မိမိ လိုချင်တာ ၊ သိချင်တာကို အလွယ်တကူရှာဖွေနည်း ဒေါင်းယူနည်း

 မင်္ဂလာပါ.... 

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) လေးကို လာရောက်လည်ပတ် အားပေးနေကြတဲ့  မိတ်ဆွေ ၊ သူငယ်ချင်းများနှင့် မန်ဘာများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း များဖြင့်  ပြီးပြည့်စုံနိုင်ကြပါစေကြောင်း ခင်မင် လေးစားစွာဖြင့် ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်ခင်မျာ ....

မပြည့်စုံမှုများ ၊ လစ်ဟင်းမှုများ ၊ လိုအပ်ချက်များ ရှိခဲ့ရင် နားလည် ခွင့်လွှတ်ပေးကြပါဖို့လည်း တဆက်တည်း ပြောကြားလိုပါတယ်.....;)



Link သေသွားလို့ ဒေါင်းမရတာမျိုးတွေရှိခဲ့ရင် သက်ဆိုင်ရာ ပို့စ်အောက်က Comment Box မှာဖြစ်စေ Facebook Message Box မှာဖြစ်စေ ရေးပြီး အသိပေးသွားနိုင်ပါတယ်...
သိတာနဲ့ ပြန်တင်ပေးထားပါ့မယ် ...


တကယ်လို့ မိမိလိုချင်တဲ့ Software (သို့) ဖိုင်လ် တစ်ခုခုက အရေးတကြီး လိုအပ်နေတာမျိုးဆိုရင်  အခြားအမျိုးအစားတူပို့စ်မှာ ရှိနိုင်ပါသေးတယ်... အောက်မှာဖေါ်ပြထားတဲ့ နည်းလမ်းအတိုင်း ရှာကြည့်လိုက်ပါ..။


Download Link  တစ်ခုခုက ဒေါင်းမရတာမျိုးနဲ့ ပါတ်သက်ပြီး အနည်းငယ်ပြောပါရစေ.....


Post တစ်ပုဒ် ရဲ့ ခေါင်းစဉ်တိုင်း  အောက်က ကပ်လျှက်မှာ Post တင်တဲ့ ရက်စွဲကို ပို့စ်တင်သူအမည်နှင့် တွဲလျှက် အတိအကျ ပါရှိပါတယ်..။


မိမိဒေါင်းယူချင်တာမျိုး ရှိတဲ့အခါ အဲ့ဒီ ရက်စွဲကို သေချာကြည့်ပါ... လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကတင်ထားတဲ့ Post  ဖြစ်နေရင် ဒေါင်းမရနိုင်ဖို့ကများပါတယ်... (Download Link ကို နှိပ်ကြည့်လိုက်ပါဦးနော်)


ကျနော်တို့ တင်ပေးနေတဲ့ Hosting ဆိုက်ဒ်တွေက Free ဆိုက်ဒ်တွေပါ..
လုံလောက်တဲ့ ဝင်ငွေမရှိတာကြောင့် ပိုက်ဆံပေးပြီး မတင်နိုင်ပါဘူး။


Free Hosting ဆိုက်ဒ်တွေက ကိုယ်တင်လိုက်တဲ့ ဖိုင်လ်တစ်ခုကို ၂ နှစ် ၃ နှစ်ကြာအောင် ထိန်းသိမ်းပေးထားခြင်း မရှိပါဘူး... အလွန်ဆုံး ၈လ ကနေ တစ်နှစ်လောက်အထိပဲ လက်ခံထားကာ သတ်မှတ်ရက်ရောက်တာနဲ့ အလိုလိုပျက်သွားပါတယ်...


ဒါ့ကြောင့် Download ဆွဲမရတော့ပဲ Link သေတာမျိုးတွေဖြစ်စေတာပါ...

 ဒေါင်းမရတာနဲ့ ပါတ်သက်ပြီး  အနည်းငယ်ကလေး နားလည်ပေးလိုက်ပြီလို့ ယူဆပါတယ်နော် .... :D


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


နောက်တစ်ခုကတော့.... Download ဆွဲတာနဲ့ ပါတ်သက်ပြီး (လုံးဝမသိသေးသူ၊ဖုန်းဖြင့်ဒေါင်းသူ) တွေကို အဓိကရည်ရွယ်ပြီးရေးလိုက်ပါတယ်...။

 ဖြစ်နိုင်မယ်ဆိုရင် နီးစပ်ရာမှ မသိသေးသူတွေအတွက် တဆင့်ပြန်လည် မျှဝေပေးစေချင်ပါတယ်။

ဒီလိုရေးလိုက်လို့ Website နာမည်ရဖို့  (Like & Share) များများရဖို့ ဆိုတဲ့ ရည်ရွယ်ချက် (လုံးဝ) လုံးဝမပါပါဘူး... မသိသေးသူတွေကို တကယ် သိစေလိုတဲ့ဆန္ဒ အမှန်ပါ...

တဆင့်ပြန်လည်မျှဝေပေးရတာကို အလုပ်ရှုပ်စေတယ်ဟု ထင်မြင်ခဲ့သော်  မရှယ် (Share) ပဲ နေလိုက နေနိုင်ပါတယ်.... :)

လိုချင်တစ်ခုရှိလို့ Download Link ကို နှိပ်လိုက်တဲ့အခါ ... Download Link ကို မရောက်ပဲ Adf.ly ဆိုတဲ့ ကြော်ငြာတဲ့ နေရာကိုရောက်သွားပြီး 5 စက္ကန့်စောင့်ပေးရတာမျိုး Download ဆွဲဖူးသူတိုင်း သိကြမှာပါ..... (စိတ်ရှုပ်၊မျက်စိရှုပ်စေတဲ့အပြင် အချိန်လည်းကုန်ပါတယ်)

ကျနော်လည်း ဟိုး အရင်က သူငယ်ချင်းတစ်ယောက်ပြောလာတာနဲ့  ပိုက်ဆံ ($) တွေ အများကြီးရလေမလားဆိုတဲ့ အတွေးနဲ့ပေါ့လေ....  Download Link တွေကို အဲဒီခုလို ကြော်ငြာ Page တွေနဲ့ ကြားခံခဲ့ဖူးပါတယ်... တကယ်တော့ မဖြစ်စလောက်လေးပါ..။

ကိုယ်ချိတ်ပေးထားတဲ့ Link ကို အကြိမ် 10000 နှိပ်သူရှိမှ $5 ကျပ်ရပါတယ်... အသေးစိတ် သိချင်ရင် ဟိုးအရင်က ကျနော်ရေးထားဖူးပါတယ်... ဒီနေရာကို နှိပ်ပြီး လေ့လာနိုင်ပါတယ်..။

အခုတော့..........

ဒီကနေ့  မြန်မာနိုင်ငံဟာလည်း နေရာတိုင်း ၊ လူတိုင်းလိုလို လက်ကိုင်ဖုန်းကိုယ်စီနဲ့ အင်တာနက်ကို အလွယ်တကူ အသုံးပြုလို့ရနေပြီဖြစ်တာကတစ်ကြောင်း ၊ လေ့လာဆန်းစစ်ကြည့်မိတော့ အင်တာနက်အသုံးပြုသူ (သို့)  Download ဆွဲသူ ၉၀% လောက်ဟာ လက်ကိုင်ဖုန်းတွေကတဆင့် အသုံးပြုနေ ၊ Download ဆွဲနေကြတယ်ဆိုတာကို

 သတိထားမိခဲ့တဲ့ နောက်ပိုင်း........

ကျနော်တင်သမျှ Post တိုင်းမှာ Dwnload Link တွေကို အရှင်းဆုံး အလွယ်ကူဆုံးဖြစ်အောင်ပဲ ညွှန်းပေးပါတော့တယ်... (အလုပ်ရှုပ်စေ အချိန်ကုန်စေတာတွေမဖြစ်စေချင်တာကြောင့်) ဘာကြော်ငြာမှလည်း မခံတော့ပါဘူး......

နည်းပညာ ဆိုတာလေးနဲ့ ပါတ်သက်ပြီး.....

[ နည်းပညာ ] ဆိုတာကို စာဖတ်သူကတော့ ဘယ်လို နားလည် ခံယူထားသလဲဆိုတာကို ကျနော်မသိပါဘူး...

ကျနော်သိတဲ့ [ နည်းပညာ ] ဆိုတာကတော့ (ဖလှယ်ခြင်း) သို့မဟုတ် (မျှဝေပေးခြင်း) လို့ နားလည် ခံယူထားပါတယ်...

ဒါကြောင့် ကျနော်ဟာ Online ပေါ်မှ  ကိုယ့်လိုဝါသနာတူတဲ့ ညီငယ် လူငယ်လေးတွေ တွေ့ရင်  သူငယ်ချင်းမိတ်ဆွေဖွဲ့ပြီး  ကျနော့ ဒီ Website ထဲကနေ မိမိတို့ သိထားသလောက် မိမိနှင့်အတူ အများသူငှာ ဗဟုသုတတိုးပွားစေဖို့ မျှဝေပေးနိုင်ကြောင်း ပြောပြီး အမြဲဖိတ်ခေါ်လေ့ရှိတတ်ပါတယ်...

ပထမဆုံး  ဖိတ်ခေါ်ခဲ့သူကတော့ ကိုလတ်(ကျွဲဆင်း)  ဆိုတဲ့ ညီလေးပါ....  တချို့ကတော့ သူတို့သဘောနဲ့ သူတို့ ရေးသာမျှဝေချင်ပါတယ်ပြောလာလို့ လက်ခံပြီး မျှဝေစေခဲ့ပါတယ်...

ကျနော်နဲ့အတူ ရေးသား မျှဝေနေကြသူတွေအထဲမှာ တချို့ကကိုယ်ပိုင် Website ရှိတဲ့သူတွေလည်းပါပါတယ်... သူတို့ကတော့ အခု နောက်ပိုင်း ဝင်မရေးကြတော့ပါဘူး သူတို့ရဲ့ (မူလရည်ရွယ်ချက်အတိုင်း) သင့်တော်တဲ့ ပရိတ်သတ်ရသွားပြီဖြစ်လို့  သူတို့ကိုယ်ပိုင် Website မှာပဲ ရေးကြပါတော့တယ်..။

မျှဝေနေကြတဲ့အထဲမှာ....

အများစုက လူငယ်တွေဖြစ်တာကတစ်ကြောင်း အတွေ့အကြုံနည်းနေသေးတာကတစ်ကြောင်းမို့ တချို့ လိုအပ်တာလေးတွေ အဆင်မပြေတာလေးတွေ ရှိနေတတ်ပါတယ်... အဲ့ဒီအတွက် စာဖတ်သူများကို ကျနော်ကပဲ အနူးညွှတ်တောင်းပန်အပ်ပါတယ်ခင်မျာ.....

ဒါကတော့ [ နည်းပညာ ]  ဆိုတာကို နားလည် ခံယူထားတဲ့ ကျနော့ရဲ့ ခံယူချက်ပါ..။


 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လိုရင်းကိုမရောက်နိုင်ဘူးနော် :D

ကဲ......
Download ဆွဲတာနဲ့ပါတ်သတ်တာလေး ဆက်ကြဦးစို့.... :)

ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ Download ဆွဲရတာ အတွေ့အကြုံမရှိရင် တော်ရုံမလွယ်ပါဘူး...

Download Link ချိတ်ပေးသူ 90% က... ပိုက်ဆံရဖို့ကိုပဲ ရည်ရွယ်ပြီး.....
Adf.ly လိုမျိုး ကြော်ငြာ Page များကို ကြားခံပြီး မျှဝေနေကြပါတယ်...

တချို့တိုင်းပြည်တွေက Website တွေဆိုရင် 5 စက္ကန့် စောင့်ပေးရတဲ့ Ad.Fly လို ကြော်ငြာ Page တွေကို ၅/၆ ခုအထိ ချိတ်ထားတတ်ကြပါတယ်...

ကွန်ပျူတာမှာတော့ AD Blocker လေးကို သက်ဆိုင်ရာ Browser မှာထည့်ထားလိုက်ရင် မလိုအပ်တဲ့ ကြော်ငြာ Page တွေ မတတ်တော့ပါဘူး။ (AD Blocker နဲ့ ပါတ်သက်ပြီး ဒီနေရာမှာ အရင်က ရေးဖူးပါတယ် ဖတ်ကြည့်စေချင်ပါတယ်)

 ဒါပေမဲ့.....  အခုနောက်ပိုင်း AD Blocker တွေလည်း အသုံးမဝင်တော့ပါဘူး ...

လက်တွေ့သိချင်ရင် အောက်ကပုံတွေကို တစ်ပုံချင်း ကြည့်ပါ ပုံပေါ်မှာ စာရေးထားပါတယ်....


(ပုံမရှင်းရင် ပုံကို နှိပ်ပြီးကြည့်ပါ)


AD Blocker ထည့်ထားရင် Disable လုပ်ခိုင်းပါတယ်.. Disable မလုပ်ရင် အဲ့ဒီနေရာကနေ ဘယ်လိုမှ ဆက်သွားလို့မရပါဘူး...







(ဒါကတော့ ဥပမာအနေနဲ့ပြတာပါ အလားတူဆိုက်ဒ်တွေ အများကြီးရှိပါသေးတယ်)

 ဒေါင်းရမဲ့ Download Link ကိုရောက်ပြန်တော့လည်း....

Ad ဆိုတဲ့ ကြော်ငြာတွေကြောင့် ဘယ် Download Button ကို နှိပ်လို့ နှိပ်ရမှန်း မသိနိုင်ပါဘူး.... Free တင်ထားတာဖြစ်လို့  Page တစ်ခုလုံးမှာ ကြော်ငြာတွေ Download Button တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်....  သင့် ကွန်ပျူတာမှာ Flash Player မရှိဘူး ဒီမှာ နှိပ်ပြီး Download လုပ်ပါ ဆိုတာမျိုး ... ဟိုဟာသွင်းပါ .. ဒီဟာယူပါ .. ဒီ Software မရှိရင် ရုပ်ရှင်ကြည့်လို့ မရနိုင်ပါဘူး ...  iPhone 5 , Galaxy S4  Free လိုချင်ရင် ငါ့ကို ကလစ်ပါ  ဆိုတာမျိုးတွေကို Video နဲ့တစ်မျိုး အရုပ်တွေ ပြပြီး တဖုံ ....စုံလို့ပါပဲ....

သူတို့ကို နှိပ်ချင်အောင်လည်း လှုပ်လှုပ် ရွရွ နဲ့  ခုန်ပေါက်နေကြပြန်ပါသေးတယ်....  သင့်စက်မှာ Virus တွေရှိနေပါတယ် ဒါကိုနှိပ် Install လုပ်ပါ ဘာညာနဲ့ပေါ့... အခန့်မသင့်လို့  နှိပ်မိလိုက်ရင် Page တစ်ခု (New Window) နဲ့ အလိုလျှောက်ပွင့်သွားစေပါတယ်... အဲ့ဒီ Page ကိုရောက်တာနဲ့ ထုံးစံအတိုင်း အရုပ်နဲ့ ကြော်ငြာတာ အားမရလို့ Video နဲ့ပါကြော်ငြာနေပါတော့တယ်.... Cancel ကို ဘယ်လောက် နှိပ်နှိပ် တော်ရုံနဲ့ ပေးမထွက်ပြန်ပါဘူး... Cancel ကို နှိပ်လိုက်တာနဲ့ တကယ်ထွက်သွားတော့မလို့လား...  နေပါဦး နောင်ကြီးရာ... ရောက်တုန်း ရောက်ခိုက် ဘာညာဆိုပြီး သူတို့ပြောတာတွေ ၊ ရေးထားတာတွေကို ဇွတ်အတင်း ကြည့်ခိုင်းနေတတ်ပါတယ် ...  ဟိုဟာ နှိပ်ခိုင်း သည်ဟာနှိပ်ခိုင်းနဲ့  ၃/၄ ချက်နှိပ်ပေးပြီးမှ ပြန်ထွက်လို့ရတတ်ပါတယ်.. 



 အမှန်တကယ် နှိပ်ပေးရမဲ့ နေရာက အပေါ်ဆုံး ညာဘက်အစွန်က (အပြာရောင်နဲ့)  skip (or) SKIP AD ကိုပဲ နှိပ်ရမှာပါ....
 ဒီအောက်ကပုံကို ကြည့်ပါ...  မျှား အနီနဲ့ပြထားတာတွေက ကြော်ငြာတွေပါ... တကယ် နှိပ်ရမှာက မျှားအပြာရောင်နဲ့ ပြထားတဲ့ နေရာက Download ကို နှိပ်ပြီး ဒေါင်းရမှာပါ...။




 တချို့ User တွေက အနီရောင်နဲ့ ပြထားတဲ့ Download Button တွေကို မှားနှိပ်မိတတ်ကြပါတယ်.... Virus တွေတင်ပေးနေပါတယ်တို့  ဒေါင်းမရဘူး အဆင်မပြေဘူးတို့ဆိုတာ ... ဒီကနေ စ,တာပါပဲ...

တခါတရံ Download Button ကို တစ်ချက်နှိပ်ပေးရုံနဲ့ မရပြန်ပါဘူး အနည်းဆုံး ၃ ချက်လောက်နှိပ်ပေးရပါတယ်... ကွန်ပျူတာနဲ့ဆိုရင် အဆင်ပြေအောင် ကျော်လွှားနိုင်ပေမဲ့........

ဒီနေရာမှာ....

အတွေ့အကြုံ မရှိသေးသူတစ်ယောက်က လက်ကိုင်ဖုန်းကနေတဆင့် ဒေါင်းယူခဲ့မယ်ဆိုရင်...  ကျနော်ထင်ပါတယ် ဒေါင်းမရဘူးကွာ ဆိုပြီး လှည့်ပြန်သွားပါလိမ့်မယ်...  

 သက်ဆိုင်ရာ ဝက်ဆိုက်မှာလည်း ဒေါင်းမရတဲ့အကြောင်း (သို့) Virus ဖြစ်နေပါတယ် ဆိုပြီး ပေါက်ကရ ရေးသွားပါလိမ့်မယ်..။

  နောက်လည်း အဲဒီလို Website မျိုးကို ဘယ်တော့မှ လာမှာမဟုတ်တော့ဘူး။
အပေါ်မှာပြောခဲ့သလို Free Hosting ဆိုက်ဒ်တခုမှာ Free တင်ပြီး Free ဒေါင်းယူရတာဆိုတော့
အတင်ခံတဲ့ ဆိုက်ဒ်ကလည်း Free နှင့် တန်အောင် ($) ရဖို့ နှစ်ချက် သုံးချက် ထပ်နှိပ်စေပါတယ်...:) 

Download Button ကို တစ်ချက်နှိပ်လိုက်တိုင်းလည်း  မိမိဖုန်းကို သတိထားကြည့်ပါ... မိမိလိုချင်တဲ့ Software မဟုတ်ပဲ Virus လိုမျိုး Launcher တစ်ခုခု သို့မဟုတ် APK တစ်ခုခုကို အော်တိုမက်တစ် ဒေါင်းယူနေတာ တွေ့ပါလိမ့်မယ်... (၁၀)ချက်နှိပ်ရင် (၁၀)ခု အော်မက်တစ် ဒေါင်းယူနေတတ်ပါတယ်..။ 

အဲ့ဒီ Apk ကို ကိုယ်လိုချင်တဲ့ Softwre ထင်ပြီး Install လုပ်လိုက်မိရင်တော့  ဖုန်းဟာ အရင်လိုမဟုတ်တော့ပဲ ပုံစံတွေ ပြောင်းသွားပြီး ကြာလာတာနဲ့အမျှ လေးလန်စေတာမျိုးတွေ ဖြစ်လာစေမှာပါ..။ 

"ကျနော့ဖုန်းက လေးတယ် အရင်လို သုံးလို့မကောင်းတော့ဘူး" ဆိုတာ ဒီက စ,တာပါပဲ...

အဲ့ဒီလို  အကြိမ်ကြမ်မနှိပ်ပဲ ဒေါင်းလို့မရနိုင်ဘူးလားလို့ မေးခဲ့မယ်ဆိုရင် ရနိုင်ပါတယ်... 

ဘယ်လိုလုပ်ရမလဲဆိုရင်တော့.....  မိမိဒေါင်းယူလေ့ရှိတဲ့ သက်ဆိုင်ရာ Hosting ဆိုက်ဒ်တခုခုမှာ Register လုပ်  $ ပေးပြီး Premium Account (VIP) နဲ့ ဒေါင်းယူနိုင်ပါတယ်... :)  
 ကျနော်ထင်ပါတယ် စီးပွားရေးလုပ်နေသူလောက်ကလွဲပြီး Software လေးတစ်ခုအတွက် $ ပေးပြီး ဒေါင်းယူရမယ်ဆိုရင် ဘယ်သူမှ ဒေါင်းယူမှာ မဟုတ်ပါဘူး.... :D

ဒီလောက်ဆိုရင်......

 အင်တာနက်ပေါ်က အသုံးဝင်တဲ့ ဖိုလ်တစ်ခု သို့မဟုတ် Software တစ်ခုကို  Download ဆွဲယူရတာ တော်ရုံအတွေ့အကြုံမရှိရင် မလွယ်ဘူးဆိုတာကို အနည်းငယ်မျှ  ဗဟုသုတရလောက်ပြီလို့ ယူဆပါတယ်နော်... :)


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


 

ပေးထားတဲ့ ခေါင်းစဉ်နဲ့ ဆိုင်တဲ့ Post က အခုမှ စ,ရမှာပါ....:D

အင်တာနက်ပေါ်မှာ မိမိလိုချင် သိချင်တဲ့ အကြောင်းအရာတစ်ခုကို အချိန်တိုတိုနဲ့ ရှာဖွေတတ်ဖို့ပါ... ကျနော့ Website မှာတင်မဟုတ်ပဲ အခြား Website ၊ Forums နှင့် Google  ပေါ်မှာလည်း ရှာဖွေနိုင်ပါတယ်။

  အင်တာနက်ပေါ်က Website တွေ Forums တွေတိုင်းမှာ Search Box  ဆိုတာ ရှိပါတယ် သတိထားကြည့်ကြည့်ပါ.... အများအားဖြင့် ဆိုက်ဒ်တခုရဲ့ အပေါ် ထိပ်နားမှာ ရှိတတ်ပါတယ်... ကျနော့ဆိုက်ဒ်မှာတော့ မမြင်မှာစိုးလို့ သတိမထားမိမှာစိုးလို့ အလယ်မှာထားထားပါတယ်...:D

Website တစ်ခုမှာ နေ့စဉ်နှင့်အမျှ Posts တွေ တင်နေတာဖြစ်လို့   ကြာလာတာနဲ့အမျှ Posts တွေဟာလည်း  ထောင် ၊ သောင်း ချီပြီး များပြားနေမှာပါ...

အဲဒီ အများကြီးထဲမှ မိမိလိုချင် သိချင်တာမျိုးရှိလို့ Web Page နံပါတ် တခုချင်း လှန်ရှာနေမယ်ဆိုရင်တော့ တော်တော်နဲ့ တွေ့နိုင်မယ် မထင်ပါဘူး...

အဲ့ဒီအတွက် အချိန်ကုန်စေခြင်းမဖြစ်ရလေအောင် Search Box ဆိုတာကို Website တိုင်းမှာ ထည့်ပေးထားကြတာပါ...။

Search Box တွေ့ရင်....

လိုချင်တဲ့ Software သိုမဟုတ် သိချင်တဲ့ အကြောင်းအရာလေးတစ်ခုကို..
ဥပမာ။ ။  Internet Download Manager ကို ရှာချင်တယ်ဆိုပါစို့  IDM ဟု ရေးပြီး အနီရောင်မျှားဖြင့်ပြထားတဲ့  Search ကို နှိပ်လိုက်ပါ.. (Enter နှိပ်လည်းရပါတယ်)

(တချို့ဆိုက်ဒ်တွေမှာ အနီရောင်နဲ့ ပြထားတဲ့ Search ဆိုမျိုး မပါတတ်ပါဘူး Enter ခေါက်ပေးပါ)


 IDM နဲ့ ပါတ်သက်ပြီး နီးစပ်ရာတွေဟာ Blog ရဲ့ အပေါ်နားမှာ ခုလို ထွက်လာပါလိမ့်မယ် သိချင်တာ , ရှာနေတာကို (နီးစပ်ရာ)Click လိုက်ရုံပါပဲ....


အောက်နားက နံပါတ်  1 2 3 4 5 6 7 8 9 10 တွေကိုနှိပ်ပြီး IDM နဲ့ ပါတ်သတ်တာတွေ ဆက်ပြီးရှာဖွေနိုင်ပါသေးတယ်..။

ဒီနည်းအတိုင်း အင်တာနက်ပေါ်က အခြားနေရာတွေမှာလည်း ရှာနိုင်ပါတယ်..။


 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဒါကတော့ ကျနော့ ဒီ Website ထဲမှာ အလွယ်တကူရှာဖို့ပါ...


ကဏ္ဍ အလိုက် ခွဲထားတဲ့ ခေါင်းစဉ် တွေကို အပေါ်ကပုံလေးမှာ ပြထားသလို  Tags  ဆိုတာလေးကို နှိပ်ပြီး...

 အမျိုးအစားအလိုက် Label ခွဲထားတာတွေကို ရှာဖွေနိုင်ပါတယ်....။



 Blog Archives  ကို နှိပ်ရင်တော့ လစဉ်အလိုက် ၊ ခုနှစ်အလိုက် တင်ထားတဲ့ ပို့စ်တွေ တွေကို  တွေ့နိုင်ပါတယ်...။




Software တွေဒေါင်းယူပြီး Extract လုပ်မရဘူး
 Full Version မရဘူး Full Version ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ Extract လုပ်တာလဲမရဘူး Crack ဖိုင်လ် က ပါမလာဘူး ကူညီပါဦး ဆိုတာမျိုးတွေနဲ့ ပါတ်သက်ပြီး....


များသောအားဖြင့် ဘယ်လို Install လုပ်ရမယ်.. ဘယ်လို Searil Key ထည့်ရမယ် ဆိုတာမျိုးတွေကို Software နဲ့အတူ Read သို့မဟုတ် Read Me စ,တဲ့ Notepad ဖိုင်လ်လေးတွေမှာ ရေးပြီး တခါတည်းထည့်ပေးထားပါတယ်...

Crack,Patch အသုံးပြုနည်း မသိလို့ သိချင်ရင်  ဒီ "နည်းလမ်းများ"  ဆိုတဲ့ Label မှာ နည်းလမ်းတော်တော်များများရှိပါတယ်...  ရှာဖတ်လိုက်ပါ.. အပေါ်က Menu Bar မှာလဲ "နည်းလမ်းများ" ဆိုတဲ့ Menu Button ရှိပါတယ် နှိပ်ပြီး ရှာနိုင်ပါတယ် အတူတူပါပဲ။


ကွန်ပျူတာမှာ အများဆုံးဖြစ်တတ်တဲ့  မြန်မာစာတွေ ရေးမရ ဖတ်မရ တဲ့ ပြဿနာ ဖြေရှင်းနည်းတွေကိုတော့  "Gtalk နှင့် မြန်မာစာ ပြဿနာ" ဆိုတဲ့ Menu Button မှာ စုစည်းပေးထားပါတယ်..။


ဖုန်းအတွက် မြန်မာစာများကိုတော့
"Android ဖုန်းနှင့် မြန်မာ Font" ဆိုတဲ့ Menu Button ကို နှိပ်ပြီး ရှာနိုင်ပါတယ်..။



မသိတာ , မရှိတာလေးတွေကို Facebook Chat box (သို့) Comment မှာ ရေးပြီး မေးနိုင် တောင်းဆိုနိုင်ပါတယ် .... အားလပ်ချိန်နဲ့ တိုက်ဆိုင်တဲ့အခါ  သိတာရှိရင် ပြန်ဖြေပေးနိုင်သလို

  တချို့ လုံးဝမသိတာလေးတွေကိုတော့ နားလည်ပေးပါခင်မျာ... 
ရိုးရိုးသားသား ဝန်ခံပါတယ် .... အလုံးစုံ ကျနော် မသိပါဘူးခင်မျာ... :D



ခုလို သည်းခံပြီး ဆုံးအောင်ဖတ်ပေးတဲ့အတွက်



အများကြီး ကျေးဇူးတင်ပါတယ်ခင်မ... :)


ခင်မင်လျှက်

ဝင်းကမ္ဘာကျော် 

www.winkabarkyaw.net

62 comments:

Hi ! Really rare to encounter a blog that's both educational and entertaining .It would be good if you visit my website .
http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

hi..bro...could you do me a favour? regard about free download photoshop cs5 for macbook..version mac os x 10.6.8......i download from torrent.but it didnt work..how to download and install it?just forward me if you can...thanks bro...

HVAC cooling load calculation software လေးရနိုင်ရင် ကူညီပါဦးဗျာ

ကိုဝင်း ပြောတာတွေ အမှန်ပဲဗျ.တချို.က "ကိုယ်တိုင် အားစိုက်ထုတ်မှု မ၈ှိ" ဆိုတာလေ.
သူငယ်ချင်းတယောက်က " ဟေ့ကောင် မင်းရဲ့ software က ဘာ Full Version မှလဲ မဟုတ် ပဲနဲ့" ပြောလို့ သွားကြည့်လိုက်တော့ Patch ကို (C:Software Directory) ထဲ ဒီအတိုင်း ဘာမှ မလုပ်ပဲ ထည့်ထားလေရဲ့

This comment has been removed by a blog administrator.
This comment has been removed by a blog administrator.

နည်းပညာမျှဝေပေးတဲ့ အကိုတွေ အားလုံးကို လေးစားပါတယ်
ကျေးဇူးတင်ပါတယ် ခင်ဗျာ......

brother you have good attitude more than because your sharing the information that how much you have your knowledge.

ကျေးဇူးတင်ပါတယ်ခင်ဗျာ....

အကို G610Cဖုန်းပါ GSM သုံးနေတာပါ SIM card is locked ပဲပေါ်နေလို့PUK code ကလဲရိုက်လို့မရဘူးဖြစ်နေတယ်

အကိုဘယ်လိုလုပ်ရမလဲ

အကိုဘယ်လိုလုပ်ရမှာလဲ

ကျေးဇူးပါ။အစ်ကိုကြောင့်အသိပညာတွေအများကြီးရခဲ့ပါတယ်။ကြော်ငြာတွေကိုလွယ်လွယ်ကလစ်လို့ရအောင်တင်ပေးစေချင်ပါတယ်။

အကိုဝင်းရေ .. I Phone system တစ်ခုလုံးကို မြန်မာလိုဘယ်လိုပြောင်းရမလဲ။ အားခဲ့ရင် ကျေးဇူးပြုပြီး တင်ပေးပါအုံး.ကျနော့် အိုင်ဖုန်းက jailbreak ထားပါပြီ ။ ကျေးဇူးတင်လျှက်

This comment has been removed by the author.

ကွန်ပြူတာ မှာ ဖိုင်းယားဖေါက်သုံးပါတယ်..ဖေ့စ်ဘုတ်အကောင့် နှစ်ခုသုံးခု တပြိုင်တည်းသုံးနိုင်တဲ့
Add လေး လိုချင်လို့ ပါ...ကျေးဇူးပြုပေးပါ။။

Browser တစ်ခုထဲမှာ Facebook , Gmail , twitter အကောင့် နှစ်ခု သုံးခု တစ်ပြိုင်ထဲသုံးချင်ရင်

http://www.winkabarkyaw.net/2012/11/browser-facebook-gmail.html

ios7 ကိုJailbreak လုပ်တာ ဖုန်းကပြန်တက်လာတော့ ပန်းသီးပုံကလွဲပြီး
ဘာမှလဲမမြင် ဘာမှလဲလုပ်မရတော့ဘူး..ဘာဖြစ်တယ်ဆိုတာပြောပြပြီး
ဘာလုပ်ရမယ်ဆိုတာ ပြောပါဦးဗျာ

ကိုဝင်းကမ္ဘာကျော် ကျွန်တော်တစ်ခုလောက်မေးချင်လို့ သိရင်ပြန်ဖြေပေးပါနော်။ samsung tab 3 sm t211ဖုန်း ဖွင့်လိုက်ရင် samsung စာတန်းမှာပဲရပ်နေတယ် usbလည်းမဖွင့်ခဲ့ရဘူ ဘယ်လိုလုပ်ရမလဲ

သူ့ရဲ့ Firmware ကို ဒေါင်းယူ ပြီး ပြန်ထည့်ပေးမှ ရပါမယ်....

အကိုဝင်းကမ္ဘာကျော် တခုလောက်ကူညီပါဦး ကျတော့်ဖုန်း samsung galaxy note 2ကို update လုပ်လိုက်တာ မြန်မာစာမရတော့လို့ အဲ့ဒါနဲ့ ကျတော်လည်း root လုပ်လိုက်တာ rootကရသွားတယ် ဒါပေမယ့်မြန်မာစာကဘယ်လိုမှထည့်လို့မရဖူး uninstall ပဲလုပ်ခိုင်းနေတယ် နောက်တော့ကျတော်လည်း phone ကို resetချကြည့်မယ်ဆိုပြီးလုပ်လိုက်တာ resetချပြီး ပြန်ပေါ်လာတာက samsung logoကနေဘာမှတက်မလာတော့လို့ ကျေးဇူးပြူပြီး ကူညီပါဦးနော်

ငါ့အစ်ကိုရေ ခင်ဗျားဆီကဘဲရယူ.. ခင်ဗျားဆီမှာပဲတောင်းဆိုတာတွေများနေတယ်.. ငါ့အစ်ကိုကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဘာပြန်လုပ်ပေးရမလဲဆိုတာ စဉ်းစားမရဘူး.. အဲ့ဒီတော့ ခင်ဗျားရဲ့ဖုန်းနံပါတ်လေးဖြစ်ဖြစ် ဖော်ပြပေးပါလား.. ငွေဖြည့်ကဒ်ထည့်ပေးပြီးကျေးဇူးတုန့်ပြန်ခြင်လို့ပါ။။

အစ်ကို ကျွန်တော် Note3 N900 ကို 4.4.2 Kitkat တင်ပြီး 4.3 Downgrade ပြန်ဆင်းတာ Oldin မှာ Fail ပဲပြနေတယ် Foactory ချလည်းအဆင်မပြေဘူး နည်းလမ်းကောင်းလေးများရှိရင်ကူညီပေးပါအုံးအစ်ကို

I have a Nokia Lumia 521 from MetroPCS Company and it can't be used in Thailand.If I inset sim card it show enter pin code so that I wanna the code to unlock it. Please help me if you know.နည်းပညာမျှဝေပေးတဲ့ အကိုတွေ အားလုံးကို လေးစားပါတယ် ။လေးစားစွာဖြင့်။

ကျွန်တော်က hackingနဲ့ပါတ်သက်ပြီးလေ့လာနေတဲ့သူပါအကိုတင်ထားတဲ့mpt bill hackနည်းစာအုပ်ကိုရှာတွေ့တောလို့အချိန်လေးရရင်ပြန်တင်ပေးပါလား

paypal အ ​ကောင့်​လုပ်​နည်း​လေးသိချင်​ပါတယ်

paypal အ ​ကောင့်​လုပ်​နည်း​လေးသိချင်​ပါတယ်

အကို ကျွန်တော်ကို facebook အကောင့်ဖွင့်နည်းလေးပြောပြပေးပါလား အကို Please

Huawei G610-U00 Gapps သုံးမရ​တော့ဘဲ Googleplay services,google account manager unfortunately stopped ဖြစ်​​နေတာကို gapps ​တွေပြန်​သုံးလို့ရ​အောင်​ ဘယ်​လိုပြန်​ထည့်​ရမလဲခင်​မျာ

samsung sch-i739(c800)မှာinternal settingချိန်ညှိလို့မရလို့ပါ ကူညီပေးပါအုံးအကို

Helllo
Admin :
U need a More $$$$$$$$$$$$$$$$$$
I am interesting in advertising to your website/blog. You can Contact me at this
Skype ID: bad.boy0007
Ph : +92311-0788888
As soon as possible

Flv video file url ကို mp4 video file url အဖြစ်ပြောင်းလို့ရမရသိချင်ပါတယ်။ ရရင်ဘယ်လိုပြောင်းလဲဆိုတာလေးသိချင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အကိုကြီး​ရေး FiFa2014 hack ပြီးသားapk​လေးပြန်​တင်​​ပေးပါးလားခင်​ဗျအရင်​တစ်​ခါတင်​​ပေးထားတဲ့li​nk​တွေကdownလို့မရလို့ပါ

ကျွန်တောကွန်ပျူတာ တစ်ခုခု ကို ဒေါင်းနေ၇င်း စက်ထဲ့က သီချင်းဖွင့်လိုက်၇င် ဗျစ်ဗျစ်နဲ့ အသံထွက်လာလိုက် ၇ုပ်၇ှင်ဖွင့်၇င်လည်း ထစ်ထစ် သွားတယ် ဘာဖြစ်တာလည်း မသိဘူး
ဟစ်ဒတ်လည်း အသစ်လည်းထားတာ ခင်ဗျ အင်တာနက်မသုံးပဲကြည်၇င်အကုန်အကောင်း ဗျ
ပြောပြပေးပါဦးခင်ဗျ
လေးစားပါတယ်

Bro, news တခုဖတ်လိုက်ရတယ်... FB မှာမဟုတ်တာတွေရေးပီး လူတွေကို နာမည်ဖျက်ရင် တရားစွဲလို့ရတယ်တဲ့... အခု ကျွန်တော့် အမတစ်ယောက်နာမည်နဲ့ account တွေဖွင့် ညစ်ညမ်းစကားတွေပြော... အဲတော့ သူရဲ့ main source ဖြစ်တဲ့ account ကို သိအောင်ဘယ်လိုလုပ်လို့ရလဲခဗျာ.. my mail....kohlawm@gmail.com... Please Reply Me!!!

ဖုန်းထဲကနေblogလုပ်နည်းနဲ့linkချပေးနည်းလေးတင်ပေးပါလားlinkချပေးတဲ့နေရာမှာလည်နေလို့သေချာလေးရှင်းပြပေးစေချင်ပါတယ်ခင်ဗျ

Very informative website. Thank you.
www.mobiemyanmar.com

coolpad 7060 firmware တင်မရဖြစ်နေလို့ ကူညီပေးပါ ခင်ဗျ

တင်သမျှ ပိုစ် mail ထဲရောက်အောင်ဘယ်လိုလုပ်၇မလဲ

PES 2015 (PC) Play တာ error ပြနေလိုပါ ကူညီပါအုံးနော် error ကthe procedure entry point convertInterfaceLuidtoGuid could not belocated in the dynamic link library IPHLPAPI.DLL ဆိုပြီးပြနေလိုပါ ကျေးဇူးပြု ၍သိရင်ပြောပြ​ပေး ကြ Please....

Cedrat_Flux_11.2
Electrical Engineer တွေသုံးတဲ့ဆော့ဝဲလေးပါ
ညီမတစ်ယောက် Thesis လုပ်ဖို့အတွက် လိုအပ်နေလို့ပါ
ကျေးဇူးတင်ပါတယ်ဗျာ

English Myanmar Dictonary ဖိုင်ကို ISO ဖိုင်နဲ့ဒေါင်းလုတ်ဆွဲထားပြီးပါပြီ ကွန်ပျူတ်ာမှာ ဘယ်လို RUN ရမလဲမသိလို့ပါ.. ကျေးဇူးတင်ပါတယ်

Brother.......I need (Defined) Myanmar -English Dictionary For PC...It is expensive in shop

Power ic တို့ touch ic တို့လဲနည်း​လေးတင်​​ပေးပါလား pdf files ရှိရင်​တင်​​ပေးပါလားဆရာ သူ့ကို လဲမယ်​ဆိုရင်​ ဘာပစ္စည်း​လေး​တွေလိုအပ်​မလဲဘာကရိယာ​တွေလိုအပ်​လဲ​ပေါ့ဆရာရယ်


Thanks




G730coo y'all marking dost photo y'all chin ta


How to change language of vivo boot system from Chinese to English...

How to install myanmar font and keyboard for latest version osx EL capitan......help
......pls reply your message thank you

How to install myanmar font and keyboard for latest version osx EL capitan......help
......pls reply your message thank you

hi bro,

အငဲ ကိုး cover design ဆွဲထားတဲ့ software နာမည်လေးသိချင်လို့ပါ
ဓါတ်ပုံလေးတွေကို အရောင်တူစီထားတဲပုံနဲဟာလေးပါ
မြန်မြန်လေးပြောပေးပါနော်

အကို​ရေ ...ကျ​တော်​ဘ​လော့​လေးတစ်​ခုလုပ်​ထားတာ....အဲဒီအတွက်​ photoshop နဲ့ လုပ်​ထားတဲ့ပုံ​လေး​တွေကို တင်​ချင်​လို့ ....ဘယ်​လိုတင်​ရသလဲ ...ကုတ်​ဘယ်​လိုယူရသလဲ ...အားရင်​ ရှင်းပြ​ပေး​စေချင်​ပါတယ်​ ...မလုပ်​တတ်​လို့ပါ ခင်​ဗျာ

အကို ကူညီပါ ကွန်တော် ကွန်ပျူတာ RAM1G ကနေ 2G ပြောင်း စိုက်လိုက်တာ window မတက်လာတော့ လို့ ကူညီပါအူံး

RAM1Gကနေ2Gပြောင်းစိုက်တာ window တက်မလာတော့လို့ ပါ ဘယ်လိုလုပ်ရမလဲ

Hisense u988myammarfont
လေးရယ် ဖန်ဝယ်ရယ်ရှာပေးပါလားအက်ု

Hisense u988myammarfont
လေးရယ် ဖန်ဝယ်ရယ်ရှာပေးပါလားအက်ု

အစ်​ကို​ရေအစ်​က်ုစီကိုလူကိုယ်​တိုင်​လာပီးအကူအညီ​တောင်းချင်​ပါတယ်​ဆက်​သွယ်​ရမဲ့ဖုန်းနဲ့လိပ်​စာ​လေး​ပေးပါခင်​ဗျာ

Bro ခုတစ်​​လောဖြစ်​​နေတဲ့ beauty show stop error ကို​ဖြေရှင်းနည်း​လေးသိချင်​ပါတယ်​ please

vivo y28 ကို fastboot ၀င်​တယ်​အစ်​ကို toot ​ဖောက်​တာ
pcက cmdနဲ့ က​နေ fastboot device ရိုက်​တယ်
fastboot flash boot boot.img ရိုက်​တယ်
reboot မလုပ်​ပဲကြိုးဖြုတ်​တယ်
logoတင်​ရပ်​​နေလို့ ​ခေါင်းစား​နေပါတယ်​​ဗျာ
ကူညီပါဦးအစ်​ကို

huawei y541 u02 rootဖောက်ချင်လို့ သင့်တော်တဲ့ဆော်ဝဲလေးရှိရင်ပြောပြပါလား

MMT account business က ရက်​​ပေါင်း၉၀ ပဲ ​ပေးထားပါတယ်
အဲဒီ soft ware ရဲ့ crack file,patch,key ဖစ်​ဖစ်​ ကူညီရှာ​ပေးပါဆရာ
ကျွန်​​တော်​ ရှာတာ​တော်​​တော်​စုံ​နေပီ မ​တွေ့လို့ ဆရာရှိအကူအညီ​တောင်းတာပါ

MMT account business အတွက် ဒီအောက်က Key ကို ထည့်ကြည့်ပါခင်မျာ....

Serial: P9#2*sD@lsj3/%KdsR$+Mn

ကျွန်တော်က OPPO Myanmar ရဲ့ PR Specialist အဖြစ်တာဝန်ထမ်းဆောင်နေသူ ကိုဝေဖြိုးအောင်ပါခင်ဗျာ။ လူကြီးမင်းတို့ရဲ့ အွန်လိုင်းဝက်ဘ်ဆိုက်ကနေပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်သတင်းလေးတွေ၊ activity တွေ၊ event တွေကို ပြန်လည်ဝေမျှပေးသွားချင်ပါတယ် ခင်ဗျာ။ ဘယ်လိုချိတ်ဆက် ဆက်သွယ်ရမလဲဆိုတာသိချင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ Mobile က 09-791974029 ပါ။ Email ကတော့ (mr.netizen.yangon@gmail.com) ပါခင်ဗျာ။ လူကြီးမင်းရဲ့အကြောင်းပြန်မှုကို စောင့်မျှော်နေပါမယ် ခင်ဗျာ။ လေးစားစွာဖြင့် ဝေဖြိုးအောင်

Post a Comment