2015 ခုနှစ် အတွက် အမိုက်စား မီးဖိုချောင်သုံး Gadgets များ



Somabar 
သူကတော့ ကော့တေးစပ်ပေးတဲ့ စက်ပါ။ မိမိ မိုဘိုင်းဖုန်း App နဲ့ ဒီစက်ကို ချိတ်ဆက်ထားပေးပြီး လိုသလို ဖျော်စပ်ပေးနိုင်ပါတယ်။ အိမ် မှာ နေရင်း ကော့တေး ကို စားသောက်ဆိုင်ကြီးများမှာ သောက်တဲ့ အရသာ အတိုင်း ကွတ်တိဖျော်ပေးနိုင်ပါတယ်တဲ့။ မိမိစိတ်ကြိုက် အပြင်းအပျော့ ကို ချိန်ညှိနိုင်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ ၄၀၀ ကျော်ပါ။

Cinder
ဟင်းကောင်းတစ်ခွက်ရဖို့ ဆိုတာ ဟင်းမှာ ပါဝင်တဲ့ အမယ်များ အပြင် ဟင်းကို ချက်ပြုပ်မဲ့ မီးအပူချိန် အတိုင်းအတာ ကြာချိန် အတိအကျနဲ့ ချက်ပြုပ်ဖို့ လိုပါသေးတယ်။ Cinder ဆိုတဲ့ ဟင်းချက်စက်ကလေး ကတော့ မိမိ ချက်မဲ့ ဟင်းလျာအပေါ်မူတည်ပြီး အချိန်အတိအကျ အပူချိန် အတိအကျပေးလို့  ချက်ပြုပ်နိုင်ပါတယ်တဲ့။ အိမ်တွင်း စားဖိုးမှူးတစ်ယောက်လို အရသာရှိရှိ ချက်ပြုပ်ပေးနိုင်ပါတယ်။ မိမိဖာသာ စိတ်ကြိုက် ချိန်ညှိထားနိုင်တဲ့ အတွက် မီးတူတာတွေ ၊ ဟင်းချက်တာ မမှန်လို့ အရသာ မကောင်းတာတွေကို မပူရတော့ဘူးပေါ့။ ဒေါ်လာ ၂၀၀ကျော် ဝန်းကျင်နဲ့  ၂၀၁၆ ခုနှစ်မှာ ဖြန့် ချီပါလိမ့်မယ်လို့  သိရပါတယ်။

PicoBrew
ဘီယာကို အိမ်မှာ နေရင်း ကိုယ်တိုင်လုပ်သောက်ချင်သူများ အတွက် အထူးစက်ကလေးပါ။ ဘီယာ အရသာပေါင်း ၇၀ ကျော်ကို ထုတ်လုပ်ပေးနိုင်ပြီး မိမိစိတ်ကြိုက်အရသာကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ ဝန်းကျင်ရှိပြီး ၂၀၁၆ ခုနှစ်မှာ ရရှိနိုင်မယ်လို့  ဆိုပါတယ်။
Neo
ဒါကတော့ App နဲ့ အစားအစာထည့်တဲ့ ဘူးကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ထိုဘူးထဲမှာ အစားအစာ ဘယ်လောက် ကျန်သေးသလဲ ဆိုတာကို မိမိ ဖုန်း App မှာ လာပြီး ဖော်ပြတဲ့ Gatget လေး ဖြစ်ပါတယ်။ Shopping ထွက်တဲ့ အခါ မိမိ အိမ်မှာ ဘယ်ဟာက ဘယ်လောက် ကျန်သေးတယ် ဆိုတာကို သိရှိနိုင်ပြီး အပိုဝယ်မိတာတွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

0 comments:

Post a Comment