Gmail Account ဖွင့်နည်း


 Myo Min Oo
Email ပြုလုပ်ပုံအသေးစိတ် သိချင်ပါတယ် ရှင်းပြပေးနိုင်မလား....

 ဒါလေးကိုလည်း စာရေးရမှာပျင်းလို့ ဒီနေရာကတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်မျာ...:D

 ကျနော့်တုန်းကလို Gmail အကောင့် တစ်ခုကို စမ်းတဝါးဝါးနဲ့ မဆောက်ရလေအောင်လို့ ကျနော် သိထားပြီးဖြစ်တဲ့ Gmail အကောင့် တည်ဆောက်ပုံကို ပြောပြပေးပါမယ်။ ပထမဆုံး အနေနဲ့ Browser ရဲ့ Address Bar မှာ gmail.com ဆိုတာကို ရိုက်ပြီး ဖွင့်လိုက်ပါ။


Pic-1

Gmail ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ညာဖက် အပေါ်နားမှာ ရှိတဲ့ Create An Account ဆိုတဲ့ အနီရောင် Button ကြီးကို နှိပ်လိုက်ပါ။


Pic-2

Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ။ အောက်က ပုံထဲမှာ နံပါတ်တွေနဲ့ ပြထားပါတယ်။

၁။ ကိုယ့်ရဲ့ ပထမ နာမည်ကို ရိုက်ထည့်ပါ။

၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ရိုက်ထည့်ပါ။
(ဥပမာ – နာမည်က ကောင်းကျော် ဆိုပါတော့။ ဒါဆို ပထမ နေရာမှာ ကောင်း၊ ဒုတိယ နေရာမှာ ကျော်။ ဒီလိုလည်း ထည့်လို့ ရသလို၊ ကိုယ်က ယောက်ျားလေးဆိုရင် ပထမနေရာမှာ မောင်၊ ဒုတိယ နေရာမှာ ကောင်းကျော် ဒီလိုလည်း ထည့်လို့ ရပါတယ်။ အဆင်ပြေသလို ထည့်ပေးလိုက်ပါ။)

၃။ ဒီနေရာမှာ ကိုယ်ရယူချင်တဲ့ အကောင့် နာမည်ကို ရေးပေးရပါမယ်။ အကယ်၍ ကိုယ်လိုချင်တဲ့ နာမည်က မရဘူး ဆိုရင် သူက မရကြောင်းကို အောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ ရတယ်ဆိုရင်တော့ ဘာမှ မပြပါဘူး။

၎။ ဒီနေရာမှာ လျှို့ဝှက် နံပါတ်ကို ထည့်ပေးရပါမယ်။ ကိုယ်ပေးချင်တဲ့ နာမည်၊ နံပါတ် တွေကို ပေးပါ။

အကောင်းဆုံးကတော့ စာနဲ့ ဂဏန်းတွေကို တွဲဖက်ပြီး ပေးတာ ပိုကောင်းပါတယ်။ ကိုယ့်ရဲ့ password အနေအထားက အားကောင်းလား၊ အားနည်းလား ဆိုတာကိုလည်း ဘေးမှာ ပြပေးပါတယ်။ ပက်စ်ဝှက်ကို အနည်းဆုံး ၆ လုံး ပေးရပါမယ်။

၅။ အပေါ်က ပက်စ်ဝှက် ကိုပဲ ထပ်ပြီး ထည့်ပေးရပါမယ်။

၆။ ၇။ ၈။ ဒီနေရာတွေမှာတော့ ကိုယ့်မွေးနေ့ကို လ၊ ရက်၊ နှစ် အစဉ်အတိုင်း ဖြည့်ပေးလိုက်ပါ။

၉။ ဒီနေရာကတော့ ယောက်ျား၊ မိန်းမ ရွေးပေးရမယ့် နေရာပါ။ ယောက်ျားဆို Male, မိန်းမဆို Female ပေါ့။



Gmail Form ဖြည့်ရန် – ၁



ဒီလို ပေါ်လာရင် မရသေးပါဘူး


ဖြည့်ရမယ့် နမူနာ ပုံစံပါ

၁၀။ ဖြည့်ဖို့ မလိုအပ်ပါဘူး
၁၁။ အခြား ရှိပြီးသား အီးမေးလ် တစ်ခုကို ဖြည့်ပေးရပါမယ်။ အကယ်၍ မရှိဘူး ဆိုရင်ဖြင့် mgdo.test@gmail ဆိုတာကို ဖြည့်ပေးလိုက်ပါ။

၁၂။ အပေါ်မှာ ပြထားတဲ့ မထင်မရှား စာတွေကို မှန်အောင် ရိုက်ထည့်ပေးရပါမယ်။ 
ဒီအခါမှာ ရှေ့စာလုံးနဲ့ နောက်စာလုံးကြားမှာ space ခြားပါ။ အကယ်၍ ပြထားတာကို မဖတ်တတ်ရင် မြှားအဝိုင်းပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆို နောက်အသစ် တစ်မျိုးကို ထပ်ပြပေးပါလိမ့်မယ်။

၁၃။ အဲ့ဒီနေရာမှာ ကလစ်နှိပ်ပြီး ခေါက်လေး ခြစ်ပါ။

၁၄။ အားလုံး ဖြည့်ပြီးသွားရင် ဒီနေရာကိုသာ နှိပ်လိုက်ပါ။


Form – 2

ဖြည့်ရမယ့် နမူနာ ပုံစံ – ၂

အကယ်၍များ နောက်ပေါ်လာတဲ့ စာမျက်နှာဟာ Verify Your Account ဆိုပြီး ပေါ်လာခဲ့ရင်ဖြင့် ဖုန်းနံပါတ်ကို ရိုက်သွင်းပေးရပါတယ်။ အဲ့ဒီအခါ Gmail ကနေပြီး ကိုယ့်ဖုန်းထဲကို code ပို့ပေးပါလိမ့်မယ်။ ဒါကိုတော့ ကျနော် မသုံးဘူးပါဘူး။ ဟန်းဖုန်းမှ မကိုင်နိုင်သေးဘဲကိုးဗျ။ ဒီလို ပေါ်လာခဲ့ရင် ကျနော့်အနေနဲ့ နောက်ထပ် browser တစ်ခု ပြောင်းပြီး ထပ်ဖွင့်ကြည့်ပါတယ်။ ဥပမာ – ပထမဟာကို Firefox နဲ့ ဖွင့်လို့ အဲ့ဒီလို ပေါ်လာခဲ့ရင် Chrome နဲ့ ပြောင်းပြီး ဖွင့်ကြည့်ပါတယ်။



ဒီလို ပေါ်လာခဲ့ရင်ပေါ့။
အောက်ကလို ပေါ်လာခဲ့ရင်တော့ အဆင်ပြေပါပြီ။ ပုံမှာ ပြထားတဲ့အတိုင်း Next Step ကို နှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က ပုံထဲမှာ ပြထားတဲ့အတိုင်း Continue to Gmail ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ Gmail ကို ရောက်သွားပါလိမ့်မယ်။

ဒီလိုနဲ့ Gmail Account တစ်ခုကို လွယ်လင့်တကူ အောင်မြင်စွာ ဖွင့်လို့ ရသွားနိုင်ပါပြီ။



ဒီလို ပေါ်ရင် အဆင်ပြေပါပြီ



ဆက်နှိပ်လိုက်ပါ။



ဒီလို ရောက်ပြီဆို အောင်မြင်စွာနဲ့ ပြီးဆုံးပါပြီ..။ 


Credit : http://domyanmar.wordpress.com


7 comments:

ဖေ.ဘွတ်ခ်ကိုလောခ်မကျအောင်ဖွင့်နည်းလေးလိုချင်ပါ့...

Facebook ကတော့ ပုံမှန်အတိုင်းဖွင့်လို့ရပါတယ် ဖွင့်ပြီးပြီးချင်း Gmail ကနေ ကွန်ဖန်း လုပ်ပေးပါ... တခါတလလည်း ဖုန်းနဲ့ Code ဖြည့်ပြီး ကွန်ဖန်းလုပ်ပေးရတတ်ပါတယ် ... သတိထားရမှာက FB ကို ဖွင့်အပြီး သူငယ်ချင်းတွေ အများကြီး Add တာမျိုး Page တွေကို Like တာမျိုးတွေိကို ထင်တိုင်းမကျဲသင့်သေးပါဘူး ၂ပါတ်လောက် တစ်လလောက် ကြာတဲ့အခါမှ တစ်နေ့ ၅ ယောက်လောက်ပဲ Add တာမျိုးးပဲ လုပ်ပါ Lock ကျမျိုး မဖြစ်တော့ပါဘူးးးခင်မျာ....

ညီလေး လား လို့ဘဲရေးလိုက်မယ် ဆရာ ထက်ငယ်မယ်ထင်လို့ပါ.. ညီလေး ရှင်းပြတာကို နှစ်သက်ပါတယ်.. ကျွန်တော်မရှင်တာရှိရင် ညီလေး ဆီကို မေးမယ်လေ .. နောက် ညီလေး အသစ်ဆိုရင် ဆရာ အကောက်ထဲကို email. ပေးပို့ပေးပါရန် အထူးတောင်းဆိုပါသည်..
ကျွန်တော်ရဲ့ arabicuniversity786@gmail.com ဖြစ်ပါတယ်...

ဟုတ်ကဲ့ အကို Sarjit ရေ... အသစ်တင်တိုင်း Mail ထဲကို ရောက်စေချင်ရင် ဒီဆိုက်ဒ်လေးရဲ့ ညာဘက်မှာ (မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်ဗျာ) ဆိုတဲ့နေရာက Join This Site ကိုနှိပ်ပြီး Member ဝင်လိုက်ပါခမျာာာ Facebook ရှိတယ်ဆိုရင်တော့ Like ကို နှိပ်နိုင်ပါတယ်ခင်မျာ... ကျေးဇူးတင်ပါတယ်....:)

ကျေးဇူးပြုရ်ျ ကျွန်တော် facebook account ဖွင့်လို့မရဘူးဗျ။ email ကလည်းအသစ် နှစ်ခုတောင်ရှိတာ ဖွင့်လို့မရဘူး။ဘယ်လိုဖွင့်ရမလည်းကူညီပေးပါဦး၊၊ ko phyo

facebookအကောင့်လော့မကျပဲ ဖွင့်ချင်ရင်..
rockerboylay3 ကိုအပ်ပီးမေးနိုင်ပါတယ်...

IDအစစ်နဲ့fbဖွင့်နည်းရော့သိကြလာဗျာ
ခက်မယ်လိုတော့ထင်ပါတယ်သိရင်ဖြေပေးပါအုံ

Post a Comment