Safe Mode ကို F8 Key နဲ့ ဝင်လို့ မရရင်

Image

ဟိုနေ့က သူငယ်ချင်းတစ်ယောက် သူ့ကွန်ပြူတာမှာ Safe Mode ကို F8 Key နဲ့ဝင်မရဘူး လို့ပြောနေတာ... မသိသေးသူများအတွက် ဖြေရှင်းနည်းလေးကို  ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)

 Run Box မှာ msconfig ရေးပြီး OK (or) Enter ခေါက်ပါ....

Type msconfig into the Run Box

System Configuration window တတ်လာရင် Boot tab မှ Safe mode ကို Select မှတ်ပေးလိုက်ပါ...။

Choose Safe Mode Under Boot Options

OK ကိုနှိပ်ပြီး ကွန်ပြူတာကို Restart ပေးလိုက်ပါ ... Window ပြန်တတ်လာရင် Safe Mode နဲ့ တတ်လာမှာပါ...
Safe Mode မှ တဆင့် ပြင်စရာရှိတာပြင်ပြီးရင် ပုံမှန်အတိုင်း Window ပြန်တတ်လာဖို့... စောစောက အတိုင်း   Run > msconfig > Boot tab က Safe Mode ကို အမှန်ခြစ်လေးဖြုတ်ပေးပြီး  Apply > OK > Restart ပေးလိုက်ပါ...

Restart Your Computer in Safe Mode

ref:helpdeskgeek.com

အားလုံး အဆင်ပြေကြပါစေဗျားးးး


3 comments:

ကျေးဇူးတင်ပါတယ်အကို
အခုလို တင်ပေးတော့ ဗဟုသုတ တစ်ခုတိုးသွားတာပေါ့

အစ်ကိုကျေးဇူးအရမ်း အရမ်းကိုတင်ပါတယ်။

Post a Comment