Window 7 မှ ဝင်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ



ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီး Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C: partition ထဲမှာ Windows folder တွေ မိမိ တကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတတ်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေတတ်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေ များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အဲ့ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန် Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပြီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထက်ပိုနေတဲ့ စက်တွေကိုလဲ တွေ့ခဲ့ဖူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့် ကြည့်ပါ။



ပြုပြင်နည်း

1. Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။


 3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို Delete လုပ်ပေးရပါမယ်။ Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ခေါက်ပေးလိုက်ပါပါ။ အားလုံး အဆင်ပြေသွားပါပီ။



Ref:http://designerkaye.blogspot.com

1 comments:

ကူပါအုံး အကိုရေ C: partition မှာကမူရင် ဝင်းဒိုးကနေ စတစ်နဲ့ နောက်ထပ်ဝင်းဒိုးတင်တာ partition ခွဲဖို့ လဲမပြောပဲ သူ့ဘာသာတင်သွားတာ နောက်တင်တဲ့ဝင်းဒိုးက D အောက်ရောက်သွားတ မူရင်းဝင်းဒိုး ကိုဒလိမလုပ်မိဘူး ဗျာ အဲဒါနှစ်ခုကြီးဖြစ်နေတာ
ကျနော်လိုချင်တာက ဝင်းဒိုးတခုထဲ နောက်ပြီး partition ရော အသစ်ခွဲချင်တာ
ဘယ်လိုလုပ်ရမလဲဗျာ

Post a Comment