Samsung Galaxy Ace Official Gingerbread 2.3 နှင့်အထက် Root လုပ်ပြီး မြန်မာဖောင့်ထည့်နည်း



ကဲ...တော်တော်များများ တောင်းဆိုနေကြလို့ တဆင့်ပြန်လည်မျှဝေလိုက်ပါတယ်..။

မိမိရဲ့ Samsung Galaxy Ace ဖုန်းကို offical gingerbread update လုပ်ပြီးတဲ့အခါ
အများအားဖြင့် 2.3 နှင့်အထက် မြန်မာဖာင့်ထည့်ဖို့ SuperOneClick နဲ့ root လုပ်လို့မရတော့ပါဘူး။

recovery mode ကနေ root file ကို install လုပ်ပြီ့း  root တဲ့နည်းလမ်း အခု ကျွန်တော်ရှင်းပြမှာပါ…
မိမိဖုန်းနဲ့ကွန်ပြူတာ ချိတ်ဆက်ထားပြီး လုပ်စရာမလိုပါဘူး အကောင်းဆုံးနည်းလမ်းလေးပါ။
မိမိဖုန်းကို root လုပ်ပြီး မကြိုက်ပါက unroot ပြန်လုပ်နိုင်ပါတယ်။
မိမိဖုန်းကို root လုပ်ပြီး မြန်မာဖောင့်ထည့်နည်းနှင့် unroot လုပ်နည်းရှင်းပြပါမယ်
အတွေ့အကြုံမရှိပဲနဲ့ အမှားအယွင်းဖြစ်မှာကို မစိုးရိမ်ပါနဲ့။ မိမိကိုယ်တိုင်လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။
တခုခုဖြစ်မှာကိုကြောက်ရင်တော့ ကျွန်တော်က အရမ်းကြီးမတိုက်တွန်းပါဘူး။
(ဒါပေမဲ့ သင့်လုပ်နိုင်ပြီး အောင်မြင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်) :)
အခုနည်းလမ်းက သင့်ရဲ့ဖုန်း Warranty မပေးပါဘူး ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ပြန်ပြီး unroot လုပ်နိုင်တဲ့တွက်
Warranty တွက်အဆင်ပြေပါတယ်။
root လုပ်ဖို့တွက်လိုအပ်တဲ့ ဖိုင်၂ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။ အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်
Galaxy Ace 2.3 နှင့်အထက်ကို System Root လုပ်နည်း
1. ပထမဆုံး Root.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
2. ဖုန်းကို ပါဝါပိတ်ပေးပါ။
3. ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် HOME + POWER ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Galaxy Ace logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
4. Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
5. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
6. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root.zip file ကိုရွေးပေးပါ ) ။
7. Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
8. ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။

Galaxy Ace recovery mode ပုံပါ 




” Congrats ! အခုလိုသင်ကိုယ်တိုင် Galaxy ace ကို root နိုင်တဲ့အတွက်ပါ ” :)
ပြန်ပြီးတော့ Unroot လုပ်ချင်တယ်ဆိုရင် အောက်ကနည်းလမ်းအတိုင်း ပြန်ပြီးလုပ်နိုင်ပါတယ်။
နည်းလမ်းလေးက ဆင်တူတဲ့အတွက် အဆင်ပြေပါတယ်။
Android ဖုန်း/Tablet ကို မြန်မာစာစနစ်နှင့် မြန်မာစာ Keyboard ထည့်သွင်းနည်း (Complete Guide) ကိုဖတ်ရှုရန်
Galaxy Ace 2.3 နှင့်အထက်ကို ပြန်ပြီး System UnRoot လုပ်နည်း
1. ပထမဆုံး UnRoot.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
2. ဖုန်းကို ပါဝါပိတ်ပေးပါ။
3. ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် HOME + POWER ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Galaxy Ace logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
4. Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
5. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
6. Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး UnRoot.zip file ကိုရွေးပြီး HOME လုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး UnRoot.zip file ကိုရွေးပေးပါ ) ။
7. Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
8. ဖုန်းပြန်တက်လာပြီ မိမိဖုန်းမှာ Superuser မရှိတော့ဘူးဆို မိမိဖုန်း UnRoot လုပ်လို့ပြီးသွားပါပြီ။

Samsung Galaxy Ace တွက် Root File အားရယူရန်


Samsung Galaxy Ace တွက် UnRoot File အားရယူရန်


Samsung Galaxy တွက် Driver အားရယူရန်

ပို့စ်ရေးသားသူအမည်: အီးတီ

ref: www.myanmarmobileapp.com

0 comments:

Post a Comment