Opera Browser မှာ မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်

opera Opera 11.60 Build 1185 Final


တော်တော်လေးသွက်တဲ့ Opera Browser လေးပါ...။ မြန်မာဖောင့် အခတ်အခဲကြောင့် မြန်မာတွေအသုံးနည်းကြပါတယ်..။ ဒီ Browser လေးက Function တွေလဲ တော်တော် စုံသလို  File Sharing   ပါ လုပ်လို့ရလို့   FireFox ထက်တောင် သာတယ်လို့ပြောရမှာပါ....။ 
Opera Browser  မရှိသေးရင်   ဒီမှာ  ဒေါင်းယူနိုင်ပါတယ်... ။ ဒေါင်းပြီး Run  လိုက်ရင် မြန်မာစာတွေ မမြင်ရသေးပါဘူး မြန်မာစာတွေက လေးထောင့်တုံးတွေ သို့မဟုတ် တောင်တစ်လုံး မြောက်တစ်လုံး ဇောက်ထိုးတွေတွေ့ရမှာပါ
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်တော့    CSS   ကုတ်ဒ်လေး ထည့်ပေးရမှာပါ...။
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင် ပထမဆုံး
Notepad    လေးကို ဖွင့်ပြီး ဒီအောက်က အနီရောင်နဲ့ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။


* , html, body, div, p{font-family:Zawgyi-One !important;}


ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။

ပြီးရင် အဲဒီ User.css Notepad  ဖိုင်လေးကို Copy ကူးပြီး   

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။

အလွယ်ဆုံးကတော့ ဒီအတိုင်းသွားလို့ရပါတယ် Desktop ပေါ်က Opera ပုံလေးပေါ်ကို Right Click ပြီး....


Open Files location ကိုနှိပ်လိုက်ပါ....။


Styles ဖိုဒါလ် ကို ဖွင့်ပြီး စောစောက Copy ကူးထားတဲ့ User.CSS ဖိုင်လ်လေးကို ထည့်ပေးလိုက်ပါ ...။ 

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။ ပြီးတော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီခင်မျာ.....။








အားလုံးကို ခင်မင်လျှက် 


9 comments:

ကိုဝင်းကမ္ဘာကျော်ရဲ့ ပို့စ်တွေကတော့ ကျွန်တော့်အတွက် တော်တော်ကိုအဆင်ပြေအသုံးတည့်တဲ့ နည်းလမ်းတွေအများကြီးပါပဲဗျာ..ဒီ post လေးအတွက်လဲ ကျေးဇူးတင်ပါတယ်။ opera ကိုသုံး ချင်နေတာ ကြာပြီ..မြန်မာစာမပေါ်လို့.ခုတော့.အဆင်သွားပြီဗျ....:)

မြန်မာလိုပေါ်နေတာ ဇော်ဂျီစာလုံးလိုမပေါ်ဘူးဗျာ..စာလုံးတွေကပေါ်တော့ပေါ်တယ်..ယူနီကုဒ်စာလုံးလို..နဲ့မြန်မာလိုဖတ်လို့အဆင်မပြေဘူးဖြစ်နေတယ်။။ safari မှာတော့ အစ်ကိုတို့ပြောတဲ့အတိုင်းလုပ်တာ ကွက်တိရတယ်..အခုဒီစာကို safari နဲ့ရိုက်တာပါ။ Opera အတွက် နည်းနည်းလောက် css ကုဒ်ကို ပြန်စစ်ပေးစေချင်ပါတယ်။ အဆင်မပြေလို့ပါခင်ဗျာ

အကိုရေ မြန်မာစာတောသုံးလို့ရတယ် အကိုရေ ဒါပေမယ့် dawmload manager တောသုံးလို့မရဘူး...ဘယ်လိုလုပ့်ရမလဲ..အစ်ကိုရေ

opera ကဇော်ဂျီစာလုံးလိုမပေါ်ဘူးဗျာ..စာလုံးတွေကပေါ်တော့ပေါ်တယ်..ယူနီကုဒ်စာလုံးလို..နဲ့မြန်မာလိုဖတ်လို့အဆင်မပြေဘူးဖြစ်နေတယ်။။ safari မှာတော့ အစ်ကိုတို့ပြောတဲ့အတိုင်းလုပ်တာ ကွက်တိရတယ်..အခုဒီစာကို safari နဲ့ရိုက်တာပါ။ Opera အတွက် နည်းနည်းလောက် css ကုဒ်ကို ပြန်စစ်ပေးစေချင်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။ opera ကိုသုံးချင်နေတာကြာပါပြီ အခုမှပဲအဆင်ပြေသွားတယ်။ကျေးဇူးပါ။

window 8 အတွက်အဆင်မပြေဘူး

style file မပါဝူး ဖြစ်နေတယ်
ဘယ်လိုလုပ်ရ မလဲ
ကျေးဇူး

opera 27 မှာ အဲနည်းနဲ့ မရပါ

Post a Comment