Samsung Galaxy S2 ကို Root ဖောက်လိုက်ရအောင်…



မနေ့ကအလုပ်ကပြန်လာတော့ အသိတစ်ယောက်က သူ့ S2 ဖုန်းက Internet ကမြန်မာစာတွေကြည့်လို့မရဘူးပြောတယ်။
စမ်းကြည့်တော့လဲဟုတ်နေတာပဲ။ Root မလုပ်ပဲနဲ့ ရိုးရိုးတန်းတန်းမြန်မာစာထည့်ထားတာပဲ။
Samsung 4.0 တွေမှာဒီလိုအဖြစ်များပါတယ်။
ဒီတော့ Root ဖောက်လိုက်ရင်တော့ အဆင်ပြေမယ်ဆိုပြီးဖောက်ပေးလိုက်ပါတယ်။
ကဲဒီတော့ Winkabarkyaw ကလူတွေအတွက်တင်ပေးလိုက်ပါတယ်။
လွယ်ပါတယ်…လုပ်ရတာ။ Developer တွေက User တွေအတွက်အလွယ်ဆုံးထွင်ပေးထားတာပါ။
ကဲ လိုအပ်တာလေးတွေဒေါင်းလိုက်ရအောင်နော်…..
S2 Root.zip   (Mediafire)
S2 Root.zip   (DropBox)
Odin v1.85    (Mediafire)
Odin v1.85    (DropBox)
RAR Passwords = phyochan
ဒေါင်းပြီးရင်တော့ Samsung Kies ကိုအရင် Install လုပ်ပါ။
ပြီးရင်တော့ Odin ကို Run လိုက်ပါ။
ဖုန်းကို ပါဝါပိတ်လိုက်ပါ။
ပြီးရင်တော့ Download Mode ၀င်ရပါမယ်။
Volume Down + Power + Home Key ကိုဖိနှိပ်လိုက်ပါ။
ပြီးရင် Volume Up နဲ့ ဆက်သွားပါ။
Odin မှာ Com: ဆိုပြီးအ၀ါရောင် လေးပေါ်လာရင် ဆက်လုပ်လို့ရပါပြီ။
S2 Root.zip ကို  Extract လုပ်လိုက်ရင် CF-Root-SGS2_XX_XEO_LPQ-v5.3-CWM5.tar ကို တွေ့ပါလိမ့်မယ်။
ပြီးသွားရင် တော့ PDA မှာအမှန်ခြစ်ပြီး CF-Root-SGS2_XX_XEO_LPQ-v5.3-CWM5.tar ကိုထည့်ပေးလိုက်ပါ။
Start ကိုနှိပ်လိုက်ပါ။ PASS: ဆိုပြီး အစိမ်းရောင်လေးပေါ်လာရင် အောင်မြင်ပါပြီ။
Reboot ကျပြီးပြန်တက်လာရင်တော့ Super Su တွေ့ပါပြီ။
Resource =====>  https://myanmarmobilesoftwaredeveloper.wordpress.com

11 comments:

ကိုဝင်းရေ Samsung Galaxy ace plus GT-S7500 အတွက်လေးလဲလုပ်ပေးပါအုံး ခုလိုမျိုးလေးပေါ့ ပြည့်ပြည့်စုံစုံလေး တစ်ခါဘူးမှမလုပ်ဘူးတော့ဘာကိုအရင်လုပ်ရမယ်ဆိုတာမသိလိုပါ
ကိုဝင်းနည်းပညာတွေ ပိုပြီးပိုပြီးအောင်မြင်ပါစေဗျာ

ကိုဝင်းရေ Samsung Galaxy ace plus GT-S7500 အတွက်လေးလဲလုပ်ပေးပါအုံး ခုလိုမျိုးလေးပေါ့ ပြည့်ပြည့်စုံစုံလေး တစ်ခါဘူးမှမလုပ်ဘူးတော့ဘာကိုအရင်လုပ်ရမယ်ဆိုတာမသိလိုပါ
ကိုဝင်းနည်းပညာတွေ ပိုပြီးပိုပြီးအောင်မြင်ပါစေဗျာ

ကိုဝင်းရေ Samsung Galaxy ace plus GT-S7500 အတွက်လေးလဲလုပ်ပေးပါအုံး ခုလိုမျိုးလေးပေါ့ ပြည့်ပြည့်စုံစုံလေး တစ်ခါဘူးမှမလုပ်ဘူးတော့ဘာကိုအရင်လုပ်ရမယ်ဆိုတာမသိလိုပါ
ကိုဝင်းနည်းပညာတွေ ပိုပြီးပိုပြီးအောင်မြင်ပါစေဗျာ

Odin v1.85 Extract လုပ်ရင် prassword တောင်းနေတယ်. Winkabarkyaw လို့ ထည့်ကြည့်တာမရဘူး...
ဘာဆက်လုပ်ရမလဲ ပြောပြပေးပါအုံး..(ahweaoe@gmail.com)

ကျေးဇူးပါ ကမ္ဘာတည်သ၍ ကိုဝင်းကမ္ဘာလည်းတည်ပါစေ...ဒေါင်းရတာ အားလုံးအဆင်ပြေပါတယ်။

အဆင် ပြေတယ် root လုပ်တာ ... ကျေးဇူး အထူး တင်ပါတယ်... ဒါပေမဲ့ root လုပ်ပြီး တဲ့ နောက် .... ဒေါင်းလော့ လုပ်ထားတဲ့ video ကို ကြည့်လို့ မရတော့ ဘူး.... ရုပ်မမြင် သံ ကြား ဖြစ်သွားတယ်... သီချင်း သံ တော့ လာ တယ်... ရုပ် မမြင် ရတော့ ဘူးးး။။။လုပ်ပါအုံး..

ဖောက်လိုက်ပြီ အကိုရေ... Ok tal...ဒါပေမယ့် တချိုံ စာလုံးတွေက ပေါ်တာ တမျိုးဖြစ်နေတယ်..ဒါပေမယ့်ကိစ္စမရှိပါဘူး... ကျေးဇူးကမ္ဘာပါ.... :D

အကိုရေ..ဖြစ်နိုင်ရင် နည်းနည်းလေးအသေးစိပ်အကျယ်ချဲ့ပြီး ကျွန်တော်တို့လူပြိန်းတွေသိအောင် တဆင့်ချင်းပြန်ရှင်းပြပေးပါလား ခင်ဗျာ...

လုပ်တော့ပြီးပြီ video play တာရုပ်မပေါ်ဘူး ဘယ်လိုလုပ်ရမလဲ
unroot လုပ်ချင်ရော ရလား လုပ်နည်းပြောပြပေးပါ ကျေးဇူးတင်ပါတယ်

ကျွန်တော်လုပ်တာ Samsung logo မှာရပ်နေတယ်အစ်ကို ပါဝါပိတ်ပြီး ပြန်ဖွင့်လည်းတက်မလာတော့ဘူး ဘယ်လိုလုပ်ရမလဲခင်ဗျ။

Post a Comment