Internet Download Manager ကို Install ပြုလုပ်ခြင်း




Internet Download Manager ကို အင်စတောလ် လုပ်တာ အဆင်မပြေကြဘူးလို့ ပြောလာကြတာနဲ့ နောက်ထပ် Install လုပ်နည်းလေးတစ်ခုကို တင်ပြချင်ပါတယ် ။  အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ 





 အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့  အားလုံး Exit ပေးပြီး  IDM ကို Uninstall လုပ်ပြစ်လိုက်ပါ ။ ပြီးရင် Restart တောင်းရင် Restart ပေးလိုက်ပါ ။ အရင်ဆုံး     ဒီနေရာလေးမှာ   နောက်ဆုံး Update ဖြစ်တဲ့ Internet Download Manager 6.07 Build 14 (12/Oct/2011) ကို ဒေါင်းယူထားလိုက်ပါ ။ ဘာမှ မလုပ်သေးပါနဲ့ဦး ။ ဇာတ်လမ်းကို ဒီမှာ စ ပါမယ် ကဲ စ လိုက်ကြရအောင်


  အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပါ။ 

HIKEY-CURRENT-USER >>SOFTWARE   ဒီ Software ဆိုတဲ့ အထဲမှာ Download Manager ကို တွေ့အောင်ရှာပါ ။ ရှာတွေ့ရင် သူ့အပေါ်မှာ မောက်စ်ပွိုင့်တာ လေးတင်ပြီး Right Click နဲ့ Delete ပေးလိုက်ပါ ။

နောက်တစ်ဆင့်ကတော့ HIKEY-LOCAL-MACHINE >> SOFTWARE ကို သွားပြီး Internet Download Manager ကို ရှာပါ တွေ့ရင် အစောကလိုပဲ Delete လုပ်ပေးလိုက်ပါ ။ Registry ထဲကို ရှင်းပေးလိုက်တာပါ။

နောက်ထပ်တဆင့်ကျန်ပါသေးတယ် My computer >> C: >> Program File >> Internet Download Manager ကိုလဲ Delete ပေးလိုက်ပါဦး ။ ကဲအားလုံးရှင်းပြီးသွားပါပြီ....:)

ပြီးသွားပြီဆိုရင်တော့ စောစောက ဒေါင်းထားတဲ့ Internet Download Manager 6.07 Build 14 ကို စ တင်လို့ အင်စတောလ် လုပ်ပေးနိုင်ပါပြီ ။ ကျန်တာကိုတော့  ဒီနေရာလေးမှာ  ရေးထားတဲ့အတိုင်း ဆက်လုပ်ကြပေတော့ဗျို့  ကဲ   IDM နဲ့ အမြဲတမ်းကွိုင်တတ်နေကြတဲ့ သူငယ်ချင်းများအားလုံး အောင်မြင်ပါစေဗျာ....

 ဝင်းကမ္ဘာကျော်





7 comments:

ကျေးဇူးဘဲအကိုရေ..နောက်လဲခနခနလာလည်ပါမယ်ဗျာ..ကျေးဇူးအထူးတင်တယ်..

အကိုရေအဆင်မပြေဘူး down load ဆွဲလိုက်ရင် down load ဆွဲတဲ့ box တက်လာပြီး down load မဆွဲပဲ connection Time out ဆိုတဲ့ box ပဲ ပေါ်လာတယ် ဘလိုလုပ်ရမလဲး ပြောပြပေးအုံးနော် ကျေးဇူပဲ

ဟုတ်တယ်...အဲ့လိုချည်းဘဲပေးနေတယ်...ကူညီပါဦး

ဘယ်ဟာကို download ဆွဲတော့ connection Time out ဆိုတာတတ်လာတာလဲဗျာ သိပ်နားမရှင်းဘူးဗျာ IDM ကဖြစ်တာလား

ကျေးဇူးပါအကိုရေ...နောက်လည်းလာလည်..လာယူဖြစ်တော့မယ်.နည်းပညာတွေကိုမျှ
ဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်......ပျော်ရွှင်ပါစေအကို။

ကျေးဇူးပါပဲ အစ်ကို အခုလိုတကူးတက ကူညီပေးတဲ့အတွက်...
နောက်ကိုလည်းပ post အသစ်တင်တိုင်း mail. ထဲကိုပို့ပေးပါနော်....
ကျွန်တော်က နည်းပညာပိုင်းကို အရမ်းစိတ်ဝင်စားတယ်ဗျ..
နောက်လည်း အမြဲတမ်း အစ်ကို့ site ကိုလာလည်ပါ့မယ်
ကျေးဇူးနော်အစ်ကို အားလုံးအဆင်ပြေသွားပြီ....

ကျနော်လာဒေါင်းယူသွားတယ်နော်..ကျေးဇူးတင်ပါတယ်........

Post a Comment