myo lay: အကိုရေ ညီမ Laptop က Window boot manager ဆိုပီးပဲတက်လာတယ် နောက်ပြီး Enter မခေါက်ရင် Window မတက်ဘူး window ပြန်တင်တာလဲ ငါးခါလောက်ရှိပြီ Window တင်ပြီးငါးရက်လောက်ဆိုရင် အဲ့လိုဖြစ်ဖြစ်နေလို့ပါ....
ဒီ Error ကတော့ Window ပြန်တင်တဲ့အခါမှာ အရင် Window တင်ထားတဲ့ Partition ပိုင်းကို Delete မလုပ်ခဲ့တာကြောင့် အများဆုံးဖြစ်တတ်ပါတယ်... အောက်က နည်းလမ်း (၂) မျိုးနဲ့ ပြင်ပေးနိုင်ပါတယ်...။
ပုံလေးတွေအတိုင်း အဆင့်ဆင့် လုပ်သွားပါ...။
Start > Computer > Right Click
အစိမ်းရောင်နဲ့ 30 စက္ကန့် ကို (0) ထိပြောင်းလိုက်ပါ >> OK
နောက်တစ်နည်း
Start > msconfig
အပြာရောင်နဲ့ နေရာမှာ Window (၂) ခု ပြနေရင် မိမိသုံးတဲ့ OS ကလွဲလို့ ကျန်တစ်ခုကို Select မှတ်ပြီး Delete လုပ်ပစ်ပါ... (1) 3 စက္ကန့် ထိလျော့ချပါ (2) Apply (3) OK
စက်ကို Restart ချပေးလိုက်ပါ....
အဆင်ပြေမယ်လို့ မျှော်လင့်ရင်း
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net














3 comments:
အကို ၀င်းကမ္ဘာကျော် dota 2 က System Requirements ဘယ်လောက်လိုလဲ ဘယ်လို install လုပ်ရသလဲ oline နဲ့ ချိတ်မယ်ဆိုရင်လည် internet connection Requirements ကဘယ်လောက်လိုအပ်သလဲ ကျနော့်ဆိုင်မှာအင်တာနက်ကွန်နရှင်က 2.5MB ပါဘယ်နှယ်လုံးရနိုင်မလဲ ပြီးတော့ဆော့ဝဲတွေကိုဘယ်ကနေဒေါင်းလော့ယူနိုင်မလဲ ဈေးကွတ်ထဲမှာoffine တွေပဲရှီပါတယ် online ချိတ်ဖို့ ဆိုဘာတွေလိုအပ်သလဲဆိုတာအသေးစိတ်ရှင်းပြစေချင်ပါတယ် ကျေးဇူးအထူးတင်ပါတယ်
အကိုရေ ကျေးဇူးတင်ပါတယ်နော် ညီမက ၀င်းဒိုးတင်၇င် format ပဲချချနေတာ delete မလုပ်မိလို့ထင်တယ်
ကျေးဇူးတင်ပါတယ်နော် အကိုပြောတဲ့အတိုင်းလုပ်လိုက်တာ အဆင်ပြေသွားပါတယ် ကျေးဇူးတင်ပါတယ်
မရဘူး
Post a Comment