ကွန်ပျူတာ ပေါ်တွင် မြန်မာစာ အတွက် win, zawgyi နှင့် myanmar3 စသည့် Font များကို
အများဆုံး အသုံးပြုနေ ကြပါသည်။ win font ဖြင့် ရိုက်ထားတဲ့ Text များကို zawgyi (သို့) myanmar3 တို့ကို ပြောင်းလဲလိုသော အခါမျိုးတွင် မဖြစ်မနေအခက်များကို ရင်ဆိုင်ရလေ့ ရှိပါသည်။ English နှင့် Myanmar Text များ ရောထွေးနေသော စာသားများကို မှန်ကန်စွာ ပြောင်းလဲမပေး နိုင်ခြင်း၊ English Text များကိုပါ Myanmar Text ကဲ့သို့ မှားယွင်းစွာပြောင်းလဲပေးခြင်း၊ Image များကို နားမလည်ခြင်း ၊ Table များအတွင်းမှ Text များကို ပြောင်းလဲ မပေးနိုင်ခြင်း … စတဲ့ အခက်အခဲတွေ တပုံတပင်ကြီး ကြုံတွေ့ရတတ် ပါသည်။
အထက်မှ ဖော်ပြပါ အခက်အခဲ အားလုံးကို ပြေလည်စွာ ဖြေရှင်းပေးနိုင်တဲ့ Add-in တစ်ခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ win font (eg. WinInnWa, winResearcher, …) ၊ Zawgyi Font နှင့် Myanmar 3 Font တို့ကို တစ်ခုမှ တစ်ခုသို့ အပြန်အလှန် လျင်မြန် မှန်ကန်စွာဖြင့် ပြောင်းလဲ ပေးနိုင်သော Process Font Converter ပဲဖြစ်ပါတယ်။
၎င်း software သည် Microsoft Word AddIn အမျိုးအစား တစ်မျိုးဖြစ်သည့်အတွက် အခြား မည်သည့် Text Editor မျှ အသုံးပြုစရာ မလိုအပ်ပါ။ Microsoft Word မှာပင် AddIn Tab တစ်ခုအဖြစ် လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ Text များကို Copy ၊ Paste လုပ်စရာမလိုဘဲ Microsoft Word မှာ Click တစ်ချက်နှိပ်ရုံနဲ့ တိုက်ရိုက် ပြောင်းလဲပေးနိုင်ခြင်း၊ စာပိုဒ်များ သာမက Table အတွင်းမှ Text များကိုပါ ပြောင်းလဲပေးနိုင်ခြင်း၊ Image များကိုလည်း နဂိုမူလအတိုင်း နေရာတကျရှိစေပြီး၊ Shape များအတွင်းမှ Text များပါလာခဲ့ရင် လည်း ၄င်း Text များကိုပါ မိမိပြောင်းလဲစေလိုသော Font Type ကို ပြောင်းလဲပေးနိုင်ခြင်း ၊ Hyper Link များ ကိုပါ မှန်ကန်စွာ ပြောင်းလဲပေးနိုင်ခြင်း… စသည့် အားသာချက်များ ပါရှိမှာ ဖြစ်ပါသည်။
အသုံးပြု လိုပါက ထို Software ကို Software အရောင်ဆိုင် များတွင် ဈေးနှုန်း သက်သာစွာ ဖြင့် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပြီ အသေးစိတ် စုံစမ်းမေးမြန်း လိုပါက Process Group ph no: 0933019353 သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရပါသည်။
ဝယ်ယူရရှိနိုင်သော ဆိုင်များမှာ ရန်ကုန်မြို့တွင် Acitve , National CD, MyData , WinnerRoot, Excellent ၊ မန္တလေးမြို့တွင် Excellent နှင့် ပြင်ဦးလွင်မြို့တွင် Excellent စသော ဆိုင်များတွင် ဝယ်ယူရရှိ နိုင်ပါသည်။
Ref : ရိုးရာလေး
0 comments:
Post a Comment