Windows သုံးနေရင်းက စက်နှေးသွားရင်


 တစ်ခါတရံမှာ ကွန်ပြူတာကို သုံးနေရင်းက အလုပ်လုပ်တာ အရမ်းနှေးသွားတာမျိုး ကြုံရတတ်ပါတယ် ၊ အထူးသဖြင့် အလုပ်လုပ်တဲ့မှတ်ဥာဏ် RAM ( Random Access Memory ) နဲတဲ့ ကွန်ပြူတာတွေမှာ ပိုဖြစ်တတ်ပါတယ် ၊ RAM ရဲ့သဘာဝက အလုပ် လုပ်နေတုန်းမှာ မှတ်ဥာဏ်ထဲမှာ ခေတ္တမှတ်သားထားပြီးတော့ နောက်အလုပ်တစ်ခု အတွက် မှတ်ဥာဏ်သုံးဖို့လိုလာတဲ့အခါ မထမမှတ်သားထားတဲ့ အရာတွေကို system က ဖျက်ပစ်ရပါတယ် ၊ အဲဒီလို ဖျက်ပစ်ဖို့ အဆင်မသင့်ပဲ အမှားအယွင်း တစ်ခုခုဖြစ်သွားတဲ့အခါမျိုးမှာ ၊ အလုပ်ဆက်မလုပ်နိုင်ပဲ ရပ်သွားတာမျိုး ၊ နှေးပြီးတုံ့ဆိုင်း သွားတာမျိုးတွေ ဖြစ်လာရပါတယ် ၊ အလုပ်ဆက်မလုပ်တဲ့အတွက် သုံးလို့ရအောင် System ကို restart ပြန်လုပ်ရတာမျိုးတောင် ရှိပါတယ် ၊ အဖြေကတော့ စက်ပိတ်လိုက်တဲ့အခါ RAM ထဲမှာရှိတဲ့ မှတ်ဥာဏ်တွေအားလုံးက ပျက်သွားတဲ့ အတွက်ကြောင့် နောက်တစ်ခါ စက်ပြန်ဖွင့်တဲ့အခါ လန်းဆန်းတက်ကြွတဲ့ မှတ်ဥာဏ်အသစ်က စောင့်ကြိုနေတဲ့အတွက် သုံးလို့ ပြန်ကောင်းသွားရခြင်းပါ ။
ဟော.. အခုတော့ restart ပြန်လုပ်တာပဲဖြစ်စေ ၊ အဲဒီလိုမျိုးဖြစ်နေရင် ဘာလုပ်ရမှန်းမသိ ဖြစ်နေတာမျိုးတွေအတွက် ၊ RAM ကို ပြန်ပြီး clean လုပ်ပေးတဲ့ Shortcut လုပ်နည်းလေးကို တင်ဆက်လိုက်ပါတယ် ၊ လွယ်တယ် ၊ ကောင်းတယ် ၊ ဒါပေမယ့် ရှားတယ်နော် ယူပြီးသိမ်းထားလိုက်ပါ ။
၁. Desktop ပေါ်က နေရာလွတ်လေးတစ်ခုပေါ် right click ထောက်ပြီး New ကိုရွေး ၊ ပြီးရင် Shortcut ပေါ်ရွှေ့ပြီး click လုပ်ပါ ၊ Shortcut လေးတစ်ခုလုပ်တာပါ ။
၂. Location လေးတောင်းတဲ့အခါ အောက်မှာပေးထားတဲ့ path လေးကို copy ကူးထည့်လိုက်ပြီး next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ ။

%windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks

၃. နာမည်ပေးရမယ့် နေရာကိုရောက်သွားပြီး ကြိုက်ရာ တစ်ခုခုပေးလိုက်ပါ ၊ ဥပမာ Clean RAM စသည်ဖြင့်ပေါ့ ၊ ပြီးရင် finish နှိပ်လိုက်ပါ ။

ကွန်ပြူတာက နှေးပြီး ရပ်သွားသလို ဖြစ်သွားတဲ့အခါတိုင်း ဒီ shortcut လေးကို နှိပ်ပါဗျာ ။ သူက မှတ်ဥာဏ်ကို အသစ်ပြန်ပြီး စပေးပါလိမ့်မယ် ။
Shortcut လေးမလှရင် icon ပြောင်းသုံးလိုက်ပါ ။ ဒီမှာ icon လေးတစ်ခု download လုပ်လို့ရပါတယ် ၊ ကြိုက်ရင်ယူပါ ။

http://findicons.com/icon/66997/gnome_edit_clear?id=347246#

လိုလိုမယ်မယ် icon ပြောင်းနည်းလေးပါ ထည့်ပေးလိုက်ပါတယ် ။

(၁) မလှတဲ့ icon အဟောင်းလေးပေါ်ကို right click လုပ်ပြီး properties ကိုရွေးပါ
(၂) change icon ကို နှိပ်ပါ
(၃) Browse ကိုနှိပ်ပြီး ကိုယ် သိမ်းထားတဲ့ icon အသစ်ကလေး ရှိရာနေရာဆီကို ခေါ်ယူသွားပါ
(၃) icon ဖိုင်လေးပေါ် click လုပ်ပြီးရင် open ကိုနှိပ်ပါ ၊ ပြီးရင် ok နှိပ်ပါ ။
(၄) မူလ properties window ရောက်သွားတဲ့အခါ apply လုပ်ပါ ၊ ok ပေးပါ ၊ ပြီးသွားပါပြီ ။

ref:www.voiceofdaegu.org

7 comments:

ကျေးဇူးပါအကိုရေ .....ညီလုပ်လို့ရသွားပြီ

လေးစားလျှက်

ကျေးဇူးတင်ပါတယ်...အောင်မြင်ပါစေ.

ကျေးဇူ့တင်ပ်ပါတယ် လို့ပြောရမှာ ရိုးသွားတော့ဘယ်လို ပြောမလဲ မသိတောဘူးဗျာ။
ဟုတ်ပါတယ် တကယ်ဘဲကျနော် ကျေးဇူ့တင်သွားခဲ့တယ်ဗျာ။

ကျေးဇူးပဲ.အကိုရေ....အရာအားလုံးအတွက်ပါ....ဒီထဲမှာရှိသမျှတွေအတွက်ကိုပေါ့ဗျာ...

အကိုရေးရှင်းရှင်းလေးနဲ့ ရှူပ်နေတယ် လုပ်ပါအုံး .......
အကိုပေးတဲ့လင့်ကိုဒေါင်းရမှာလား ....ဒေါင်းလို့မရဘူး ...ဘယ်လိုဒေါင်းရလဲဗျာ ...
ကူညီပါအုံး

ဒေါင်းဖို့ မဟုတ်ပါဘူး ကူးထဲ့ပေးရမှာပါ... ဒေါင်းဖို့ပေးထားတဲ့ Link က Icon လေးတွေ မလှလို့ လှတာလေးတွေလိုချင်ရင်ပါ...

Post a Comment