Apple ID အမေရိကန် Account ဖွင့်နည်း

Apple ID အမေရိကန် account ဖွင့်နည်းပါ ကွန်ပြူတာ iTunes ကနေဖွင့်တဲ့နည်းပါ။
သိပြီးသား ဆရာကြီးတွေအတွက်မဟုတ်ပါဘူး မသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်
တော်တော်များများက မေးနေလို့ကိုယ်တိုင် ဖွင့်လို့ရအောင်တင်ပေးတာပါ
ဆိုင်သွားဖွင့်ခိုင်းရင် ပိုက်ပိုက်ကုန်တယ် လွယ်လွယ်ကူကူဖွင့်လို့ရအောင်
အောက်မှာပုံနဲ့တစ်ကွရှင်းပြထားပါတယ်။

ကွန်ပြူတာမှာ iTunes ကို install လုပ်ထားပြီး အင်တာနက်ချိပ်ထားပါ
iTunes ကိုဖွင့်ပါ
iTunes အပေါ်ညာဘက်ထောင့်နားက iTunes Store ကိုနှိပ်ပါ
iTunes Store ထဲရောက်ရင် အပေါ်ညာဘက်ထောင့်နားက Search Box မှာ
iBooks လို့ရိုက်ပါ
မှတ်ချက်။ ။ iBooks မဟုတ်လဲတစ်ခြားကိုယ်သိတဲ့ free app တစ်ခုကိုရိုက်လဲရပါတယ်
အခုတော့ iBooks နဲ့ပဲ ဖွင့်ပြပါ့မယ်။
အဆင့် ၁။
နိုင်ငံအရင်ရွေးဖို့အတွက် iTunes အောက်ဆုံးကိုဆင်းပါ။
 ဝိုင်းထားတဲ့နေရာမှာ ကိုယ်ဖွင့်ချင်တဲ့ အမေရိကန် အလံပေါ်နေရင်တော့ဘာမှ
လုပ်စရာမလိုပါဘူး။ တစ်ကယ်လို့ တစ်ခြားနိုင်ငံဖြစ်နေရင်တော့
လေးထောင့်ကွက်နေရာက change country ကိုနှိပ်ပြီး အမေရိကန်ကို ရွေးပေးပါ။

အဆင့် ၂။
နိုင်ငံရွေးပြီးသွားရင် ခုနာကဖွင့်ထားတဲ့ iBooks ကို click လုပ်ပြီး အထဲကိုသွားပါ
 Free ကိုနှိပ်ပါ။
 Create Apple ID ကိုနှိပ်ပါ။
Continue ကိုနှိပ်ပါ။

Marking ပေးပြီး Agree ကိုနှိပ်ပါ။


အဆင့် ၃။
User name ကိုကိုယ့် eMail ထည့်ပါ။
password က အနည်းဆုံး စာလုံးကြီးတစ်လုံးပါရမယ် number တစ်လုံးပါရမယ်
ပြီးရင်အောက်က မေးခွန်းသုံးခုကို ကိုယ်ကြိုက်တာရွေးပြီးဖြေပါ
ပြီးတော့ မှတ်ထားပါ။ ကိုယ်က Free app တွေကိုစဒေါင်းရင် အဲဒါတွေတောင်းတတ်တယ်
မှတ်မိလွယ်အောင်ဆိုပြီး aaa တို့ abcd တို့တော့ လက်မခံဘူးနော် :)
Rescure Email ကတော့ ပြန်ကယ်လို့ရအောင်ထည့်ပေးရမယ်။
password မေ့သွားရင် အဆင်ပြေတာပေါ့
အရေးကြီးဆုံးက အောက်က မွေးနေ့ပဲဗျ
သူက ကိုယ်ဖွင့်တဲ့ Gmail ထဲက မွေးနေ့နဲ့ တူဖို့လိုတယ်
အောက်ကပုံကိုကြည့်ပါ။
အားလုံးပြီးရင် continue ကိုနှိပ်သွားပါ။

အဆင့် ၄။
ဒီအဆင့်မှာတော့ နည်းနည်းအလုပ်ရှုတ်တယ် ဒီမှာပဲတိုင်ပတ်တာ
အပေါ်ကပုံထဲကအတိုင်းပဲ ကိုယ်ဖွင့်ချင်တဲ့ နိုင်ငံဖြစ်နေတယ်ဆိုရင်တော့ ဘာမှလုပ်စရာမလိုဘူး
မှားနေရင်တော့ Click here ကိုနှိပ်ပြီးပြောင်းပါ။
အောက်က None ကိုရွေးပါ။
Mr. ကိုရွေး ဒါမှမဟုတ်ကိုယ်ကြိုက်တာရွေးဗျာ
Fast name နဲ့ Last name ကိုကြိုက်တာထည့်
အောက်က လိပ်စာထည့်ဖို့အတွက် ဒီလင့် ကိုအရင်သွားပါ။
အေက်ကပုံကိုကြည့်ပါ။
Male/American/United States ကိုရွေးပြီး Generate ကိုနှိပ်ပါ။ ဒါမှမဟုတ်
ကိုယ်ကြိုက်တာရွေးပြီး လုပ်ပါ။
တစ်ခုတော့ရှိတယ် ကိုယ်သိတဲ့မြို့လေးဆိုရင်တော့ပိုကောင်းပါတယ် LA တို့ NY တို့ CA တို့ပေါ့
ကျွန်တော်ကတော့သိပ့်မသိဘူး မိတ်ဆွေတို့က အားလုံးသိတယ်ဆိုရင်တော့ ဒီ link တောင်မလိုဘူးပေါ့
မသိလဲဘာမှမဖြစ်ပါဘူး။ ပုံထဲကအတိုင်းပဲ ထည့်လိုက်ပါ။
အားလုံးထည့်ပြီးရင် Continue ကိုနှိပ်ပါ။


အဆင့် ၅။
ဒီလိုပေါ်လာမယ်ဗျာ
 OK ကိုမနှိပ်ပါနဲ့ eMail ထဲကိုအရင်သွားပြီး Verfiy အရင်လုပ်ပါ။ ပြီးမှအပေါ်က OK ကိုနှိပ်...
 ပြီးရင် ကိုယ်ဖွင့်လိုက်တဲ့ Apple ID နဲ့ Login ဝင်ပါ။
 Verify Address ကိုနှိပ်ပါ။
 Return to iTunes ကိုနှိပ်ပါ။
အခုသုံးလို့ရပါပြီ Free Games တွေ Apps တွေကို စိတ်ကြိုက်ဒေါင်းတော့ဗျာ။

ကိုယ်တိုင်စမ်းကြည့်ကြပါ။ အဆင်မပြေရင် ultema@icloud.com ကို email ပို့ပြီးဆက်နိုင်ပါတယ်။
တစ်ကယ်လို့များ လုံးဝကိုမဖွင့်တတ်ရင် ဖွင့်လို့ဘယ်လိုမှ အဆင်မပြေရင်
ကျွန်တော် email ကို ကိုယ်ဖွင့်ချင်တဲ့ Email လိပ်စာ နဲ့ မွေးနေ့( eMail ထဲက မွေးနေ့) 
ကိုမေးလ် ပို့ပေးပါ။ ကျွန်တော်ဖွင့်ပြီး ပြန်ပို့ပေးပါ့မယ်

အဆင်ပြေကြပါစေ။

အဆင်ပြေကြတယ်ဆိုရင် www.trtech-mm.com လေးကို Like ဖြစ်ဖြစ် မန်ဘာ ဖြစ်ဖြစ်
ဝင်ပြီးအားပေးကြပါခင်ဗျား။

6 comments:

Account တော့ဖွင့်လို့ရပါပြီ ဒါပေမဲ့ application ၀ယ်တဲ့အခါ security question မေ့နေလို့ ၀ယ်လို့မရဖြစ်နေတယ် ဘယ်လိုလုပ်ရပါမလဲ ကူညီပါအုံးခင်ဗျ ကျေးဇူးတင်ပါတယ်...

mcheinhlaingtun@gmail.com
၁ရက်၁၁လ၁၉၉၆ အစ်ကိုအကောင်လေးဖွင့်ပေးပါ

အကို ပြောတဲ့ အတိုင်းလုပ်ကြည့်တာ အားလုံးအဆင်ပြေတယ်
တခုပဲ အကိုပြောတဲ့နေရာမှာ country ကို USA ရွေးရဲ့သားနဲ့ None ဆိုတာမပေါ်ဘူး အကို
ကျေးဇူးပြုပီး ကူညီပေးပါ
နည်းပညာ ကို လိုက်စားနေသူတယောက်

Post a Comment