိပ်ကို ကောင်းမွန်ရှင်းလင်း ပြတ်သားနေတာကို တွေ့ခဲ့ရပါတယ်။

နောက်ထပ် ကင်မရာမှာ ထပ်ဆောင်းပါဝင်လာတာကတော့ Laser Focus ဖြစ်ပါတယ်။ ထို Laser Focus ဟာ Option နှစ်ခုကို လုပ်ဆောင်ပေးနိင်ပြီး
ပထမတစ်ခုကတော့ ကင်မရာဖွင့်လိုက်တာနဲ့ အရာဝတ္တုတွေကို သူအလိုလို ချိန်းပြီး လုပ်ဆောင်ပေးတာဖြစ်ပြီး နောက်ဒုတိယတစ်ခုကတော့ ကိုယ်လိုချင်တဲ့ အရာဝတ္တုကို Focus ချိန်းကာ ရိုက်ကူးနိင်တယ်ဆိုတဲ့
Option နှစ်ခုပါဝင်ပါတယ်။ အနောက်ကင်မရာက 13 megapixel ဖြစ်ပြီး အရှေ့ကင်မရာက 2.1 ပါ။

အစိတ်အပိုင်းနဲ့ စွမ်းဆောင်ချက်

စံနှုန်းတစ်ခုဖြစ်တဲ့ quad-core Snapdragon processor နဲ့ဖြစ်ပြီး RAM ကတော့ 2GB ရှိပါတယ်။ ဗီဒီယိုတွေကို ကြည်လင်လှတဲ့ 4K ရုပ်ထွက်နဲ့ ကြည့်ရူနိင်ပြီး ကောင်းမွန်လှတယ်လို့ သိရပါတယ်။ Android 4.4 KitKat နဲ့အတူ နောက်ထူးခြားမူတစ်ခုကတော့ G3 ၇ဲ့ထူးခြားလှတဲ့ ကီးဘုတ် ဖြစ်ပါတယ်။ ကီးဘုတ်မှာ ကိုယ်လို ချင်တဲ့ Emotion iCon တွေကို ထည့်သွင်းနိင်ပြီး စာရိုက်ချင်တဲ့ ကီးဘုတ် အရွှယ်အစားကို အသေးလိုချင်ရင် အသေး၊ အကြီး လိုချင်ရင် အကြီး၊ စတဲ့ လက်ကွက်ကို ကျယ်ချင်ရင်လည်း ကျယ်နိင် ချိန်းညှိနိင်ပါတယ်။

နောက်ထပ်အနေနဲ့ LG ဟာ သူရဲ့ Knock to unlock ကို G3 မှာ ပြန်ထည့်ထားတာကို တွေ့ရပါတယ်။ဒီတော့ ဖုန်း မျက်နှာပြင်ကိုလက်နဲ့ ခေါက်လိုက်တာနဲ့ Lock ပွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရသော် LG G3 ဟာ ဒီဇိုင်းပိုင်းကိုတိုးတက်ထားပြီး၊ UI နဲ့ UX တွေကိုလည်း စွဲဆောင်မူရှိအောင်လုပ်ထားတာကိုတွေ့ရပါတယ်။ အတွင်း အစိတ်အပိုင်းတွေကလည်း အထင်ကြီးစရာပါပဲ။





Aung Heine ...
Smart Pro Journal


comments