iOS7 တွင် Me Note Keyboard ဖြင့်မြန်မာလိုရိုက်နိုင်ပြီ


ပါဠိစကားလုံးများကိုပါ အလွယ်တကူရေးသားနိုင်မည့် မြန်မာစာစနစ်ပါဝင်သည့်
Me Note Keyboard ကို Apple store ပေါ်တွင်အခမဲ့ရယူသုံးစွဲနိုင်

ဖြစ်ကြောင်းယင်း Application ကိုရေးဆွဲထားသည့် Microsoft.Net Developer တစ်ဦးလည်းဖြစ်-Sundew Myanmar Co..Ltd ၏အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော ကိုထွန်းလင်း ထံမှသိရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ခန့်ကမှစတင်အသုံးပြုနိုင်ခဲ့သည့်ဇော်ဂျီမြန်မာစာစနစ်ပါ ပါဝင်တော့မည်ဖြစ်ကြောင်း၎င်းကပြော သည်။ ကျွန်တော်က Microsoft.Net Developer တစ်ယောက်ဖြစ်ပေမဲ့ Apple User မြန်မာတွေမြန်မာကီးဘုတ်အခမဲ့ သုံးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ပါဟု၎င်းကပြော သည်။

လတ်တလောတွင်အဆိုပါအခမဲ့မြန်မာကီးဘုတ်စနစ် Facebook.Twitter နှင့် Email များနဲ့ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပြီး Facebook တွင် Comment ပေးနိုင်ရန်အတွက်မြန်မာ Facebook Application တစ်ခုရေးသားနိုင်ရန်စီစဉ်နေသည်ဟုသိရသည်။ ထို့အပြင်မကြာမီထပ်မံထွက်ရှိမည့် Version2.6 တွင် SMS စနစ်အပြင်နောက်ထပ် Feature များကိုလည်းထည့်သွင်းသွားရန်စီစဉ်နေသည်ဟုသိရသည်။ Apple Store ပေါ်တွင်အခမဲ့စတင်ဖြန့်ချီခဲ့သည့်နေ့မှယခုအချိန်ထိ Download ရယူသုံးဆွဲသူအရေအတွက်မှာတစ်ထောင့်ခုနှစ်ရာကျော်ရှိပြီဖြစ်သည်။ ယခုထွက်ရှိသည့် Me Note Myanmar Keyboard နှင့်ပက်သက်သည့် Source Code ကိုလိုအပ်သူများသည် wizard.htoon@gmail.com သို့မေးမှတစ်ဆင့်ပေးပို့နိုင်ကြောင်းသိရသည်။ Internet Journal မှာရေးသားဖေါ်ပြသည်။


Internet Journal


0 comments:

Post a Comment