Spybot - Spyware ဖယ်ရှားရေး ကိရိယာ (ကွန်ပြူရှိသူတိုင်းဆောင်ထားသင့်ပါတယ်)





Spybot Search & Destroy ကို ကွန်ပျူတာထဲက malware, adware နဲ့ spyware အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားရာမှာ အသုံးပြုတယ်။ Updates တွေကို အခမဲ့ ရယူနိုင်ပြီး အင်တာနက် ကြည့်ရှုတဲ့အခါ သိရှိပြီးတဲ့ malware ရဲ့ တိုက်ခိုက်လာမှုကို ခံနိုင်ရည် ရှိစေပါတယ်။


Searches for and removes ad- and spyware

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ

Spybot S&D ဆိုတာ သင့် ကွန်ပျူတာထဲက adware, malware နဲ့ spyware အမျိုးအစား အမျိုးမျိုးကို ရှာဖွေပြီး ဖယ်ရှားပေးတဲ့ လူသိများတဲ့ အခမဲ့ ပရိုဂရမ် တခု ဖြစ်တယ်။ ကွန်ပျူတာကို adware, malware နဲ့ spyware တွေရဲ့ ဒဏ်ကို ခံနိုင်ရည် ရှိစေပြီး Spybot ကို Install လုပ်လိုက်တာနဲ့ ကွန်ပျူတာကို တိုက်ခိုက် မလာအောင် အကာအကွယ် ပေးပါတယ်။
Adware ဆိုတာ ကွန်ပျူတာမှာ ပေါ်လာတတ်တဲ့ ကုန်ပစ္စည်းတွေကို ကြော်ငြာတဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ spyware လို ထင်ရှားတဲ့ adware အမျိုးအစား တချို့ဟာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်ပါတယ်။
Malware (ဥပမာ trojans နဲ့ worms) ဆိုတာ ခွင့်ပြုချက်မရှိပဲ (သို့) မသိလိုက်ရပဲ ကွန်ပျူတာရဲ့ လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်အောင် (သို့) ထိန်းချုပ်ထားနိုင်အောင် စီမံထုတ်လုပ်ထားတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။
Spyware ဆိုတာ ဒေတာကို စုဆောင်းတာ၊ စောင့်ကြည့်တာတွေ လုပ်ပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မှတ်တမ်းတင်တဲ့အပြင်၊ သင့်ရဲ့ အင်တာနက် သုံးစွဲမှု အလေ့အထတွေကို ခြေရာခံတဲ့ ပရိုဂရမ် အမျိုးအစား ဖြစ်ပါတယ်။ malware လိုပဲ၊ ကွန်ပျူတာထဲမှာ တိတ်တဆိတ် အလုပ် လုပ်နေပါတယ်။ Spybot လို ပရိုဂရမ်မျိုးကို Install လုပ်လိုက်ခြင်းဖြင့် အဲဒီလိုမျိုး အန္တရာယ်ကနေ ကွန်ပျူတာကို အကာအကွယ် ပေးနိုင်ပါတယ်။
Spybot က TeaTimer လို့ခေါ်တဲ့ နောက်ထပ် ပရိုဂရမ် တမျိုးကိုလည်း Install လုပ်ပေးပါတယ်။ ၄င်းက ကွန်ပျူတာကို malware အသစ်တွေရဲ့ တိုက်ခိုက်မှု ရန်ကနေ အကာအကွယ် ပေးမှာ ဖြစ်တယ်။
မှတ်ချက် - Windows Vista မှာ Windows Defender လို့ခေါ်တဲ့ အရံသင့် Install လုပ်ထားတဲ့ ကိုယ်ပိုင် anti-spyware ပရိုဂရမ် ရှိပါတယ်။ ဒါပေမဲ့ Windows Vista က Spybot ကို အနှောင့်အယှက် မရှိ အလုပ် လုပ်စေနိုင်မှာ ဖြစ်ပါတယ်။

၂.၀ Spybot ကို Install လုပ်နည်း

အဆင့် ၁ ကို နှစ်ချက်နှိပ်လိုက်ပါ၊ Open File - Security Warning စာမျက်နှာ ပေါ်လာလိမ့်မယ်။ ပေါ်လာတဲ့အခါ၊ အောက်က မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၁ - ဘာသာစကား ရွေးချယ်တဲ့ မျက်နှာပြင် ပြပုံ
အဆင့် ၂။ Setup - Spybot Password Safe – Welcome to the Spybot - Search & Destroy Setup Wizard မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၃။ License Agreement မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ ကျန်တဲ့ Installation လုပ်ငန်းစဉ်ကို ဆက်မလုပ်ခင် License Agreement ကို ဖတ်ရှုပါ။
အဆင့် ၄။ Next ခလုတ်ကို ဖွင့်နိုင်ဖို့ I accept the agreement option ကို Check လိုက်ပြီး Select Destination Location မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၅။ အောက်ပါ မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၂ - Select Components မျက်နှာပြင် ပြပုံ
အဆင့် ၆။ မျက်နှာပြင်ဟာ အပေါ်က ပုံ ၂ နဲ့ ဆင်တူဖို့ သင့်တော်တဲ့ အစိတ်အပိုင်းတွေကို Check လုပ်ပြီး၊ Select Start Menu Folder ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၇။ Default ဖိုင်တွဲ တည်နေရာကို အတည်ပြုဖို့ ကိုနှိပ်လိုက်ပြီး Select Additional Tasks မျက်နှာပြင်ကို သက်ဝင်စေပါ။
အဆင့် ၈Ready to Install မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ Installing မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၉။ Installation လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ကို နှိပ်လိုက်ပြီး Spybot - Search & Destroy ကို ဖွင့်လိုက်ပါ။

၂.၁ Spybot အကြောင်း

Spybot ထိထိရောက်ရောက် သုံးစွဲတဲ့နေရာမှာ ပါဝင်တဲ့ အခြေခံ အဆင့် နှစ်ခု ရှိတယ်။ -
  • Detection Rules နဲ့ Immunization databases ကို Spybot ဆီက သင့်တော်တဲ့ နောက်ဆုံးထွက် Updates တွေနဲ့ မွမ်းမံခြင်း
  • Spybot ကို အလုပ်လုပ်စေခြင်း။ ဒီနေရာမှာ အရင်က ဆွဲချခဲ့တဲ့ detection rules, immunisation databases (သို့) Updates တွေဟာ ကွန်ပျူတာကို ခံနိုင်ရည် ပိုရှိစေပြီး ကွန်ပျူတာထဲက spyware တိုက်ခိုက်မှုတွေကို စစ်ဆေးပေး၊ ဖယ်ရှားပေးတာတွေ လုပ်ဆောင်ပေးပါတယ်။
မှတ်ချက် - အဆင့်မြင့် သော့ချက် ရွေးချယ်မှုတွေကို ခြုံငုံသုံးသပ်ဖို့၊ အပိုင်း ၃.၀ အဆင့်မြင့် ရွေးချယ်မှုများကို ကြည့်ရှုပါ။

၂.၂ Spybot ကို ပထမဆုံးအကြိမ် အသုံးပြုနည်း

Installation ကို ပြီးသွားတဲ့အခါ၊ * Spybot *ဟာ အလိုအလျှောက် ဖွင့်လာမှာ ဖြစ်ပြီး အောက်ပါအတိုင်း Legal stuff မျက်နှာပြင်ကို ပြလာပါလိမ့်မယ်။-

ပုံ ၃။ Legal stuff မျက်နှာပြင် ပြပုံ
မှတ်ချက် - နောက်တခါ Spybot ကို ဖွင့်ဖို့၊ ကို နှစ်ချက် နှိပ်လိုက်ပါ၊ (သို့) Start > All Programs > Spybot - Search & Destroy > Spybot - Search & Destroy ကို ရွေးလိုက်ပါ။
အဆင့် ၁Spybot - Search & Destroy (ပုံ ၈) နဲ့ Create registry backup မျက်နှာပြင်တွေကို အောက်မှာ ပြထားတဲ့အတိုင်း သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ -

ပုံ ၄ - Spybot-S&D Wizard ရဲ့ Create registry backup မျက်နှာပြင် ပြပုံ
မှတ်ချက် - registry ကနေ backup တခုကို ပြုလုပ်ဖို့ အလေးအနက် အကြံပြုလိုတယ်။ Windows Registry အကြောင်းကို ခြုံငုံသုံးသပ်တဲ့ အချက်အလက် အသေးစိတ်ကို CCleaner မှာ ကြည့်ရှုပါ။
အဆင့် ၂။ system registry ကနေ back up တခုကို ပြုလုပ်ပြီး သိမ်းဆည်းဖို့ ပုံ ၄ ထဲက ကို နှိပ်လိုက်ပါ။
အဆင့် ၃Spybot - Search for Updates မျက်နှာပြင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။ အကယ်လို့ အင်တာနက်နဲ့ ချိတ်ထားရင်၊ အောက်ပါအဆင့်အတိုင်း လုပ်ပါ - အဆင့် ၄Search for Updates ဝင်းဒိုးကို သက်ဝင်စေဖို့ ကို ** နှိပ်**လိုက်ပြီး၊ အပိုင်း ၂.၃ Spybot ရဲ့ Detection Rules နဲ့ Immunization Databases မွမ်းမံနည်းထဲကို တိုက်ရိုက် သွားပါ။
  • အကယ်လို့ အင်တာနက်နဲ့ မချိတ်ထားရင်၊ အောက်က အဆင့်အတိုင်း လုပ်ပါ။-
အဆင့် ၅Immunize this system ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပြီး၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို အောက်ပါအတိုင်း မြှင့်လိုက်ပါ -

ပုံ ၅ - ခံနိုင်ရည် မြှင့်တင်မှု အနေအထားပြ ဘားတန်း ပြပုံ
မှတ်ချက် - အကယ်လို့ သင့်ရဲ့ Browser ကို ဖွင့်ထားပြီး အကြောင်း တခုခုကြောင့် အသုံးမပြုပဲ ထားရင်၊ ခံနိုင်ရည် မြှင့်တင်မှု မလုပ်ခင် အောက်က မျက်နှာပြင် ပေါ်လာပါလိမ့်မယ် -

ပုံ ၆ - Open Browser Detected မျက်နှာပြင် ပြပုံ
အဆင့် ၆။ ဖွင့်ထားတဲ့ Browser တွေကို ပိတ်ပြီး ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၇ ကို နှိပ်လိုက်ပြီး Immunize စနစ်ထဲက Spybot - Search & Destroy console ထဲကို ပြန်သွားဖို့ ကို နှိပ်လိုက်ပါ။

ပုံ ၈ - Spybot - Search & Destroy console ပြပုံ

၂.၃ Spybot Detection စည်းကမ်းများနဲ့ Immunization ဒေတာဘေ့စ်များကို Update လုပ်နည်း

အရေးကြီးချက် - Spybot ကို နောက်ဆုံးထွက် definitions နဲ့ အမြဲတမ်း Update လုပ်ထားဖို့ အလွန် အရေးကြီးတယ်။
အဆင့်၁။ မွမ်းမံချက်တွေကို ဆွဲချရယူဖို့ ကွန်ရက် စာမျက်နှာတွေမှာ ရှိတဲ့ Spybot-S&D Updater ဝင်းဒိုးကို သက်ဝင်စေဖို့ Spybot-S&D ရဲ့ ဘယ်ဖက် Menu ထဲက ကို နှိပ်လိုက်ပါ။
အဆင့် ၂။ သင် နေထိုင်တဲ့ နိုင်ငံနဲ့ အနီးဆုံး နေရာဒေသကို ရွေးချယ်ပြီး၊ ညာဖက် နှိပ်လိုက်ပါ၊ အဲဒီနောက် ပုံ ၉ မှာ ပြထားတဲ့အတိုင်း Set this server as the preferred download location ကို ရွေးလိုက်ပါ။
  • အကယ်လို့ သင့်ရဲ့ detection rules ကို အခုတလော Update လုပ်ထားလိုက်ပြီ ဆိုရင်၊ Update အသစ်တွေ မရှိကြောင်း ပြတဲ့ pop-up မျက်နှာပြင် တခု ပေါ်လာလိမ့်မယ်။
  • အကယ်လို့ detection rules တွေကို မွမ်းမံမထားရင်၊ အောက်မှာ ပြထားတဲ့အတိုင်း Update တွေကို Download လို့ရတဲ့ ဆာဗာစာရင်းကို ဖော်ပြပေးတဲ့ Spybot-S&D Updater မျက်နှာပြင် ပေါ်လာလိမ့်မယ်။ -

ပုံ ၉ - Spybot-S&D Updater ဝင်းဒိုး ပြပုံ
အဆင့် ၃Spybot-S&D Updater - Please select the updates to download here ဝင်းဒိုးကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၄။ တွေ့ရတဲ့ options တွေ အားလုံးကို Check လုပ်လိုက်ပါ၊ နောက်ပြီး အဲဒီ Updates တွေကို စတင် Download ရယူဖို့ ကို နှိပ်လိုက်ပါ။

ပုံ ၁၀ - Spybot-S&DUpdater မျက်နှာပြင်က detection rules, အထောက်အပံ့ ဖိုင်တွေနဲ့ immunization databases ကို ဖော်ပြနေပုံ
မှတ်ချက် - အကယ်လို့ အဲဒီ Updates တွေကို Download လုပ်နေတုန်းမှာ ချို့ယွင်းချက် တခုခု ပေါ်လာမယ် ဆိုရင်၊ Spybot က နောက်တခေါက် ထပ်ပြီး Download လုပ်ဖို့ ပြောလာလိမ့်မယ်။- အောင်အောင်မြင်မြင် Download လုပ်ပြီးတဲ့နောက်မှာ၊ ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်ဖို့နဲ့ ပြဿနာတွေကို စစ်ဆေးဖို့ အောက်ကအတိုင်း အချက်ပြလာလိမ့်မယ် -

ပုံ ၁၁ - အကြောင်းအရာဖော်ပြတဲ့ စာမျက်နှာ ပြပုံ
အဆင့် ၆ ကို နှိပ်လိုက်ပြီး ကို ဆက်နှိပ်ပါ။
Spybot - Search & Destroy ပင်မ မျက်နှာပြင်ကို ပြန်ရောက်သွားလိမ့်မယ်
မှတ်ချက် - Spybot Update ကို ဘယ်အချိန်မှာ မဆို အလုပ် လုပ်စေနိုင်တယ်။ - Start > All Programs > Spybot - Search&Destroy > Update Spybot -S&D ကို ရွေးလိုက်ပါ။

၂.၄ ကွန်ပျူတာရဲ့ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နည်း

Spybot ဟာ ကွန်ပျူတာကို "ခံနိုင်ရည်မြှင့်"ပေးပြီး spyware ရဲ့ ရန်ကနေ ကာကွယ်ပေးတယ်။ ဒါဟာ တိုက်ခိုက်လာနိုင်တဲ့ ရောဂါ အသစ်အဆန်းတွေကို အကာအကွယ် ပေးဖို့ ကာကွယ်ဆေးထိုးတာနဲ့ အတူတူပါပဲ။
ကွန်ပျူတာရဲ့ နည်းစနစ်ကို ခံနိုင်ရည် မြှင့်တင်ပေးဖို့၊ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ အပေါ်က ပုံ ၆ မှာ ပြထားတဲ့အတိုင်း ခံနိုင်ရည်မြှင့်တင်မှုကို အလိုအလျှောက် စတင် လုပ်ဆောင်ဖို့ Spybot-S&D ဘေးတန်းက ကို ဒါမှမဟုတ် ကို နှိပ်ပါ။
Immunize ဘောင်ထဲမှာ ရွေးချယ်ထားတဲ့ ကာကွယ်မှု ပုံစံအမျိုးမျိုးကို မြင်လို့ ရအောင် သင့်ရဲ့ ဝင်းဒိုးကို ချဲ့ပေးဖို့ လိုလိမ့်မယ်။
မှတ်ချက် - ကွန်ပျူတာရဲ့ ခံနိုင်ရည်ကို မြှင့်တင်လိုက်တဲ့အတွက် ကွန်ပျူတာရဲ့ လည်ပတ်မှု တခုလုံးကို ထိခိုက်လာစေတယ်လို့ သံသယဖြစ်ရင်၊ ခံနိုင်ရည် မြှင့်တင်တဲ့ လုပ်ငန်းစဉ်ကို reverse (သို့) undo ပြန်လုပ်လိုက်ပါ။ ခံနိုင်ရည် မြှင့်တင်တာကို ပြန်ရုပ်သိမ်းဖို့ ဖြစ်ဖြစ်၊ နဂို အနေအထား အတိုင်း ပြန်ထားဖို့ပဲ ဖြစ်ဖြစ် ကို သင် နှိပ်လို့ရပါတယ်။

၂.၅ ပြဿနာများကို စစ်ဆေးနည်း

သတိပေးချက် - ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို စတင် စစ်ဆေးမှု မလုပ်ခင်၊ Spybot Detection rules နဲ့ Immunization databases ကို မွမ်းမံပါ။
ပြဿနာတွေနဲ့ အန္တရာယ်တွေကို စစ်ဆေးဖို့ အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ Spybot Search and Destroy ဘောင်ကို သက်ဝင်စေဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၂။ ကွန်ပျူတာထဲမှာ အန္တရာယ်တွေ ရှိမရှိ စတင် စစ်ဆေးဖို့ (အကယ်လို့ ဒေတာ၊ ဖိုင်တွေ၊ ပရိုဂရမ်တွေ အများအပြား ရှိနေတယ် ဆိုရင်၊ မိနစ် ၂၀ ကနေ တနာရီအထိ ကြာနိုင်တယ်) ကို နှိပ်လိုက်ပါ။ Spybot အချက်ပြ မျက်နှာပြင်ဟာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။-

ပုံ ၁၂ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ
အဆင့် ၃။ ကွန်ပျူတာထဲက ပြဿနာတွေကို စတင် စစ်ဆေးဖို့ ကို အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -

ပုံ ၁၃ - Spybot - Search & Destroy ပရိုဂရမ်က ပြဿနာတွေကို စစ်ဆေးပေးနေပုံ
စကင် စစ်ဆေးမှု ပြီးသွားတဲ့အခါ၊ တွေ့ရှိတဲ့ ပြဿနာ အမျိုးအစားနဲ့ အရေအတွက်ကို ဘောင်တခုထဲမှာ အောက်ပါအတိုင်း ဖော်ပြလာမှာ ဖြစ်တယ် -



ပုံ ၁၄ - ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေ (သို့) ခြိမ်းခြောက်မှုတွေကို ပြသနေတဲ့ Spybot - Search & Destroy စာမျက်နှာပြင် ပြပုံ
အဆင့် ၄။ ပယ်ဖျက်ချင်တဲ့ အချက်တွေကိုပဲ Check လိုက်ပါ။ တွေ့ရှိရတဲ့ အချက် တချို့ဟာ (အကြောင်း တခုခုအတွက်) သိမ်းထားဖို့ လိုအပ်တဲ့ ရောင်းဝယ်ရေး ဆော့ဗ်ဝဲ ဖြစ်နေနိုင်ပါတယ်။
သိကောင်းစရာ - အနီရောင်နဲ့ ပြထားတဲ့ အချက်တွေကို ပြဿနာ (သို့) ခြိမ်းခြောက်မှု တခုအဖြစ် သတ်မှတ်ထားတယ်။ အစိမ်းရောင်နဲ့ ပြထားတဲ့ အချက်တွေကတော့ အင်တာနက် သုံးစွဲမှုကို ခြေရာခံတာ ဖြစ်ပါတယ်။ သီးသန့်အချက် တခုခုကို ဆက်လက် ထားရှိလိုရင်၊ ၄င်းနဲ့ဆိုင်တဲ့ check box ကို un-check လုပ်လိုက်ပါ၊ ဒီလိုဆိုရင် ပယ်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။
အရေးကြီးချက် - တွေ့ရှိထားတဲ့ malware ကို မဖျက်ခင် (သို့) လျစ်လျူရှု မထားခင်၊ အချက် တခုစီရဲ့ အမူအကျင့်နဲ့ ဇစ်မြစ်တွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။
အဆင့် ၅။ အချက်အလက် ပိုပြီး မြင်တွေ့နိုင်ဖို့ Spybot ရလဒ် ဝင်းဒိုးရဲ့ ညာဖက်က ကို နှိပ်လိုက်ပါ။ အကယ်လို့ ဘာမှ ဖေါ်ပြမထားဘူး ဆိုရင်၊ အင်တာနက်ပေါ်မှာလည်း ရှာဖွေလို့ ရတယ်။ အသုံးပြုနည်း၊ ကွန်ပျူတာရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အချက်တွေကို ရှာပါ။ ပြဿနာတွေ၊ ခြိမ်းခြောက်မှုတွေရဲ့ အကြောင်းရင်းကို ကောင်းကောင်း သိရှိထားခြင်းဖြင့် သင့်အတွက် ပိုမို စိတ်ချရမှာ ဖြစ်သလို၊ ပိုပြီး လုံခြုံမှု ရှိစေမှာ ဖြစ်ပါတယ်။



ပုံ ၁၅ - က အကြောင်းအရာအစုံကို ဖေါ်ပြပေးနေပုံ
အဆင့် ၅။ malware ကို ပယ်ဖျက်ဖို့ ကို နှိပ်လိုက်ပါ။
အတည်ပြုချက်ပြတဲ့ စာမျက်နှာတခု ပေါ်လာပြီး တွေ့ရှိထားတဲ့ ပြဿနာတွေ အားလုံးကို ပယ်ဖျက်မယ် မပယ်ဖျက်ဘူး စတာတွေကို မေးလာလိမ့်မယ်။
အဆင့် ၆။ အကယ်လို့ ပယ်ဖျက်ချင်တယ် ဆိုရင် Yes ခလုတ်ကို နှိပ်လိုက်ပါ။
မှတ်ချက်- ကွန်ပျူတာထဲက ပြဿနာတွေကို အပတ်စဉ် အပတ်တိုင်း စကင်ဖတ် စစ်ဆေးဖို့ လိုအပ်တယ်။

၂.၆ Resident TeaTimer

Resident TeaTimer ဆိုတာ နောက်ကွယ်မှာ (Spybot ကို အသုံးမပြုတဲ့အချိန်မှာတောင်) အမြဲတမ်း လည်ပတ်နေတဲ့ Spybot ပရိုဂရမ် တခု ဖြစ်တယ်။အရေးကြီးတဲ့ ကွန်ပျူတာ လည်ပတ်မှုတွေကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာတွေက အရေးကြီးတဲ့ system configurations (သို့) settings တွေကို သွားပြီး မထိခိုက်နိုင်အောင် ၄င်းက အမြဲတမ်း စောင့်ကြည့်ပေးတယ်။ TeaTimer ဟာ အန္တရာယ်ရှိပြီး သံသယ ရှိဖို့ ကောင်းတဲ့ လှုပ်ရှားမှု တခုခုကို တွေ့ရှိလာတဲ့ အချိန်တိုင်း သုံးစွဲသူတွေကို အချက်ပေးလေ့ရှိတဲ့အတွက်၊ ဒီအချက်ပေးမှုကို (အန္တရာယ်ရှိကြောင်း အတည်ပြုပြီး) သင် လက်ခံခွင့်ပြုလို့ ရသလို ငြင်းပယ်လို့ ရတယ်။ pop-up မျက်နှာပြင်ရဲ့ နမူနာဟာ အောက်ပါအတိုင်း မြင်ရမှာ ဖြစ်တယ် -



ပုံ ၁၆ - ပြင်ဆင်ချက်ကို လက်ခံခွင့်ပြု / ငြင်းပယ်နိုင်တဲ့ Spybot - Search & Destroy Resident TeaTimer သတိပေးချက် စာမျက်နှာ ပြပုံ
ပရိုဂရမ် အတော်များများဟာ ကွန်ပျူတာရဲ့ အတွင်းပိုင်း လည်ပတ်မှုစနစ်အထိ ဝင်ရောက်လေ့ ရှိတဲ့အတွက်၊ လက်ခံခွင့်ပြုဖို့ / ငြင်းပယ်ဖို့ TeaTimer က မကြာခဏ မေးလာလိမ့်မယ်။ ဒီနမူနာထဲမှာ၊ Skype ကို Windows Start စာရင်းမှတ်ထဲကနေ ဖြုတ်ထားလိုက်တယ်။ ပရိုဂရမ် (ဒါဟာ အစပိုင်းမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ဘူး) တခုခုကို Uninstall လုပ်တဲ့အချိန်တိုင်း ဒီလို အမြဲဖြစ်ပျက်နေမှာ ဖြစ်တယ်။ ဒီနေရာမှာ၊ system setting အသေးအမွှားလေး တခုကို ပြင်ဆင်ဖို့ လိုအပ်တဲ့အတွက် အဲဒါကို ခွင့်ပြုလိုက်လို့ ရတယ်။
သိကောင်းစရာ - အကယ်လို့ သင်ဟာ TeaTimer ဝင်းဒိုး တခုထဲမှာ ဘာလုပ်ရမယ် ဆိုတာ အသေအချာ မသိရှိရင်၊ အောက်မှာ ဖော်ပြထားတဲ့အတိုင်း အချက်အလက် အသေးစိတ်ကို ကြည့်ရှုဖို့ ကို နှိပ်လိုက်ပါ။



ပုံ ၁၇ - Spybot - Search & Destroy Startup စာမျက်နှာ ပြပုံ
တောင်းဆိုချက် တခုရဲ့ သက်ရောက်မှုတွေ ဘာဖြစ်လာမယ် ဆိုတာ အသေအချာ မသိရင်၊ ငြင်းပယ်လိုက်တာ ပိုပြီးအန္တရာယ် ကင်းတယ်။ ဒါပေမဲ့၊ အဲဒီ တောင်းဆိုချက်ဟာ မှန်ကန်မှု ရှိတယ်လို့ အသေအချာ ပြောနိုင်တယ် ဆိုရင်၊ Spybot က ဒီသတိပေးချက်ကို နောက်တခါ ဖေါ်ပြလာမှာ မဟုတ်ပါဘူး။
မှတ်ချက် - ပရိုဂရမ် အသစ်တခုခုကို သင် Install လုပ်လိုက်တဲ့နောက် startup အစီအစဉ်ထဲမှာ အလိုအလျောက် ပေါ်လာတဲ့အခါ TeaTimer အလုပ်လုပ်လာတာကို မကြာခဏ မြင်တွေ့ရမယ်။ ပရိုဂရမ်တခုခုကို Uninstall လုပ်တဲ့အခါမှာလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သိကောင်းစရာ - Update ပေါ်လာတဲ့အခါတိုင်း TeaTimer ကို အမြဲ Update လုပ်ပါ။

၂.၇ ဆယ်တင်ရေး ကိရိယာကို အသုံးပြုနည်း

ဆယ်တင်ရေး ကိရိယာဟာ လွန်ခဲ့တဲ့ အချိန်မှာ ပယ်ဖျက်လိုက်တဲ့ (သို့) ပြုပြင်လိုက်တဲ့ အချက်တခုခုကို ပြန်ဖော်ပေးနိုင်၊ ပြန်ရယူပေးနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ Spybot ဟာ အရင်တုန်းက ပယ်ဖျက်ခဲ့တဲ့ အချက်တခုစီရဲ့ backup တခုကို ဖန်တီးပေးတဲ့ အတွက် ဖြစ်တယ်။ အကယ်လို့ ပယ်ဖျက်လိုက်တဲ့ malware ရဲ့ အစိတ်အပိုင်းတခုဟာ သင့်ရဲ့ ကွန်ပျူတာကို ချွတ်ယွင်းစေတယ် ဆိုရင်၊ ဆယ်တင်ရေး ကိရိယာကို သုံးပြီး ပြန်ဖော်လို့ ရပါတယ်။
အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ အချက် တခုကို ပြန်ဖော်ချင်ရင် အောက်ပါ အဆင့်တွေကို လုပ်ဆောင်ပါ -
အဆင့် ၁။ ဆယ်တင်ရေး မျက်နှာပြင်ကို သက်ဝင်စေဖို့ အောက်ပါအတိုင်း ကို နှိပ်လိုက်ပါ။ -



ပုံ ၁၈ - Spybot Search & Destroy - ဆယ်တင်ရေး စာမျက်နှာ ပြပုံ
အဆင့် ၂။ အရင်တုန်းက ပယ်ဖျက်လိုက်တဲ့ စာရင်းထဲကနေ ဆယ်တင်လိုတဲ့ အချက်တွေကို Check လုပ်ပြီး ကို နှိပ်လိုက်ပါ။
အတည်ပြုချက် ပြတဲ့ အညွှန်းစာမျက်နှာလေးဟာ အောက်ပါအတိုင်း ပေါ်လာလိမ့်မယ် -



ပုံ ၁၉ - အတည်ပြုချက် အညွှန်းစာမျက်နှာ ပြပုံ
အဆင့် ၃။ ရွေးလိုက်တဲ့ အချက်တွေကို ဆယ်တင်ဖို့ ကို နှိပ်လိုက်ပါ။
အဆင့် ၄။နောက်တမျိုးနဲ့၊ ရွေးချယ်ထားတဲ့ ဖိုင်တွေအားလုံးကို ဖယ်ရှားပစ်ဖို့ ကို နှိပ်လိုက်ပါ။ ဒါပေမဲ့ ရှင်းလင်းပစ်လိုက်တဲ့ အချက်တွေကို ပြန်ပြီး ဆယ်တင်လို့ ရမှာ မဟုတ်တော့ဘူးဆိုတာ သတိရပါ။

Ref:  security.ngoinabox.org/my

1 comments:

ဒေါင်းသွားတယ်ဗျို့  ကျေးဇူးပါသူငယ်ချင်း

Post a Comment