စမတ်ဖုန်းတွေကို တစ်စိုက်မတ်မတ် ထုတ်လုပ်ခဲ့တဲ့ Nokia ကတော့ အခုတစ်ခါ Windows OS သုံး Tablet ကို မိတ်ဆက်ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။ Lumia 2520 လို့နာမည် ပေးထားပြီး မျက်နှာပြင်အကျယ် ၁၀.၁လက်မ ရှိတဲ့ လှပတဲ့ Tablet လေးတစ်လုံးပါ။
နိုကီယာရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ Lfi Majid ကလည်း “ကျွန်တော်တို့ဟာ Mobility ကဏ္ဍမှာ အထူးကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ Tablet တွေဟာလည်း LTE ကွန်ရက်၊ Wi-Fi ကွန်ရက် စတာတွေ အားလုံးမှာ ချိတ်ဆက်သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ ပါတယ်။
အဆိုပါ Lumia 2520 ရဲ့ ကိုယ်ထည်နောက်ကျောဘက်နဲ့ ထောင့်စွန်းတွေဟာ ပိုလီကာဗွန်နိတ်နဲ့ ဖန်တီးထားတာပါ။ ဒါဟာ အခြား Tablet တွေထက် ထူးခြားအားသာချက် တစ်ခုပါပဲ။ OS အနေနဲ့ Windows RT 8.1 ကို သုံးထားပြီး Qualcomm Snapdragon 800 ချစ်ပ်တပ်ဆင်ထားကာ ပရော်ဆက်ဆာကတော့ Quad-Core 2.2 GHz ဖြစ်ပါတယ်။
Tablet အနေနဲ့သာမက Laptop ပုံစံမျိုးပါ သုံးလို့ရအောင် စမတ်ကျတဲ့ ဒေါ်လာ ၁၅၀ တန် ကီးဘုတ်ကိုလည်း ၀ယ်ယူသုံးစွဲ နိုင်ပါတယ်။ အလေးချိန် ၁.၂၆ ပေါင်သာ ရှိပြီးတော့ ဘက္ထရီသက်တမ်းက ပျမ်းမျှအားဖြင့် တစ်နေကုန် အသုံးခံမှာပါ။
Nokia ပရိသတ်တွေ အတွက် Nokia ရဲ့ ပထမဆုံးသော Tablet ကတော့ ပုံမှာတွေ့ရတဲ့အတိုင်း ဒီဇိုင်းလည်း စတိုင်ကျလှပ သပ်ရပ်ပါတယ်။ Keyboard ရော Touch Screen ပါ သုံးနိုင်အောင် ဖန်တီးပေးထားလို့ Windows RT 8.1 ရဲ့ Features တွေကို အပြည့်အ၀ ခံစားနိုင်မှာပါ။ ဈေးနှုန်းဒေါ်လာ ၅၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Specifications:
အရွယ်အစား 267 x 168 x 8.9 mm
အလေးချိန် – 615g
မျက်နှာပြင်အကျယ် – 10.1″ AH-IPS LCD (Gorilla Glass 2)
ပုံထွက်နှုန်း – 1080p resolution
ပုံထွက်သိပ်သည်းဆ – 224ppi
ပရော်ဆက်ဆာ – Qualcomm Snapdragon 800; quad-core Krait 400 at 2.2GH
RAM – 2GB
သိုမှီးမှုပမာဏ – 32GB (microSD card ဖြင့် 32GB ထိ တိုးမြှင့်နိုင်)
OS – Windows 8.1 RT
နောက်ကင်မရာ – 6.7MP with auto focus ZEISS optics, f/1.9 aperture (1080p @ 30fps ဗီဒီယို)
ရှေ့ကင်မရာ – 2MP HD wide-angle (720p ဗီဒီယို)
ချိတ်ဆက်မှု – voice call support, quad-band 2G, penta-band 3G, LTE: 2, 3, 4, 5, 7, 13, 17, 20; Wi-Fi b/g/n, Bluetooth 4.0 LE, microUSB 3.0
ဘက္ထရီ – 8,000mAh
Ref : http://mmconsumerguide.com






0 comments:
Post a Comment