How to Fix Windows 7 Photo Viewer Very Slow (ဓာတ်ပုံတွေဖွင့်ရင် မြန်စေချင်)

ဒီနေ့ အတွေ့အကြုံလေးတစ်ခုကို မသိသေးသူတွေအတွက် ပြန်လည်မျှဝေပါရစေ.... ဒီလိုဗျာ ဓာတ်ပုံတွေ ကို Window မှာပါတဲ့ Window Photo Viewer နဲ့ကြည့်တာ မက်မိုရီ KB လောက်ပဲရှိတဲ့ ပုံလေးတစ်ပုံကို မြင်ရဖို့ အကြာကြီးစောင့်နေရတယ်ဗျာ... ဖြစ်နေတာတော့ကြာပါပြီ မကလိဖြစ်တာပါ ဒီနေ့တော့ တိုက်ဆိုင်လာလို့ ဖြေရှင်းနည်းကို မဖြစ်မနေ ရှာဖွေရပါတော့တယ် ... ဓာတ်ပုံတွေ ဖွင့်ရင် မြန်စေဖို့ ဖြေရှင်းနည်းလေးကတော့ ဒီလိုပါ ...

Desktop ပေါ်က လွတ်တဲ့ တနေရာမှာ Right Ckick ပြီး 'Screen Resolution' ကိုရွေးပါ..။



ပေါ်လာတဲ့ Box မှာ 'Advanced Settings' ကိုရွေးပါ..။
 
'Color Management' tab က  'Color Management..'  ကို နှိပ်လိုက်ပါ..။
 
  နောက်ထပ် Box တခုထပ်ပွင့်လာပါလိမ့်မယ်.. အဲ့ဒီမှာ  'All Profiles' ကိုရွေးပြီး အောက်ကို ဖြည်းဖြည်းချင်းဆွဲချပါ ...


sRGB display profile with display hardware  configuration d.... ဆိုတဲ့ စာကြောင်းလေးကို ရှာပြီး  Select မှတ်လိုက်ပါ..။


အောက် ညာဘက်ထောင့်နားက Remove ကိုနှိပ်ပြီး Continue ကိုဆက်နှိပ်ပေးလိုက်ပါ...။ 

ကဲ ဘာတတ်နိုင်သေးလဲ .....:P 
ဖွင့်ထားတဲ့ Box လေးတွေ ပြန်ပိတ်ပြီး ဓာတ်ပုံ တစ်ပုံလောက် စမ်းပြီးဖွင့်ကြည့်လိုက်ပါ စိတ်ကျေနပ်သွားစေရမယ်လို့ အာမခံပါတယ်....:P

လုံးဝ မြန်သွားတယ်ဗျာ .. ဒါ့ကြောင့် ကိုယ်သိထားတာလေးကို ချက်ချင်း ပြန်လည်မျှဝေပေးလိုက်တာပါ...
အားလုံး ဗဟုသုတ တိုးပွားကြပါစေ...

ဝင်းကမ္ဘာကျော်



2 comments:

ကျေးဇူးပါပဲအကိုရေ....နောက်လည်းအခုလိုနည်းလမ်းကောင်းလေးတွေများများရှာတင်ပေးပါဦးနော်အကို
ကျေးဇူးအများကြီးတင်ပါတယ်....

ကျေးဇူးတင်ပါတယ်အရင်ကဆိုပုံတစ်ပုံကြည်ဖိုနည်းစောင့်နေရတာအခုတောအဆင်ပြေသွားပြီ

Post a Comment