ဘလော့ပညာလေ့လာသူများအတွက် ( စတင်သူများအတွက် )



ဘလော့စတင်လေ့လာသူတွေအတွက်
=====================

ဘလော့ရေးသားနည်း စာအုပ်
..........................................

http://www14.zippyshare.com/v/68113080/file.html


ဘလော့တခုမှာ ပို့စ်တင်နည်း
.......................................

https://db.tt/G3Mq5HEd

ဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း
.............................................

https://db.tt/wzGfd1kG


Template ဒေါင်းနည်းအစားထိုးနည်း
................................................

https://db.tt/x3aOdBDT


လေဘယ်တပ်နည်းလင့်ချိတ်နည်း
.........................................

https://db.tt/DzSnYLTd


ဘလော့ကာသိသင်ဘရာလေးများ
.........................................

https://db.tt/e9RcyVpA



အထူးကျေးဇူးတင်ပါတယ်.. သိသမျှ နည်းပညာလေးတွေကို ဖန်တီး ရှင်းပြပေးထားတာမို့ မသိတာ မရှင်တာ ရှိပါက ဘလော့ခရီးသည် ချက်ဘောက်မှာ လာရောက် မေးမြန်းနိုင်ပါတယ်နော်...


ဘလော့ခရီးသည်
www.aungsanmks.com
 
 
comments

Android App များကို အခမဲ့ ရယူနိုင်မည့် ထိပ်တန်း ဝက်ဘ်ဆိုက် (၁၀) ခု

 
Android app များကို ငွေကြေးဖြင့် ဝယ်ယူစရာ မလိုဘဲ အခမဲ့ Download ရယူနိုင်သည့် ဝက်ဘ်ဆိုက် များစွာရှိသည်။ သို့ရာတွင် အဆိုပါ ဝက်ဘ်ဆိုက်တိုင်းက Android သုံးစွဲသူများအား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်သလို သုံးစွဲသူများ၏ တန်ဖိုးရှိသည့် အချိန်ကိုလည်း အလဟဿ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Android App များကို အခမဲ့ Download ပြုလုပ်နိုင်မည့် ဝက်ဘ်ဆိုက် (၁၀) ခုကို ဖော်ပြ လိုက်ပါသည်။
 

Android သုံးစွဲသူများ အတွက် အကောင်းဆုံး အခမဲ့၊ အခပေး Android app တွေကို ထောက်ပံ့ပေးနိုင်သည့် ဆိုက်ဖြစ်သည်။ App များနှင့် ဂိမ်းများကို ကဏ္ဍအမျိုးအစား ခွဲခြားပေးထားသောကြောင့် သုံးစွဲသူ၏ Android ထုတ်ကုန်အတွက် လိုအပ်သည့် app များကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်မည် ဖြစ်သည်။
 
အကောင်းဆုံး Android app များကို ရှာဖွေရာတွင် အကူအညီပေးနိုင်မည့် ဆိုက်ဖြစ်သည်။ ထို့အပြင် မိမိနှစ်သက်သည့် app များကို စီမံခန့်ခွဲပြီး သူငယ်ချင်းများထံ ဝေမျှနိုင်သည်။
 
Android ဖုန်းအတွက် အမျိုးမျိုးသော အခမဲ့ Android app များနှင့် ဂိမ်းများကို download ရယူနိုင်မည့် ဆိုက်ဖြစ်သည်။ ဖုန်းအမျိုးအစားကို ရွေးချယ်ပြီး download ပြုလုပ်နိုင်သောကြောင့် မိမိဖုန်းနှင့် လိုက်ဖက် မည့် app များနှင့် ဂိမ်းများကို ရရှိနိုင်သည်။
 

Panda App ဆိုက်မှတစ်ဆင့် အခမဲ့ Android ဂိမ်းများနှင့် အခမဲ့ Android app များကို download ပြုလုပ်နိုင် သည်။ ထို့အပြင် wallpaper များနှင့် ringtone များကိုလည်း ထောက်ပံ့ပေးထားသည်။
 
Android ထုတ်ကုန် အားလုံးအတွက် အခမဲ့နှင့် အခပေး application များကို ရှာဖွေပြီး download ရယူနိုင်သည့် ထိပ်တန်းဆိုက် တစ်ခုဖြစ်သည်။
 

Android သုံးစွဲသူများအတွက် အကောင်းဆုံး အခမဲ့ Android app များကို ထောက်ပံ့ပေးထားသည်။ ကဏ္ဍများဖြင့် ခွဲခြားကာ ဖော်ပြထားသောကြောင့် လိုအပ်သည့် app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်သည်။
 
Android ထုတ်ကုန် အတွက် အခမဲ့ application နှစ်ထောင်နီးပါး ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ Android app များကို အမျိုးအစားများဖြင့် ခွဲခြား ဖော်ပြထားသောကြောင့် အလွယ်တကူ ရှာဖွေပြီး ရယူနိုင်သည်။
 

ကွဲပြားခြားနားသော အခမဲ့နှင့် အခပေး Android app များကို ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ ထိပ်တန်း အခပေး app များ၊ ထိပ်တန်း အခမဲ့ app များနှင့် စမ်းသပ်ထားသည့် app များစသည်ဖြင့် ခွဲခြားဖော်ပြထားသောကြောင့် အချိန်ကုန် အလုပ်ရှုပ်စရာမလိုဘဲ လိုအပ်သည့် app များကို အလွယ်တကူ ရယူနိုင်သည်။
 
Android application များ အားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားသည့် ဆိုက်ဖြစ်သည်။ ကဏ္ဍများဖြင့် ခွဲခြားထားသောကြောင့် Android ကို စတင် သုံးစွဲသူများ အနေဖြင့် application များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်စေမည် ဖြစ်သည်။ ၎င်းဆိုက်တွင် အကောင်းဆုံး app များနှင့် download ပြုလုပ်မှု အများဆုံး app များကို ထိပ်တန်း အခပေး app ၁၀၀ နှင့် ထိပ်တန်း အခမဲ့ app ၁ဝ၀ ဖြင့် ဖော်ပြထားသည်။
 

Android app များကို download ရယူနိုင်သည့် နာမည်ကျော် ဆိုက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို Android Market ဟူ၍လည်း လူသိများသည်။ Android app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင် သည်။ Google Play တွင် အခမဲ့ Android application များ ရရှိနိုင်သလို အခပေး application များကိုလည်း ဝယ်ယူနိုင်သည်။ 

Ref : Internet Journal
 
 
comments

3 in 1 Myanmar font Tool (Huawei , Sony , Samsung (၃)မျိုးကို ဖေါင့်ထည့်ပေးမဲ့ Tool လေးပါ)

 
 
 
 
3 in 1 Myanmar font Tool လေး အချောသပ် ပီးပါပီ
လက်တည့်စမ်းချင်သူများပြောပါ...


Huawei Sony Samsung ၃မျိုးကို ဖေါင့်ထည်ပေးမှာပါ
ဟိုဖုန်းက ဟိုဟာနဲ့မှ မြန်မာစာပေါ်တာ ဒီဖုန်းက ဒီလိုထည့်မှ ရတာဆိုတာမျိုး မဖြစ်ရအောင် ဒီ Tool လေးက သွသူဆုံးဖြတ်ပီး ထည့်ပေးပါလိမ့်မယ် ဆရာကျော်ဇောနိုင်ရဲ့ fepfz နည်းလမ်းကို တစ်ခါတည်း ထည့်သွင်းထားလို့ မြန်မာဖောင့်ထည့်ပီးတာနဲ့ မြန်မာစာ ရှေ့နောက်လွဲတဲ့ ပြသနာကို
 ဖြေရှင်းပီးဖြစ်နေပါလိမ့်မယ်...


Download Link ထည့်ပေးလိုက်ပါပီ အဆင်မပြေတာ ပြန်ပြောပေးဖို. မျှော်လင့်ပါတယ်
update version v1.1 ထုတ်လိုက်ပါပီ HUAWEI တစ်ချို့ဖုန်းတွေအတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ် ....



ယခုversion ကို သုံးပေးကြပါ
version 1.3 ထုတ်ပေးထားပါတယ်
တစ်ခြားဖုန်းတွေမှာပါ စမ်းကြည်.လို.ရပါတယ်
version 1.4 ထုတ်ပေးလိုက်ပါပြီ....

 


SONY တွေအတွက် ဆရာအောင်တင်ဝင်းက
စာလုံးလေးတွေအသေးစိတ်ထပ်မံပြုပြင်ပေးထားပါတယ်
Huawei Y618 Y600 တွေမှာ မြင်ရအောင် ထပ်မံ ပြင်ထားပါတယ်....




version 1.5 ထပ်ထုတ်ထားပါတယ်....
Android 4.4.4 တွေ support ပေးသွားမှာပါ
Z Note 4 များစမ်းသပ်ပြီး.....





v1.5
===============
http://d-h.st/Emv
===============================
v1.4
http://d-h.st/oMr


====================
v 1.3
http://d-h.st/dQ9


=============


v 1.1 http://d-h.st/KS9


==========
 
 

Credit To : Phyo Nyi Nyi
 
 
comments

♪ ဖုန်းထဲမှာ DJ ပွတ်နိုင် DJ Remix များဖန်တီးနိုင်မယ့် - djay 2 - DJ App v2.0 APK ♫


အခုတင်ပေးလိုက်တဲ့ DJ Application လေးကတော့ Professional အထိအသုံးပြုနိုင်တယ်နော်။ Feature တွေ ကလည်းအများကြီးပဲဗျာ။ DJ Bar တွေမှာ ပွတ်သလိုမျိုး အမှန်အကန်ဆွဲနိုင်မှာပါ။ ဒါ့အပြင် မိမိကိုယ်တိုင် လည်းအခြားသော အသံများစွာနဲ့ Remix လုပ်ပြီး DJ ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။ Pro DJ effects ဖြစ်တဲ့ Cue, Flanger, Loop, Echo, Equalizer တွေပါဝင်ပြီး Recording ကတော့ quality ကောင်းမွန်ပြီး wave format အဖြစ် 1 hour ထိတောင် mp3 files အဖြစ်ရရှိပါမယ်။ မိမိကြိုက်နှစ်သက်တဲ့ အသံတွေရရှိအောင်လို့ရော သမမွှေနိုင်ပါတယ်။ အသေးစိတ် Feature တွေကိုတော့ အောက်မှာတစ်ခု ချင်းစီရေးပြထားပါတယ်ဗျာ။ App: ရဲ့နမူနာပုံစံကိုအောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android: 4.1 နှင့်အထက်ကစပြီး အသုံးပြုနိုင်ပါတယ်။

Features:
  • Spotify integration 
  • Music library integration (all files on your device, no access to Google Play Music)
  • Automix 
  • Match: intelligent song recommendation engine powered by The Echo Nest
  • Audio FX: Flanger, Phaser, Echo, Gate, Bit Crusher 
  • Mixer, Tempo, Pitch-Bend, Filter and EQ controls 
  • Looping & Cue Points 
  • Colored HD Waveforms™ 
  • Live Recording (local music only)
  • Sampler with included sound FX, drums, and an exclusive pack by Snoop Dogg
  • Single Deck portrait mode 
  • Pre-Cueing with headphones (using Griffin DJ Cable) 
  • Advanced time-stretching (requires quad-core Nexus device) 
  • Automatic beat & tempo detection 
  • Auto-Gain 
  • Support for all major audio formats 
  • Support for Bluetooth devices
  • Support for DJ MIDI Controller (Reloop Beatpad)
Watch DMC Champion DJ Rasp perform on djay for Android:




djay 2 - The #1 DJ App - screenshot

djay 2 - The #1 DJ App - screenshot

djay 2 - The #1 DJ App - screenshot

djay 2 - The #1 DJ App - screenshot

djay 2 - The #1 DJ App - screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

History Eraser - Cleaner v5.4.1 apk


ဖုန်းကိုင်ထားတဲ့သူများအတွက် Computer တစ်လုံးကဲ့သို့သောClean လုပ်းနိုင် Apk လေးကိုတင်းပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ Cleaner ထဲ့မှာကျနော်ကတော့ ဒီကောင်ကိုအရမ်းကြိုက်ပါတယ်ဗျာနောက်ပြီးတော့ အရမ်းကိုမိုက်တယ်ဗျာ။  ဒီ apk လေး၏  လုပ်ဆောင်းချက်  Features တွေကိုတော့ အောက်မှာဖော်ပြထားပါတယ်ဗျာ။ ဒီကောင်လေး၏ ဖိုင်းလေးကတော့3.0MB ဖြစ်ပြီး ဖုန်းအားလုံးမှာသုံးနိုင်ပါတယ်။








 ■ Features
—————————–
• Clear Browser History
• Clear Call Log
• Clear text messages
• Clear Market Search History (including new android market history of v3.0.26+)
• Clear Google Search History
• Clear Search History
• Clear Google Map Search History
• Clear Gmail Search History
• Clear Clipboard Data
• Clear Youtube Search History (assist)
• Clear Google Search History(Android >= 1.6) (assistance)
• Clear all app cache files
• Clear Frequently Called (Frequently Contacted)
• Clear Download History
• SMS Remove/Delete
• Delete/Remove SMS by Conversation
• Call Log Remove/Delete
အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး ခိခိ


comments

သရဲစာအုပ်ပေါင်း၄၀ကျော်ကိုapkတခုထဲနဲ့ ကြည့်နိုင်တဲ့ myanmar Ghost Story apk(သတိ-ကြောက်တတ်သူများမဖတ်ရ)

ဒီapkလေးကတော့   သရဲစာအုပ်တွေပေါင်းချုပ်ပြီး
 စုစည်းမှုအဖြစ်ထုတ်လုပ်ထားတာတဲ့ apkလေးပါ
တခုတော့ သတိပေးမယ်နော်-ကြောက်တတ်သူများလုံးဝမဖတ်ကြည့် ပါနဲ့ 
သရဲစာအုပ်ပေါင်းကတော့ ၄၀ကျော်ပါဝင်ပါတယ် 
နှလုံးရောဂါရှိတဲ့ လူများလုံးဝမဒေါင်းယူပါနဲ့ 
ဇာတ်လမ်းတွေကတော့ အကြမ်းတွေပဲနော်
လိုအပ်တဲ့ သူများအောက်မှာlink 3ခုပေးထားပါတယ်
ကြိုက်တဲ့ linkကနေဒေါင်းယူနိုင်ပါတယ်





ဦးအာကာ(Acme Mobile)

comments

ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာတဲ့ Oppo R5




Oppo ဟာ ၄င်းတို့ရဲ့ ပထမဆုံး 64bit processor ပါဝင်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်းဖြစ်တဲ့
Oppo R5 ကိုကြေငြာမိတ်ဆက်လိုက်ပါပြီ။


4.85 mm သာရှိတဲ့ အဆိုပါစမတ်ဖုန်းဟာ ကိုယ်ထည်ကို Aluminium alloy နဲ့ပြုလုပ်ပေးထားပြီး
အသံပိုင်းဆိုင်ရာမှာ ကောင်းမွန်လှပါတယ်။


5.5-inch မျက်နှာပြင်မှာ AMOLED 1080p (1920 x 1080) display ကို တပ်ဆင်ပေးထားတာကြောင်း ကောင်းမွန်လှတဲ့ HD ရုပ်ထွက်ကို
မြင်တွေ့ရမှာဖြစ်ပါတယ် ။ ဒါအပြင် Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထားတာကြောင့်
အပွန်း အစင်းဒဏ်ကိုခံနိုင်မှာပါ။



1.5 GHz octa-core Snapdragon 615 64bit processor ကို အသုံးပြုပေးထားပြီး Graphic ကို Adreno 405
ကို အသုံးပြုပေးထားပါတယ် ။ RAM ကိုတော့ 2GB ထောက်ပံ့ပေးထားပြီး
ဖုန်းအတွင်းသိုလှောင်မှူ 16GB ပါဝင်မှာဖြစ်ပါတယ် ။


13 MP Sony Exmor IMX214 camera ကို အသုံးပြုထားတာကြောင့် အရည် အသွေးကောင်းမွန်တဲ့ ပုံတွေကို မှတ်တမ်းတင်နိုင်မှာပါ ။


ရှေ့ဘက်မှာတော့ 83 degree အကျယ်ကို ရိုက်ကူးပေးနိုင်မယ့် 5MP Camera ကို တပ်ဆင်ပေးထားပါတယ် ။

Micro SIM အမျိုး အစားကိုသာ
အသုံးပြုနိုင်မှာဖြစ်ပြီး LTE ကွန်ယက်ကိုလည်း အထောက်အပံ့ပေးထားပါတယ် ။
2,000 mAh battery ပါဝင်ပြီး Rapid Charge စနစ်လည်း
ပါဝင်တာကြောင့် Battery ပိုင်းက မဆိုးလှပါဘူး ။ Rapid Charge စနစ်က Battery Percent 75 ကို မိနစ်သုံးဆယ်နဲ့အားဝင်အောင်
သွင်းပေးနိုင်မှာပါ ။ ဖုန်းက ပါးလွှာ လွန်းတာကြောင့် နားကြပ်ပေါက်ကို တော်တော်ရှာယူရမှာပါ ။


android version 4.4.2 နဲ့ ထွက်ရှိလာမှာ
ဖြစ်ပြီး Oppo ရဲ့ လက်ဆွဲ Color OS 2.0 နဲ့ တွဲဖက်ထွက်ရှိလာမှာပါ ။ အရောင်တွေတော့ Silver , Gold ဆိုပြီး ၂ မျိုးရရှိနိုင်မှာဖြစ်ပြီး
$499 နဲ့ 2014 November ထဲမှာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်…………


refer: GSM arena

Aung Khaing (MMAS & MMUG )

comments

♪ Netguide Journal Vol (3), Issue (58) (29.10.14) ♫

Photo: Netguide Vol. (3) , Issue (58)

Download Here,

http://www.mediafire.com/download/w54uspoee6fip2g/Vol._3,_No._58.pdf

NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ NetGuide ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ NetGuide Journal Vol(3), Issue (58) ကိုတင်ပေး လိုက်ပါ တယ်ဗျာ။ 29-Oct ရက်နေ့ထွက်လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to - http://www.facebook.com/netguidemyanmar 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

My Backup Pro Version 4.2.1Apk

Android ဖုန်းတွေမှာ backup မှတ်လို့အသုံးဝင်မယ့် နောက်ထပ် အက်ပလီကေးရှင်း တစ်ခုကတော့ "My Backup Pro"ဆိုတဲ့ App လေးတစ်ခုပါပဲ-မိမိဖုန်းရဲ့ app တွေ၊photoတွေ၊videoတွေ၊contactတွေ၊call log တွေ၊ smsတွေ၊ mmsတွေ၊ musicတွေ၊ bookmarkတွေ၊ cleaner၊system setting တွေ၊ home screen shortcut တွေ၊ alarmတွေ၊dictionary တွေ၊ music playlist များ၊ pan setting၊data setting
ပိုင်းတွေ၊အစရှိတာတွေနဲ့တော်တော်များများရဲ့ အချက်အလက်တွေကိုပါ backup မှတ်ပေးထားပြီးသိမ်းဆည်းထားနိုင်ပါတယ်-မိမိဖုန်းရဲ့ SD card/ext SD card များပေါ်တွင် backup ယူသိမ်းလို့ရတဲ့အပြင်၊သူ့မှာပါဝင်ထားတဲ့ online storage မှာလည်း upload တင်ပြီး သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်-Factory Reset ချရင်ပဲဖြစ်ဖြစ်၊ဖုန်း(Device)နောက်တစ်လုံးကိုအသုံးပြုရင်ပဲဖြစ်ဖြစ်၊မိမိ backup ပြုလုပ်ထားခဲ့တဲ့ အရာများကို ပြန်လည်၍ Restore ပြန်လုပ်ပေးခြင်းဖြင့်၊မိမိမှတ်ထားခဲ့သည့် အချက်အလက်များကို တိကျစွာပြန်လည် အသုံးပြုခွင့်ရစေပါတယ်။App နဲ့ Data ကိုတွဲပြီးမှတ်လို့်ရစေတာဟာလည်း အားသာတဲ့အချက်တစ်ခုပါ။Latest Full Version ဖြစ်တာကြောင့်လည်း.ပိုမိုပြည့်စုံတဲ့ features ပိုင်းတွေကို သုံးစွဲခွင့်ရလာစေမှာဖြစ်ပါတယ်-ဒီ application လေးကို Play Store မှာဝယ်ယူအသုံးပြုမယ်ဆိုရင် $4.99 ပေးဝယ် ရမှာဖြစ်ပြီး အခုဒီပို့စ်လေးမှာတော့ Free ဒေါင်းလုဒ်အနေနဲ့အသုံးပြုနိုင်ပါတယ်- -Apk File Size 4.3MB ရှိပြီး< Android OS Version 1.5 နှင့်အထက်ရှိ ထားသောဖုန်းများမှာ ထည့်သွင့်အသုံးပြုနိုင် မှာ ဖြစ်ပါတယ်--အောက်က လင့်ခ် မှာဒေါင်းလုပ်ရယူပါ










အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး ခိခိ


comments

♪ "ကထိန်သင်္ကန်းအလှူဒါနနှင့် ကထိန်အကြောင်း သိကောင်းစရာ " ♫

http://2.bp.blogspot.com/-2tj3YSujs6Q/UJZ8KDzt9wI/AAAAAAAAvsM/UJXrwDUvIEk/s1600/ka+htein.jpg

ကထိနသည် ပါဠိဝေါဟာရဖြစ်ပါသည်။ ကထိနဟူသော ပါဠိစကားလုံးမှ န-အပေါ်အသတ်တင်၍ (န်) ကထိန်ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကထိန်ဟူသော စကားလုံးသည် ပါဠိမှဆင်းသက်လာကာ မြန်မာမှု ပြုထားသော ပါဠိသက်စကားလုံး ဖြစ်ပါသည်။ ခိုင်မြဲ၍အဓွန့်ရှည်သော ကုသိုလ်ဟု အဓိပ္ပါယ်ရပါသည်။ ဗုဒ္ဓ မြတ်ဘုရားနှင့်သူတော်စင်တို့ချီးကျူးအပ်သောကြောင့် အလွန်မွန်မြတ်သည့်အလှူလည်း မည်ပါသည်။
ကထိန်ကို မြတ်စွာဘုရားသခင်က ကောသလမင်းကြီးနှင့်အဖေတူအမေကွဲ ညီအစ်ကိုများဖြစ်ကြသော ဘဒ္ဒဝဂ္ဂီမင်းမျိုးမင်းနွယ်ဝင်ရဟန်းအပါး(၃၀)တို့ အပေါ် ကရုဏာတော်ထား၍ပထမဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်များသည် ဓုတင်ဆောင် သောအရိယသူတော်စင်များဖြစ်ကြသော်လည်း ရဟန္တာများမဟုတ်ကြသေးပါ။ ထိုရဟန်းများသည် အနာထပိဏ် သူဋ္ဌေးကြီး၏ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရန်အတွက် ၎င်းတို့ သီတင်းသုံးရာဇာတိနေရပ်ဖြစ်သော ပါဝါမြို့တော်မှ သာဝတ္ထိမြို့ သို့ခရီးထွက်လာခဲ့ကြသည်။
သို့သော်ထိုရဟန်းတော်များသည် သာဝတ္ထိမြို့တော်သို့မိုးရာသီအစ ဖြစ်သောဝါဆိုလတွင် မရောက်ရှိနိုင်ကြပေ။ ထိုအချိန်ကမိုးရာသီကာလတွင်ရဟန်းသံဃာတော်များသည် ခရီးသွားရန် မလွယ်ကူကြပါ။ ထို့ကြောင့်ရဟန်းများသည်ဝါဆိုဝါကပ်ရက်ရောက်နေသဖြင့် ဝါတွင်းသုံးလတွင်သာကေတ၌သီတင်းသုံးနေထိုင်ခဲ့ ကြရပြီးမှ ခရီးဆက်ခဲ့ကြရပါသည်။
သံဃာတော်များသည် ခြိုးခြံကျင့်ကြံတော်မူသော ရဟန်းတော်များဖြစ်ကြသောကြောင့် သင်္ကန်းများစွာပိုင်ဆိုင်ခွင့်မရှိပါ။တိစီဝရိတ်မည်သော သင်းပိုင်၊ ကိုယ်ဝတ်ဧကသီနှင့်ဒုကုဋ်နှစ်ထပ် သင်္ကန်း စုစုပေါင်းသုံးထည်ကိုသာသုံးခွင့်ရှိပါသည်။ မိုးပြင်းများ၊ စပါးခင်းများ ၊ မြစ်ချောင်းများ၊ ကိုဖြတ်သန်းခရီးနှင်ခဲ့ကြရသည့်ထိုရဟန်းတော်များသည် မြတ်စွာဘုရားကိုဖူးမျှော်ရန်သာဝတ္ထိသို့ ရောက်ရှိကြသည့်အခါတွင် ထိုရဟန်းတို့၏သင်္ကန်းများသည် ရွှံ့နွံများပေကျံကာရွှဲနစ်လျက်ရှိသည်။ မြတ်စွာဘုရားသိတော်မူသည့်အခါ ရှေးဘုရားတို့လည်းခွင့်ပြုတော်မူခဲ့ကြသည့်အတိုင်း ‘‘အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခုနံ ကထိနံ အတ္ထရိတုံ’’စသည်ဖြင့် အကျိုးငါးပါးတို့ကို ခိုင်မြဲစွာရနိုင်သော ကထိန်ခင်းခြင်းအမှုကိုပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ခွင့်ပြုတော်မူခြင်းကြောင့် ကထိန်သည်ဖြစ်ပေါ်လာခဲ့၏။
မြတ်စွာဘုရားသခင်သည် ရဟန်းများ၏ကြံ့ကြံ့ခံနိုင်မှုကိုကရုဏာထားတော်မူလျက် အလှူရှင် ဒါယိကာ၊ဒါယိကာမ များကို ကြီးမြတ်တော်မူသော ကုသိုလ်ကောင်းကျိုးကို အပြည့်အဝရရှိစေနိုင်သည့် ကထိန်သင်္ကန်းများကို ရဟန်းသံဃာတော်များအား မိုးရာသီကုန်ဆုံးသည့်လပြည့်နေ့မှ နောက်လပြည့်နေ့အတွင်း ကထိန်သင်္ကန်းများလှူဒါန်းဆက်ကပ်ရန် ခွင့်ပြုတော်မူခဲ့သည်။အချိန်ကာလအားဖြင့်အောက်တိုဘာလနှင့်နိုဝင်ဘာ လများအတွင်းဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းနိုင်သူ
------------------------------
လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခမာန်မဖြစ်စေ၊ မည်သူမဆို ကထိန်ကာလ၌သင်္ကန်းကိုလှူဒါန်းနိုင်၊ ကထိန်ဒါယကာပြုလုပ်နိုင်ကြ၏။
ကထိန်ခင်းသောကာလ
---------------------------
ဘုရားရှင်သည် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုခဲ့သော်လည်း၊ ကထိန်ခင်းခြင်းကို ရာသီမရွေး အချိန်အခါ မရွေး ခင်းချင်တိုင်းတော့ မခင်းရပါ။
ကထိနဿ အတ္ထာရမာသော ဇာနိတဗ္ဗောတိ။
ဝဿာနဿ ပစ္ဆိမော မာသော ဇာနိတဗ္ဗော။ [ပရိဝါ ပါဠိ၊ ကထိန ဘေဒ]
အထက်ပါ ပရိဝါ ပါဠိတော်ကထိနဘေဒ၌ လာသည့်အတိုင်း ကထိန်ခင်းထိုက်သောကာလဟူသည် မိုးလ၏နောက်ဆုံးတစ်လဟုဆို၏။ မိုးဥတု၏နောက်ဆုံးတစ်လကား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသည်သာကထိန်ခင်းအပ်သော ကာလဖြစ်၏။ ထိုကာလတစ်လအတွင်း ကထိန်သင်္ကန်း ဖြစ်ပေါ်ရာ၊ ကထိန်ခင်းရန် သင်္ကန်းရသောနေ့၌ပင် ကထိန်ခင်းရသည်။ ကထိန်ခင်းခြင်းကို တစ်နှစ်မှာ တစ်လသာ တစ်လတွင်း၌ပင်၊ တစ်ရက်တည်းလည်း ကျောင်းတိုက်တစ်တိုက်တွင် တစ်ကြိမ်သာ ခင်းအပ်၏။ တစ်နှစ်တွင် ကျောင်းတိုက်တစ်တိုက်အတွင်း နှစ်ကြိမ်မခင်းအပ်ပါ။
ကထိန် အကျိုးကျေးဇူး
ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။
ရဟန်းတော်တို့ ရအပ်သော ကထိန်အကျိုး(၅)ပါး
-----------------------------------------------
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်းအကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်းအကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက် ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကိုရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]
ကထိနအလှူဒါန၏ထူးခြားချက်
------------------------------------
ဗုဒ္ဓဘာသာတွင်အကျိုးဖြစ်ထွန်းစေသောအလှူဒါနများစွာရှိပါသည်။ ယေဘုယျအားဖြင့် လှူဒါန်းသူကိုသာ အကျိုးဖြစ်ထွန်းစေပါသည်။ ကထိန်သင်္ကန်းလှူဒါန်းသော ကထိန ဒါနသည် လှူဒါန်းသောအလှူရှင်ကိုသာမက အလှူဒါနလက်ခံသော ရဟန်းကိုပါ ဆုံးစမရှိသောကုသိုလ်အကျိုး ဖြစ်ထွန်းစေခြင်းကြောင့် ထူးခြားသော အလှူဒါနဖြစ်ပါသည်။ ဗုဒ္ဓသာသနာတွင် အလှူရှင်များအနေဖြင့် ရဟန်းသံဃာတော်များ၏ဝိနည်းသိက္ခာမှ ကင်းလွတ်စေပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်သော အလှူမှာ ကထိနဒါန အလှူသာရှိပါသည် ၊ ထို့ကြောင့်ကထိနဒါနသည် အလွန်မွန်မြတ်သော၊ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ချီးကျူးမှုရရှိသော အလှူဒါနဖြစ်ပါသည်။
ကထိန်ခင်းခြင်းအကြောင်း
----------------------------
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ကထိန်ခင်းခြင်း, ကထိန်အလှူပွဲပြုလုပ်ခြင်းတို့ကို အလွန်ပင် စိတ်ဝင်စားကြ ပေသည်၊ ကထိန်အလှူများသို့ မိသားစုတို့ တပျော်တပါး သွားလေ့ရှိကြပေသည်၊ ကထိန်အလှူရှင်များကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို ကျွေးမွေးလေ့ရှိကြပေသည်၊ စားဖွယ်သောက်ဖွယ်တို့ကို အထူးစီမံ၍ ကျွေးမွေးလေ့ရှိကြပေသည်၊ ကထိန်အလှူပွဲသို့ လာရောက်ကြသူများကလည်း ပျော်ပျော်ပါးပါး သုံးဆောင် မှီဝဲစားသောက်ကြပေသည်၊ ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့် အတူ နာယူလေ့ရှိကြပေသည်၊ ၁-နှစ်မှ တကြိမ် လှူဒါန်းခွင့်ရသောကြောင့် အလွန်အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြပေသည်၊ သင်္ကန်းမှာ ကထိန်, ကျောင်းမှာ သိမ်-ဟူ၍ပင် ဆိုရိုးပြုကြပေသည်။
ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ-
၁။ ကထိန်ဆိုသည့်စကား၏ အဓိပ္ပါယ်
၂။ ခင်းဆိုသည့် စကား၏ အဓိပ္ပါယ်
၃။ ကထိန်ခင်းရခြင်း အကြောင်း
၎။ ကထိန်ခင်းရခြင်း အကျိုး
၅။ ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း ဤ ၅-မျိုးမှာ သိဖွယ်ရာကောင်းလှပေသည်။
၁။ ကထိန်-ဟူသောစကားသည် ကထိန-ဟူသော ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာသော စကား ဖြစ်ပေသည်၊
ကထိန်-ဟူသောပါဠိက မြဲခြင်း-ဟူသော အနက်ကို ဟောပါသည်။
မြဲခြင်းအမျိုးမျိုးတို့တွင် အချိန်ကာလ မြဲခြင်းနှင့် အကျိုးတရား မြဲခြင်းတို့ကို ဟောပါသည်၊
ကထိန်-ဟူသည် အချိန်ကာလအားဖြင့်လည်း မြဲ၏။ အကျိုးတရားအားဖြင့်လည်း မြဲ၏-ဟု အဓိပ္ပါယ်ရပါသည်။
( အချိန်ကာလမြဲပုံ )
မြတ်စွာဘုရား သတ်မှတ်ပေးထားသော အချိန်ကာလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရ သောကြောင့် ကထိန်သည် အချိန်ကာလအားဖြင့် မြဲပေသည်။
သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင် တလအတွင်းမှာသာ ကထိသင်္ကန်းလှူခြင်း၊ ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြင့် ပိုင်းခြားသတ်မှတ်ပေးထားသောကြောင့် တလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရပေသည်၊ အခြားသော နတ်တော် ပြာသိုလ် တပို့တွဲ စသော လများသို့ ပြောင်းရွှေ့ကာ ကထိန်ခင်း၍ မရကြပေ၊ သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အချိန်ကာလ, ပြောင်းမရ, မြဲလှကထိန်မည် ။
( အကျိုးမြဲပုံ )
ကထိန်ခင်းသောကျောင်းတိုက်၌ နေထိုင်ကြသည့် (ပုရိမ၀ါမှ ထသော) ရဟန်းတော်တို့သည် ကထိန်အကျိုး ၅-ပါးကို ရရှိစေ-ဟု မြတ်စွာဘုရား ခွင့်ပြုပေးသနားတော်မူသော အကျိုးတရား ၅-ပါးကို သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ မြဲစွာတည်နေ၏၊ တပါးသောလများသို့ ကထိန်အကျိုးတရားများ ပြောင်းသွားခြင်း ရွေ့သွားခြင်း မရှိပေ၊ သို့ဖြစ်၍ ကထိန်သည် အကျိုးတရားအားဖြင့်လည်း မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အကျိုးတရား, ရွေ့မသွား, မြဲငြား ကထိန်မည်။
၂။ ခင်းခြင်းဟူသည်-ကထိန်အကျိုးများကို ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်၊
ကထိန်မခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ကထိန်အကျိုးကို ရရှိကြပေသည်၊
ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် ၁-လမှ ၅-လအထိ ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။
ဆောင်။ ။ တလကျိုးကား, ငါးလပွား, ပြန့်သွား ခင်းသည်မည်။
ဥပမာ-မိမိတို့အိမ်သို့ ဧည့်သည်များ ရောက်ရှိလာ၍ ငါးခေါက်ခေါက်ထားသော ကော်ဇောကြီးကို
ခင်းချ ဖြန့်ချလိုက်သောအခါ တဆမှ ငါးဆသို့ ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ ဒကာ ဒကာမများက ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ သံဃာတော်များက ဝိနည်းကံဖြင့် ကထိန်ခင်းလိုက်သည်ရှိသော် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ရရှိသော အကျိုးမှ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ ကထိန်အကျိုးတရားများ ကျယ်ပြန့်သွားပေသည်၊ ကထိန်အကျိုးတရား ၅-ပါးကို ရဟန်းတော်များ ၁-လမှ ၅-လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။
ဤကဲ့သို့ ဒကာ ဒကာမများက သင်္ကန်းလှူ၍ ဆရာတော် သံဃာတော်များက ၁-လမှ ၅-လအထိ ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင် ဝိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု ဆိုရပါသည်။
၃။ ကထိန်ခင်းရခြင်းအကြောင်းမှာ-
မြတ်စွာဘုရားလက်ထက်တော်အခါက ပါဝေယျကတိုင်းသား ရဟန်း (၃ဝ) တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ ရောက်လာကြရာတွင် သင်္ကန်းကို မိုးစိုး၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။
ပါဝေယျကတိုင်းသား ရဟန်း (၃ဝ)တို့၏ ရဟန်းဖြစ်လာရခြင်းအကြောင်းမှာ-
မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တဝါရပြီးသောအခါ ဗာရာဏသီပြည်မှာ ကျွတ်ထိုက်ကြသော ဝေနေယျများကို ထောက်ထားရှုမျှော်ကာ အလိုတော်အတိုင်း သီတင်းသုံးနေထိုင်တော်မူပြီးနောက် ဥရုဝေလတောသို့ ကြွသွားတော်မူ၍ သစ်ပင်ရင်းတခုမှာ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကောသလမင်းကြီးနှင့် ဘတူမိကွဲ ဘဒ္ဒဝဂ္ဂီ ညီနောင် (၃ဝ)တို့သည် ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်လာကြပေသည်၊ ထိုညီနောင် ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမယား မရှိ၍ ပြည့်တန်ဆာမကို အငှါးမယားအဖြစ် ခေါ်ခဲ့ရသည်၊ ထိုပြည့်တန်ဆာမသည် မင်းသားတို့ မေ့မေ့လျော့လျော့ဖြစ်၍ ပျော်ပါးကစားနေကြစဉ် မင်းသား၏ ပစ္စည်းဥစ္စာဘဏ္ဍာများကို ခိုးယူ၍ ထွက်ပြေးသွားလေသည်၊ မင်းသား ၃ဝ-တို့သည် ခိုးယူထွက်ပြေးသွားသော အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို တွေ့မြင်ကြလေ၏၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍
(ဘန္တေ ဘဂဝါ ဧကံ ဣတ္ထိံ ပေဿယျ အပိ) ရှင်တော်မြတ်ဘုရား အမျိုးသမီးတယောက်ကို တွေ့မြင်မိပါသလားဘုရား-ဟု လျှောက်၏။
မြတ်စွာဘုရားက-(ကိံ ပန ဝေါ ကုမာရာ ဣတ္ထိယာ-) မင်းသားတို့ သင်တို့သည် အမျိုးသမီးကို ဘယ်အတွက် လိုက်ရှာနေကြပါသနည်း-ဟုမေးသော်
မင်းသားတို့က-(ဣဓ မယံ ဘန္တေ တိံသမတ္တာ ဘဒ္ဒဝဂ္ဂိယာ သဟာယကာ သပဇာပတိကာ ဣမသ္မိံဝနသဏ္ဍေ ပရိစာရိမှာ၊ ဧကဿ ပဇာပတိ နာဟောသိ၊ တဿ အတ္ထာယ ဝေသီ အာနီတာ အဟောသိ၊ အထ ခေါ သာ ဘန္တေ ဝေသီ အမှေသု ပမတ္တေသု ပရိစာရေန္တေသု ဘဏ္ဍံ အာဒါယ ပလာယိတ္ထ၊ တေ မယံ ဘန္တေ သဟာယကာ သဟာယကဿ ဝေယျာဝစ္စံ ကရောန္တာ တံ ဣတ္ထိံ ဂဝေသန္တာ ဣမံ ဝနသဏ္ဍံ အာဟိဏ္ဍာမ-)
ရှင်တော်မြတ်ဘုရား တပည့်တော်တို့သည် မိမိတို့ဇနီးမယားနှင့်အတူ ဤတောအုပ်၌ ထိုထိုဤဤ လှည့်လည်ကုန်လျက် ပျော်ပျော်ပါးပါး ခံစားခဲ့ကြပါကုန်သည်ဘုရား၊ တပည့်တော်တို့ ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမရှိပါဘုရား၊ ထိုမင်းသားအတွက် ပြည့်တန်ဆာမတယောက်ကို ခေါ်ဆောင်ခဲ့ပါသည်ဘုရား၊ ယခု ထိုပြည့်တန်ဆာမက တပည့်တော်တို့ မေ့လျော့ပျော်ပါးနေကြစဉ် ဘဏ္ဍာကိုယူ၍ ထွက်ပြေးသွားပါသည်ဘုရား၊ ထိုအမျိုးသမီးတယောက် ပျောက်သွားသဖြင့် လိုက်ရှာရသည့်အကြောင်း လျှောက်ထားကြလေသည်။
ထိုအခါ မြတ်စွာဘုရားက-(တံ ကိံ မညထ ဝေါ ကုမာရာ၊ ကတမံ နုခေါ တုမှာကံ ဝရံ၊ ယံ ဝါ တုမှေ ဣတ္ထိံ ဂဝေသေယျာထ၊ ယံ မယံ အတ္တာနံ ဂဝေသေယျာထ)
မင်းသားတို့ ယခုငါပြောမည့်စကားကို သင်တို့ ဘယ်လိုမှတ်ထင်ကြသနည်း-သင်တို့သည် ပျောက်သွားတဲ့ မိန်းမကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းက ပိုမြတ်ပါသနည်း-ဟု မေးတော်မူ၏၊ ပါရမီရင့်နေကြသော မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းက ပို၍မြတ်ပါသည်ဘုရား-ဟု လျှောက်ထားကြလေ၏၊
ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်တယ်ဆိုရင် သင်တို့ ထိုင်ကြကုန်လော့၊ သင်တို့အား ငါဘုရား တရားဟောမည်-ဟု မိန့်တော်မူပြီး
၁။ ဒါနကထာ-ဒါနနှင့်စပ်သောစကား
၂။ သီလကထာ-သီလနှင့်စပ်သောစကား
၃။ သဂ္ဂကထာ-နတ်ပြည်နှင့်စပ်သောစကား
၎။ ကာမာနံ အာဒီနဝကထာ-ကာမဂုဏ်တို့၏ အပြစ်နှင့်စပ်သောစကား
၅။ နေက္ခမ္မေ အာနိသံသကထာ-ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးနှင့်စပ်သောစကား
ဤဒေသနာတော်အစဉ်ကို ဟောတော်မူ၏။
တရားတော်ကို နာကြားရသဖြင့် မင်းသားတို့စိတ်သည် နူးညံ့လျက် နီဝရဏကင်းစင် စိတ်ထားကြည်လင်နေကြ သည်ကို သိတော်မူသော ဘုရားရှင်သည် ဒုက္ခ, သမုဒယ, နိရောဓနှင့် မဂ္ဂ-ဟူသော သစ္စာလေးပါး တရားတော်ကို ဟောဖော်ညွှန်ပြတော်မူလေ၏။
ထိုအခါ မင်းသားတို့၏ သန္တာန်အသီးသီးဝယ် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်သော အဝတ်ဖြူ၌ ဆိုးရေသည် ကောင်းစွာစွဲသကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာ-စသော မြူအညစ်အကြေးကင်းသော ဓမ္မဉာဏ်မျက်စိ ဖြစ်ပေါ်လာလေ တော့၏။
အချို့က သောတာပတ္တိမဂ်, အချို့က သကဒါဂါမိမဂ်, အချို့က အနာဂါမိမဂ်ကို ရကြလေသည်။
ဓမ္မမျက်စိ ရပြီးကြသော မင်းသား ၃-ကျိပ်တို့သည် ဘုရားရှင်ထံ ရှင်ရဟန်းအဖြစ်ကို လျှောက်ထား တောင်းပန်ကြ ကုန်၏။
မြတ်စွာဘုရားက-ဧထ ဘိက္ခဝေါ-ဟု ခေါ်တော်မူကာ ဧဟိ ဘိက္ခု-ရဟန်းပြုပေးတော်မူ၏၊
ဧဟိ ဘိက္ခု-ရဟန်း လာလော့, ကောင်းစွာ ဆင်းရဲ၏အဆုံးကို ပြုဖို့ရန် မြတ်သောအကျင့်ကို ကျင့်လှည့်လော့-ဟု ဘုရားရှင်ခေါ်တော်မူသည်နှင့် တပြိုင်နက် လူ့အသွင်ကွယ်ပျောက်၍ အလိုအလျောက် ခေါင်းတုံးရိတ်ပြီး သင်္ကန်းတို့ကို ဝတ်ရုံလျက် သပိတ်ကိုလွယ်ကာ ဖြစ်ပေါ်လာ၏။
မြတ်စွာဘုရား သာဝတ္ထိမြို့တော်၏ တောင်ဘက်ရှိ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အာရညကင်ဓုတင်, ပိဏ္ဍပါတ်ဓုတင်, ပံသုကူဓုတင်, တိစီဝရိတ်ဓုတင်များကိုဆောင်ကြသော ပါဝေယျက တိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ် ရဟန်းတော်တို့သည် ၁၃-နှစ်တိုင်တိုင် တောအရပ်၌ နေကြပြီးသောအခါ မြတ်စွာဘုရားကိုဖူးမြင်ရန် သာဝတ္ထိမြို့တော်သို့ အလာဝယ် ဝါဆိုဝါကပ်ရာနေ့ နီးလွန်း၍ သာဝတ္ထိမြို့တော်သို့ ဝါဆိုအမီ ရောက်ဖို့ကား မစွမ်းနိုင်ကြသောကြောင့် လမ်းခရီးအကြားရှိ သာဝတ္ထိနှင့် ၆-ယူဇနာကွာဝေးသော သာကေတမြို့၌ ဝါကပ်ခဲ့ကြရကုန်၏။.
ဤသာကေတမြို့မှ ၆-ယူဇနာမျှသာ ကွာဝေးသော သာဝတ္ထိမြို့တော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေသော်လည်း ဘုရားရှင်ကို ဖူးမြင်ခွင့် မရကြကုန်-ဟု တွေးကြံကြပြီး ငြီးငွေ့လျက် မိုးလပတ်လုံး နေကြရကုန်၏။ မိုးလလွန်၍ ပဝါရဏာပြုပြီးကြသော် ခရီးဆက်လက်ကြွတော်မူကြရာ လမ်းခရီးအကြား၌ မိုးကြီးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြကုန်၏။
ထိုအခါ ဘုရားရှင်က-ချစ်သားရဟန်းတို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် မျှမျှတတ ရှိကြလျက် ခရီးလမ်းပန်း ပင်ပန်းမှုမရှိဘဲ လာခဲ့ကြရကုန်သလော-စသည်ဖြင့် နှုတ်ဆက်စကား မိန့်ကြားသော် ရဟန်းသုံးကျိပ်တို့သည် ကျန်းမာ မျှတ ညီညွတ်ကြပါသည်ဘုရား၊ သို့သော် တပည့်တော်များ ဘုရားဖူရန် အလာဝယ် သာဝတ္ထိမြို့တော်သို့ ဝါဆိုမီရောက်ဖို့ရန် မစွမ်းနိုင်သောကြောင့် သာကေတမြို့၌ ဝါကပ်ခဲ့ကြပါသည်ဘုရား။
မိုးလလွန်၍ ပဝါရဏာပြုပြီးသော် ခရီးဆက်လက် လာခဲ့ကြရာ လမ်းခရီးအကြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ လေးလံသောသင်္ကန်းများဖြင့် ပင်ပန်းစွာ လာခဲ့ရပါသည်ဘုရား။
ထိုအခါ ဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ် ရဟန်းတော်တို့၏ ဖြစ်ကြောင်းကုန်စင်ကို ထောက်ရှုတော်မူလျက် အစမထင် သံသရာတခွင်၌ ဖြစ်ခဲ့သော အကြောင်းအရာနှင့်စပ်သော တရားတော် (သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အနမတဂ္ဂသံယုတ် တိံသမတ္တသုတ်) ကို ဟောတော်မူလျှင် ထိုရဟန်းတော်တို့သည် တရားတော်၏ ပြီးဆုံးချိန်၌ ရဟန္တာဖြစ်သွားကြလေ၏။
ထို့နောက် ဘုရားရှင်သည် အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ-ရဟန်းတို့ မိုးလပတ်လုံး နေပြီးသော (ပုရိမဝါမှ ထကုန်သော) ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ငါဘုရား ခွင့်ပြုတော် မူ၏-ဟု ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။
၎။ ကထိန်ခင်းရခြင်း အကျိုးမှာ-
ဒကာ ဒကာမများက ကထိန်သင်္ကန်းလှူဒါန်းသဖြင့် ရဟန်းတော်များက ၀ိနည်းကံဖြင့် ကထိန်ခင်းလိုက်သော အခါ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ကထိန်အကျို (၅)မျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ရဟန်းတော်များရရှိသော အကျိုး(၅)ပါးနှင့် လျော်ညီစွာ အကျိုး(၅)ပါး ရရှိကြပေသည်။
(၁) အနာမန္တစာရ-ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ သူတပါးတို့ တားဆီးခြင်းမပြုနိုင်။ လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
(၂) အသမာဒါနစာရ-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာ အရပ်၌ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းတို့၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊ အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။
(၃) ဂဏဘောဇန- ၄-ပါး ၄-ပါးထက် ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစား လာခဲ့ပါ၊ ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။
ကထနိသင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊ ၀မ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။
(၄) ယာဝဒတ္တစီဝရ-များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်းဘ၀တိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည် များစွာသော ရတနာတို့ကို သိမ်းဆည်းထားပါသော်လည်း ရန်သူမျိုး(၅)ပါး ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။
(၅) ယောစတတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းပြီးသည်မှနောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသော ကျောင်းတိုက်က သံဃာတော်များ လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက် သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ ကထိန်ခင်းထားသော ကျောင်းတိုက်က သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက ဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှ အနိုင်အထက်ပြု၍ မယူနိုင်။ ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွားကင်းပသည်။
( သဒ္ဓမ္မရံသီ ဆရာတော် )
သိကောင်းစရာ ဓမ္မပဒေသာ-ပထမတွဲ စာမျက်နှာ ၁၃၂-မှ ကူးယူဖော်ပြသည်။
credit to - အရိပ်စစ်
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ


comments

♪ SAS: Zombie Assault 4 v1.0.5 [Mod Money] Apk ♫

https://lh4.ggpht.com/HVqmZlTRsBIZ4fz-FvcHqLo8BjCfFkTdjvF3hY_0EEWd-C5UwBvnlBbRuOA6mtuGbw=h900

ကဲဗျာဒီတစ်ခေါက်မှာတော့ အပစ်အခက် Action Game လေးတစ်ခုဖြစ်တဲ့ SAS: Zombie Assault ဆိုတဲ့ Game တစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့်ဆိုဒ်မှာ တစ်ခါမှမတင်ဖူးသေးပါဘူး။ ဇတ်ဝင်ခန်းဆန်ဆန် အခန်း ဆက်တွေအများကြီးနဲ့ကစားရမှာပါ။ Alien Shooter လိုပုံစံမျိုးပါပဲ ကွန်မန်ဒိုတစ်ယောက်ထဲနဲ့ သူရဲတွေအများ ကြီးကို ပစ်ခက်တိုက်ခိုက်ရမှာပါ။ Game ကစားနေစဉ်တလျှောက်လုံး လုံးဝကိုအရှိန်မကျသွားပဲ ကစားသွားရ မှာဖြစ်ပါတယ်ဗျာ။ ကစားလို့အဆင်ပြေစေဖို့အတွက် Unlimited အနေနဲ့ Hack ထားပြီးသား Game လေးကို တင်ပေးထားတာပါ။ လက်နက်တွေ ဆေးတွေ အသက်တွေ အားလုံး Unlimited ရယူနိုင်ပါတယ်ဗျာ။  ရုပ်ထွက် နဲ့အသံပိုင်းဆိုင်ရာမှာလည်း လုံးဝအထူးကောင်းမွန်တာကြောင့် အရသာရှိရှိကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ Game ပုံစံဘယ်လောက်တောင်မိုက်သလည်းဆိုရင် အောက်မှာ Screen Shot တွေကိုကြည့်လိုက်ပါဦးဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။


https://lh5.ggpht.com/VH85BdDha-j8UKwlXtoiP2H23IZT94ed9eYG0J8t2J_KX1nbeGRHdyJXlDTNyTHauA=h310

SAS: Zombie Assault 4 - screenshot thumbnail

https://lh5.ggpht.com/4jJKmVjOY8K0lTSzPF8vhxMxofuR_9q1GupynMCqOLcKgBjkvgVENMygPmPy3IaI0Go=h900

https://lh3.ggpht.com/1HDrPXmTQtVITjAC-r_bnHEZHEZnw3iGB_4yyE1b-dvnkUKanngHOsGG5En111chy9Rn=h900


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

comments

"Windows cannot be installed to this disk" ပြဿနာ ဖြေရှင်းနည်း


ကွန်ပျူတာကို Windows တော့မယ်ဆိုရင် တခါတရံ တွေ့ကြုံရတဲ့  Error တစ်ခုပါ...
   “Windows cannot be installed to this disk. The selected disk is not of the GPT partition style”

ဆိုသော Message ပေါ် လာ ပြီး Windows install လုပ်ဆောင်မရပဲ ဖြစ်နေတတ်ပါတယ်။

ဖြေရှင်းနည်းကတော့ အောက်ပါအတိုင်း GPT Format အဖြစ် ပြန်ပြောင်းပေးရမှာပါ...။
အထက်ပါအတိုင်း Window Install လုပ်မရလျှင် နောက်ကို ပြန်ထွက်ပါ..


ပုံပါအတိုင်း Window တင်ဖို့ နေရာကိုရောက်ပြီဆိုရင်...

Shift + F10 ကိုနိုပ်ပြီး Command Prompt ကိုဖွင့်ပါ....
Command Prompt  မှာ အောက်က Command  တွေကို  တစ်ကြောင်းချင်းရိုက်ထည့် ပေးလိုက်ပါ။
  diskpart ကိုရိုက်ထည့်ပါ ... Enter ခေါက်ပါ။

 list disk ကိုရိုက်ထည့်ပါ... Enter ခေါက်ပါ။
select disk ( စောစောက Install လုပ်မရတဲ့ Disk ကိုရွေးပေးလိုက်ပါ )
clean ကိုရိုက်ထည့်ပါ Enter ခေါက်ပါ။
convert gpt  ကိုရိုက်ထည့်ပါ Enter ခေါက်ပါ။

exit ကိုရိုက်ပြီး ထွက်လိုက်ပါ  (သို့)  Command Prompt ကို ပိတ်လိုက်ပါ...

 အားလုံးပြီးပြီဆိုရင်တော့....
ပုံမှန်အတိုင်း Window တင်လို့ရပါပြီခင်မျာ....


Ref : http://www.nextofwindows.com


comments

iOS 8-8.0.1 ကို Jailbreak လုပ်နည်း + Cydia ကို One Click သွင်းနည်း

iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့အောက်ပါအတိုင်းပါ။

  • iPhone 6
  • iPhone 6 Plus
  • iPhone 5s
  • iPhone 5c
  • iPhone 5
  • iPhone 4s
  • iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
  • iPod touch 5
Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။

  • 8.0
  • 8.0.1
  • 8.0.2
  • 8.1

iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာအရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ  ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ်တစ်ခုကနေတွေ့လို့ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကိုဆက်လက်သွင်းနိုင်မယ့် ခလုတ်ပါထည့်ပေးထားပါတယ်။
ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကိုလေ့လာကြည့်ရအောင်။
Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။ အောက်က Link မှာရယူနိုင်ပါတယ်။ 


https://mega.co.nz/#!psZECZ6Z!YCoenVnrjS6gcUSJVf75NzAlIt01128krp3mesOPauU


Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။





Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့လိုပါမယ်။ Setting > iCoud ထဲက Find My iPhone ကို off ထားဖို့လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကိုနှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ။


2


PP အမှန်ခြစ်လေးကိုဖြုတ်ပါ။

3

ပြီးရင် အပြာရောင်ခလုတ်လေးကိုနှိပ်ပြီး Jailbreak လုပ်ပါ။

4

ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။

5

ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။

6

OpenSSH ကိုသွင်း ပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် “Run Install Cydia” ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ဘာသာသူအလုပ်လုပ်နေပါလိမ့်မယ်။


GN9i JSCGN0k



ပြီးရင် မိမိတို့ရဲ့ iPhone/Pad/Pod touch ကို reboot ချပြီးပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။  ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8 တင်ထားတဲ့ iDevice ကိုအောင်မြင်စွာနဲ့ Jailbreak လုပ်ပြီးပါပြီ။



Ref: http://ukrainianiphone.com/forum/index.php?showtopic=39582
 
 
အားလုံးပဲအဆင်ပြေကြပါစေ။

Thet Naing Soe (Myanmar Mobile App Store)

comments

Sony Xperia C3 D2502 – CWM installer


Sony ထဲမှာတော်တော် ကြောတင်းတဲ့ကောင်လေးလို့ပြောရမှာပေါ့နော်  Root Tool တွေ One Click တွေတောင် နှုတ်ဆိတ်နေကြပါတယ် ။ fficial site မှာတောင် Bootloader Unlock code တောင်းဖို့ List မပါပါဘူး  အခု C3 ကို CWM သွင်းပြီး Root လုပ်နိုင်အောင် Installer လေးရေးထားပါတယ် လိုအပ် တဲ့ cwm ကိုတော့ MMSD က ကိုညီပိုင်က ကူညီပေးထားပါတယ်။ အခု CWM ကိုသွင်းလိုက်ရင် Boot တက်တဲ့ အချိန် Sony Logo က အောက်နားမှာ ပေါ်သွားတာဖြစ်ပါတယ် ကျန်တာ ဖုန်းနဲ့ ပတ်သတ်လို့ ဘာ Error မှ မရှိပါဘူး ပြန်ပြင်ဖို့ kernel ဖိုင်ကိုလည်းတင်ပေးထားပါတယ်

ကျွန်တော် ၄လုံးစမ်းပြီးပါပြီ



Xperia C3 CWM installer ကို Down ရန်



Super SU 1.91 ကို Down ရန်



ပထမဦးစွာဖုန်းကို Usb debugging ဖွင့်ထားပေးပါ installer ကို rar ဖြည်ပြီး Run လိုက်ပါ 1 ကို နှိပ်လျှင် Bootloader ဖြည်ရန် Sony web ကိုရောက်ရှိသွားမှာဖြစ်ပါတယ် ဒီအချိန်မှာ Tool ကို ပိတ်စရာ မလိုပါဘူး
bootloader page မှာတော့ C3 ကို support မပေးပါဘူး  ဒါ့ကြောင့် Z3 compact ကနေတောင်းလိုက်ပါ အဆင်ပြေပါတယ် Code ရရင် Tool ကို ပြန်သွားလိုက်ပါ  Enter ခေါက်ပေးလိုက်ပါ Fastboot mode ကို ၀င်သွားမျာဖြစ်ပြီး  Unlock code တောင်းမှာဖြစ်ပါတယ်  Code ကို ဖြည့်ပြီး Enter ခေါက်တာနဲ့ Code ဖြည်ပြီး Factory reset ရိုက်မှာဖြစ်ပါတယ်  ထို့နောက် Tool ကို ပိတ်ထားပါ Power ပြန်တက် တာနဲ့ debugging ကို ပြန်ဖွင့်ပေးထားပါ  Tool ကိုပြန်ဝင်ပြီး 2 ကိုနှိပ် Enter ခေါက်ပေးလိုက်ပါ recovery.img ကို သွင်းပေးပြီး  Reboot ချပေးမှာဖြစ်ပါတယ် ပြန်တက်လာတာနဲ့ Download ပြုလုပ်ထား တဲ့ Super Su.1.91 ကို  ဖုန်း Memory ထဲထည့်ပေးပါ Tool နဲ့ ပြန်ချိတ်ပြီး 3 ကို နှိပ် enter ခေါက် လိုက်ရင် Recovery mode ထဲ ရောက်သွားမှာပါ ။ ရောက်သွားရင် ထည့်ထားတဲ့ Super SU လေးကို install လုပ်ပြီး Reboot ချပေးလိုက်ပါ ပြန်တက်လာရင် သင့်ရဲ့ C3 ဖုန်းလေးမှာ Root acess ရရှိမှာဖြစ် ပါတယ် လောလောဆယ် အဆင်ပြေအောင်ပြုလုပ်ပေးထားတာမို့ အားလုံးခွင့်လွှတ်ပေး ဖို့မေတ္တာရပ် ခံပါတယ် အကယ်လို့ Boot တက်တာမှာ Resolution မကိုက်လို့ ပြင် ချင်ရင် အခုပေးမယ့် Kernel.ftf လေးကို Flashtool ကနေ Run ပေးလိုက်ပါ အဆိုပါ Error ပျောက်သွားမှာပါ

D2502 (4.4.2) Kernel.ftf ကို Down ရန်



Special Thanks To Nyi Paing (MMSD)

Ref:::Aung Khaing (MMAS)



comments