Wzyo Browser နဲ့ အခြား Browser တွေမှာ IDM အလုပ်မလုပ်ရင်

 
 phyo: Wzyo မှာ IDM latest version က အလုပ်မလုပ်ဘူး အကို ဘယ်ဗားရှင်း က အလုပ်လုပ် လဲ မသိဘူး ပြောပြပေးပါအုံး ...

Wzyo  Browser  နဲ့ နောက်ထွက်တဲ့  တခြား Browser တွေမှာ IDM အလုပ်မလုပ်ရင် ... အောက်က လမ်းကြောင်းအတိုင်းပြင်ပေးနိုင်ပါတယ်...


IDM က Options ကို နှိပ်ပါ... 
ကျန်တာတွေကို ပုံလေးတွေအတိုင်း တဆင့်ချင်းသွားပါ...




အပေါ်ပုံအတိုင်း C:\Program Files\firefox ကတဆင့် firefox.exe ဖိုင်လ်ကို Select မှတ်ပေးပြီး Open ကိုနှိပ်ပေးလိုက်ပါ... (ဒါက ကျနော် Wyzo Browser ကိုမသုံးလို့ Firefox Browser နဲ့ နမူနာပြထားတာပါ Wyzo Browser အတွက်ဆိုရင် C:\Program Files\firefox\wyzo မှ wyzo.exe ဖိုင်လ်ကို Select မှတ်ပေးပြီး Open လုပ်ပေးရမှာပါ...တခြားသော Browser အသစ် တွေအတွက်ကိုလည်း ဒီနည်းအတိုင်း ပြင်ပေးနိုင်ပါတယ်..)

Wyzo browser ကို ဒီမှာ ဒေါင်းယူနိုင်ပါတယ်...။
အဆင်ပြေပါစေ.....

နောက်တစ်ခုက IDM နဲ့ Download လုပ်တဲ့အခါ တချို့ဖိုင်လ်အမျိုးအစားတွေကို IDM က မသိတဲ့အတွက် ဒေါင်းမပေးပါဘူး... ဥပမာ APK , IPA လိုဖိုင်လ်အမျိုးအစားတွေပေါ့ ... အဲ့ဒီ ဖိုင်လ် အမျိုးအစားတွေကို IDM နဲ့ ဒေါင်းစေချင်ရင် စောစောကအတိုင်း IDM > Options ကနေ...


File Types ဆိုတဲ့ Tab မှာ မိမိဒေါင်းစေချင်တဲ့ ဖိုင်လ်အမျိုးအစားကို ရေးထည့်ပေးပြီး OK နှိပ်ပေးလိုက်ပါ...။

Cbox မှာမေးထားတဲ့ Phyo နဲ့အတူ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်...။

အားလုံးအဆင်ပြေကြပါစေ..

ဝင်းကမ္ဘာကျော်
 

6 comments:

ကျေးဇူးပါဘဲ...ဒေါင်းသွားပါတယ်...

wow..cool.thanks alot bro!!!!

ရပီအစ်ကိုရေ ကျေးဇူးပါ။

Post a Comment