Gmail Account is Disabled ဖြစ်သွားခဲ့ရင်


Google ဟာ သူ့ရဲ့ Terms of Services ကို ဖောက်ဖျက်ရင် account ကို ပိတ်ပစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် account ကို ဖွင့်လိုက်ရင် Account is diabled ဆိုပြီး ဖွင့်မရတော့ပါဘူး။ ဒါပေမဲ့ ကိုယ့် data တွေကတော့ ရှိနေပါတယ်။ မပျက်ပါဘူး။ Account ကလည်း ပျက်မသွားပါဘူး။ ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ Google ကို Report တင်ပြီး ပြန်ဖွင့်ခိုင်းလို့ရပါတယ်။
အရင်ဆုံး Google အနေနဲ့ ကိုယ့် account ကို ဘာကြောင့် ပိတ်ပစ်တာလဲဆိုတာ သိချင်ရင်တော့  မှာ သွားပြီး  http://www.google.com/mail/help/program_policies.html  ကြည့်နိုင်ပါတယ်။ သူဖော်ပြထားတာတွေထဲက တစ်ချက်ချက်နဲ့ ငြိစွန်းရင်တော့ သူက ပိတ်မှာပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ အပိတ်ခံရတဲ့ အများဆုံးအကြောင်းရင်းကတော့ IP address တစ်ခုတည်းက account များစွာ လုပ်လို့ ပိတ်ပစ်တာပဲ ဖြစ်ပါတယ်။ ဒါကိုလည်း Google က ပြောထားပါတယ်။ အဲဒီလိုလုပ်ရင် ပိတ်မယ်ဆိုပြီးတော့လေ။

ကဲ ကိုယ်လည်း အပိတ်ခံရတာမျိုး ကြုံလာရင်တော့ Google ကို Report တင်ကြည့်ပါ။ စာရေးသူအနေနဲ့ account သုံးခုနဲ့ စမ်းကြည့်တာကတော့ အဆင်ပြေပါတယ်။ သုံးရက်နေတဲ့အခါမှာ ပြန်ဖွင့်ပေးပါတယ်။ Google ကို Report တင်ဖို့အတွက် အောက်ပါ Link ကိုနှိပ်ပါ။
Google_Account_Recovery









Email address of the disabled Google account မှာ အပိတ်ခံလိုက်ရတဲ့ ကိုယ့် email လိပ်စာကို ထည့်ပေးပါ။ Do you currently have access… မှာ No လို့ ဖြေပေးပါ။ အဲဒီအခါ အောက်မှာ နောက်ထပ် email လိပ်စာထည့်ဖို့ textbox တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ်သုံးလို့ရနေသေးတဲ့ email address ကို ထည့်ပေးပါ။

Describe what happened… မှာတော့ အရေးကြီးဆုံးပါ။ ကိုယ့် account အပိတ်ခံလိုက်ရတဲ့အတွက် ကိုယ့်မှာ ဘယ်လိုနစ်နာသွားတယ်ဆိုတာကို ရေးပေးရမှာပါ။ စာရေးသူကတော့ အရေးကြီး email တွေ ရှိနေလို့ပါဆိုပြီး ထည့်ပေးလိုက်ပါတယ်။ (ယောင်ပြီ: မြန်မာလိုတော့ သွားမရေးနဲ့ဦးနော်) ပြီးရင် Captcha လေး ရိုက်ထည့်ပြီး Submit ကို နှိပ်လိုက်ပါ။ သုံးရက်လောက် ကြာတဲ့အခါမှာ ကိုယ်ပေးခဲ့တဲ့ email လိပ်စာပြီး account ပြန်သုံးလို့ရပြီး ဖြစ်တဲ့အကြောင်း email ၀င်လာပါလိမ့်မယ်။


Google_Account_Recovery2

Myanmar IT Man

0 comments:

Post a Comment