iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple Blog တစ်ခုမှ ဖော်ပြခဲ့


 
Apple ၏ မျိုးဆက်သစ် စမတ်ဖုန်းကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု အတည်ပြု ဖော်ပြထားသော ဖုန်းဘူးခွံသည် ပြင်သစ် Apple blog ဖြစ်သည့် nowherrelse.fr မှ ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။


ထို့အပြင် အဆိုပါ ဖုန်းဘူးခွံတွင် ဖော်ပြထားသည့် ဖုန်းဒီဇိုင်းအရ အသံအတိုးအကျယ် ခလုတ်များ၏ အနေအထားနှင့် Power ခလုတ် အနေအထားသစ်တို့ကို တွေ့မြင်ရမည် ဖြစ်သည်။


အဆိုပါ သတင်းပေါက်ကြားမှုကို ပြင်သစ် Apple blog ဖြစ်သည့် nowhereelse.fr မှ အယ်ဒီတာ စတိဗ်ဟမ်မာစတော့ဖာမှ တစ်ဆင့် Forbes က ဖော်ပြခဲ့ခြင်းဖြစ်သည်။


ဟမ်မာစတော့ဖာသည် ပြီးခဲ့သည့်က iPhone 5S ကို မမိတ်ဆက်မီ နာရီအနည်းငယ် အတွင်း ၎င်း စမတ်ဖုန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို ဖော်ပြခဲ့သူ ဖြစ်သည်။


၎င်းသည် iPhone 6 ဖုန်းဘူးခွံကို ယုံကြည်စိတ်ချရသည့် တရုတ်ရင်းမြစ်တစ်ခုထံမှ ရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ပေါက်ကြားထွက်ပေါ်လာခဲ့သည့် ဖုန်းဘူးခွံတွင် iPhone 6 ကြေညာမည့် ရက်စွဲဟု ယူဆရသည့် စက်တင်ဘာလ ၉ ရက် အင်္ဂါနေ့ဟု ဖော်ပြထားသည်။


ထို့အပြင် Apple သည် iPhone 5S ကို ဖြန့်ချိခဲ့စဉ်ကလည်း ဖုန်းဘူးခွံပေါ်တွင် မိတ်ဆက်ကြေညာမည့် ရက်စွဲကို ဖော်ပြခဲ့သည်။


အဆိုပါ iPhone 6 ဖုန်းဘူးခွံတွင် အသံအတိုးအကျယ် ခလုတ်ကို ယခင် စက်ဝိုင်းဒီဇိုင်းပုံစံမှ ထောင့်မှန်စတုဂံ ပုံစံအသွင် ပြောင်းလဲ ပြုလုပ်ထားပြီး sleep/wake ခလုတ်ကိုလည်း ယခင် ဖုန်းထိပ်ဘက်ပိုင်းမှ ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည်ကို တွေ့ရမည် ဖြစ်သည်။

Ref: DailyMail

Internet Journal

0 comments:

Post a Comment