♪ " Xiaomi ရဲ့ ၂၀၁၇ ထုတ် Mi Notebook Air လာမည် " ♫

No automatic alt text available.

Xiaomi က ယခင်နှစ် ဇူလိုင်လမှာ Mi Notebook Air ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း 4G Model ကို ရောင်းချ ပေးခဲ့ပါတယ်။

4G Model ဟာ ပထမတော့ မူလမော်ဒယ်ရဲ့ မျိုးဆက်သစ်ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းတော့ 4G စွမ်းရည်သာ ပါရှိလာပါတယ်။ အခုတော့ မျိုးဆက်သစ်မော်ဒယ်တစ်ခုကို Xiaomi က မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းအရ ၂၀၁၇ ထုတ် Mi Notebook Air မှာ အလွန်ပေါ့ပါးတဲ့ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ် ထည်တပ်ဆင်ထားမှာဖြစ်ပါတယ်။ 


အဲဒီမော်ဒယ်ဟာ ၂၀၁၆ ထုတ် ၁၂.၅ လက်မ Mi Notebook Air ရဲ့ ၁.၀၇ ကီလိုဂရမ်ထက် ပေါ့ပါးမှာဖြစ်ပါတယ်။ မျိုးဆက်သစ်မော်ဒယ်ရဲ့ကိုယ်ထည်ကို ထိုင်ဝမ်အခြေစိုက် TaiSol Electronics နဲ့ ဂျပန်အခြေစိုက် ShinSho တို့က ပူးပေါင်းတီထွင်ပေးမှာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်-လစ်သီယမ်ကိုယ်ထည်ဟာ အလူမီနီယမ်ထက် ၇၅ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပါတယ်။ 

ဒါ့အပြင် ပိုမိုအကြမ်းခံပါတယ်။ အားနည်းချက်တစ်ခုကတော့ မဂ္ဂနီဆီယမ်-လစ်သီယမ် ကိုယ်ထည်များဟာ တန်ဖိုးကြီးမားပါတယ်။ အဲဒီအတွက် ၂၀၁၇ ခုနှစ်ထုတ် Mi Notebook Air ဟာ ဈေးနှုန်းသက်သာမှာတော့ မဟုတ်ပါဘူး။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ " Meizu U20 (Rose Gold) " - Price » 219,000 Ks ( 32GB ) ♫

Image may contain: phone

၂ဝ၁၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Meizu U20 အဆင့်မြင့်စမတ်ဖုန်းဟာ ဒီဇိုင်းပုံစံလှပပြီး စွမ်းရည်မြင့်မားတဲ့ ဖုန်းတစ်လုံးပါ။ ဈေးနှုန်းကလည်း သင့်တင့်ပြီး ထည့်သွင်းထားတဲ့ specs တွေကလည်း အလွန်ကောင်းမွန်ပါတယ်။ ကိုယ်ထည်က ကျစ်ကျစ်လျစ်လျစ်ရှိပြီး သစ်လွင်တောက်ပကာ ဆွဲဆောင်မှုလည်းရှိပါတယ်။ ထောင့်စွန်းလေးက အနည်းငယ်သာ ကွေးတာကြောင့် လေးထောင့်ပုံစံလေး ဖြစ်နေပါတယ်။ ဘေးဘောင်တွေက တောင့်တင်းခိုင်မာတဲ့ သတ္တုဘောင်တွေဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ glass နဲ့ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။ ဒါကြောင့် မတော်တဆပြုတ်ကျ မှုဒဏ်တွေကိုခံနိုင်ပြီး အဆင့်မြင့် စမတ်ဖုန်းတစ်လုံးရဲ့ အသွင်အပြင်ကို ဆောင်နေပါတယ်။

ဖုန်းအရွယ်အစားက 153 x 75.4 x 7.7 mm ရှိပြီး 158g အလေးချိန်ရှိပါတယ်။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card 2 card ကို ထည့်သွင်းသုံးစွဲနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ အရှေ့ ဘက်မျက်နှာပြင်က ရှင်းရှင်းလေးနဲ့လှပပြီး အောက်ခြေမှာ Home button တစ်ခုသာပါရှိပါတယ်။ ၄င်း Home button မှာတော့ သင့်ဖုန်း data တွေရဲ့ လုံခြုံရေးအတွက် စိတ်ချယုံကြည်ရတဲ့ mTouch fingerprint sensor ပါရှိပြီး ဖုန်း unlock လုပ်တဲ့အခါမှာလည်း လျင်မြန်တိကျမှုရှိပါတယ်။ နောက်ကျော ဘက်မှာ ကင်မရာ၊ Flash မီးနဲ့ Logo တို့ရှိပြီး အနောက်ကင်မရာက အပေါ် ဆုံးညာဘက်ထောင့်မှာ ထည့်ပေးထားတဲ့အတွက် ဓာတ်ပုံတွေကို အမြန် ရိုက်တဲ့အခါ လက်နဲ့ကွယ်နေတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ 


ညာဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေ တပ်ဆင်ပေးထားပြီး ဘယ်ဘက်ဘောင်မှာ SIM Card Tray ရှိပါတယ်။ မျက်နှာပြင်အကျယ် ၅ လက်မခွဲက ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေ တော်အရွယ်အစားဖြစ်ပြီး ရုပ်ရှင်ကြည့်တာတွေ၊ စာဖတ်တာတွေနဲ့ ဂိမ်း ကစားတာတွေကိုလည်း အဆင်ပြေပြေ ပြုလုပ်နိုင်ပါတယ်။ ၄င်းမျက်နှာပြင်က full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး multitouch စနစ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Asahi Dragontrail Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါသေးတယ်။


၎င်းမှာ Flyme UI ဆိုတဲ့ user interface ကို သုံးထားပြီး Android OS, v6.0 (Marshmallow) ကို run ပေးထားပါတယ်။ အနောက်ကင်မရာက 13MP ရှိပြီး f2.2 aperture ကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် dual LED မီး ပါရှိတာကြောင့် အလင်းရောင် အားနည်းတဲ့နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပြီး အလွန်အဆင့်မြင့်တဲ့ auto focus စနစ်က camera app ကို ဖွင့်လိုက်တာနဲ့ focus ကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်ပါ တယ်။ 5MP ရှိတဲ့ အရှေ့ကင်မရာကိုလည်း Beauty functions တွေ ပေါင်းထည့် ပေးထားတဲ့အတွက် လှပတဲ့ selfies ဓာတ်ပုံလေးတွေကို ရိုက်ယူနိုင်ပါတယ်။ 


ပင်မကင်မရာနဲ့လည်း 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ Internal Memory 32GB ထဲမှာ သိမ်းဆည်းချင်တဲ့ဖိုင်တွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေက အရမ်း များနေတယ်ဆိုရင်လည်း micro SDcard ကို 256GB အထိ ထပ်မံစိုက်ထည့် သုံးစွဲနိုင်ပါတယ်။ ကိုယ်ထည်ထဲမှာလည်း RAM 3GB ပါရှိတဲ့ Octa-core (4x 1.8GHz Cortex-A53 & 4x 1.0 GHz Cortex-A53 processor နဲ့ Mediatek MT6755 Helio P10 chipset တို့ကို ထည့်သွင်းသုံးစွဲထားပြီး Mali-T860MP2 GPU ကို ထောက်ပံ့ပေးထားပါတယ်။


ဒါကြောင့် ဂိမ်းကြီးတွေ ကစားတဲ့အခါမှာ အဆင်ပြေပြေ ကစားနိုင်သလို multitasking တွေ လုပ်တဲ့အခါမှာလည်း စက်ဟမ်းသွားခြင်း မရှိနိုင်ပါဘူး။ အင်တာနက်အမြန်နှုန်းတွေနဲ့ လိုင်းဆွဲအားလည်း အထူးကောင်းမွန်ပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ သုံးစွဲလို့အဆင်ပြေတဲ့ Specs တွေ၊ Functions တွေနဲ့ features တွေပါရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေတယ်ဆိုရင် ဒီ Meizu U20 စမတ်ဖုန်းကလည်း အလွန်အဆင်ပြေပါတယ်။

* Battery Life *

ဘက်ထရီ စွမ်းအားပိုင်းအနေနဲ့ Non-removable Li-ion 3260mAh battery ကို ထည့်သွင်းထားပြီး သာမန်ဖုန်းသုံးစွဲသူတွေအတွက်တော့ တစ်နေ့လုံးစာအတွက် လုံလောက်ပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းရမှာလည်း မြန်ဆန်မှုလည်း ရှိပါတယ်။

* Design *

တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာကျစ်လျစ်ပြီး ဘေးဘောင်ကို သတ္တုနဲ့ ပြုလုပ်ပေးထားတဲ့အတွက် အကြမ်းလည်းခံပါတယ်။ ဘေးဘက်ဘောင်က iPhone တည်ဆောက်ပုံနဲ့တူညီပြီး ကင်မရာအထားအသိုက လည်း iPhone အတိုင်းပါပဲ။ ဒါ့အပြင် ကိုင်တွယ်သုံးစွဲလို့ ကောင်းတဲ့ အရွယ်အစားလေးပဲ ဖြစ်ပါတယ်။

* Processor *

Meizu U20 မှာ RAM 3GB ပါရှိတဲ့ Octa-core (4x1.8GHz Cortex-A53 & 4x 1.0GHz Cortex-A53 processor နဲ့ Mali-T860MP2 GPU Graphics Card ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ဘယ်လောက်လေးတဲ့ apps တွေနဲ့ ဂိမ်းတွေကိုမဆို အဆင်ပြေပြေ ကစားနိုင်ပြီး လုပ်ဆောင်ချက်တွေကလည်း လျင်မြန်တိကျမှု ရှိပါတယ်။

* Display and Camera *

5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို LTPS IPS capacitive touc-screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာ နဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာတို့ကို တပ်ဆင်ထားပြီး အရည်အသွေး ပြည့်ဝတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။

* Verdict *

Meizu U20 ဟာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးရဲ့ specifications တွေ ပါရှိပြီး ဒီဇိုင်းပုံစံလှပတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ဈေးနှုန်းကလည်း သင့်တင့်မျှတပြီး အရည်အသွေးကောင်းမွန်မှုလည်းရှိတာကြောင့် သုံးစွဲရတဲ့အခါမှာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်မှုရှိမှာ သေချာပါတယ်။



 Price » 219,000 Ks ( 32GB )
Contact Phone » 01-398436 ( UNiQUE )
----------------------

Specification
----------------
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 158 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 153 x 75.4 x 7.7 mm
» Memory : 32GB, 3GB RAM
» Camera : 13MP, Front : 5MP, dual-LED (dual tone) flash, phase detection autofocus, Geo-tagging,
touch focus, face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB v2.0
» OS : Android OS
» Chipset : Mediatek MT6755 Helio P10
GPU : Mali-T860MP2
» Sensor : Fingerprint, accelerometer, gyro, proximity, compass





NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

Touch Bars ပါတဲ့ MacBook Pro ကို ဥပဒေ စာမေးပွဲများတွင် မသုံးရန် တားမြစ်

 
အမေရိကန် ပြည်နယ်အချို့ရဲ့ ဥပဒေစာမေးပွဲတွေမှာ Touch Bars ပါဝင်တဲ့ MacBook Pro တွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီထုတ်ကုန်သစ်အသုံးပြုတဲ့ ကျောင်းသားတွေက စာရွက်နဲ့ ဘောပင် ဒါမှမဟုတ် အခြားလက်တော့ပ်ကို အသုံးပြုပြီး ဖြေဆိုရတော့မှာပါ။

Touch Bars နဲ့ပတ်သက်တဲ့ ပြဿနာတွေကို Testing ဆော့ဖ်ဝဲကုမ္ပဏီ Examsoft က ရှင်းပြခဲ့ပါတယ်။ အရင် function key တွေနေရာမှာ အစားထိုးခဲ့တဲ့ OLED screen မှာ predictive text function ပါဝင်တဲ့အတွက် စာမေးပွဲရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ Examsoft က ပြောကြားခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားလို အချို့ပြည်နယ်တွေမှာတော့ MacBook ပိုင်ရှင်တွေက predictive text ကို disable လုပ်ထားရင် လက်တော့ပ်ကို အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ နယူးယောက်လို ပြည်နယ်အချို့မှာတော့ အသုံးပြုခွင့် လုံးဝပိတ်ပင်ထားပါတယ်။

Ref: CNET
Credit Internetjournal

သီဟထိုက်
www.thihahtike.net ] comments

ဆွေသဟာ Mobile မှသံဃာတော်တွေကို SIM Card အခမဲ့ မှတ်ပုံတင်ပေးမည်။

 Image result for sim card registration




မင်္ဂလာပါဆွေသဟာ Mobile မှာသံဃာတော်များကိုသာ အခမဲ့ SIM Card အားလုံးကြိုက်ရာ SIM Card မှတ်ပုံတင်တင် အခမဲ့ တင်ပေးသွားပါမည်ဟု ဆွေသဟာ Founder သီဟထိုက် မှ
ပြောကြားသွားပါတယ်။ ထို့ကြောင့် သံဃာတော်များအနေဖြင့် " သံဃာကတ်" ယူဆောင်လာရမည်ဖြစ်ပြီး "မြောက်ဒဂုံ ၃၅မှတ်တိုင်နှင့် နာရီစင်မှတ်တိုင်ကြား"ကို လာရောက် မှတ်ပုံတင်နိုင်ကြောင်း
သတင်းကောင်းပါးအပ်ပါတယ်။

Ref:ဆွေသဟာ Mobile(မြောက်ဒဂုံ)
09-790281529


သီဟထိုက်
www.thihahtike.net comments

Qualcomm_FRPTool_C_V1.01.001


http://forum.gsmdevelopers.com/attachment.php?attachmentid=4968&d=1473919979






ဒီ Tool လေးကို lenovo ကနေတရာဝင် ထွက်ရှိထားပါတယ်တဲ့။သူကတော့ Qualcomm အသုံးပြုထားတဲ့
ဖုန်းအမျိုးမျိုးကိုအသုံးပြုလို့ရတယ်လို့လဲပြောထားပါသေးတယ်။

သူ့ရဲ့ အသုံးပြုပုံ Guide ကိုတော့ဒီမှာဒေါင်းလိုက်ပါ ။
Download
http://www.mediafire.com/download/4ltw4y9z4cdsg9t/Guides_-_FRP_Solution_for_Lenovo.pdf

အောက်မှာတော့ Qualcomm FRP Tool ကို Download ဆွဲလိုက်ပါ။
Download
 http://www.mediafire.com/download/o3h87emo1ugtuqb/Qualcomm_FRPTool_C_V1.01.001+By+AzimBahar.7z


သီဟထိုက်
www.thihahtike.net comments

♪ " Android ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေမယ့် Clean Master (Boost & Antivirus) " ♫

No automatic alt text available.

Android စမတ်ဖုန်း အသုံးပြုသူတွေ ဖုန်းကို စွမ်းဆောင်ရည် ကောင်းမွန်နေအောင်၊ အသုံးပြုရတာ အမြဲတမ်းမြန်ဆန်ပြီး ရှင်းလင်းနေအောင်နဲ့ ကိုယ့်ရဲ့ဖုန်းကို အကောင်းဆုံး Android ဖုန်း ဖြစ်နေအောင် လုပ်ဆောင်ဖို့အတွက် Clean Master ကိုအသုံးပြုနိုင်ပါတယ်။

မိုဘိုင်းဖုန်းပေါင်း သန်း ၇၄ဝ ကျော်က ယုံကြည်စိတ်ချစွာအသုံးပြုရတဲ့ Boost & Antivirus app တစ်ခုဖြစ်ပါတယ်။ Junk notification တွေ မဝင်အောင် တားဆီးရှင်းလင်းပေးနိုင်ပြီး junk file တွေနဲ့ cache တွေကို ရှင်းလင်းပေးနိုင်တာကြောင့် ဖုန်း storage သက်သာစေပြီး speed ကို ပိုမိုမြှင့်တင်ပေးကာ သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

Memory Boost ရပြီး RAM ကို free up လုပ်ပေးကာ ဘက်ထရီစားသက်သာအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ဖုန်းကို virus အန္တရာယ်မရှိအောင် အချိန်နဲ့တစ်ပြေးညီကာကွယ်ပေးနိုင်လို့ သင့်ရဲ့ privacy ကို အမြဲတမ်းကာကွယ်ထားနိုင်ပါတယ်။ အပူလွန်ကဲမှုဖြစ်စေတဲ့ app တွေကို ပိတ်ပေးခြင်းဖြင့် ဖုန်းပူတာနဲ့ CPU usage ကို လျှော့ချပေးနိုင်ပြီး ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်ခံအောင် လုပ်ပေးနိုင်ပါတယ်။ 

ဘက်ထရီအခြေအနေကို စစ်ဆေးပေးပြီး အလိုအလျောက် run နေတဲ့ app တွေကို စစ်ဆေးပေးနိုင်ပါတယ်။ အသုံးပြုဖို့အတွက် Android 2.2 နဲ့အထက် လိုအပ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ " မလိုအပ်သော Software များ ဖယ်ရှားသည့်အခါ " ♫

Image may contain: text

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
-------------------------

ကွန်ပျူတာဝယ်သည့်အခါ တရားဝင် OS နှင့်အတူ ဝယ်သည်ဖြစ်စေ၊ pirated OS နှင့်အတူ ဝယ်သည်ဖြစ်စေ မိမိနှင့်အဆီအငေါ်မတည့်သည့် Software များပါလာမည်မှာ အမှန်။ တရားဝင် OS နှင့်အတူဝယ်ပါက သုံးလသက်တမ်း၊ ခြောက်လသက်တမ်းသာရှိသော Software များ ထည့်ပေးခြင်း၊ တစ်လအစမ်းသုံး Software များထည့်ပေးခြင်းမျိုးရှိသည်။ ယင်းတို့မှာ အတော်ကြာနေလျှင် သက်တမ်းကုန်မည်ဖြစ်ပြီး စက်ထဲတွင်ဖောင်းပွကာ ဒုက္ခပေးမည်ဖြစ်၍ bloatware ဟုခေါ်သည်။ Pirated Software နှင့်အတူ ပါလာသည်တို့က ပိုဆိုးနိုင်သည်။ ရှိသမျှ အခမဲ့ Software ပေါင်းစုံနှင့် crack ဖြည့်ထားသော ဂိမ်းပေါင်းစုံထည့်ပေးမည်ဖြစ်၍ ကွန်ပျူတာစက်လေးနိုင်သည်။ 


OS များထဲတွင် မလိုသော Software များဖယ်ရန်အတွက် Uninstaller များ အသင့်ထည့်ပေးထားပါသည်။ သို့သော် ယင်းတို့က မပြည့်စုံပါ။ User preference ဖိုင်များချန်သည်။ Restore လုပ်ဖို့လိုသောဖိုင်များ ချန်သည်။ တစ်ခါတစ်ရံမှာ Uninstall လုပ်ရင်း ထွက်လာသော Temp ဖိုင်များ ရှိသေးသည်။ ယင်းတို့က Registry မှာဝင်ထောက်နေလျှင် ကွန်ပျူတာလည်ပတ်ဖို့ ဒုက္ခရောက်တော့သည်။ သို့ဖြစ်၍ Software တစ်ခုကို uninstall လုပ်သည့်အခါ ဖျက်သင့်သမျှ ဖိုင်အားလုံးကို ပြောင်စင်အောင်ဖျက်ပေးမည့် Uninstaller Software လိုသည်။ ယင်း Uninstaller များထဲတွင် အခမဲ့ရနိုင်ပြီး အကောင်းဆုံးအဆင့်တွင်ရှိနေသည်မှာ Revo Uninstaller ဖြစ်သည်။ 


Revo Uninstaller ကို www.bit.ly/ revo 408 မှနေ၍ download ချနိုင်သည်။ ကွန်ပျူတာအတွင်းပိုင်းတွင် နက်နက်ရှိုင်းရှိုင်း ကျန်နေသောဖိုင်အစအနများကို ပြောင်စင်အောင်ရှင်းပေးနိုင်သည်။ Windows တွင် ထည့်ပေးထားသော Uninstaller များ သွားဖွင့်ပြီး သုံးသည်ထက် Revo Uninstaller သုံးသည့်က အချိန်ပိုပြီး မကြာပါ။ သုံးရသည်မှာလည်း အလွန်လွယ်သည်။ Revo ၏စာရင်းထဲတွင် မြင်နေရသော program တစ်ခုကို ဘယ်ကလစ် နှစ်ချက်ခေါက်ရုံသာ ဖြစ်သည်။ ယင်းက Uninstall ကို အလိုအလျောက်ရွေးပေးပြီး program နှင့်ပတ်သက်သည့် Registry ဖိုင်များ၊ အကြွင်းအကျန်ဖိုင်များကို ပြသပေးပါသည်။


ယင်းဖိုင်များကို မြင်တွေ့ရပြီးသည့်နောက်တွင် select all ကို ကလစ်နှိပ်ပြီး ရွေးရပါမည်။ ယင်းတို့အားလုံးကို ဖယ်ရှားရန် Delete ကို နှိပ်ရပါမည်။ လုပ်ငန်းစဉ်ထဲတွင် တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ပါက နောက်ပြန်ဆုတ်နိုင်စေရန် restore point ဖမ်းပေးထားခြင်းမှာ Revo Uninstaller ၏ ချစ်စရာကောင်းသောအချက်ဖြစ်သည်။ Revo Uninstaller ကို download ချရသည်မှာ လွယ်ပါသည်။ သို့သော် website ၏ အပေါ်နား၌ Revo အခ ပေး pro version နှင့် ထင်ယောင်ထင်မှားဖြစ် အောင်လုပ်ထားခြင်းရှိသည်။ Web Page ၏အောက်ဘက်နားသို့ ဆင်းသွားပြီး Revo Uninstaller Freeware စာသားဘေးရှိ Free download တွင် နှိပ်ရပါမည်။


အခမဲ့ရသော Revo Uninstaller တွင် Junk ဖိုင်များ မပါပါ။ Windows XP, Vista, 7 သုံးသူများသည် portable version ကို သုံးနိုင်သည်။ Portable version ကို အလိုရှိလျှင် Other downloads ခေါင်းစဉ် အောက်သို့သွားပြီး download button ကို နှိပ်ရပါမည်။ Revo တွင် Hunter Mode tool ပါသည်။ Program များကို ယင်း tool ဖြင့်စစ်ဆေးပြီး force stop လုပ်နိုင်သည်။ ယင်းမျှနှင့် မလုံလောက်ပါက လုံးလုံးလျားလျား Uninstall လုပ်ပစ်နိုင်သည်။ Windows တက်ချိန်တွင် Windows နှင့်အတူ အလိုအလျောက်လိုက်တက်သော program တို့ကို ဖယ်ထုတ်နိုင်သည်။ အကယ်၍ Uninstall mode တွင်မပါဝင်သော program တို့ကို Uninstall လုပ်လိုပါက hunter mode က အသုံးဝင်သည်။ 


Start up program တို့သည် မိမိ၏ System tray တွင်ရှိနေမည်။ ယင်းသည် taskbar ပေါ်ရှိ နာရီဘေးတွင် pop-up window အဖြစ် ဖုံးကွယ်ပြီး ရှိနေပါသည်။ System tray ထဲတွင် ရှိသမျှ အရာအားလုံးသည် junk ဖိုင်မဟုတ်ပါ။ ယင်း Pop-up window ထဲတွင် antivirus လည်းပါ ကောင်းပါနိုင်သည်။ Antivirus သည် ကွန်ပျူတာထဲတွင် အရေးအကြီးဆုံး program ဖြစ်သည်။ အခြားအရေးကြီး program ဖိုင်များလည်း ယင်းနေရာတွင် ရှိနိုင်ပါသည်။


Hunter mode ကိုသုံးရန် ဦးစွာ Rvo installer ကို install လုပ်ပြီး ခေါ်တင်ရပါမည်။ Default အနေဖြင့် ယင်းက ကွန်ပျူတာထဲတွင် install လုပ်ထားသော program များကို ပြသပေးပါမည်။ ထိုအချိန်တွင် Hunter Mode ကို ရှာပြီး နှိပ်ပါ။ Revo Window ပျောက်သွားသော်လည်း program မှာ ဆက်၍ အလုပ်လုပ်နေပါ သည်။ စက်ပစ်ကွင်းပုံသဏ္ဍာန် target icon လေးကို မြင်လာရပါမည်။ ယင်း icon ပေါ်တွင် ညာကလစ် ထောက်ပါ။ ပြီးလျှင်ကျလာသော box ထဲမှ Auto start with windows ကိုရွေးပါ။


ပြီးလျှင် PC ကို Restart ပြန်ချပါ။ Hunter Mode icon သည် desktop ပေါ်တွင် ပေါ်နေပါမည်။ ကွန်ပျူတာ၏ system tray ကိုဖွင့်ပါ။ Hunter Mode ကို drag ဖိဆွဲလာပြီး shortcut တစ်ခုခုနေရာသို့ ပို့ပါ။ ယင်းနေရာရောက်လျှင် mouse ဖိထားခြင်းကို လွှတ်ပါ။ မိမိပိတ်လိုသော program အတွက် Menu ထဲရှိ Kill and Delete process ကို ရွေးပါ။ အကယ်၍ Rvo သုံးပြီး လုံးဝဖယ်ရှားလိုပါက Uninstall တွင် ကလစ်နှိပ်ပါ။


Software များကို တစ်ခုချင်း Uninstall လုပ်ရခြင်းက လက်ဝင်သည်။ အစုလိုက် Uninstall လုပ်နိုင်လျှင် ကောင်းမည်။ အသစ်ထွက် Iobit Uninstaller သည် ယင်းကိစ္စအတွက်ကောင်းသည်။ Batch Uninstall ကို သူ့ Window ထဲမှနေ၍လုပ်ခွင့်ပြုသည်။ ဤ Software ကို www.bit.ly/iobit 408 မှ download ဆွဲချပြီး သုံးနိုင်သည်။ Program ကိုခေါ်တင်ပြီးနောက် မိမိဖယ်ရှားလိုသည်တို့ကို တစ်ခုချင်းရွေးချယ်ပါ။ Program တစ်ခုကို ရွေးလိုက်တိုင်း နေရာလွတ်မည်မျှထွက်လာသည်ကို Iobit က ပြပေးပါသည်။ 


Program များအားလုံးကို တစ်ပြိုင်တည်း Uninstall ပြုလုပ်ပေးခြင်း မဟုတ်ပါ။ တစ်ခုပြီးတစ်ခု Uninstall လုပ်ပေးခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် တစ်ခု Uninstall လုပ်တိုင်း တစ်ကြိမ် Confirm လုပ်ရပါသည်။ ထို့ ကြောင့် Uninstall လုပ်ငန်းမပြီးမခြင်း Iobit ထဲမှ ထွက်၍မရပါ။ Revo နှင့် မတူသည်မှာ Iobit သည် restore point ကို အလိုအလျောက် မဖန်တီးပေးခြင်းဖြစ်သည်။ သို့သော် restore point ဖန်တီးလိုခြင်း ရှိ၊မရှိလာ၍ မေးပါမည်။ Restore point မဖန်တီးခြင်းက ကွန်ပျူတာထဲတွင် space ပို၍ ထွက်လာစေနိုင်သည်။ Restore point များသည် ကွန်ပျူတာထဲတွင် နေရာယူမှုကြီးပါသည်။


အထက်ပါ program နှစ်ခုက Uninstall လုပ်ငန်းစဉ်ကို လွယ်ကူစေသည်ဟုဆိုသော်လည်း မည်သို့မျှ Uninstall လုပ်၍ မလွယ်အောင်ကတ်ဖဲ့နေသော proram များလည်းရှိပါသည်။ ယင်း program များကို ရှင်းလင်း နိုင်သည်။ အစွမ်းထက်လက်နက်မှာ Geek uninstaller ဖြစ်သည်။ အခမဲ့ရရှိပြီး protable အဖြစ် သုံးနိုင်သည်။ www.bit.ly/geek 408 မှ download ချနိုင်သည်။ Download Free နေရာတွင် ကလစ်နှိပ်ပြီး download ချပါ။ ပြီးလျှင် extract လုပ်ပါ။


ပြီးလျှင် .exe ဖိုင်နေရာတွင် ဘယ်ကလစ်နှစ်ချက်ခေါက်ပါ။ ကွန်ပျူတာထဲတွင် install လုပ်ထားသော program များပေါ်လာပါမည်။ Uninstall list ထဲတွင် လာမပြသော program များလည်း လာပြနိုင်သည်။ ခေါင်းမာနေသော program ကိုဖယ်ထုတ်ရန် ယင်းပေါ်တွင် ညာကလစ်ထောက်ပါ။ Force Removal ကိုရွေး ပေးပါ။ ယင်းက registry entry အပါအဝင် ဖိုင်အကြွင်းအကျန်အားလုံးကို ပြောင်စင်အောင်ဖျက်ပေးပါမည်။ မိမိဖယ်ရှားလိုသော program သည် မည်သို့သောအမျိုးအစားဖြစ်သည်။ ယင်းကိုအဘယ်ကြောင့် ဖျက်၍မရ သည်ကို မသိပါက ယင်းတွင် ညာကလစ်ထောက်ပြီး Google for ကိုရွေးပါ။ သက်ဆိုင်ရာသတင်းအချက် အလက်ကို အင်တာနက်တွင် တက်ရှာပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

လကုန်လို့ ဟန်းတစ်လုံး ၀ယ်ဖို့စဉ်းစားရခက်နေလား ???












Knowledgeလေးလည်းပါလို့မ၀ယ်လည်းဖတ်ကြည့်ပေါ့နော်...
အခုခေတ်မှာ ဟန်းဆတ်တွေများလာခြင်းနှင့်အတူ 4G ကွန်ရက်ကလည်းတဖြည်းဖြည်း တိုးလာပါပြီ 4G ကသုံးဖို့အနည်းငယ် နေရာတွေကျန်နေတာကြောင့်ပြည်တွင်းမှာ 4G handset တွေနည်း
နေတာပါ။နောက်ပြီး တရုတ်ပြည်မှာ 4G ခေတ်စားလာတာ 2နှစ်ကျော်ကျော်ရှိနေပါပြီ ။

ဒါပေမယ့် 4G ကို မြန်မာပြည်မှာ လပိုင်းလောက်ကြားရပြီးသုံးသူရောက်ရာအရက်မှာ လက်ချိုးရေနိုင်နေပါတယ်။
ဒါကလည်း နိုင်ငံတော်နဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့်ပြည်သူတွေရဲ့လစာနဲ့ 4G အသုံးပြုနိုင်မည့် ဟန်းဆတ်ကို မ၀ယ်နိုင်သေးတာကတစ်ကြောင်းပါ။တရုတ်ပြည်မှာ 4G ခေတ်စားလာတော့
သူတို့ထုတ်ထားတဲ့ 4G handset တွေကို သူတို့က အခြားတိုးတတ်စနိုင်ငံလေးတွေထဲကတစ်ခုဖြစ်တဲ့ ကျွန်တော်တို့နေထိုင်ရာမြန်မာနိုင်ငံအတွင်းသို့ရောက်ရှိလာပါတော့တယ်။(သူတို့ဆီမှာတော့ မသုံးတော့ပါ)
အဲ့တော့ ကျွန်တော်တို့ဆီ တရုတ်ဖုန်းတွေနာမည်မရှိတဲ့တရုတ်ဖုန်းတွေက နာမည်အစုံနဲ့ရောက်လာတော့တာပဲ... သူတို့မှာ Error တစ်ခုစီ ရှိနေပါတယ် ။ဒါကိုဗဟုသုတမကြွယ်ဝသေးတဲ့ ကျွန်တော်တို့
ရွှေမြန်မာတွေက ဈေးသက်သာတယ် ဆိုဒ်ကြီးတယ်ဆိုပြီးသုံးကြပါတယ်(နယ်တွေမှာပိုသုံးတယ်လို့မြင်ရပါတယ်) ဟုတ်ပါတယ် သုံးပါတယ် နောက်တော့ပစွည်းပြတ်တယ် အဲ့တော့ ပြင်ချင်တယ် ဘယ်ပြင်
လို့ပြင်ရမှန်းမသိဘူး ။အဲ့မှာစတာပဲပစွည်းရှားတယ်ဆိုပြီးဖြစ်ကုန်တော့တယ်။

ဇာတ်လမ်းကတရုတ်ကြီးက အမိုက်တွေမြန်မာနိုင်ငံထဲသွန်ပလိုက်တာပဲ။ဟုတ်ပါတယ်ကျွန်တော်က သိသလောက်ပဲပြောတာပါ။
နောက်ပိုင်းထပ်ပြောအုံးမှာပါဒီပို့စ်နဲ့ဆိုင်တာပဲအရင်တင်သေးတာပါ။ကျန်းမာရေးနဲ့ကိုက်ညီမူရှိ/မရှိ/ အခွန်ဆောင်ထား /မထား ဒါတွေကိုလည်း မသိ စွတ်ပြီးသုံးတဲ့ ရွှေမြန်မာကတော့ Viber နဲ့အီစီကလီ
လုပ်နေပါတယ်။

ဟုတ်ပါတယ်ဒီအထဲမှာတော့ကျွန်တော် ပြောချင်တာ ကိုယ်တွေ ဘယ်လောက်ပြောပြော ကိုယ်အပါအ၀င် ဒါတွေပဲသုံးနိုင်လို့သုံးအုံးမှာပါပဲ။ဟုတ်ပါပြီ ဒါဆို ဘယ်လိုမျိုး ဒီလိုအမိုက်တောထဲ
ကနေ ကိုယ်ပိုင် စက်ရုံ ၊ Showroom၊ Company ရှိတဲ့အထဲကမသုံးချင်ဘူးလား၊ တိုက်ခန်းကျင်းကျင်းလေးထဲမှာ ၀န်ထမ်း၎ယောက်နဲ့ မြန်မာစကားမပြောတတ်တဲ့ "၀" ဆီက၀ယ်မလား စောစောက
ပြောတဲ့ ကိုယ်ပိုင်စက်ရုံ၊ Showroom၊Company ရှိတဲ့ ဆီကနေ၀ယ်မလား ကဲဘယ်လိုဝယ်မလဲ ကျွန်တော်ကတော့ ရွှေးပေးနေမှာပါ အခုလည်းတစ်ခုရွှေးပေးထားပါတယ် အောက်မှာကြည့်ပြီး
အားပေးလိုက်ပါအုံး...






မင်္ဂလာပါဆွေသဟာ Mobile မှကြိုဆိုပါတယ်။
တန်ဖိုးသက်သာပြီး အရေးအသွေးပိုင်းလည်းစိတ်ချရပြီး လက်ရှိသုံးစွဲသူတိုင်းကြိုက်နှစ်သက်တဲ့ AOVO Smartphone နဲ့မိတ်ဆတ်ပေးချင်ပါတယ်။
ဖုန်းမော်ဒယ်တိုင်းဟာ ဒီဇိုင်းသေသပ်လှပတယ် ကျစ်လစ်တယ် ဈေးနူန်းချိုသာတယ် အာမခံတစ်နှစ်စီပါကြတယ်။ အောက်မှာ ဖုန်းမော်ဒယ် တစ်မျိုးစီရှင်းပြထားပါတယ်။


Model-X9 Smartphone
-------------------------------






သုံးစွဲသူတိုင်းအရမ်းကြိုက်နှစ်သက်တဲ့ Smartphone အမျိုးအစားထဲကနံပါတ်၁ပါပဲ။ Screen 5.5 inches ဖြစ်ပြီးတော့ Android Version 5.1 ဖြစ်ပြီး Internal16GB ဖြစ်ပါတယ်။
 Dual Sim Dual 4G ဖြစ်ပြီး Extrnal 64GBထိထပ်စိုက်နိုင်ပါတယ်။RAM 2GB ပါဝင်ပြီး CPU Octa-Core 1.4GHZ ပါဝင်ပါတယ်။
Battery 3200mAh ပါဝင်ပါတယ်။မြန်မာစာ ဇော်ဂျီဖောင့်ကို System ဖောင့်အနေနဲ့ပါပြီးဘာသာစကား၄၅မျိုးပါဝင်ပါတယ်။Fingerprinte ကို 0.5second ထိလိုက်တာနဲ့ပွင့်လာပါမယ်။
Security ပိုင်းအနေဖြင့်တော့ Swipe Lock,Patten Lock, Pin Password Lock,Fingerprint Lock ဆိုပြီ6း funtion ပါဝင်ပါတယ်။Touch Gorilla Glass ကို တပ်ဆင်ထားပြီး LCDကိတော့ SuperAmoLed တပ်ဆင်ထားပါတယ်။
Camera ပိုင်းကတော့ Back 13MP ဖြစ်ပြီး Font 5MP ဖြစ်ပါတယ်။Flash မီးပါဝင်ပါတယ်။Google Service ကို ပါဝင်သည့်အတွက်  CoC Account ,PokenMon ချိတ်ဆက်ပေးနိုင်ပါတယ်။
Screen Size 5.5inches ဖြစ်ပြီးလေးထောင့်ဆန်လို့ မျက်လုံးထဲမြင်ကြည့်ပါ အလွန်လှပနေပါတယ်။



အကျယ်ရှင်းပြခြင်း
-------------------------
Android Version 5.1 ဖြစ်လို့ App Game အစရှိတဲ့ Software ပိုင်းဆိုင်ရာများကို အကုန်လုံးကိုက်ညီမူရှိပါတယ်။RAM 2GB ဖြစ်လို့ ဂိမ်းအကြီးများ Software size အကြီးများကို Run နိုင်ပါတယ်။
CPU Octa-Core 1.4GHZ ဖြစ်လို့ မြန်ဆန်မူအပိုင်းမှာ ပြောစရာမလိုလို့ လေးလံခြင်းကင်းဝေးပါတယ်။Camera Back13MP ဖြစ်ပြီး Font 5MP ဖြစ်လို့ Selfie ဆွဲသူများအနေဖြင့် အပြည့်အဝ
လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ပါတယ် ပြီးတော့ Camera Setting ပိုင်းမှာ Edit လုပ်လို့ရတဲ့အပိုင်းတွေနဲ့ ကျန်တဲ့ Effect များပါဝင်တဲ့ကြောင့် Camera 360 ဆိုတဲ့ Software များမလိုအပ်တော့
ပါဘူး။မဲနေတဲ့မျက်နှာဖြူသွားမယ် ၀က်ခြံတွေဖြစ်နေလားဒီCamera လေးနဲ့သာရိုက်လိုက် ၀က်ခြံဆိုတာပျောက်ပြီးချောမွေ့တဲ့ အပြင်နဲ့မတူတဲ့ အလှပိုင်ရှင်ဖြစ်နေတဲ့ပုံကို ထွက်လာမှာအမှန်ပါပဲ။
 Internal 16GB ပါဝင်လို့ Internal Memory Full ဖြစ်စရာလုံးဝမလိုဘဲ Extrnal 64GB ထိ စိုက်နိုင်တာဟာလည်း Memroy များများသုံးစွဲသူအတွက် အပြည့်အ၀ ဖြည့်ဆည်းပေးမှာပါ။
LCD ကတော့ SUper AmOLED သုံးထားလို့ မြင်ကွင်းပိုင်းကြည်လင်ပြတ်သွားစွာဖြစ်နေမှာပါ။Gorilla Glass ကိုအသုံးပြုထားလို့ မှန်သားပိုင်းချောမွေ့ပြီး တော်ရုံထိခိုက်မူဖြင့် ကွဲသွားတာခြင်းမရှိပါဘူး။
င်္Finger Printe ကလည်း 0.5Second အတွင်းပွင့်ပေးနိုင်လို့ Lock ဖွင့်ရာမှာ လုံခြုံရေးစိတ်ချရပြီးမြန်ဆန်မူကြောင့် စိတ်ချမ်းသာစေမှာပါ။Google Service ပါဝင်ပြီး မလိုအပ်သော Software များမပါဝင်တဲ့
အတွက် Branded စမတ်ဖုန်းတစ်လုံးသုံးသလိုခံစားရစေမှာပါ။ကိုယ်ထည်ကတော့ ကျစ်လစ်ပြီးလေးထောင့်ဆန် ရွှေရောင်လေးနဲ့ဖုန်းအုပ်နေပါတယ်။Bodyကတော့ Metal Frame ဖြစ်ပါတယ်။မှန်က မို့ပြီး
 ချောမွေ့လို့ လက်ထဲကတောင်ချချင်ပါ့မလားမသိဘူးနော်။Samsung ဖုန်းတစ်လုံးလား MI ဖုန်းလား Huawei လား ခွဲခြားမရအောင် ကောင်းမွန်တဲ့ Smart ကျကျကိုင်နိုင်မယ့် Smartphone လေးတစ်လုံ
းဖြစ်ပါတယ်။အရောင်ကတော့အဖြူ၊ရွှေရောင်နှစ်မျိုးရှိပါတယ်ခင်ဗျာ။သုံးကြည့်ပါ ပေးရတဲ့ဈေးနူန်းထက်ပိုပြီးသာတဲ့ စိတ်ကျေနပ်မူရစေမှာပါ။ပြောရရင်Mi လား? Huawei လား ? Smasung လား?
 ဘာဖုန်းလဲဆိုတောတောင်ပြောလို့မရတာတော့ဟုတ်ပါတယ်။ဒီဇိုင်းကတော့  Xiaomi Mi4 နဲ့သွားတူတာတော့အမှန်ပါပဲ။အားသွင်းရင် မီးအချက်ပြတဲ့ Sensor လည်းပါပြီး data Reset ချလို့မရအောင
် Patten ခံထားလို့လည်းရတဲ့ အရမ်းလန်းတဲ့ဖုန်းလို့ပြောလို့ရပါတယ်။ကျန်တာကတော့ မိမိဘာသာသုံးကြည့်မှသိပါလိမ့်မယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

ဘာတွေလုပ်ပေးလဲ လက်ဆောင်ကကောဘာတွေလဲ ဈေးနူန်းကကော ဘယ်လောက်လဲ?
-----------------------------------------------------------------------------------------------------------------
ဟုတ်ကဲ့ပါ။ Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။

နယ်ပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ပို့ခ အခမဲ့ဖြင့် ၇န်ကုန်ဆို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ရှင်းပြပေးပါတယ်။နယ်သမားများအတွက်တော့ ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးပါတယ်။
ဈေးနူန်းကတော့ 1xxxxx ဖြစ်ပါတယ်။

Model V9 Smartphone
--------------------------------





သူလည်းပဲ ဒီဇိုင်းပိုင်းမှာထူးခြားလှပတဲ့ ကျစ်လစ်တယ် ချောမွေ့တယ် Metal နဲ့ ကိုယ်ထည်ကို ပြုလုပ်ထားလို့ ဖုန်းကို ကိုင်ကြည့်ရင် အေးမြပြီးချောမွေ့တဲ့ခံစားချက် လေးထောင်စံပြီး ရွှေရောင် အပြည့်ဖြစ်
နေလို့ မြင်ရတဲ့ အေးမြတဲ့ မြင်ကွင်းခံစားချက်ကို သင် လက်နဲ့ထိမိတာနဲ့ခံစားနေရမှာပါ။ Screen 5.5 inches ဖြစ်ပြီးတော့  Camera သမားတွေအတွက်တော့ Back Camera 5MP နဲ့ Font 2MP ထည့်သွင်းပေးထားပြီး Original ပါတဲ့
Photo Effect ပြင်လို့ရတဲ့ Function တွေပါဝင်လို့ သင့်အနေနဲ့ Camera သုံးမယ့်သူဆို ၀ယ်လိုက်ပါ။ Internal Memory 8GBပါဝင်ပြီး Extrnal 64GB အထိထပ်စိုက်လို့ ရလို့Memory များများသုံးချင်
သူတွေအတွက် ၀ယ်သင့်တဲ့ဖုန်းပါ။Motion များကတော့ Double touch ဆိုပါဝါပွင့်တာ C ဆို ဖုန်းပွင့်တာ M ဆို Music ပွင့်တာ အစရှိတဲ့ gestrue တွေပါဝင်လို့ခေတ်မှီတဲ့ဖုန်းတစ်လုံးပါ။ခေတ်မှီ
တဲ့ဖုန်းကိုကြိုက်တဲ့လူငယ်တွေအတွက်တော့ဝယ်ယူသင့်တဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကိုအဓိကထားသူ သူငယ်ချင်းတွေနဲ့ ဒီဇိုင်းပြိုင်ချင်သူတွေအတွက်ကတော့  Huawei P8 ထက်
ဒီဇိုင်းပိုလန်းတဲ့ ဖုန်းလို့ယူဆမိတဲ့အတွက် ဒီဇိုင်းကို နှစ်သက်တဲ့သူတွေ တော့ လက်မလွှတ်သင့်ပါဘူး။Game ဆော့မှာလား HD game တွေဆော့နိုင်ပါတယ်။COC COK game တွေကို Gmail နဲ့
အကောင့်ချိတ်ဆက်ဆော့နိုင်ပါတယ်။မြန်ဆန်မူကတော့ CPU ကို Quad-Core 1.5 နဲ့လုပ်ထားလို့ မြန်ဆန်တာကတော့ Second ပိုင်းအတွင်းခိုင်းစေသမျှကို လုပ်ဆောင်နိုင်ပါတယ်။RAM 1GB သုံးထားပေး
ပါတယ်။မှန်သားကတော့ တန်ဖိုးကြီးတဲ့ဖုန်းတွေမှာတပ်ဆင်တဲ့ Gorilla Glass ကိုတပ်ဆင်ပေးထားပြီး Super AMOLED LCD ကိုသုံးထားလို့ Graphit ပိုင်းမှာတော့သင့်ကိုဆွဲဆောင်နေမှာပါ။
မှန်သားကလည်းချောမွေ့  LCD ကလည်းကောင်း ကိုယ်တိုင်ကလည်းချောမွေ့လေးထောင်ဆန် ဒီလိုဖုန်းကို အိမ်မက်ထဲထည့်မက်ရင်တောင်မနက်ချက်ခြင်းဝယ်ချင်သွားမယ်ဗျာ။

ဘာတွေလုပ်ပေးလဲ လက်ဆောင်ကကောဘာတွေလဲ ဈေးနူန်းကကော ဘယ်လောက်လဲ?
-----------------------------------------------------------------------------------------------------------------
ဟုတ်ကဲ့ပါ။ Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။

နယ်ပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ပို့ခ အခမဲ့ဖြင့် ၇န်ကုန်ဆို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ရှင်းပြပေးပါတယ်။နယ်သမားများအတွက်တော့ ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးပါတယ်။
ဈေးနူန်းကတော့ 1xxxxx ဖြစ်ပါတယ်။

Model V8 Smarphone
--------------------------------



ကောင်းတာတွေပြောလွန်းလို့ လူတောင် ဗိုက်ဆာနေသလိုပဲလို့ပြောရမလိုပဲ နောက်ထပ်ထပ်လာတဲ့ V8 Smartphone ကလည်း ဒီဇိုင်းပိုင်းကလည်း ပါးချပ်ချပ်နဲ့ ရွှေရောင်ဒီဇိုင်းဆို ရင်
Mi ဒီထဲက Mi4c နဲ့သွားတူနေတယ်လို့ပြောရမယ်ဗျ။ Screen 5.5 inches ဖြစ်ပြီးတော့  Back Camera 5.0MP နဲ့ Font Camera 2MP ပါဝင်ပါတယ် ။ပါးချက်ကတော့ အစောပိုင်းက X9 နဲ့ V9 ထက်ကိုပါးသကိုးဗျ။
သူလည်းသူတို့လိုပဲ နည်းနည်းပဲကွာတယ် ။Camera သမားတွေအတွက်တော့ Back Camera 5MP နဲ့ Font 2MP ထည့်သွင်းပေးထားပြီး Original ပါတဲ့
Photo Effect ပြင်လို့ရတဲ့ Function တွေပါဝင်လို့ သင့်အနေနဲ့ Camera သုံးမယ့်သူဆို ၀ယ်လိုက်ပါ။ Internal Memory 8GBပါဝင်ပြီး Extrnal 64GB အထိထပ်စိုက်လို့ ရလို့Memory များများသုံးချင်
သူတွေအတွက် ၀ယ်သင့်တဲ့ဖုန်းပါ။Motion များကတော့ Double touch ဆိုပါဝါပွင့်တာ C ဆို ဖုန်းပွင့်တာ M ဆို Music ပွင့်တာ အစရှိတဲ့ gestrue တွေပါဝင်လို့ခေတ်မှီတဲ့ဖုန်းတစ်လုံးပါ။ခေတ်မှီ
တဲ့ဖုန်းကိုကြိုက်တဲ့လူငယ်တွေအတွက်တော့ဝယ်ယူသင့်တဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကိုအဓိကထားသူ သူငယ်ချင်းတွေနဲ့ ပါးလွှာတာခြင်းပြိုင်မယ်ဆိုရင်တော့ ပြိုင်လိုက်ပါ ဒီမော်ဒယ်က
ပါးလွှာတာကတော့ပြောစရာမလိုပါဘူး။လေးထောင့်ဆန်ပြီး ကိုယ်ထည်ကို Metal Frame နဲ့လုပ်ထားသေးပါတယ်။COC COK game တွေကို Gmail နဲ့
အကောင့်ချိတ်ဆက်ဆော့နိုင်ပါတယ်။မြန်ဆန်မူကတော့ CPU ကို Quad-Core 1.3 နဲ့လုပ်ထားလို့ မြန်ဆန်တာကတော့ Second ပိုင်းအတွင်းခိုင်းစေသမျှကို လုပ်ဆောင်နိုင်ပါတယ်။
RAM 1GB သုံးထားပေးပါတယ်။မှန်သားကတော့ တန်ဖိုးကြီးတဲ့ဖုန်းတွေမှာတပ်ဆင်တဲ့ Gorilla Glass ကိုတပ်ဆင်ပေးထားပြီးSuper AMOLED LCD ကိုသုံးထားလို့
Graphit ပိုင်းမှာတော့သင့်ကိုဆွဲဆောင်နေမှာပါ။


ဘာတွေလုပ်ပေးလဲ လက်ဆောင်ကကောဘာတွေလဲ ဈေးနူန်းကကော ဘယ်လောက်လဲ?
-----------------------------------------------------------------------------------------------------------------
ဟုတ်ကဲ့ပါ။ Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။

နယ်ပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ပို့ခ အခမဲ့ဖြင့် ၇န်ကုန်ဆို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ရှင်းပြပေးပါတယ်။နယ်သမားများအတွက်တော့ ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးပါတယ်။
ဈေးနူန်းကတော့ 9xxxx ဖြစ်ပါတယ်။


Model V7 Smartphone
----------------------------------



Model V7 ဖုန်းလေးကတော့ HTC အမျိုးအစားလေးနဲ့သွားတူပြီးတော့  Screen ကို အပြားတော်တော်ကြီးတာကိုမှကြိုက်တဲ့ ကိုကိုမမတွေအတွက်တော့ အရေးအသွေးပိုင်းနဲ့ Screen ကို
5.5 နဲ့ အကျယ်ကို တော်3.0 လောက်အကျယ်နဲ့ ဖုန်းလေးကတော့ ဂိမ်းသမားတွေနဲ့ ဆိုဒ်အကျယ် နဲ့ကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါဘူး ။ CPU 1.3 Quad-Core,RAM1GB,Internal 8GB
နဲ့ Extrnal 32up ဆိုဒ်နိုင်တယ်လေ။Camera ကလည်း 5.0MP Back နဲ့ Font 2.0MP ဖြစ်လို့သင့်အနေနဲ့ မျက်လုံးထဲမှာမြင်ကြည့်တာနဲ့သင်ဘယ်လိုပုံနဲ့အရေအသွေးကိုခံစားနေရပြီဆိုတာသင့်
ခံစားကြည့်လိုက်ပါ။ကျန်သော Motion တွေကတော့အရင်ဖုန်းတွေလိုပဲ့ Double touch ဆိုပါဝါပွင့်တာ C ဆို ဖုန်းပွင့်တာ M ဆို Music ပွင့်တာ အစရှိတဲ့ gestrue တွေပါဝင်လို့ခေတ်မှီတဲ့ဖုန်းတစ်လုံးပါ။
Touch နဲ့ LCD တွဲလျက်ဖြစ်နေလို့သင်တို့အနေနဲ့ မှန်ကွဲရင် မှန်ပဲလဲရမှာပါ LCD ကွဲရင် LCD ပါပဲ သက်သက်ဆီလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီဖုန်းရဲ့အားသာချက်ကတော့ ဒီ AOVO smartphone တွေ
ထဲမှာ Size အကြီးဆုံးနဲ့ဖုန်းကတော့ သူရဲ့ထူးခြားတဲ့ Super Power ပါပဲ။


ဘာတွေလုပ်ပေးလဲ လက်ဆောင်ကကောဘာတွေလဲ ဈေးနူန်းကကော ဘယ်လောက်လဲ?
-----------------------------------------------------------------------------------------------------------------
ဟုတ်ကဲ့ပါ။ Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။
ဈေးနူန်းကတော့ 9xxxx ဖြစ်ပါတယ်။

နယ်ပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ပို့ခ အခမဲ့ဖြင့် ၇န်ကုန်ဆို အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ရှင်းပြပေးပါတယ်။နယ်သမားများအတွက်တော့ ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးပါတယ်။

ကျန်တဲ့မော်ဒယ်တွေကတော့ Spec တွေရှင်းပြရင် နားလည်လိမ့်မယ်ထင်လို့ မော်ဒယ်ကလည်းများနေလို့အောက်မှာ သူတို့ Spec တွေကို ရေးပေးလိုက်ပါတယ်။


Model AO7 Smartphone
------------------------------------



Android Version  - 5.1
Internal Memory  -4GB(Extrnal 32 UP)
RAM                  -1GB
CPU                  -Quad-Core 1.3GHZ
Screen Size       -5.0 inches QHD Screen
Colour                -Gold,White
Price                 -78000
 Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။


Model AO5 Smartphone
------------------------------------






Android Version  - 5.1
Internal Memory  -8GB(Extrnal 32 UP)
RAM                  -1GB
CPU                  -DualCore 1.3GHZ
Screen Size       -5.0 inches QHD Screen
Colour                -Gold,White
Price                 -78000
 Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။

Model PO1 Smartphone
------------------------------------


Android Version  - 5.1
Internal Memory  -8GB(Extrnal 32 UP)
RAM                  -1GB
CPU                  -Quad-Core 1.3GHZ
Screen Size       -5.0 inches QHD Screen
Colour                -Gold,White
Price                 -80000
 Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။


Model VO1 Smartphone
------------------------------------


Android Version  - 5.1
Internal Memory  -8GB(Extrnal 32 UP)
RAM                  -1GB
CPU                  -Quad-Core 1.3GHZ
Screen Size       -5.0 inches QHD Screen
Colour                -Gold,White
Price                 -98000
 Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်

Model A11 Smartphone
------------------------------------

Android Version  - 5.1
Internal Memory  -8GB(Extrnal 32 UP)
RAM                  -1GB
CPU                  -Quad-Core 1.3GHZ
Screen Size       -5.0 inches QHD Screen
Colour                -Gold,White
Price                 -87000
 Power Bank ,SIM Card ,Bill Card,Memory 8GB ,Selfie Stickများလက်ဆောင်ပေးပြီးfacebook Account,Wechat-beetalk-viber,Line Account များဖွင့်ပေးပါတယ်။
လိုအပ်သော Softwareများထည့်သွင်းပေးပြီး ကစားလိုသော Game များထည့်သွင်ပေးပါတယ်။1



ဟန်းဆတ်အားလုံးကို အာမခံတစ်နှစ်ပေးထားပြီး Accessories များကိုလည်းပြည့်စုံအောင်လက်ဆောင်ထည့်ပေးပါတယ် Sparepart များကိုလည်း အပိုရှိပါသည်။
လက်ဆောင်များပြီး အရေးအသွေးစိတ်ချ ဒီဇိုင်းလုံးဝမိုက် ဈေးနူန်းသင့်တဲ့  Smart phone ကိုသင့်အနေနဲ့ဝယ်ယူသင့်ပါတယ်ဆိုတာကို ကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျ။
February  လ promotion အနေဖြင့် ၀ယ်ယူသူများအားလုံးကို ပေးသည့်လက်ဆောင်များကို တစ်မျိုးဆီကို
နှစ်ဆပေးသွားပါမည်။(Only 28.2.2017အထိသာ)

ဆက်သွယ်ရန်...
ဆွေသဟာ Mobile (မြောက်ဒဂုံ)
ဖုန်း-09-790281529,09428040776
Viber No:09428040776
မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး-ပင်လုံလမ်းမကြီး-နာရီစင်နဲ့ ၃၅မှတိုင်ကြား

မှတ်ချက်။ ။ ယခုကြေငြာကို ဆွေသဟာ Mobile မြောက်ဒဂုံမှကြေငြာခြင်းဖြစ်ပါသည်။



comments

♪ " 2016 သည် PC များအတွက် ခက်ခဲသော နှစ်တစ်နှစ်ဖြစ်ခဲ့ " ♫

Image may contain: screen and laptop

2016 သည်လည်း PC များအတွက် ခက်ခဲသော နှစ်တစ်နှစ်သာဖြစ်ခဲ့သည်။ PC တင်ဖို့ ရောင်းချမှုမှာ ဥရောပတွင် 6% ကျဆင်းခဲ့ပြီး Windows 10 သည်လည်း များစွာကူညီပေးနိုင်ခြင်းမရှိကြောင်း သိရသည်။ IDC ၏ စာရင်းများအရ ဥရောပတစ်ခွင် ရောင်းချခဲ့သော PC မှာ 72 သန်းသာရှိခဲ့ပြီး 2015 က 76 သန်းထိရှိရာမှ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများတွင် တောင်းဆိုမှုမြင့်မားသဖြင့် Notebook သည် desktop PC ထက် ရောင်းအားမြင့်မားခဲ့ပြီး Windows 10 သည်လည်း ထိုအချက်ကို မဟန့်တားနိုင်ခဲ့ဟု IDC မှ ဆိုခဲ့သည်။ ထိုအချက်မှာ အံ့သြစရာမဟုတ်ဘဲ Windows 10အား Free Upgrade ပေးခဲ့သဖြင့် PC ကို ချက်ချင်းအသစ်ဝယ်ယူရန် မလိုအပ်ခဲ့ပေ။

Desktop ရောင်းအားသည် မတည်ငြိမ်သည့်အပြင် ဆက်တိုက်ကျဆင်းနေပြီး EMEA မှ စုစုပေါင်း 6.9% ကျဆင်းခဲ့ကြောင်းဆိုသည်။ အဓိကမှာ အလွန်ပါးလွှာသော device များနှင့် ဆွဲဆောင်မှုရှိသော Chromebook များကြောင့် ပညာရေးကဏ္ဍတွင် အသုံးများလာကြသောကြောင့်ဟု IDC မှ ဆိုခဲ့သည်။

2016 စတုတ္ထ သုံးလပတ်အတွင်းတွင်မူ ဥရောပအနောက်ပိုင်းဈေးကွက်မှာ ကွဲပြားမှုများစွာရှိနေပြီး ထိုကာလတွင် PC ဈေးကွက်မှာ အနည်းငယ်တိုးတက်ခဲ့ကြောင်း တွေ့ရသည်။ IDC ၏ သတ်မှတ်မှုတွင် desktop, notebook နှင့် workstation များကို Traditional PC ဟု သတ်မှတ်ခဲ့ပြီး tablet နှင့် 2 in 1 device များ မပါဝင်ခဲ့ချေ။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

MI Note 3 MI Account problem Solution 100%

 

 

 အပေါ်ကအတိုင်းဖြစ်နေရင်ဖြေရှင်းနည်းလေးပါ ပြောမယ်နော်ကျွန်တော်တင်တဲ့ပို့စ်တွေက ကျွန်တော်စမ်းတာရှိသလိုသူများစမ်းတာကိုပြန်တင်ပေးတာလည်းရှိတယ် ။

For Window 32bit only
---------------------------

1.အရင်ဆုံး Fastboot mode မှာဖုန်းကို usbနဲ့pcနဲ့ချိတ်လိုက်ပါ။
2.bat file လေးကေို အောက်မှာ Download လုပ်ပါ Edl mode ရောက်ပါပြီ။
3.ရေးဖို့ flashtool ကိုဒေါင်းလိုက်ပါအုံး။
4.flashtool ကိုဖွင့်ပါ ပြီးရင် firmware ရွှေးပါ ပြီးရင် flashလိုက်ပါ။
အောက်မှာလည်း video file လေးတင်ပေးထားပါတယ်။




 Note: This phone can not be flashed via fastboot as its locked bootloader so
you can only flash via EDL mode

 


အောက်မှာ Video File ထည့်ပေးထားပါသေးတယ်။
 



Credit Rocky 
သီဟထိုက်
comments

♪ “Android 7.1 ဆီက ဘာတွေရမလဲ” ♫

Image may contain: text

Android ကို နှစ်စဉ် update လုပ်လာလိုက်တာ ၂၀၁၆ ခုနှစ်ကုန်မှာ Android 7 ထွက်လာပါတယ်။ ဒါပေမယ့် စမတ်ဖုန်းနဲ့ တက်ဘလက်ထုတ်လုပ်သူတွေက Android ကို Google ကထုတ်ပေးတဲ့ပုံစံ အတိုင်းမသုံးဘဲ ကိုယ့်ကုမ္ပဏီရဲ့ မူပိုင်ဟန် တွေပါထည့်ပြီး ထုတ်လုပ်ကြတာကြောင့် ၂၀၁၆ခုနှစ်အကုန် ၂၀ ထဲမှာ Android 7.1 သုံးတဲ့စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို မတွေ့သ လောက်ပါပဲ။ ၂၀၁၇ ခုနှစ် နွေရာသီထဲမှာဖြင့် မိုဘိုင်းဖုန်းကုမ္ပဏီ အသီးသီးက ကိုယ်ပိုင်အပြင်အဆင်နဲ့ မွမ်းမံဆင်ယင်ထားတဲ့ Android 7.0 သုံးစမတ်ဖုန်းနဲ့ တက်ဘလက်တွေထုတ်လုပ်ကြပါတော့မယ်။ Android version အသစ် ထွက်တာ နှစ်လသုံးလကြာသွားပြီမို့ Version update လည်း လုပ်လာပါတယ်။ စမတ်ဖုန်းတွေပေါ်မှာမြင်ရမယ့် Android က 7.1.1 ပါ။ Android 7.0 က Android 6.0 ထက် အားသာချက်ရှိတာအမှန်ပါပဲ။ Android 7.1 ဆီက ဘယ်လိုအသုံးတည့်တာတွေရမှာလဲ

အခြေခံပိုင်းကိုကြည့်ရင် Android version အားလုံးနီးပါးမှာ Easter Egg game ကပါတာချည်းပါပဲ။ အသုံးမတည့်လို့ ဖွင့်မကြည့်ကြတာလည်းပါတယ်။ Android ဖုန်းသုံးသူအတော်များများဆိုရင် အဲဒါကြီးကို ရှိမှန်းတောင် မသိကြ ပါဘူး။ Android 7.1 မှာပါလာတာက Feline version Easter Egg ပါ။ သူ့ကိုရှာရတာ Pokemon Go ကစားရသလိုပါပဲ။ Setting>About Phone ကိုဖွင့် Android version ဖော်ပြထားတဲ့နေရာမှာ လက်နဲ့တစ်ချက်ပြီး တစ်ချက် နှိပ်ပါ။ လက်နဲ့သုံးလေးချက် ဆက်တိုက် နှိပ်ပြီးရင် ကြာကြာလေး နှိပ်ပါ။ Android N Logo တန်ခိုးပြပါလိမ့်မယ်။ ဘာတွေမြင်ရမလဲ ကြည့်လိုက်ပါ။Android 7.1 မှာ ထူးခြားလာတာက Folder နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ အရင်ကဆိုရင် Folder လုပ်ဆောင်ချက်တွေ ပြည့်ပြည့်စုံစုံသုံးချင်ရင် Third Party APK တွေကိုအားကိုးခဲ့ရပါတယ်။ ဒါပေမယ့် Android ဖုန်းသုံးသူ အတော်များများက ဖုန်းကို အရှိအတိုင်းသုံး တာများပြီး ကိုယ့်စိတ်ကြိုက်ပြုပြင်တဲ့ Customigation လုပ်လေ့မရှိတာ ကြောင့် folder လုပ်ဆောင်ချက် မပြည့်စုံတာကို သတိတောင်မထားမိပါဘူး။

Android 7.1 ရဲ့တိုးတက်လာတဲ့ folder လုပ်ဆောင်ချက်ကို စမ်းသပ်ဖို့ Home screen ရဲ့ အောက်ခြေမှာရှိတဲ့ Five app icons ကို အလှည့်အပြောင်းလေး တွေလုပ်ကြည့်ကြပါမယ်။ ဂိမ်းသမားဆိုရင် ကိုယ်အမြဲကစားတဲ့ဂိမ်းတွေကို Drag ဆွဲလာ ပြီး စုစည်းမယ့် Folder တစ်ခုကို ဖန်တီးပါမယ်။ ပြီးရင်အဲဒီ Folder ကို ကြာကြာလေးဖိထားပြီး Home Screen အောက်ခြေက icon bar နေရာကိုဆွဲယူလာပြီး လွှတ်ချလိုက်ပါမယ်။ ဂိမ်းတွေကို တစ်နေရာစီ လိုက်ရှာ စရာမလိုဘဲ Home screen ကနေ အလွယ်တကူဖွင့်ပြီး ကစားလို့ ရတာပေါ့။


ဖုန်းကိုအမြန်ဆုံးဖွင့်ပြီး ဓာတ်ပုံရိုက်နိုင်စေမယ့် စွမ်းဆောင်ချက်ဟာ Android 7.1 မှာထူးထူးခြားခြားပါလာပါတယ်။ အရင်ကဆို ဒီစွမ်းဆောင်ချက်ကို သက်ဆိုင်ရာဖုန်းကုမ္ပဏီက ဖန်တီးပြီးထည့်ပေးရတာပါ။ ပါဝါဖွင့် ပြီးတာနဲ့ ကင်မရာဆီ တန်းဝင် နိုင်စွမ်းမရှိတဲ့စမတ်ဖုန်းတွေဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ပုံကောင်းလေးတွေရိုက်ဖို့ လက်လွှတ်တတ်ပါတယ်။ Android 7.1 မှာဆိုရင် ပါဝါခလုတ်ကို နှစ်ချက်ဆက်ပြီး နှိပ်လိုက်ပါ။ Camera app ထဲ တန်းရောက် သွားပါမယ်။ ကင်မရာအဖွင့်အပိတ်ကို Power ခလုတ်ကနေပြီး အဖွင့်အပိတ် လုပ်ချင်ရင် Setting>moves ထဲကနေ ၀င်ပြီးသတ်မှတ်ချက်ပေးထား ရပါမယ်။

ဖုန်းသုံးစွဲသူတွေမှာ App တွေပေးတဲ့ Notification တွေကြောင့် မကြာခဏ စိတ်ကသိအအောက်ဖြစ်တာကို Google ကသိထားပါတယ်။ ဒါကြောင့် Android 7.1 မှာ App တွေကပေးတဲ့ Message ကိုအလွယ်တကူ ရှင်းပစ်ဖို့ လုပ်ထားပါတယ်။ တကယ်အသုံးကျတဲ့ App တွေကပေးတဲ့ Message တွေက အသက်သွေးကြောတမျှ အရေးပါပါတယ်။ ဒါပေမယ့် ဂိမ်းတွေက Version မြှင့်ဖို့ပေးတဲ့ Message တွေကအသုံးမတည့်ပါဘူး။ စိတ်ကသိကအောက် ဖြစ်စရာ App တွေပေးတဲ့ Message တွေကို ပိတ်ဆို့ရတာ Android 7.1 မှာ ပိုပြီးလွယ်လာပါတယ်။ ပေါ်လာတဲ့ Notification ပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Notification ကို အသံမမြည်အောင် Silent လုပ်ထားနိုင်သလို လုံးဝမပေါ်အောင် Block လည်းလုပ်နိုင်ပါတယ်။ Android 7.1 ဟာ Playlist တွေကိုလည်း ချက်ချင်းဖော်ပြပေးလာနိုင်ပါတယ်။ အခုအချိန်မှာ iPhone ရဲ့ 3D Touch gesture လောက်ကို Android မမှုတော့ပါဘူး။ အပိုဆောင်း Hardware တွေထပ်ထည့်စရာမလိုဘဲ 3D Touch စွမ်းဆောင်ရည် ကို ထည့်ပေးလာနိုင်ပါတယ်။ Playlist ကိုပြပေးနိုင်ဖို့အတွက် Play Music icon ပေါ်မှာ လက်နဲ့ကြာကြာလေးဖိထားလိုက်ပါ။ Play List တစ်ခုကို ကြုံသလို ကောက်ဖွင့်နိုင်ဖို့ကိစ္စဟာ လက်နဲ့တစ်ချက်ထောက်ရုံနဲ့ ကိစ္စပြီးပါတယ်။ Android 7.1 မှာ သိသိသာသာ သတိထားမိမှာက Help စနစ်ဖြစ်ပါတယ်။

အရင်ကဆို Android ဖုန်းမှာ ပြဿနာပေါ် ရင် နည်းပညာကျွမ်းကျင် တဲ့သူငယ်ချင်း၊ ဒါမှမဟုတ် Service Center ကိုအားကိုးရပါတယ်။ ကိုယ့် ဘာသာကြိုးစားချင်ရင် အင် တာနက်ဖိုရမ်ထဲ ၀င်မွှေပေါ့။ အခုအချိန်မှာ Android 7.1 ထဲဝင်ပြီး Help ကိုရှာနိုင်ပါပြီ။ Setting ထဲမှာ Support အနေနဲ့ပါပါ တယ်။ အင်တာနက်ချိတ်ပြီး Google က ပညာရှင်တစ်ယောက် ယောက်နဲ့ Live Chat လုပ်နိုင်တယ်။ သိချင်တာမေးနိုင်ပါတယ်။ အင်တာနက်ခ ကုန်ပေမယ့် မေးခတော့ကုန်ကျမှာမဟုတ်ပါဘူး။


ဘက်ထရီကို အထိရောက်ဆုံးသုံးအောင် လုပ်ပေးတာကိုဖြင့် Android ဖုန်းသုံးသူတွေ သဘောကျမှာပါ။ အရင်ကဆိုရင် ဒီစွမ်းရည်ဟာ Android နဲ့အတူ တစ်ပါတည်းမပါပါဘူး။ သက်ဆိုင်ရာ ဖုန်းကုမ္ပဏီကထည့်ပေးမှ ရတာပါ။ တစ်ခါတစ်ခါ Third Party App တွေရဲ့ အကူအညီယူရတာမျိုးလည်း ရှိပါတယ်။ အခုဆိုရင် ဘက်ထရီလက်ကျန် ၅% ပဲရှိတော့တာ နဲ့ Battery saver mode ကိုနှိပ်ထားနိုင်ပါတယ်။ အနည်းဆုံးနေ့တစ်ဝက်စာလောက် Standby နေနိုင်ပြီး ဖုန်းလေးငါးမိနစ်စာလောက် ပြောနိုင်ပါမယ်။


ဘက်ထရီ စားတဲ့အထဲမှာ Facebook က အဆိုးဆုံးပါ။ ရေပိုက်က ရေလွှတ်ချ လိုက်သလို ဘက်ထရီပါဝါကို တရဟော စားပါတယ်။ မိုဘိုင်း Data ကို ကန့်သတ်ပြီး Facebook ကိုအတိုင်းအတာနဲ့ အလုပ်လုပ်အောင် ထိန်းနိုင် ပါတယ်။ Setting> Apps>Facebook>data usage ကတစ်ဆင့်ဝင်ပြီး ထိန်းပေးရပါမယ်။ ဘယ်လိုပဲထိန်းထိန်း ဘက်ထရီအရမ်း အားနည်းလာပြီး ထိန်းသုံးရတော့မယ်ဆိုရင် ကိုယ့်ဘက်ထရီ အချိန်ဘယ်လောက်လက်ခံ နိုင်မယ်ဆိုတာ သိဖို့လိုလာပါတယ်။ ဒီကိစ္စအတွက် Notification drop-down ဘားက battery icon နေရာမှာ တစ်ချက်ခေါက်ရပါမယ်။

နောက်ထပ်အချိန်ဘယ်လောက်ကြာရင် ဘက်ထရီအား ကုန်နိုင်တယ် ဆိုတာကို Graph နဲ့တကွပြသပေးပါမယ်။ Android 7.1 ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်က တစ်ပြိုင်တည်းမှာ App နှစ်ခုသုံးနိုင်တာဖြစ်ပါတယ်။ App နှစ်ခု တစ်ပြိုင်တည်းသုံးနိုင်သလို Website နှစ်ခုကိုလည်းတစ်ပြိုင်တည်း သုံးနိုင်ပါမယ်။ App နှစ်ခု သုံးဖို့အတွက် ပထမဆုံးသုံးမယ့် App တစ်ခုကို ခေါ်တင်ပါ။ ပြီးရင်မြင်နေရတဲ့လေးထောင့်ကွက်လေးပေါ်မှာ ကြာကြာ ဖိထားလိုက်ပါ။ ပြီးရင်ဒုတိယသုံးမယ့် App ကို icon နှိပ်ပြီးရွေးပေးပါ။ Screen မျက်နှာပြင်ထက်ဝက်စီကို အဲဒီ App နှစ်ခုကမျှပြီး နေရာယူပါမယ်။ Website နှစ်ခုကိုကြည့်ဖို့ Browser ကိုဖွင့်ပြီး Webpage တစ်ခုကိုခေါ်တင်ထားလိုက်ပါ။ ပြီးရင် မြင်နေရတဲ့လေးထောင့်ကွက်ကို ကြာကြာဖိထားပါ။ ပြီးရင် (Chrome ဆိုပါစို့) Browser ရဲ့အပေါ်ညာဘက်ထောင့်မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပါ။ ကျလာတဲ့အကွက်ထဲကနေ Move to other Window ကိုရွေးပေးလိုက်ပါ။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

မှတ်ပုံမတင်ရသေးသော MPT , Telenor, Ooredoo,Mec Sim Card များ " ဆွေသဟာ Mobile " တွင် လာရောက်မှတ်ပုံတင်နိုင်ပြီ။

မင်္ဂလာပါ ဆွေသဟာ Mobile(မြောက်ဒဂုံ) မှကြိုဆိုပါတယ်။  လူကြီးမင်းတို့ရဲ့ မိုလ်ဘိုင်းဖုန်းဆင်းကဒ်များမှာ
၃လပိုင်းမကုန်မှီ SIM မှတ်ပုံတင်ရမှာဖြစ်ပါတယ်။မတင်မိဘဲ ထားပါက စည်းကမ်းအတိုင်း SIM Card များကို
ပိတ်သွားမှာဖြစ်ပါတယ်။1500 တန် Sim card မှအစ စာချူပ်နဲ့လုပ်ထားသမျှ SIM Card အဆုံး အားလုံးကို
မှတ်ပုံတင်ပေးရမှာဖြစ်ပါတယ်။အကြောင်းမှာ Network Security အရ တင်ခိုင်းခြင်းဖြစ်ပါသည်။
ဒီလို မှတ်ပုံတင်ရာတွင် Operator office နှင့်သက်ဆိုင်ရာကိုယ်စားလှယ်များထံတွင် လည်းမှတ်ပုံတင်နိုင်ပါတယ်။သို့ပေမယ့်အများစုအားဖြင့် အခက်အခဲဖြစ်နေသဖြင့် " ဆွေသဟာMobile" မှ
အများပြည်သူများအားကူညီပေးခြင်းဖြစ်ပါတယ်။
Sim Card မှတ်ပုံတင်ရာတွင် (မူရင်းမှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီးတင်လိုသည့် SIM Card များကို ပါ
ယူဆောင်ခဲ့ရမည်ဖြစ်သည်။
Ref: ဆွေသဟာ Mobile
post by thihahtike 
အသေးစိတ်သိရှိလိုပါက
09-790281529

ဆွေသဟာ Mobile (မြောက်ဒဂုံ)
၃၅မှတ်တိုင်နှင့်နာရီစင်မှတ်တိုင်ကြား

စာဖတ်ပရိတ်သတ်ကြီးကို
လေးစားလျက်
comments