အင်္ဂလိပ်စကားနားထောင်စွမ်းရည်မြှင့်ပေးမယ့် APK

အင်္ဂလိပ်စာလေ့လာရင် တစ်ခုတည်းကိုပဲအာရုံစိုက်မလုပ်ပါနဲ့ ဥပမာ Grammar ပဲလေ့လာပြီးကျန်တဲ့ Speaking, Listening နဲ့ Reading တွေကိုလုပ်ဖို့မမေ့နဲ့..ဒီခေတ်မှာက အရင်လိုမဟုတ်တော့ဘဘူး 4 skills ရမှာအဆင်ပြေတော့တာ…ပြီးရင် အင်္ဂလိပ်စာသင်တယ်ဆိုတာ..လူငယ်တွေအတွက် ရေရှည်အလုပ်တစ်ခုပါ…အင်္ဂလိပ်စာသင်ရင်းနဲ့ အသိပညာဗဟုသုတစတာတွေ တွဲပြီးသွားဖို့လိုပါတယ်
Listening skills ဆိုတာတကယ်ခက်တဲ့အခါတစ်ခုပါ..များများလေ့ကျင့်ထားမှ မဟုတ်ရင်တကယ့် Native Speakers တွေရဲ့အသံတွေကိုနားလည်ဖို့ခက်ခဲပါတယ်…Native တွေရဲ့အသံတွေကိုနားလည်ချင်တယ်ဆိုရင်တော့ သူတို့ပြောတာတွေကို များများနားဆင်ဖို့ပါ…
တစ်ခါတစ်လေ တစ်ချို့လူတွေကလည်း နားလည်မှုတွေလွဲတတ်ပါတယ်…အင်္ဂလိပ်စာသင်တာဟာ သူတို့ကိုအထင်ကြီးလို့သင်ရသလိုမျိုး..ဒါဟာလုံးဝမဟုတ်ပါဘူး…အင်္ဂလိပ်စာဆိုတာ ကမ္ဘာကလူတွေနဲ့ဆက်ဆံဖို့အတွက် ပြီးတော့ စာပေတွေ..ဗဟုသုတတွေကို များများလေ့လာနိုင်ဖို့ဖြစ်ပါတယ်….


ဝင်းလှိုင်-နည်းပညာ

0 comments:

Post a Comment