ပယင်း အတု အစစ် >> စစ်နည်း ၁၀ ချက်

မူရင်း ရေးသားသူ ကိုညီညီနိုင်
++++++++++++++++

1.Floating Test or Salt water Test (ဆားရည်ဖြင့် စမ်းခြင်း)
စမ်းသပ်လိုသောပယင်းကို .. (အထည်ဖြစ်ပါက အထည်မှ ဖြုတ်ပါ) ဆားရည်တွင် စိမ်ပါ..
ထိုအခါ ပယင်းသည် ဆားရည်ပေါ်တွင် ပေါလောပေါ်ရမည်..

ပြချက် .. 
ပယင်းသည် ရေချိန်သိပ်သည်းဆ (Specific gravity) 1.04 ရှိတယ်
ရေချိန် သိပ်သည်းဆသည် 1 အတိရှိပါတယ်.. 
ရေတစ်ဖန်ခွက်ကို ဆား tea spoon (လက်ဖက်ရည်ဇွန်း) ၇ ဇွန်း ဖြင့် ပြည့်ဝဆားပျော်ရည် ပြုလုပ်သော် .. သိပ်သည်းဆသည် 1.1ဖြစ်လာပါသည်ထို့ကြောင့် ဆားရည်ပေါ်တွင် ပယင်းမပေါ်နိုင်ပါ .. 
×××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် .. ယင်စမ်းသပ်မှုမှာ ၁၀၀ % မသေချာသေးပါ ..  pressed amber သည်လည်း 
ဆားရည်တွင်ပေါ်ပါသည်..
×××××××××××××××××××××××××××××××××××××××××××××××××××××××
Press amber ဆိုသည်မှာ ကွဲအက်နာများဖြင့် (ရောင်းပန်းမလှ) ပယင်းအစစ်ကို ဓါတုဗေဒနည်းဖြင့် .. 
ဖိသိပ်ပီး သဘာဝ ပယင်းကဲ့သို့ ပြန်လည် ပြုပြင်ထားခြင်း
Press amber နဲ့ natural amber ကို ခွဲနိုင်ရန် အပ် (သို့) အခြား .. နီရဲအောင် မီးကင်ပြီး ပယင်းကို 
ထိုးကြည့်ပါအစစ်ဆိုရင် ထင်းရှူးနံ့(သို့) ချယ်ရီ (သို့) သစ်သားနံ ထွက်ပါမည်.. အတုဆိုရင် ပလစ်စတစ်
ညော်နံ့ ၀ါယာ ညော်နံ့ ထွက်ပါမယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××
ပျက်စီးမှု အနည်းအများရှိနိုင်သည့်အတွက် စမ်းသပ်ရန်မသင့်တော်ပါ ...
++++++++++++++++++++++++++++++++++++++++++++++++++++++++

၂ရေနွေးပူဖြင့် စမ်းသပ်ခြင်း
ပယင်းကို ရေနွေးပူဖြင့် စိမ်ပီး အနံ့ခံကြည့်လျှင် 
အစစ်ဆိုလျှင် = သစ်မွှေးနံ့ ရမယ်၊ ချယ်ရီသားနံ့၊ ထင်းရှူးနံ့
အတုဆိုလျှင် = ကာဘော်လစ်နံ့ ၊ ညော်နံ၊
××××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် ပယင်းသည် ရေနွေးစိမ်ခံပါတယ် .. 
ပြချက် 
ပယင်းသည် အပူချိန် 200°C to 300° C ရှိပီး 
ရေနွေးသည် 100°C မျှသာရှိပါတယ် .. ဒီထက် များသွားရင် အငွေ့ပျံသွားပါတယ်
+++++++++++++++++++++++++++++++++++++++++++++++++++++++

၃. လက်သည်းဖျက်ဆေးကို ၀ါဂွမ်းမှာ တို့ပီး ပယင်းကို ခပ်နာနာပွတ်ကြည့်ပါ .. 
ပယင်း စစ်လျှင် မည်သို့မျှ မထူးခြားပါ .. 
ပယင်းအတု ဆိုလျှင် (Copal . plastic) များဆိုလျှင် ၀ါဂွမ်းတွင် စေးကပ်ကပ်ဖြစ်ကာ 
အစေးများ ကပ်ပါလိမ့်မယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် 
ဖန်ဖြင့် ပြုလုပ်ထားသော ပယင်း ဆိုလျှင် သည်နည်းဖြင့် မစမ်းနိုင်ပါ
++++++++++++++++++++++++++++++++++++++++++++++++++++++++

၎ အပ် သို့မဟုတ် ဓါးဦးချွန် ဖြင့် အနည်းငယ်ခြစ်ကြည့်ပါ .. 
ပယင်းစစ်လျှင် .. အမှုန့်များ လွယ်ကူစွာကျလာပါလိမ့်မယ် .. အစလေးတွေ ပဲ့ကျပါလိမ့်မယ် .. 
ပလတ်စတစ် ဆိုလျှင်.. ငြိနေလိမ့်မယ် .. အစအန အမှုန့်များလည်း လျောလျောရှုရှု မကျနိုင်ပါ
ဖန် ဆိုလျှင် အပ်.. ဓါးဦးမတိုးပါ
မှတ်ချက် 
Copel အား မစစ်နိုင်ပါ .. မပေါ်ပါ
+++++++++++++++++++++++++++++++++++++++++++++++++++++++

၅. rubbing test. .
ပယင်း ကို ချည်ထည် သိုးမွှေး တို့ဖြင်နာနာပွတ်ပါ . . 
electro meganetic field ( negative) ထွက်လို့ ပေါ့ပါးတဲ့ ဆံပင် ဌက်မွှေး စက္ကူ အပိုင်းအစ လေးများ 
ကို ဆွဲငင် တယ် . .plastic . .ဖန် . .မဆွဲငင်ပါ. 
+++++++++++++++++++++++++++++++++++++++++++++++++++++++

၆. taste 
ဒါကတော့ အတွေ့ အကြုံ ရှိမှပါ . .ပယင်းကို အနံ့မပါသော ဆပ်ပြာဖြင့်ရေစင်အောင်ဆေးပါ . .
လျှာဖျားလေးနဲ့တို့ကြည့် ချယ်ရီသား အရသာ . .ထင်းရှူးအရသာ ခံစားမိမယ် . .plastic . .ဖန် . .မရှိပါ . .
××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်- copal စမ်းမရပါ.. မပေါ်ပါ
++++++++++++++++++++++++++++++++++++++++++++++++++++++

၇. smell 
ထိုနည်း၎င်း ပဲရှူကြည့် . . ချယ်ရီိ ထင်းရှူးနံ့ ရမယ်...
+++++++++++++++++++++++++++++++++++++++++++++++++++++++

၈ touch ! 
ပယင်းဟာ နွေးတဲ့အထိ အတွေရှိပါတယ် . .plastic . .ဖန် မရှိပါ . .
×××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် - copal စမ်းမရပါ
++++++++++++++++++++++++++++++++++++++++++++++++++++++++

၉. Uv 
ပယင်း ဟာ short wave ultraviolet ခရမ်းလွန် ရောင်ခြည် နဲ့ စမ်းရင် glow ခေါ် မီးစုန်း တောက်ပါတယ် ဖန် နဲ့ ပလပ်စတစ် ကတော့ မပြပါ . .
××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်
Ambriod နှင့် copal မှာလဲ ထိုနည်းလည်းကောင်း glow ပြပါတယ် . . . မပေါ်ပါ ..
++++++++++++++++++++++++++++++++++++++++++++++++++++++++
10. ဆားပြည့်ဝ ပျော်ရည်မှာ စိမ်
အထက်၌ ဖော်ပြပြီး . . .

ရည်ရွယ်ချက် ။ ၊၊ မြန်မာ့ပယင်း အား အတုအစစ်ခွဲခြားတတ်စေရန် မျိုးဆက်သစ်လူငယ်များ အား 
လက်လမ်းမှီသလောက် ပြန်လည်မျှဝေပေးချင်းမျှသာ ဖြစ်ပါသည်..
အထက်ပါ အားလုံးနဲ့ ကိုက်ညီမှသာ တန်ဖိုးမြင့်မားသော .. ပယင်းရတနာကို ၀ယ်ယူရန် တိုက်တွန်းရင်း 
နိဂုံးချူပ်ပါသည်.. 

0 comments:

Post a Comment