အင်တာနက် Browser တွေကဖြုတ်မရ,ဖျက်မရတဲ့ Toolbar ပြဿနာ




ဒီ Software လေးက ဘယ်နေရာမှာ သုံးဖို့အတွက်လဲ ဆိုရင်တော့ ကျနော်တို့ တချို့ တချို့ Software တွေကို
 Install လုပ်ကြတဲ့ အခါ ... မလိုအပ်တဲ့ Adware လို့ခေါ်တဲ့ Toolbar တွေ...  ဥပမာ Babylon Toolbar/
AskToolbar / AVG Toolbar
စ တာတွေဟာ သတိထားပြီး Install လုပ်ပါရက်နဲ့ Internet Browsers တွေဖြစ်တဲ့
Internet Explorer, Google Chrome , Mozilla Firefox တွေမှာသွားပြီး Home Page/
Search Addressbar/New Tab
တွေမှာ သွားပြီး အော်တိုမက်တစ် နေရာယူတတ်ကြပါတယ်...

 ဒီလိုနဲ့
Browser တွေ ပြန်ဖွင့်ကြည့်တဲ့ အခါ Home Page မှာ အရင်က Set ထားတဲ့ Google Home Page , Google Search အစား
Babylon Home Page/Search , Ask  Home Page/Search ,  AVG  Home Page/Search တွေ ဖြစ်ကုန်ပါတော့တယ်.... ကျနော့ ကိုယ်တွေ့ပါပဲ ဘယ်လိုမှ ရှင်းမရပါဘူး.... အဆိုးဆုံးကတော့....
Browser Address Bar ထဲမှာ Link တခုခု ထည့်ပြီး Enter ခေါက်လိုက်ရင် (သို့) စာ ရိုက်ပြီး
Enter ခေါက်လိုက်ရင် Google Search နဲ့ မဟုတ်တော့ပဲ Babylon Search / Ask Search /AVG Search တွေနဲ့ဖြစ်ကုန်တာပါ (စာဖတ်သူများလည်း အနည်း နဲ့ အများတော့ ကြုံဖူးကြမယ်ထင်ပါတယ်)

အရင်အတိုင်းပြန်ဖြစ်ဖို့ Setting တွေ ပြန်ချိန်း Add On တွေကနေဖယ်ထုတ် , စက်ထဲက Babylon / Ask /AVG တွေကိုရှာပြီး Uninstall လုပ် Registry ထဲဝင်ပြီးဖျက် စုံနေအောင် လုပ်ပေး ပေမဲ့လည်း
Browser တွေရဲ့ Home Page /Address Bar / New Tab တွေမှာ ဘယ်လိုမှပြန်ပြောင်းလို့မရတော့ပါဘူး...

အဲ့ဒီလို ဖြုတ်မရ ဖျက်မရတဲ့ Babylon / Ask /AVG Toolbar တွေကို ဒီ Software လေးက အပြီးဖျက်ပေးသွားပါလိမ့်မယ်....  Browser တွေမှာရော စက်ထဲမှာရော Registry မှာပါ အပြီးဖျက်ပေးသွားတာပါ... ဖိုင်လ်ဆိုက်ဒ် လေးကတော့ 600.49KB ပဲရှိပါတယ်....

အသုံးပြုပုံကတော့ အပေါ်ကပုံထဲကလို Search နဲ့ရှာပြီး Delete လုပ်ပေးပါ .. ပြီးရင် Restart ချပေးလိုက်ပါ...
ကဲ... သူငယ်ချင်း မိတ်ဆွေ များ အားလုံး စမ်းသပ်ရင်း ပျော်ရွှင်ကြပါစေဗျားးးးးးး

Click Here to Download


3 comments:

အရမ်းကောင်းပီးအသုံးဝင်သည့်ဆော့ဝဲလေးပါ ကျေးဇူးကမ္ဘာပါ

ကျေးဇူးတင်ပါတယ်....

Thank you brother.It is really nice.

Post a Comment