iPhone 3G Untethered Jailbreak And Sim Unlock


iPhone 3G ကတော်တော်ဟောင်းနေပါပြီ သုံးတဲ့သူလဲ မြန်မာနိုင်ငံမှာ အတော်နည်းမယ်လို့
ထင်ပါတယ်။ တောင်းထားတဲ့သူရှိလို့ တင်ပေးတာပါ။ iPhone 3G ကအသုံးနည်းပေမဲ့
Apple ဆိုတော့ ဂိမ်းဆော့ရတာ အဆင်ပြေတယ် နည်းနည်းတော့လေးတာပေါ့

အရင်ဆုံး JB မလုပ်ခင် iPhone 3G အကြောင်းနည်းနည်းပြောချင်ပါတယ်။ ရှာရှည်တာတော့
မဟုတ်ဘူး JB မလုပ်ခင်အရင်သိထားရမယ့်ဟာလေးပါ။ iPhone 3G က settings ထဲဝင်
ကြည့်ရင်တော့ 4.2.1 လို့ရေးထားပေမဲ့ တစ်ကယ် firmware ဒေါင်းရင် နှစ်ခုဖြစ်နေတယ်
Frimware နံပါတ်ကလဲအတူတူပဲ ဘယ်ဟာကိုဒေါင်းရမှန်းမသိဘူး
မြန်မာနိုင်ငံ ကွန်နယ်ရှင်က လဲ သိတဲ့အတိုင်းပဲ မပြောတော့ပါဘူးဗျာ
Firmware တစ်ခုရဖို့ညအိပ်ဒေါင်းရတာဆိုတော့ ကိုယ်ဒေါင်းပြီးမှ မှားသွားရင် ဂွမ်းပြီ

အမှန်ကတော့ 4.2.1 နဲ့ 4.2 လို့ iTunes နဲ့တိုက်ရိုက်ချိပ်ပြီးတင်ရင်တော့ပြတယ်
ဒါပေမဲ့တင်ပြီးသွားလို့ settings ထဲဝင်ကြည့်လိုက်ရင် နှစ်ခုလုံးက 4.2.1 လို့ပဲပြတယ်
အဲဒါနဲ့ firmware size ကို ယှဉ်ကြည့်တယ် အတူဖြစ်နေပြန်ရော
ကျွန်တော်တော်တော်တိုင်ပတ်သွားတယ် နောက်တော့အဆင်ပြေသွားတယ် အရင်ဆုံး
ကိုယ့်ဖုန်းက ဘယ် firmware သုံးလဲဆိုတာသိအောင်အရင်ကြည့်ရတယ်

အရင်ဆုံးဖုန်းကို DFU mode ထဲကိုဝင်ပါ
ဖုန်းကိုပိတ်ပြီး Power+Home ကို ၁၀ စက္ကန့် ဖိထားလိုက်  ၁၀ စက္ကန့်ပြီးရင် Power ကို
လွှတ်လိုက် Home ကို လုံးဝ မလွှတ်နဲ့ ဆက်ဖိထား ၁၀ စက္ကန့် လောက်ပဲ
အတိအကျကတော့ ၁၅ စက္ကန့် ပါ screen မဲရောင်ပြောင်းသွားမယ်
DFU mode ဝင်နည်းအသေးစိတ်ကို ဒီမှာ ဝင်ကြည့်ပါ
ဒါဆိုဖုန်းကိုကွန်ပြူတာနဲ့ချိပ်ပါ ကွန်ပြူတာထဲမှာ နောက်ဆုံး iTunes ကို install
လုပ်ထားပါ
iTunes ကသိပြီး restore ဆိုတဲ့ နှိပ်လို့ရတာဒါပဲပေါ်လာမယ်အောက်ကပုံကိုကြည့်ပါ

Restore iPhone ကိုနှိပ်ပြီးရင် အောက်ကအတိုင်းပေါ်လာမယ် Restore and Update
ကိုနှိပ်ပါ။


အောက်ကပုံအတိုင်း iOS 4.2 လို့ပေါ်လာရင် ဒီ firmware ကိုဒေါင်းပါ
DOWNLOAD Firmware for iOs 4.2


တစ်ကယ်လို့ အောက်ကပုံအတိုင်း iOS 4.2.1 လို့ ပေါ်လာရင်တော့ ဒီ firmware ကိုဒေါင်းပါ။
DOWNLOAD Firmware for iOs 4.2.1


DFU mode ဝင်ထားတာပြန်ထွက်ချင်ရင် POWER+HOME ကိုဖိထား ပန်းသီးပုံ
ပေါ်လာရင်လွတ်လိုက် ဘာမှမပျက်ပါဘူး။

Firmware ရွေးပြီးသွားရင် Jailbreak လုပ်နည်းစရအောင် လုပ်နည်းတွေကတော့
အများကြီးပဲ အဲဒီထဲက အဆင်ပြေမဲ့ လွယ်တဲ့ ၂ နည်းကိုပြောပြမယ်ဗျ။

ပထမနည်းက Greenpoison နဲ့ JB လုပ်မယ်ဆိုရင် ကိုယ်ဖုန်း ရဲ့
Settings>>>General>>>About ထဲက
Version မှာ 4.2.1 ဖြစ်နေမှ သုံးလို့ရပါတယ်။ ဆိုလိုတာက 4.2.1 ကိုပဲ
JB လုပ်လို့ရတယ်လို့ ပြောတာပါဗျာ။

ဒေါင်းလုပ်လင့်တွေကိုတော့အောက်မှာပေးထားတယ်ဗျာ အခုတော့ ဆက်ကြရအောင်
Greenpoison ကိုဖွင့်ပါ။ အောက်ကပုံကိုကြည့်ပါ..


No ကိုနှိပ်ပါ။


Prepare to Jailbreak (DFU) ကိုနှိပ်ပါ။


ပြီးရင်တော့ DFU mode ဝင်ရအဆင်ပြေမဲ့ စက္ကန့်တွေပြမယ်။
ပြီးရင် Jailbreak ပေါ်လာမယ် နှိပ်လိုက်ယုံပဲ အားလုံးပြီးအောင်စောင့်လိုက်
ပြီးရင်ရအောင်မြင်ပါပြီ။
တစ်ကယ်လို့များအကြောင့်အမျိုးမျိုးကြောင့် ဒီအပေါ်ကနည်းနဲ့ အဆင်မပြေတာမျိုး
ရှိရင်အောက်ကနည်းကိုသုံးပါ။ ဘာလို့ဒီလိုပြောလဲဆိုတော့ firmware နှစ်ခုကွဲနေလို့ပါ။

ကျွန်တော်တွေ့ဖူးတာပြောရရင် အပ်ါကပြောတဲ့ Firmware နှစ်ခုထဲက 4.2.1 ကိုပဲရတာ
များတယ်။ ကွဲလွဲမှုလဲရှိနိုင်ပါတယ်။
ကျွန်တော် အဓိပတိ ၏ဗဟုသုတ အားနည်းမှုကိုနားလည်ပေးပါခင်ဗျား။

Greenpoison နဲ့ အဆင်မပြေလဲ ဖုန်းဘာမှာမဖြစ်သွားတဲ့အတွက် ပြဿနာမရှိဘူး
Greenpoison ကအဆင်မပြေတဲ့ ဖုန်းဆိုရင် error တစ်ခါတည်းတန်းတက်တယ်
ဖွင့်လို့ကိုမရဘူး

နောက်တစ်နည်းက တော့ JB မှာနာမည်ကြီးတဲ့ sn0wBreeze နဲ့ JB လုပ်တဲ့နည်းပါ။
sn0wBreeze ကိုဖွင့်ပါ။ အောက်ကပုံကိုကြည့်ပါ..

Ok ကိုနှိပ်ပါ။ နောက်တစ်ခုထပ်ပေါ်လာရင် Close ကိုနှိပ်ပါ။


အောက်နားကမျှားလေးကိုနှိပ်ပါ။


Browse ကိုနှိပ်ပါ။


ကိုယ်နဲ့ဆိုင်တဲ့ Firmware ကိုရွေးပါ။ ရွေးပြီး open ကိုနှိပ်ပါ။


Done လို့ပေါ်လာရင် အောက်နားက မျှားကိုနှိပ်ပါ။


Simple Mode ကိုရွေးပြီး အောက်ကမျှားကိုပဲနှိပ်ပါ။


ဒီအဆင့်ကအရေးကြီးတယ် ကိုယ်ဖုန်းက lock ဖုန်းဆိုရင် Yes ကိုနှိပ်ပါ ။
Official unlock ဆိုရင်တော့ No ကိုနှိပ်ပါ ။ တစ်ခုတော့ရှိတယ် ကိုယ့်ဖုန်းက
ဘာမှန်းကိုမသိဘူးဆိုရင်တော့ ဘာမှစဉ်းစားမနေနဲ့ Yes ကိုသာနှိပ်လိုက်ပါ။


Custom Firmware တစ်ခုဆောက်နေပါပြီ ပြီးအောင်စောင့်ပါဗျာ။


Done လို့အကြီးကြီး အမှန်ခြစ်ကြီးနဲ့ ပေါ်လာရင် Custom firmware ဆောက်လို့ပြီးပါပြီ
အဲဒီ Custom firmware က sn0wBreeze ရှိတဲ့ location မှာသွားပေါ်ပါတယ်။
Ok ကိုနှိပ်ပါ။


ပြီးရင် DFU Mode ထဲကိုဝင်ဖို့ ပြောတယ် သူပြောတဲ့အတိုင်းဝင်လိုက်ယုံပဲ။


DFU Mode ဝင်ပြီးတာနဲ့ iTunes အလိုလိုပွင့်လာမယ်။ အောက်ကပုံကိုကြည့်ပါ။


Restore iPhone ကို ကွန်ပြူတာကီးဘုတ်က Shift ကိုဖိထားပြီး နှိပ်ပါ။ ပြီးရင်
sn0wBreeze ဆောက်ထားတဲ့ Custom Firmware ကိုရွေးပြီး firmware တင်လိုက်ပါ
Firmware restore လုပ်ပြီးလို့ ဖုန်းတက်လာရင် Cydia icon လေးပါတွေ့ရလိမ့်မယ်ဗျာ..

လိုအပ်တာတွေကိုအောက်မှာဒေါင်းပါ။

iTunes latest version Download
Greenpoison Download
sn0wBreeze Download

ပြီးရင် lock iPhone 3G ကို Sim Unlock လုပ်တာဆက်ပြောမယ်ဗျ။
ဖုန်းကို အင်တာနက်ချိပ်ထားပါ ကိုယ်ကြိုက်သလိုချိပ်ပေါ့. 3G ဖြစ်ဖြစ် WiFi ဖြစ်ဖြစ်
Cydia ထဲကိုဝင်ပါ Manage ထဲက Sources >>> Dev Team ဆိုတဲ့ source
ထဲကိုသွားပါ။ အဲဒီ source ကထည့်စရာမလိုဘူး တစ်ခါတည်းပါတာ
အထဲမှာတစ်ခုပဲရှိတယ် ultrasn0w ကို install လုပ်ပါ
install လုပ်ပြီးလို့ဖုန်းပြန်ပွင့်လာရင် sim card ကိုသိပြီး သုံးလို့ရပါပြီ။

အားလုံးအဆင်ပြေကြပါစေ... ကိုယ်သိထားသောအနည်းငယ်ကို TR Tech မှ မိတ်တွေများကို
မျှဝေချင်းသာဖြစ်ပါတယ်...။ အလွန်ကျွမ်းကျင်နေ၍ မဟုတ်ပါ။ ကျွန်တော်ဘာမှမသိပါဘူး။
အမှားအယွင်းပါနေရင် အဆင်မပြေရင် ကျွန်တော်ဆီကို comment ဒါမှမဟုတ် ultema@icloud.com
ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျား။

1 comments:

Nice information. There are lot of methods available to unlock iPhone. We can also get it unlock our iPhone safe and securely using Remote unlocking method from TheUnlockArena.com This will be a permanent unlocking solution. Both upgrading and downgrading will not lock your iPhone again. This method does not require jailbreak.

Post a Comment