Android ဖုန်းထဲမှာ Rar Files နှင့် Zip Files များကို ဖြည်နိုင်၊ချုံ့နိုင်သည့် AndroidZip








CommandBox မှာအမတစ်ယောက်က Android ဖုန်းထဲမှာ Rar Files နှင့် Zip Files များကို ဖြည်နိုင်၊ချုံ့နိုင်သည့် Software လေးလိုချင်ပါတယ်ဆိုလို့ 
 AndroidZip ဆိုတဲ့ Software လေးတင်ပေးလိုက်ပါပြီခင်မျာ..ဖုန်းထဲကနေ လိုချင်တဲ့ Software တွေ..သီချင်း..Files အစရှိတာတွေကိုအင်တာနက်ကနေ ဒေါင်းမယ်ဆိုရင် အချို့ဖိုင်တွေက Rar ..ဒါမှမဟုတ် Zip ဖိုင်တွေနဲ့ချုံ့ထားတတ်ကြပါတယ်..ကွန်ပျူတာမှာဆိုရင် WinRar လို Software မျိုး..7zip လို Software မျိုးတွေနဲ့ ချုံ့ထားတဲ့ဖိုင်များကို ကျနော်တိုဖြည်ထုတ်ကြရတာ..အားလုံးအသိပါ....အခုလိုမျိုးပုံစံကို
Android ဖုန်းတွေထဲမှာလဲ AndroidZip ဆိုတဲ့ Software အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်..ဒါကြောင့် အားလုံးအတွက်လဲ အကျိုးရှိမှာပါ..အခု အသုံးပြုနည်းကိုပြောပါ့မယ်..။


 Software ကို ဖုန်းထဲမှာ Install လုပ်လိုက်တာနဲ့ AndroidZip ဆိုပြီး ပုံလေးပေါ်လာပါလိမ့်မယ်..AndroidZip ကို နှိပ်ပြီး ၀င်လိုက်ပါ..ပြီးတာနဲ့ မိမိ ဖြည်လိုတဲ့ Rar ဒါမှမဟုတ် Zip ဖိုင်ပေါ်ကို တစ်ချက်နှိပ်လိုက်ပါ..Extract to ဒါမှမဟုတ် Extract Here ကြိုက်ရာရွေးလိုက်တာနဲ့ ဖြည်ထုတ်ပြီးသား ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ခင်မျာ။ ဒီလို ပါဘဲ..မိမိ ချုံ့လိုတဲ့ Files ဒါမှမဟုတ် Folder ပေါ်ကိုလည်း..အနည်းငယ်ဖိထားလိုက်ပါ.. Create Zip ဆိုပြီးပေါ်လာပါလိမ့်မယ်..အဲဒီကနေတစ်ဆင့် ဖိုင်များ..ဖိုလ်ဒါများကို ချုံ့နိုင်ပါသေးတယ်..။အခြားအသုံးဝင် Feature များစွာလည်းပါဝင်ပါသေးတယ်ခင်မျာ..အောက်က ကြိုက်ရာ Link မှာ Download ယူနိုင်ပါပြီ။


  Download ===> ShareBeastMediafire

 

(DOWNLOAD ပြုလုပ်နည်း == > ပေးထားတဲ့ DOWNLOAD LINK တွေကို CLICK လိုက်လျှင် ADFOC.US ဆိုတဲ့ဆိုဒ်ကိုရောက်ပါမယ်။ ရောက်ရင် 5 စက္ကန့်စောင့်ပေးပါ။ ညာဘက်ခြမ်းအပေါ်နားတွင် SKIP ဆိုတာလေးကို နှိပ်ပေးလိုက်တာနဲ့ မိမိ DOWNLOAD ပြုလုပ်ရမယ့် LINK ကိုရောက်ရှိပြီး DOWNLOAD ပြုလုပ်နိုင်ပြီဖြစ်ပါတယ်ခင်မျာ.. ADFOC.US တွင် SKIP တစ်ခုတည်းသာ နှိပ်ပေးရပါမယ်.အခြား REGULAR DOWNLOAD တို့..PLAYNOW ဆိုတာတွေကို နှိပ်ပေးစရာလုံးဝမလိုအပ်ပါခင်မျာ)

0 comments:

Post a Comment