ခေါက်ချိုးနိုင်သော flexible အနာဂတ်ဖုန်းအား Nokia ထုတ်ဖော်ပြသ

1121 Nokia_Flexible_SmartPhone_Demo_Revealed
ချိုးမလား၊ ခေါက်မလား၊ လိမ်မလား။ သင်စိတ်တိုင်းကျ ခေါက်ချိုးနိုင်သော အနာဂတ်ဖုန်းတစ်ခုအား မကြာမီက ပြုလုပ်ခဲ့သည့် Nokia World အစီအစဉ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး မိုလ်ဘိုင်းဖုန်း ထုတ်လုပ်သည့် Nokia က ထုတ်ဖော်ပြသသွားခဲ့သည်။ အဆိုပါဖုန်းသည် ခေါက်ချိုးနိုင်သော AMOLED screen ဖြင့်ပြုလုပ်ထားပြီး ခေါက်ချိုးရုံဖြင့် သင်လိုရာကို ပြုလုပ်နိုင်မည်ဖြစ်ကာ touch စရာမလိုသလို ခလုပ်တစ်ခုမှ မပါရှိပေ။
ယခု ထုတ်ဖော်ပြသခဲ့သည့် ခေါက်ချိုးနိုင်သည့် Nokia အနာဂတ်ဖုန်းသည် အမှန်တစ်ကယ်တော့ ၅ လက်မ tablet တစ်ခုပင်ဖြစ် ပြီး အစမ်းထည့်သွင်းထားသည့် app ၂ ခုဖြစ်သည့် photo viewer နှင့် music player တို့သာ ပါရှိသည်ကို တွေ့ရှိခဲ့ရသည်။ သို့ ​သော်လည်း ယခုဖုန်းမှာ စမ်းသပ်ခံ အဆင့်တွင်သာရှိနေသးပြီး ဈေးကွက်သို့တင်ပို့ရန်မူ နှစ်ပေါင်းများစွာ အချိန်ယူရဦးဖွယ်ရှိ သည်။
1121 Nokia_Flexible_SmartPhone_Demo_Revealed1
ဤဖုန်း၏ အလုပ်လုပ်ပုံမှာ ရိုးရှင်းလှသည်။ တစ်ခုခုအား ရွေးချယ်လိုပါက သုံးစွဲသူသည် ဖုန်းအား မိမိဖက်သို့ ခေါက်ချိုးရမည်ဖြစ် ပြီး၊ app အား ရွေးချယ်လိုပါက ဖုန်းတစ်ခုလုံးအား လိမ်ခေါက်ရမည်ဖြစ်သည်။
Nokia မှ တာဝန်ရှိသူတစ်ဦးကမူ ယခုဖုန်းသည် အေးချမ်းသော အရပ်ဒေသများတွင် နေထိုင်သူများအတွက် အသုံးဝင်မည်ဖြစ်​ကြောင်း touchscreen ဖုန်းများသည် လက်အိတ်ဝတ်ထားပါက အသုံးမဝင်ဘဲ ယခုဖုန်းအနေဖြင့်မူ ခေါက်ချိုးရုံးဖြင့် မိမိစေလို ရာ ပြုလုပ်နိုင်မည်ဖြစ်သည်ကြောင်း ပြောကြားသွားခဲ့သည်။
1121 Nokia_Flexible_SmartPhone_Demo_Revealed4
1121 Nokia_Flexible_SmartPhone_Demo_Revealed3
1121 Nokia_Flexible_SmartPhone_Demo_Revealed2
---
Photo Credit: Engaget. All Rights Reserved.

0 comments:

Post a Comment