♪ " Samsung Galaxy S8 Active VS Samsung Galaxy S8 Plus " အဆင့်မြင့်စမတ်ဖုန်းနှစ်လုံးကိုနှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: phone

ဈေးကွက်ထဲမှာ လူစိတ်ဝင်စားနေကြတဲ့ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာပါဝင်တဲ့ Samsung Galaxy S8 Active နဲ့ S8 Plus ဆိုတဲ့ ဖုန်း 2 လုံးကို ဒီတစ်ပတ်မှာ နှိုင်းယှဉ်ပြောပြသွားမှာ ဖြစ်ပါတယ်။ ၄င်းဖုန်း 2 လုံးကို 4 လလောက်ခြားပြီး ထုတ်လုပ်ပေးခဲ့ပြီး ၎င်းဖုန်း 2 လုံးက တူညီတာတွေများပြားပြီး ဒီဇိုင်းပုံစံ၊ မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီစွမ်းအားတွေမှာပဲ အဓိကကွာခြားပါတယ်။ ဒီဇိုင်းပုံစံမှာ S8 Plus က Premium ကျကျနဲ့ လှပခန့်ညားပြီး S8 Active ကတော့ အကြမ်းခံတဲ့ တောင့်တောင့်တင်းတင်းကိုယ်ထည်ဖြစ်အောင် တည်ဆောက်ပေးထားတာ တွေ့ရပါတယ်။ ကျန်တဲ့အရည်အသွေးပိုင်းကတော့ ဘာမှသိပ်မကွာခြားပါဘူး။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Nano SIM card ကို ထည့်သုံးနိုင်ပါတယ်။ ဖုန်း 2 ခုလုံးရဲ့ နောက်ကျောဘက်မှာ fingerprint sensor ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာ S8 Active က Non-removable Li-Ion 4000 mAh battery ပါရှိပြီး S8 Plus မှာတော့ Non-removable Li-Ion 3500 mAh battery ကိုသာ ထည့်သွင်းပေးထားပါတယ်။

* Design *

1. Samsung Galaxy S8 Active

Samsung S8 Active ရဲ့အရွယ်အစားက 151.9 × 74.9 × 9.9 mm ဖြစ်ပြီး 208.1g လေးပါတယ်။ ဒါကြောင့် တော်တော်လေးကိုထူပြီး လေးပါတယ်။ ၎င်းကို မီးခိုးရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 2 မျိုး ရရှိနိုင်ပါတယ်။

2. Samsung Galaxy S8 Plus

Samsung S8 Plus ရဲ့အရွယ်အစားကတော့ 159.5 × 73.4 × 8.1 mm ရှိပြီး 173g အလေးချိန် ရှိပါတယ်။ ဒါကြောင့် S8 Active ထက် ပိုမိုပါးလွှာပေါ့ပါးပါတယ်။ သူ့ကိုတော့ အမည်း၊ မီးခိုး၊ ငွေရောင်၊ အပြာ၊ ရွှေရောင်နဲ့ ပန်းရောင်တွေကို ရွေးချယ်နိုင်ပါတယ်။

* Processor *

1. Samsung Galaxy S8 Active

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 4GB ပါရှိတဲ့ Snapdragon 835 Octa-core (4×2.35GHz Kryo & 4×1.9GHz Kryo) processor နဲ့ Adreno 540 GPU တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာပါ။

2. Samsung Galaxy S8 Plus

၎င်းမှာလည်း တူညီတဲ့ RAM စွမ်းအား၊ Chipset နဲ့ Processor တို့ကို သုံးထားတဲ့အပြင် အသုံးပြုထားတဲ့ Graphics Card ကလည်း အတူတူပါပဲ။ ဒါကြောင့် လုပ်ဆောင်နိုင်စွမ်းက တူညီမှုရှိတာကို တွေ့ရပါတယ်။

* Display *

1. Samsung Galaxy S8 Active

မျက်နှာပြင်အကျယ် 5.8-inch ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1440×2560 pixels ရှိပြီး 1 လက်မ သိပ်သည်းဆက ~506 ppi pixels ပမာဏတောင် ရှိပါတယ်။

2. Samsung Galaxy S8 Plus

သူက မျက်နှာပြင်အကျယ် 6.2-inch တောင်ရှိပြီး သုံးစွဲထားတဲ့ မျက်နှာပြင်အမျိုးအစားကတော့ အတူတူပါပဲ။ ၎င်းမျက်နှာပြင်ကလည်း S8 Active နဲ့တူညီတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်သလို Multitouch စနစ်ကိုလည်း ဖုန်း 2 လုံးစလုံးမှာ သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Samsung Galaxy S8 Active

Samsung Galaxy S8 Active က အဆင့်မြင့်နောက်ဆုံးပေါ်စမတ်ဖုန်း တစ်လုံးကို ကိုယ်ထည်တောင့်တောင့်တင်းတင်းနဲ့ အကြမ်းခံနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ သူက ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိသလို ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်တာကြောင့် ခရီးကြမ်းတွေသွားတဲ့အခါမှာလည်း သုံးနိုင်ပါတယ်။

2. Samsung Galaxy S8 Plus

Samsung Galaxy S8 Plus ကတော့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းကို ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Premium ကျကျ ကိုင်ချင်တဲ့သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဈေးနှုန်းက မြင့်မားပေမယ့် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ Xiaomi က 3GB RAM ပါတဲ့ Redmi 4a Model အသစ်ကို မိတ်ဆက် ♫


ရှောင်မီက မူလ Redmi 4a ထက် စွမ်းရည်အနည်းငယ် မြင့်မားတဲ့ မော်ဒယ် အသစ်တစ်လုံးကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ မူလ မော်ဒယ်မှာ 2GB RAM ထည့်သွင်းထားပြီး မော်ဒယ် အသစ်မှာ 3GB RAM ဖြင့် အဆင့်မြှင့်တင်ထားပါတယ်။ ဒါ့အပြင် မော်ဒယ် အသစ်မှာ 32GB Internal Storage ထည့်သွင်းထားပါတယ်။

မော်ဒယ် အသစ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး အိန္ဒိယ ရူပီး ၇၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မူလမော်ဒယ်ကို Amazon India ကနေသာ ရူပီး ၆၀၀၀ ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး မြန်မာငွေ အားဖြင့် ၁၂၅ ၀၀၀ ၀န်းကျင် ကျသင့်ပါတယ်။ မော်ဒယ် အသစ်ကိုတော့ Mi.com , Flipkart, PayTM, TataCLIQ, Amazon India တို့ ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

မော်ဒယ် အသစ်ရဲ့ အခြား Specifications များဟာ မူလမော်ဒယ်နဲ့ တူညီပါတယ်။ မော်ဒယ် အသစ်မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Quad-Core Snapdragon 425 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Hybrid SIM Slot တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။ 3120mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ Android မှာ Slow Motion Video များကို ရိုက်ကူးနည်း ♫


Slow Motion Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်ကို တန်ဖိုးကြီး Android Device များမှာသာ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် အနှေးဗီဒီယိုများ ရိုက်ကူးပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Apps များစွာ ထွက်ပေါ်လာပါပြီ။

၁။ Reaction Slow Motion Pro

သူက အရည်အသွေး လျော့ကျခြင်း မရှိဘဲ အနှေးဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် Blur ဖြစ်ခြင်း မရှိပါဘူး။ သူ့မှာ အနှေး ဗီဒီယိုရိုက်ကူးနိုင်တဲ့ ပရိုဖိုင်များစွာ ရှိပြီး တစ်ခုကို အခမဲ့ ပံ့ပိုးပေးထားပါတယ်။ အခြား ပရိုဖိုင်များကို သုံးချင်ရင်တော့ အခပေးရမှာ ဖြစ်ပါတယ်။ သင့် ဗီဒီယိုမှ အနှေးပြကွက် ဖန်တီးမယ့် နေရာကို သတ်မှတ်နိုင်ပါတယ်။ မဖန်တီးခင်မှာလည်း အကြိုကြည့်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။
Download

၂။ Slow Motion Video FX
သူက အနှေး ဗီဒီယို အပြင် အမြန် ဗီဒီယိုများကိုပါ ဖန်တီးပေးနိုင်ပါတယ်။ ဖန်တီးထားတဲ့ ဗီဒီယိုများကို YouTube or Instagram တို့မှာ မျှဝေနိုင်ပါတယ်။ ဗီဒီယိုတစ်ခုရဲ့ အနှေး သို့မဟုတ် အမြန်နှုန်းကိုလည်း သူ့မှာ သင့် စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ အရာဝတ္ထုများ၊ တိရိစ္ဆာန်များရဲ့ အနှေး၊ အမြန် ဗီဒီယိုများကို ဖန်တီးခြင်းဖြင့် ပျော်ရွှင်စေမှာဖြစ်ပါတယ်။
Download

၃။ SloPro
Slow Motion Video များကို ရိုက်ကူး၊ တည်းဖြည်ပြီး သူငယ်ချင်းများနဲ့ မျှဝေဖို့အတွက် SloPro က အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ အနှေးပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အမြန်ဗီဒီယိုများကိုလည်း သူက ဖန်တီးပေးနိုင်ပါတယ်။
Download

၎။ Slow Motion Free
Slow Motion Free က အနှေး ဗီဒီယိုများကို ရိုက်ကူးပေးနိုင်တဲ့ အပြင် သင့်ဖုန်းမှ ဗီဒီယိုများရဲ့ အနှေးဗီဒီယိုများကို ကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုများရဲ့ အနှေးနှုန်းကိုလည်း စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။
Download




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ BV 8000 Rugged ရဲ့ အနက်ပုံစံဒီဇိုင်းနဲ့ smartphone ကို ဒေါ်လာ 230 နဲ့ ဈေးလျှော့ရောင်းချ ♫


Rugged smartphones ကို ဒီနေ့မှာ အထူးလျှော့ဈေးနဲ့ စတင်ရောင်းချလိုက်တာဖြစ်ပါတယ်။ အဲဒီ ဖုန်းဟာ IPv67 နဲ့ IPv68 ထောက်ခံချက်ရထားပြီး ဖုန်းဟာ ကြီးမားခြင်းနဲ့ အကာအကွယ်ထူထဲခြင်းတို့ကြောင့် ရုတ်တရက် ပြုတ်ကျခြင်းနဲ့ ထိခိုက်မှုတွေအတွက် ဖုန်းအနာအဆာကို လျှော့ချပေးမှာဖြစ်ပါတယ်။

Specs အနေနဲ့ 6+64 RAM/ROM နဲ့ 5” 1080p Gorilla Glass 3 Display အပြင် 4000mAh battery တို့ပါဝင် ဖြစ်ပါတယ်။နောက် ကင်မရာက 16 MP နဲ့ ရှေ့ကင်မရာက 8 MP ဖြစ်ပါတယ်။ MTK6757CD processor ဖြစ်ပြီး 2.3 GHz ဖြစ်ပါတယ်။

မူလဈေးက $278 ဖြစ်ပြီး ယခု ရောင်းချလိုက်တဲ့ဈေးမှာ $233 နဲ့ ရောင်းချပြီး coupon code BLV007 ကူပွန်ပေးပါတယ်။ ဒါဟာ သြဂုတ် ၃၁ ရက်နေ့ အထိသာ ဈေးလျှော့တဲ့ကာလဖြစ်ပါတယ်။ မူရင်းဈေးမှာ မြန်မာငွေနဲ့ဆို 383000 ကျပ် ဖြစ်ပြီး ဈေးလျှော့တဲ့ကာလမှာဆိုရင် ၃၂၀၀၀၀ ကျပ် ခန့်သာရှိပါတယ်။

အာရှ နဲ့ အရှေု့တောင်အာရှဈေးကွက်မှာ ၀င်ရောက်လာတာ သိတ်မကြာသေးပေမယ့် ရှောင်မီလိုမျိုး လူကြိုက်များလိမ့်ဦးမယ် လို့ ခန့်မှန်းနေကြတဲ့ ဖုန်းအမျီုးအစားတစ်လုံးလည်း ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ Samsung Galaxy S8 နဲ့ Xiaomi Mi 6 ကို နှိုင်းယှဉ်သုံးသပ်ကြည့်ခြင်း ♫


Galaxy S8 နဲ့ Mi 6 ဟာ Samsung နဲ့ Xiaomi တို့ရဲ့ အကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ S8(64GB) ရဲ့ ဈေးနှုန်းဟာ ၁၀ သိန်း ၅ သောင်း ၀န်းကျင်ရှိပြီး Mi 6 (64GB )ကတော့ ၅ သိန်း ၅ သောင်း ၀န်းကျင်သာရှိတဲ့အတွက် ထက်ဝက်ခန့် ဈေးကွာခြားပါတယ်။ Specifications များကတော့ သိပ်ကွာခြားမှု မရှိတဲ့အတွက် တန်ဖိုးကြီးတဲ့ S8 ဟာ ရွေးချယ်သင့်ရဲ့လား ? S8 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စွမ်းရည်များက ဒီဈေးကို ပေးဖို့ တန်ရဲ့လား ? အဲဒီ မေးခွန်းတွေရဲ့ အဖြေကို ဒီ Comparison မှာ သင်ရှာတွေ့နိုင်ပါတယ်။

S8 နဲ့ Mi 6 တို့မှာ လှပတဲ့ မျက်နှာပြင်များ တပ်ဆင်ထားပါတယ်။ S8 မှာ 18.5:9 Aspect Ratio ပါတဲ့ ၅.၈ လက်မ Infinity Display နဲ့ Mi 6 မှာ သမားရိုးကျ 16:9 Aspect Ratio ပါတဲ့ ၅.၁၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ အဲဒီအတွက် S8 က Mi 6 ထက် အရွယ်အစား ပိုမို ကြီးမားပါတယ်။ ဖုန်း ၂ လုံးမှာ Fingerprint Scanner , USB-C များ ပါပေမယ့် S8 မှာ Iris Scanner အပိုပါပါတယ်။ နောက်ထပ် ကွာခြားချက်မှာ အနောက်ကင်မရာ ဖြစ်ပြီး S8 မှာ ၁ လုံးနဲ့ Mi 6 မှာ ၂ လုံး ပါပါတယ်။ ဒီဇိုင်းအပိုင်းမှာ S8 ဟာ Mi 6 ထက် အလွန် ထူးခြားဆန်းသစ်ပါတယ်။ ထွက်ဖူးသမျှ စမတ်ဖုန်းများထဲမှာတောင် S8 က အလှပဆုံးဖြစ်ပါတယ်။

Specifications

Samsung Galaxy S8
S8 ဟာ ၂၀၁၆ ခုနှစ်မှ Note 7 ပေါက်ကွဲမှုကြောင့် သိက္ခာကျခဲ့ရခြင်းကို ပြန်လည် ဖာထေးမယ့် Samsung ရဲ့ မျှော်လင့်ချက်ပါ။ သူ့မှာ Infinity Display အသစ်ကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်မှာ ဘေးဘောင်များ မပါရှိဘဲ အထက်နဲ့ အောက်မှ ဘေးဘောင်များကိုလည်း အလွန် ပါးလွှာအောင် ဖန်တီးထားတဲ့ ဒီဇိုင်းက ခမ်းနားလှပပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ အလွန်ပါးလွှာတဲ့ ဘောင်မှာ Earpiece, Selfie Camera, Proximity Sensor တို့ကို တပ်ဆင်ထားပါတယ်။ ဒါပေမယ့် မျက်နှာပြင်အောက်မှာတော့ Home Button နဲ့ အခြား ခလုတ်နှစ်ခုကို ဖယ်ရှားထားပြီး On-Screen Buttons များသာ ထည့်ပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက် ကင်မရာရဲ့ ညာဘက်မှာ ရွှေ့ပြောင်း အထိုင်ချထားပါတယ်။

S8 မှာ ၅.၈ လက်မ Super AMOLED Infinity Display တပ်ဆင်ထားပြီး 2960×1440 Resolution ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ကို Corning Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ S8 ကို မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ အမေရိကန်မှာ Snapdragon 835 ပါတဲ့ မော်ဒယ်နဲ့ နိုင်ငံတကာမှာ Exynos 8895 ပါတဲ့ မော်ဒယ်တို့ကို ရောင်းချမှာပါ။ 4GB RAM, 64GB Storage, microSD Slot များ ပါပါတယ်။

ဆော့ဖ်ဝဲ အပိုင်းတွင် S8 မှာ Android 7.0 Nougat ထည့်သွင်းထားပြီး Android O ကို အဆင့်မြှင့်နိုင်မယ်လို့ ထင်ရပါတယ်။ Samsung Connect Software ပါပြီး အခြား Samsung Device များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ပါပါတယ်။ Bixby က အွန်လိုင်းမှာ ရှာဖွေမှုများပြုလုပ်နိုင်တဲ့ အပြင် ဖုန်းကင်မရာကနေ အထင်ကရ အဆောက်အဦးတစ်ခုကို ချိန်ရွယ်လိုက်တာနဲ့ သတင်းအချက်အလက် အသေးစိတ်ကို ပြသပေးပါတယ်။

S8 ရဲ့ အနောက်ဘက်မှာ Dual Pixel 12MP Camera ၁ လုံး တပ်ဆင်ထားပြီး Phase Detection Autofocus , LED Flash, Auto HDR, Optical Image Stabilization များ ပါပါတယ်။ အရှေ့ဘက်မှာ မြင်ကွင်းကျယ် Lens ပါတဲ့ 8MP Autofocus Camera ၁ လုံး ပါပါတယ်။ 3000mAh Battery တပ်ဆင်ထားပြီး Quick Charge 3.0 ပါပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။

Xiaomi Mi 6
Xiaomi ဟာ ဒီဇိုင်းလှပမှုကြောင့် နာမည်ကြီးပါတယ်။ Mi 6 ကလည်း ချွင်းချက်မရှိ လှပတဲ့ စမတ်ဖုန်းပါ။ သူ့မှာ ၅.၁၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ရေစက်ရေပေါက်များကို ခံနိုင်ပေမယ့် S8 လို ရေစိုမခံပါဘူး။ ဒါ့အပြင် S8 မှာလို SD Card Slot နဲ့ 3.5mm Audio Port မပါပါဘူး။ Mi 6 ရဲ့ အနောက်ဘက်မှာ 2x Optical Zoom ဆွဲနိုင်တဲ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Mi 6 မှာ ၅.၁၅ လက်မ Full HD 3D Curved Glass Display တပ်ဆင်ထားပြီး S8 ရဲ့ Snapdragon 835 ကိုပဲ ထည့်သွင်းထားပါတယ်။ 6GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ Fingerprint Scanner မြှပ်နှံထားတဲ့ Physical Home Button ပါပါတယ်။

Mi 6 ရဲ့ အနောက်ဘက်မှာ 12MP Camera , Dual-Tone, Dual-LED Flash တပ်ဆင်ထားပါတယ်။ Blur မဖြစ်ဘဲ တည်ငြိမ်တဲ့ ဓါတ်ပုံများ ဖန်တီးပေးတဲ့ 4-Axis Optical Image Stabilization ပါပါတယ်။ အနောက်ကင်မရာက 4K UHD Video များကို ရိုက်ကူးပေးနိုင်ပေမယ့် အရှေ့ ကင်မရာကတော့ Full HD Video များသာ ရိုက်ကူးပေးနိုင်ပါတယ်။ Mi 6 မှာ 3350mAh Battery ကို အသေတပ်ထားပါတယ်။ Android 7.1 Nougat အခြေပြု MIUI 8.0 ထည့်သွင်းထားပါတယ်။

သုံးသပ်ချက်
S8 နဲ့ Mi 6 တို့ဟာ Specifications များ သိပ်မကွာကြပေမယ့် S8 ဟာ Mi 6 ထက် ဒီဇိုင်း၊ ကင်မရာ စွမ်းရည်နဲ့ ဆော့ဖ်ဝဲ အပိုင်းမှာ သာလွန်ပါတယ်။ ဒါပေမယ့် Mi 6 ကလည်း S8 ရဲ့ စွမ်းရည်များကို မတိမ်းမယိမ်း လိုက်နိုင်ပါတယ်။ အဓိက ကွာခြားချက်မှာ ဈေးနှုန်းနဲ့ ဖုန်းအရွယ်အစား ဖြစ်ပါတယ်။ ဈေးနှုန်းတတ်နိုင်ပြီး အရွယ်ကြီး ဖုန်းလိုချင်ရင်တော့ S8 က ရွေးချယ်စရာပါ။ စွမ်းဆောင်ရည်မြင့်ပြီး ဈေးနှုန်းသက်သာတာကို အလိုရှိသူများအတွက် Mi 6 ကို ညွှန်းလိုက်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ IFA 2017 မတိုင်ခင်မှာ သတင်း ပေါက်ကြားခဲ့တဲ့ Sony Xperia XZ1 ♫


Sony မှ ထွက်ပေါ်လာသော သတင်းအချို့အရ အသစ်ဖြစ်တဲ့ Xperia X1 နဲ့ XZ1 တို့ဟာ မေလထဲက အစီအစဉ်အချို့ ရှိခဲ့ပါတယ်။ Sony က အသစ်ထွက်လာတော့မယ် ကင်မရာနဲ့ ဗီဒီယိုပိုင်း တိုးမြှင့်ထားတဲ့ Xperia XZ1 မှာ 360 ဒီဂရီ ကင်မရာနဲ့ ဖုန်းက ရိုက်တဲ့ ပုံတစ်ချို့ကို မြင်ခဲ့ရပါတယ်။

မကြာမှီအချိန်အတွင်းမှာ ကျင်းပမယ့်  IFA 2017 မှာ WinFuture’s Roland Quandt ထုတ်မယ့် ပုံတွေမှာလည်း မြင်ရမှာ ဖြစ်ပါတယ်။ ယခုထွက်လာမယ့် Sony Xperia XZ1 ဟာ အမေရိကန်မှာဆို ဒေါ်လာ 643 ပတ်ဝန်းကျင်လောက်နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ လေးရောင်ရှိပြီး အနက်၊အပြာ ၊ငွေရောင်နဲ့ ပန်းရောင်တို့ပဲဖြစ်ပါတယ်။

လက်ရှိပုံက တိကျမှုမရှိသော်လည်း အများရဲ့ ခန့်မှန်းချက်အရ အဆိုပါ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်လာမယ်လို့ ပြောပါတယ်။ဖော်ပြပါပုံက လိမ္မော်သန်းပေမယ့် မိုဘိုင်းတွေရဲ့ အဖိုက်ဆုံးအရောင်ကတော့ ငွေရောင်ဖြစ် ပါတယ်။ဒီဇိုင်းအတိအကျနဲ့ အရောင်အတိအကျကိုတော့ နောက်နှစ်ပတ်အတွင်း ဖော်ပြပါ လိမ့်မယ်။

Xperia XZ1 ရဲ့ specs နဲ့ feature တွေကတော့ 64 GB storage ဖြစ်ပြီး ဘေးပတ်ပတ်လည်ကို S-Force sound system ထည့်ထားပါတယ်။RAM 4GB နဲ့ Snapdragon 835 processor,ကင်မရာ Motion Eye က 19 MP နဲ့ 960 fps slo-mo အမျိုးအစားဖြစ်ပါတယ်။နောက် ကင်မရာက 13MP ဖြစ်ပြီး 1080p HDR video recording,3D Creator နဲ့ IP 68 rating ပါဝင်ပါတယ်။မြန်မာပြည်ကို ရောက်လာမယ်ဆိုရင် ကျပ်ငွေ 880000 ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ iPhone ထက် ပိုကောင်းတဲ့ Galaxy Note 8 ရဲ့ အားသာချက် (၆) ခု ♫


Galaxy Note 7 အဖြစ်ဆိုးကြောင့် ယခင်နှစ်မှာ Samsung Fans များစွာဟာ Apple iPhone ကို ပြောင်းသုံးခဲ့ကြပါတယ်။ အခုတော့ Samsung က သူ့ရဲ့ ဖောက်သည်များကို ပြန်လည် စွဲဆောင်ဖို့အတွက် Note 8 ကို မိတ်ဆက်လိုက်ပါတယ်။ Samsung ဟာ Note 8 ဖြင့် သူ့ရဲ့ ဖောက်သည်များကို ပြန်လည် စွဲဆောင်နိုင်မလားဆိုတာကို ပြောဖို့ စောနေသေးပေမယ့် iPhone ထက် ပိုကောင်းတဲ့ Galaxy Note 8 ရဲ့ အားသာချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပိုကောင်းတဲ့ အနောက် ကင်မရာ ၂ လုံး


iPhone 7 Plus ရဲ့ အနောက်ကင်မရာ ၂ လုံးဟာ Background ကို Blur လုပ်နိုင်ပြီး DSLR Camera ရဲ့ ပရော်ဖက်ရှင်နယ် ပုံရိပ်များကို ဖမ်းယူပေးနိုင်တဲ့ Portrait Mode ပါပါတယ်။ Note 8 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံးပါပါတယ်။ တစ်လုံးမှာ မြင်ကွင်းကျယ် ဖြစ်ပြီး နောက်တစ်လုံးမှာ 2x Telephoto Lens ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Optical Image Stabilization(OIS) ပါတဲ့အတွက် ၁၀ ဆအထိ Digital Zoom ဆွဲထားရင်တောင် လှုပ်ခါမှုများ ပုံမှာ ပါမလာပါဘူး။ iPhone 7 Plus မှာတော့ Telephoto မဟုတ်တဲ့ Lens မှာသာ OIS ပါပါတယ်။

Note 8 ရဲ့ Live Focus Mode ဟာ iPhone Portrait Mode နဲ့ တူညီပေမယ့် အဓိက ကွာခြားချက်တစ်ခု ရှိပါတယ်။ ဓါတ်ပုံ မရိုက်ခင်မှာရော ရိုက်ပြီးတဲ့ အခါမှာပါ Background Blur ပမာဏကို Note 8 မှာ အချိန်နဲ့ တစ်ပြေးညီ ချိန်ညှိနိုင်ပါတယ်။ နောက်ထပ် အားသာချက်က Note 8 ဟာ သာမာန် မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ Background ကို Blur လုပ်ထားတဲ့ 2x Zoom Photo နှစ်ခုကို တစ်ပြိုင်နက် ရိုက်ကူးပေးနိုင်ပါတယ်။

၂။ အံ့မခန်း မျက်နှာပြင်



Samsung ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းများမှာ အံ့မခန်း မျက်နှာပြင်များ ပါပါတယ်။ Note 8 ရဲ့ ၆.၃ လက်မ Super AMOLED Display ကလည်း အံ့မခန်းပါပဲ။ မျက်နှာပြင်ဟာ အလွန် တောက်ပပြီး အနက်ရောင်များဟာလည်း အလွန်ကို အသေးစိတ်ပါတယ်။ အရောင်များ ပြည့်စုံပြီး အလွန် အသက်ဝင်ပါတယ်။ Note 8 မျက်နှာပြင်ရဲ့ iPhone မျက်နှာပြင်အပေါ် အဓိက အားသာချက်မှာ HDR(High Dynamic Range) ကို ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ HDR Content များကို Note 8 မှာ ကြည့်ရင် အံ့မခန်း ရုပ်ထွက်များကို ခံစားရမှာပါ။

၃။ ဒစ်ဂျစ်တယ် ဘောပင်



Note 8 ရဲ့ S Pen ကလည်း iPhone ထက် အားသာချက် ဖြစ်ပါတယ်။ S Pen က ဖိအား Levels ၄၀၉၆ ကို ထောက်ပံ့ပြီး ထိပ်ဖျားမှာ ၀.၇ မီလီမီတာသာ ရှိတဲ့အတွက် အလွန် တိကျတဲ့ ရုပ်ပုံများကို ရေးဆွဲနိုင်ပါတယ်။ ရေအောက်ထဲမှာတောင် S Pen နဲ့ Note 8 ကို အသုံးပြုနိုင်ပါတယ်။ S Pen က Select လုပ်ထားတဲ့ စာသားများကို ဘာသာပြန်ပေးနိုင်ပါတယ်။

၎။ လျှင်မြန်တဲ့ ကြိုးမဲ့အားသွင်း စနစ်


ယခုနှစ်ထုတ် iPhone အသစ်များမှာ ကြိုးမဲ့အားသွင်း စနစ်ပါမယ်လို့ သတင်းထွက်နေပါတယ်။ Samsung ကတော့ ကြိုးမဲ့ အားသွင်း စနစ်ကို ဖန်တီးထားတာ နှစ်များစွာကြာပြီ ဖြစ်ပြီး Note 8 မှာလည်း ဒီနည်းပညာ ထည့်သွင်းထားပါတယ်။ ကြိုးမဲ့အားသွင်း စနစ်ပါတဲ့ အခြား ဖုန်းများနဲ့ Note 8 ကို နှိုင်းယှဉ်တဲ့ အခါမှာ Note 8 ရဲ့ ကြိုးမဲ့ အားသွင်း စနစ်ဟာ ကြိုးနဲ့ အားသွင်းတာလောက် မြန်ပါတယ်။ Note 8 ကို ကြိုးမဲ့အားသွင်းစနစ်ဖြင့် အားသွင်းလျှင် မိနစ် ၃၀ အတွင်းမှာ ၄၉ ရာခိုင်နှုန်းကို အားဖြည့်ပေးပါတယ်။

၅။ Storage ကို မြှင့်တင်နိုင်ခြင်း။

ကြိုးမဲ့အားသွင်းစနစ်လိုပဲ Samsung ရဲ့ ဖုန်းများမှာ microSD Card စိုက်နိုင်တာ နှစ်များစွာ ကြာပါပြီ။ Note 8 မှာ 64GB သာပါပေမယ့် 320GB အထိ တိုးမြှင့်အောင် 256GB microSD Card စိုက်နိုင်ပါတယ်။ microSD Card Slot ပါခြင်းရဲ့ အားသာချက်များက microSD Card များဟာ ဈေးသက်သာခြင်း၊ Internal Storage လို Bloatware များ မပါခြင်းတို့ ဖြစ်ပါတယ်။

၆။ မပေါက်ကွဲခြင်း။
Note 7 ပြဿနာ ပြီးနောက်မှာ Samsung ဟာ စိတ်ချရတဲ့ ဘက်ထရီများကို အနာဂတ် ဖုန်းများမှာ ထည့်သွင်းပေးဖို့ ကတိပြုခဲ့ပါတယ်။ Galaxy S8 ဖုန်းများမှာလည်း အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးထားတဲ့ ဘက်ထရီ အသစ်များ ထည့်သွင်းပေးထားပါတယ်။ စမ်းသပ်သူအချို့က S8 ရဲ့ ဘက်ထရီကို ဓါးဖြင့် ထိုးခွဲတဲ့အခါမှာလည်း မီးလောင်ကျွမ်းခြင်း မရှိတာကို တွေ့ရပါတယ်။ Note 8 မှာလည်း အဲဒီ လုံခြုံစိတ်ချရတဲ့ ဘက်ထရီများ ထည့်သွင်းပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနည်း ♫


Facebook က သူ့ရဲ့ လူမှုကြန်ရက္မွာ မီဒီယာမိုးစုံကို ထောက္ပံ့ပေးထားပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားနဲ့ ဗီဒီယိုမ်ားကိုလည်း Facebook မွာ ပို့စ်အျဖစ္တင်နိုင္ပါတယ်။ ဒါပေမယ့် ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားကို ဖန္တီးဖို့အတြက် Facebook App ကို အသုံျးပုလို့ မရခဲ့ဘဲ အျခား ဓါတ္ပုံ App မ်ားကို အသုံျးပုခဲ့ရျခင်ျးဖစ္ပါတယ်။ အခုတော့ Facebook App မွာ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားကို ဖန္တီးနိုင္တဲ့ စြမ်းရည္ကို ထည့်သြင်းပေးလိုက္ပါတယ်။ သင့် Facebook App မွာ စေတးတပ် တင္တဲ့ Box ကို နွိပ်ရင် 360 Photo ဆိုတဲ့ Option အသစ္ကျိုမင်ရမျွာဖစ္ပါတယ်။ သင့် Facebook App မွာ အဲဒါကို မျမင်ရရင် Update လုပ္ပါ။ စာရေးသူ အေတြ့အကြုံအရ Update လုပ်ပြီးရင်တောင် အဲဒီ Option ကို မေတြ့ရေသးဘဲ အခိန်အနည်းငယ် စောင့်ဆိုင်းပြီးမွ Over-the-Air ကေန သူ့ကို ထည့်သြင်းပေျးခင်ျးဖစ္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံဆိုတာ
၃၆၀ ဒီဂရီ ဓါတ္ပုံဟျာမင္ကြင်းက်ယ် Panoramas နဲ့ အလြန် ဆင္တူပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံကေတာ့ ဓါတ္ပုံစရိုက္တဲ့ အစေနရာနဲ့ အဆုံးနေရာကို ဆက္စပ် ရိုက္ကူးရျခင်ျးဖစ္ပါတယ်။ တစ္နည်းအာျးဖင့် ဓါတ္ပုံ ရိုက္ကူးသူရဲ့ ဘယ္ဘက်၊ ညာဘက်၊ အထက္နဲ့ အောက်ျမင္ကြင်းအားလုံးကို ဖမ်းယူပေျးခင်ျးဖစ္ပါတယ်။ ၃၆၀ ဒီဂရီ ဓါတ္ပုံမ်ားရျဲ့မင္ကြင်းကို လက် သို့မဟုတ် မောက္စ်ျဖင့်ျေပာင်းရွှေ့ကြည့်ရှုနိုင္ပါတယ်။ အလြန် ရုပ္လုံးကြတျဲ့မင္ကြင်းကို ခံစားရမျွာဖစ္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံ ဖန္တီးနည်း
၁။ Facebook App ကို ဖြင့်ပါ။
၂။ Status Box ကို တစ္ခ်က်နွိပ္ပါ။ အောက်ျေခမွ 360 Photo ကို နွိပ္ပါ။
၃။ အျပာရောင် ခလုတ္ကို နွိပ်ပြီး ခန္တာကိုယ္ကျိုဖည်ျးဖည်းခ်င်း လွည့်၍ ၃၆၀ ဒီဂရီ ဓါတ္ပုံကို ဖန္တီးပါ။
၎။ ဓါတ္ပုံမွ အစမွတ္ကို သတ္မွတ်ပေးပါ။

ဒါဆိုရင် Facebook App က ၃၆၀ ဒီဂရီ ဓါတ္ပုံ အျဖစ် ဖန္တီးပေးမျွာဖစ္ပါတယ်။

Facebook App ကေန ၃၆၀ ဒီဂရီ ဓါတ္ပုံကို ဖန္တီးပြီးရင် သင့်ရဲ့ Timeline မွာ မ်ွဝေနိုင္မယ့် Option ကျိုမင်ရမျွာဖစ္ပါတယ်။ ဒါ့အျပင် Albums တစ္ခုမွာ သိမ်းဆည်းနိုင္ပါတယ်။ သူ့ကို ကာဗာ ဖိုတိုအျဖစ္လည်း သတ္မွတ်နိုင္ပါတယ်။ ဂရုမ်ားမွာလည်း မ်ွဝေနိုင္ပါတယ်။

၃၆၀ ဒီဂရီ ဓါတ္ပုံမ်ား ရိုက္ကူးနိုင္တဲ့ စြမ်းဆောင္ခ်က္ကို iOS, Android တို့ရဲ့ Facebook App မ်ားမွာ ထည့်သြင်းပေးနေပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ Huawei က တန်ဖိုးနည်း တက်ဘလက် အသစ်များကို မိတ်ဆက် ♫


Huawei က ၈ လက်မနဲ့ ၁၀ လက်မ တက်ဘလက် အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ တက်ဘလက် များဟာ တန်ဖိုးနည်း တက်ဘလက်များ ဖြစ်ကြပါတယ်။

MediaPad T3 ရဲ့ ၁၀ လက်မ မော်ဒယ်ကို ၁၅၉ ဒေါ်လာ၊ ၈ လက်မ မော်ဒယ်ကို ၁၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မော်ဒယ် နှစ်မျိုးစလုံးမှာ Qualcomm Snapdragon 425 Chipset, 16GB Internal Storage, 2GB RAM, 4800mAh Battery များ တပ်ဆင်ထားပါတယ်။ Screen Resolution မှာ 1280×800 ဖြစ်တဲ့အတွက် ၈ လက်မမော်ဒယ်မှာ အဆင်ပြေပေမယ့် ၁၀ လက်မမော်ဒယ်မှာ ပုံရိပ်များ အလွန်ကောင်းမွန် မှာ မဟုတ်ပါဘူး။

နောက် တက်ဘလက် တစ်လုံးမှာ T3 ထက် ဈေးမြင့်မားတဲ့ MediaPad M3 Lite ဖြစ်ပါတယ်။ သူ့ရဲ့ ၁၀ လက်မမော်ဒယ်ကို ၂၄၉ ဒေါ်လာနဲ့ ၈ လက်မ မော်ဒယ်ကို ၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တက်ဘလက်နှစ်မျိုးစလုံးမှာ အနည်းငယ် ပိုမို ကောင်းမွန်တဲ့ Qualcomm Snapdragon 430 Chipset, 16GB Internal Storage, 3GB RAM ထည့်သွင်းထားပါတယ်။

Screen Resolution မှာ အနည်းငယ် ပိုမို ကောင်းမွန်တဲ့ 1920×1200 ဖြစ်ပါတယ်။ ၈ လက်မ မော်ဒယ်မှာ 4800mAh Battery နဲ့ ၁၀ လက်မမော်ဒယ်မှာ 6660mAh Battery ထည့်သွင်းထားပါတယ်။ တက်ဘလက် ၄ လုံးစလုံးမှာ Android 7.0 Nougat အခြေပြု Huawei MIUI 5.1 Skin ထည့်သွင်းထားပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

အရုပ်ဆိုးနေသလား ဒီကောင်လေးနဲ့ ချောချော ရုပ်ကလေးလုပ်/ ရိုက်ပြီး ဟာသပုံစံတွေပါတဲ့ - Camera 360 Lite Version 1.8.8 for Android

 
Android phone/Tablet အသုံးပြုပြီး ဓာတ်ပုံရိုက်လေ့ရှိသူတွေအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး Camera 360 Lite Version 1.8.8 for Android ကိုတင်ပေးလိုက်ပါတယ်။Camera360 ဟာ Android phone/Tablet အသုံးပြုသူတိုင်းမစိမ်းတော့တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ Camera mode များစွာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရူပါ ဂွမ်းတဲ့သူတွေတောင် လန်းလာစေမယ့် ဆော့ဝဲလ်ဖြစ်ပြီး ဟာသ ပုံစံတွေနဲ့ ဖန်တီးလို့ရတဲ့ Android app ပေါ့ဗျာ။ အခုနောက်ထွက်ဗားရှင်းမှာလည်း Camera Store/Effect Store စသဖြင့် features များထပ်ပေါင်းထားတာတွေ့ရပြီးရယူလိုသူများအောက်လင့်မှာဒေါင်းနိုင်ပါတယ်။




ဝင်းလှိုင်-နည်းပညာ
comments

♪ ၁၂လ အရစ်ကျဝယ်ယူနိုင်မယ့် - ACER Aspire ES1-432 (Cel) ♫

Image may contain: 3 people, people smiling, people sitting, laptop, screen and text

Price => 371,500Ks
(၁လ) 36000 ကျပ် (12လ)အရစ်ကျ
အိမ်သုံး / ရုံးသုံးအတွက် သင့်လျော်တဲ့ ACER Celeron Laptop လေးပါ။
500GB နဲ့ 4GB Ram ပါဝင်တဲ့အတွက် ကောင်းမွန်တဲ့အမြန်နှုန်းနဲ့
Word / Excel /PowerPoing / Page Maker / Photoshop / internet / Email စတာတွေကို အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။
.
🎁 လက်ဆောင်(၉)မျိုး..
➡️ 1 Years Official Warranty
➡️ 3D Game များထည့်သွင်းပေးခြင်း ၊
➡️ Engineering ဆိုင်ရာ Software များ
➡️ မြန်မာစာတန်းထိုး English Movie များ
➡️ Window တင်ပေးခြင်း
➡️ Driver နှင့် Standard Software installation
.....စသည့်ဝန်ဆောင်မှု များအား ရာသက်ပန်လက်ခမဲ့
.
(y).လက်ငင်း...အရစ်ကျ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်***
(y) AEON နဲ့ Installment ၀ယ်နိုင်သလို, AYA / CB / KBZ Bank Credit Crad များနှင့်လည်း ၀ယ်ယူနိုင်ပါသည်။
.
ACER Aspire ES1-432 (Celeron)
===============
Intel Celeron N3350
4GB DDR3 / 500GB HDD,
intel HD Graphic
14" LED Display, DVD RW,
USB 3.0, WiFi, WebCam
..
Color: Red / Blue
..
မူလရောင်းဈေး--> 299US
Discount--> 25US
Discount ချပြီးဈေးနှုန်း--> 274US ( 371,500 ၀န်းကျင် )
.
---------------------------------------------
ဆိုင်ခွဲများအားလုံးတွင် ဈေးနှုန်းတူညီစွာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။
.
Eastern 1) အမှတ် ၁၂၉၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 01-398224, 398490, 398491, 09-782569031, 09-977921751
..
Eastern 2) အမှတ် ၁၆၇-၁၇၅၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 01-377259, 09-977921752
..
Eastern 3) (လှိုင်)တိုက်အမှတ်(51/B1)(အခန်း 001)၊ ရန်ကုန်အင်းစိန်လမ်းမကြီး။ ဘူတာရုံမှတ်တိုင် နှင့် သုခမှတ်တိုင်ကြား ၊ ဟိန္ဒူ ဘုရားကျောင်းမျက်စောင်းထိုး။ ဖုန်း 01-516115 , 09-969 773 107







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ ကျပ်27000 မှ 55000 အထိ Discount ရှိမယ့် HP အထူးပရိုမိုးရှင်း

Image may contain: laptop and screen

HP Cash Back Promotion
=================
➡️ 15.9.2017 နေ့အထိ
😍 HP Discount 27000 မှ 55000 ထိ
😍 Eastern Discount 10US မှ 30US ထိ
➡️ လက်ဆောင်(၉)မျိုး
➡️ 1 Year Official Warranty
➡️ Game များထည့်သွင်းပေးခြင်း ၊
➡️ Engineering / Video Editing Software များ
➡️ မြန်မာစာတန်းထိုး English Movie များ
➡️ Window တင်ပေးခြင်း
➡️ Driver နှင့် Standard Software installation
.....စသည့်ဝန်ဆောင်မှု များအား ရာသက်ပန်လက်ခမဲ့
(y) လက်ငင်း...အရစ်ကျ စိတ်ကြိုက်ရွေးချယ်
(y) AEON နဲ့ Installment ၀ယ်နိုင်သလို, AYA/CB /KBZ Credit Cardများနှင့်လည်း ၀ယ်ယူနိုင်ပါသည်။
..
-------------------------------------
(1) HP X360 11-ab028(Touch Screen)
===========================
Intel Pentium N3710
500GB HDD, 4GB DDR3
intel HD Graphic
11.6'' Touch Screen
WiFi,Webcam,BT,2 Cell Battery.
Window 10 License.
Color - Blue
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (449US)
Discount (10US)
Discount ချပြီးဈေးနှုန်း 439US (597,000Ks)
.
Touch Screen နဲ့ပေါ့ပေါ့ပါးပါးသုံးချင်သူများအတွက် သယ်ဆောင်ရလွယ်ကူမယ့် ၁၁ လက်မအ၇ွယ် Laptop လေးပါပဲ။ Word / Excel /Power Point / internet / Email စတာတွေကို အသုံးပြုနိုင်မှာပါ။
----------------------------------
..
(2) HP Pavilion 14-am093TU
=====================
intel Core i3-6006U
500GB HDD, 4GB DDR4, DVD RW
intel HD Graphic
14'' LED , HP Webcam, WiFi, BT
4 Cell Battery.
Color- Silver
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (399US)
Discount (20US)
Discount ချပြီးဈေးနှုန်း 379US (515,000Ks)
.
i3 ကိုသုံးချင်တယ်။ Graphic Card ပါဖို့မလိုသူများရွေးချယ်သင့်တဲ့
model လေးဖြစ်ပါတယ်။ အိမ်သုံးရုံးသုံးအတွက် မြန်ဆန်ပြီး ဈေးနှုန်းသင့်လျော်တဲ့ Laptop လေးပါ။
.
------------------------------------
.
(3) HP Pavilion 14-am112TX
===================
intel Core i3-7100U
500GB HDD, 4GB DDR4, DVD RW
AMD R5M 330 2GB Graphic
14'' LED
WiFi, WebCam, BT, 4 Cell Battery.
Color- Silver
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (499US)
Cash Back=>25US
Discount=>15US
Discount ချပြီးဈေးနှုန်း 459US (624,000Ks)
.
နောက်ဆုံးပေါ် 7th Gen Cpu ကိုအသုံးပြုထားပြီး 2GB Graphic လဲပါဝင်တာမို့ Dota2 Game နဲ့အခြား 3D Gameနဲ့ AutoCad သုံးချင်သူများအတွက် ရွေးချယ်သင့်တဲ့ Laptop လေးပါ။
.
--------------------------------------
.
(4) HP 15-ay119TX
===============
Core i3-7100U
1TB HDD / 4GB DDR4/ DVD RW
AMD R5M 430 2GB
15.6'' LED / WiFi / WebCam / BT
4 Cell Battery.
Color- Black
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (509US)
Cash Back=> 30us
Discount => 15US
Discount ချပြီးဈေးနှုန်း 464US (631,000Ks)
.
နောက်ဆုံးပေါ် 7th Gen Cpu ကိုအသုံးပြုထားပြီး 2GB Graphic လဲပါဝင်တာမို့ Dota2 Game နဲ့အခြား 3D Gameနဲ့ AutoCad သုံးချင်သူများအတွက် ရွေးချယ်သင့်တဲ့ Laptop လေးပါ။ အ၇ွှယ်အစားကလဲ 15.6'' အရွှယ်အစားမို့ Screen ကြီးကြီးကြိုက်သူတွေသဘောကျမှာပါ။
-------------------------------------
.
(5) HP X360 13-U106TU (Touch)
================
Core i3-7100U
500GB / 4GB DDR4
intel HD Graphic
13.3'' Touch Screen
WebCam, WiFi, BT, 3 Cell Battery.
<3 Window 10 License
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (625US)
Discount (10US)
Discount ချပြီးဈေးနှုန်း 615US (836,000Ks)
.
Touch Screen ကို Performance ကောင်းကောင်းနဲ့အသုံးပြုချင်သူများအတွက် သင့်လျောက်ပါတယ်။
.
(6) HP Pavilion 15-au169TX
=====================
intel Core i3-7100U
1TB HDD, 4GB DDR4 / DVD RW
Nvidia GT940MX 2GB Graphic
15.6'' LED
WiFi, Webcam,BT
2 Cell Battery.
Color- Silver
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (560US)
Cash Back=>30US
Discount=>10US
Discount ချပြီးဈေးနှုန်း 520US (707,000Ks)
.
နောက်ဆုံးပေါ် ကိုလည်းသုံးချင်တယ် Screen အရွယ်အစားကြီးတာကိုလည်းနှစ်သက်သူများအတွက် ရွေးချယ်သင့်တဲ့ Laptop ပါပဲ။ Nvidia 2G Graphicပါဝင်တာမို့လည်း 3D Game တွေနဲ့ AutoCad လို Software တွေအတွက်လည်း အဆင်ပြေစေမယ့် Laptop လေးဖြစ်ပါတယ်။
.
-----------------------------------------
.
(7) HP Pavilion 14-am113TX
======================
intel Core i5-7200U
1TB HDD/ 4GB DDR4 / DVD RW,
AMD R5M 430 2GB
14'' LED
WiFi, WebCam, BT
4 Cell Battery.
Color- Black
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (569US)
Discount (20US)
Discount ချပြီးဈေးနှုန်း 549US (746,000Ks)
.
နောက်ဆုံးပေါ် 7th Gen Cpu နဲ့ 2GB Graphic ပါဝင်ပြီး အရွယ်အစားကလဲ14'' သာရှိတာမို့ performance ကောင်းကောင်း နဲ့သယ်ရလွယ်တဲ့
Laptop လေးဖြစ်ပါတယ်။ 3D Game , AutoCad ,3D Max အတွက် အဆင်ပြေစေမယ့် Laptop လေးပါပဲ။
.
-------------------------------
..
(8) HP 14-AL133 TX
==============
Core i5-7200U
1TB HDD / 4GB DDR4
Nvidia GT940 2GB
14'' LED / WiFi /Webcam, BT
3 Cell Battery.
ဈေးနှုန်းကတော့ မူလရောင်းဈေး (619US)
Discount (20US)
Discount ချပြီးဈေးနှုန်း 599US(814,000Ks)
.
နောက်ဆုံးပေါ် Core i5 ကို Nvidia Graphic နဲ့ 14'' LED အ၇ွယ်နဲ့ ပေါ့ပေါ့ပါးပါးသုံးချင်သူများအတွက် အဆင်ပြေပါတယ်။
.
---------------------------
.
(9) HP Pavilion 15-AU 170TX
===================
Core i5-7200U
1TB HDD / 4GB DDR4
Nvidia GT940 2GB
15.6'' LED / WebCam
WiFi , Bluetooth, 3 Cell Battery.
ဈေးနှုန်းကတော့ မူလရောင်းဈေး (639US)
Discount (15US)
Discount ချပြီးဈေးနှုန်း 624US (848,000Ks)
.
Core i5 7th Gen Cpu နဲ့လိုက်ဖက်ညီစွာ 2GB Graphic ပါဝင်တာမို့ AutoCad , 3D Max , Retvit စတဲ့ Engineering လုပ်ငန်းသုံးများနဲ့ Dota 2 လို 3D Game တွေဆော့ဖို့အဆင်ပြေစေပါတယ်။
.
----------------------
.
(10) HP Pavilioin 15-au173TX
======================
Intel Core i7-7500U
1TB HDD/ 4GB DDR4/ DVD RW
Nvidia GT940 2GB Graphic
15.6'' Bright View LED
WiFi, WebCam, BT
2 Cell Battery.
.
ဈေးနှုန်းကတော့ မူလရောင်းဈေး (749US)
Cash Back=>40US
Discount =>15US
Discount ချပြီးဈေးနှုန်း 694US (943,000Ks)
.
နောက်ဆုံးပေါ် Core i7 7th Gen Cpu ကိုအသုံးပြုထားပြီး Graphic 2GB ပါဝင်တာမို့ AutoCaD, 3D Max , Revit , Sketch up စတဲ့ software များနဲ့ Game ဆော့ချင်သူများအတွက် သင့်လျော်ပါတယ်။
.
-------------------------------------
.
(11) HP Spectre 13-V114tu
===================
Core i7-7500U
512GB SSD , 8GB DDR3
intel HD Graphic
13.3'' LED, 4 Cell Battery.
ဈေးနှုန်းကတော့ မူလရောင်းဈေး (1799US)
Discount (30US)
Discount ချပြီးဈေးနှုန်း 1769US(2405,000Ks)
.
HP ရဲ့နောက်ဆုံးထွက် Spectre Laptop လေးပါပဲ.။ ဈေးနှုန်းကကြီးတယ်ဆိုပေမယ့် သည်Laptop လေးကိုကိုင်ထားလိုက်တာနဲ့ ချမ်းသာကြွမ်ဝခြင်း...style ကျခြင်း..အလုပ်လုပ်ရာမှာပေါ့ပါးသွက်လက်ခြင်းစတဲ့အကျိုးတရားတွေကို ခံစား၇မှာပါ။
.
(**** မြန်မာငွေဈေးများသည် လက်ရှိပေါက်စေျးဖြင့် တွက်ပြထားခြင်းဖြစ်ပြီး
နေ့ စဉ် ဒေါ်လာ ပေါက်ဈေး အတက်အကျ တိုင်း ရောင်းချပေးပါသည်။ ***** )
.
--------------------------------------------
ဆိုင်ခွဲများအားလုံးတွင် ဈေးနှုန်းတူညီစွာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။
.
Eastern 1) အမှတ် ၁၂၉၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 01-398491, 09-782569031, 09-977921751
..
Eastern 2) အမှတ် ၁၆၇-၁၇၅၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 01-377259, 09-977921752
..
Eastern 3) (လှိုင်)တိုက်အမှတ်(51/B1)(အခန်း 001)၊ ရန်ကုန်အင်းစိန်လမ်းမကြီး။ ဘူတာရုံမှတ်တိုင် နှင့် သုခမှတ်တိုင်ကြား ၊ ဟိန္ဒူ ဘုရားကျောင်းမျက်စောင်းထိုး။ ဖုန်း 01-516115 , 09-969 773 107 ,09-778096333






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments

♪ “မြန်မာနိုင်ငံကိုအသစ်ရောက်ရှိလာသော Motorola ဖုန်းများ” ♫

Image may contain: phone

Motorola ဆိုတာက နာမည်ကြီးဖုန်းအမျိုးအစားတစ်ခုပါ။ အခုဆိုရင် Motorola ဖုန်းတွေဟာ မြန်မာနိုင်ငံကို တရားဝင် ရောက်ရှိလို့လာပါပြီ။ အသစ်ရောက်လာတဲ့ Motorola ဖုန်းတွေမှာ ဘာတွေထူးခြားမှုရှိလဲ။ ဘာတွေပါဝင်လာသလဲဆိုတာစာဖတ်သူတွေ သိရအောင် ဖော်ပြပေး လိုက်ပါတယ်။

(၁) Moto Z smartphone

Moto Z တော်တော်ပါးတဲ့ စမတ်ဖုန်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ၅.၁၉ မီလီမီတာသာအထူရှိတာမို့ကမ္ဘာအပါးဆုံး premium smartphone စာရင်းထဲထည့်လို့ရပါတယ်။ ကိုယ်ထည်ကိုစစ်တပ်သုံး aircraft-grade အလူမီနီယံနဲ့ stainless steel တို့ကိုပေါင်းစပ်တည်ဆောက်ထားပါတယ်။ မျက်နှာပြင်က ၅.၅ လက်မအရွယ်အစားရှိပြီး Quad HD AMOLED အမျိုးအစားပါ။ Water-repellant coating သုတ်လိမ်းပေးထားတဲ့အတွက် နေပူ၊ မိုးရွာစိုးရိမ်စရာမလိုပါဘူး။ ကင်မရာကတော့ 13MP High-resolution, Optical image stabilization, laser autofocus တို့ပါဝင်တဲ့ f1.8 ကင်မရာပါ။ အရှေ့ကင်မရာက 5MP ရှိပြီး အလင်းရောင်ကိုပံ့ပိုးပေး မယ့် မျက်နှာပြင် flash ပါဝင်သလိုမိသားစု၊သူငယ်ချင်းများနဲ့အတူ ည အမှောင်မှာ ပုံကောင်းကောင်း ရိုက်နိုင်မယ့် wide angle lens တို့ပါရှိ ပါတယ်။ ပရိုဆက်ဆာအနေနဲ့ Qualcomm Snapdragon 820 processor ပါဝင်ပြီး Memory ကတော့ 4GB ထောက်ပံ့ပေးထားပါတယ်။ 2600 mAh ဘက်ထရီကတစ်နေ့လုံးအနှောက်အယှက်ကင်းကင်းနဲ့ အားပြန်သွင်းစရာမလိုဘဲ ဆက်တိုက်အသုံးပြုနိုင်စွမ်းရှိပါတယ်။

(၂) Moto Z2 Play

Moto Z2 Play ကတော့ အထူ ၅.၉၉ မီလီမီတာရှိတာမို့ Moto Z ထက် နည်းနည်းလေးပိုထူပါတယ်။ ကိုယ်ထည်နဲ့ မျက်နှာပြင်ဖွဲ့စည်းမှုက Moto Z နဲ့အတူတူပဲဖြစ်ပြီး Water-repellent nano-coating သုတ်လိမ်းပေး ထားတာမို့ နေပူမိုးရွာအသုံး ပြုခံနိုင်ပါတယ်။ ကင်မရာအနေနဲ့ 12MP High-resolution, Optical image stabilization, laser autofocus တို့ပါဝင်တဲ့ f1.7 ကင်မရာတပ်ဆင်ပေးထားပါတယ်။ အရှေ့ကင်မရာက 5MP ရှိပြီး အလင်းရောင်ပံပိုးပေးမယ့်မျက်နှာပြင် flash နဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပုံကောင်းကောင်းရိုက်နိုင်သည် wide angle 85 lens တို့ပါရှိပါတယ်။ လျင်လျင်မြန်မြန်ဖွင့်နိုင်တဲ့ လက်ဗွေ Unlock စနစ်လည်း ပါရှိပါတယ်။ အတွင်းပိုင်းမှာ Qualcomm Snapdragon 626 processor နဲ့ 4GB LPDDR3 RAM တို့ပါဝင်ပြီး ဘက်ထရီကတော့ 3000 mAh အထောက်အပံ့ပေးပါတယ်။ ပိုပြီးထူးခြားသွားတာက ၁၅ မိနစ်သွင်းရုံနဲ့ ၇ နာရီအထိအသုံးပြုလို့ရတဲ့ Turbo Charge နည်းပညာပါဝင်လာတာပါ။ နောက်ပြီး Moto Z2 Play မှာနောက်ဆုံးပေါ်နည်းပညာတွေဖြစ်တဲ့ Moto Actions, Moto Voice နှင့် Moto Display များကိုအသုံးပြုလို့ ရပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လမှာထွက်ရှိထားတဲ့ ဖုန်းအသစ်တစ်လုံးပါ။

(၃) Moto E4 Plus

Moto E4 Plus မှာဆိုရင် ၅ လက်မခွဲမျက်နှာပြင်နှင့် မာကြောတဲ့ Metal Body တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ဘက်ထရီ အနေနဲ့ 5000 mAh ဖြစ်တာကြောင့် တော်ရုံတန်ရုံအားကုန်သွားမှာစိုးရိမ်ဖို့မလိုပါဘူး။ ပရိုဆက်ဆာအနေနဲ့ 1.3GHz quad-core MediaTek MTK6737M processor နဲ့ RAM ကတော့ 3 GBထောက်ပံ့ ပေးထားပါတယ်။ ဒေတာ သိုလှောင်နိုင်စွမ်းက Internal 32 GB ရှိပြီး microSD ကနေ 128GB အထိထပ်တိုးချဲ့လို့ရပါတယ်။ အနောက်ကင်မရာက 13MP ဖြစ်ပြီး ရှေ့ကင်မရာကတော့ 5MP ပါ။ Android 7.1.1 ပါဝင်ပြီး အလေးချိန်က ၁၈၁ ဂရမ်လောက်လေးပါတယ်။

(၄) Moto C

Moto C ဟာဆိုရင် ဒီနေ့ခေတ် Smartphone Market မှာသင့်လျော်တဲ့ ဈေးနှုန်းနဲ့ Smart ကျကျအဆင့်မြင့်မြင့်ဖြင့် ကိုင်ဆောင်ဖို့ အသစ်ရောက်ရှိ လာတဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။ Dual SIM feature ဖြစ်တာမို့ မိမိနှစ်သက်တဲ့ Operator နှစ်မျိုးကိုရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် နောက်ဆုံးပေါ် AndroidTM 7.1 ကိုလည်း အသုံးပြုပေးထားပါတယ်။ ပရိုဆက်ဆာအနေနဲ့ Mediatek MT6737M ကို အသုံးပြုထားပြီး RAM ကတော့ 1GB ပါ။ အနောက်ကင်မရာက 5MP နဲ့ အရှေ့ကင်မရာက 2MP ဖြစ်ပါတယ်။ ဘက်ထရီကတော့ 2350 mAh ဖြစ်ပါတယ်။ ဒီနှစ် ဇွန်လမှ ထွက်ရှိထားတဲ့ Motorola ရဲ့ဖုန်းတစ်လုံးဖြစ်ပြီး သူ့ထက် နည်းနည်းလေး ပိုမြင့်တဲ့ Moto C Plus ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



comments