
တစ်ကမ္ဘာလုံးက
smartphone တင်ပို့မှုရဲ့ ဈေးကွက် ဝေစု ၈၀ ရာခိုင်နှုန်း ကျော်ကို Android
ကပထမဆုံး အကြိမ် အနေနဲ့ ရရှိခဲ့တယ်လို့ IDC ကထုတ်ပြန်တဲ့ စာရင်းတွေ အရ
သိရပါတယ်။ ဒီနှစ်ရဲ့ third-quarter ထိ Smartphone ပေါင်း 261.1 million
တင်ပို့ခဲ့ ရပြီး အဲ့ထဲက ၈၁ရာခိုင်နှုန်းက Google ရဲ့ OS ဖြစ်တဲ့ Android
ကိုအသုံးပြု ထားပါတယ်။ Android ကိုသုံးထားတဲ့ manufacturers တွေအများကြီး
ရှိပြီး ဒီထဲမှာတော့ Samsung ကဈေးကွက် အများစုကို ရရှိထား ပါတယ်။ Galaxy
S4 က ၃၉ရာခိုင်နှုန်း ထိရှိခဲ့ ပါတယ်။ Window Phone တွေက ဈေးကွက်ရဲ့
၅ရာခိုင်နှုန်း လောက်သာ ရှိပေမယ့် ကြီးထွား လာနေပြီး Nokia ကဒီဈေးကွက်မှာ
ဦးဆောင် နေပါတယ်။ Apple ကတော့ US မှာခေတ်စား နေပေမယ့် ကမ္ဘာလုံးနဲ့ ချီပြီး
ကြည့်မယ် ဆိုရင် အနှုတ်ဘက် သွားနေပါတယ်။ မနှစ်ကထက် ၁.၅ ရာခိုင်နှုန်း လျော့ကျ
ခဲ့ရပြီး ၁၂.၉ ရာခိုင်နှုန်း ဝေစု ရရှိထား ပါတယ်။
[source: cnet, image from geek]
Ref : http://www.mawcity.com
Posted in: နည်းပညာသတင်းများ, သတင်း






0 comments:
Post a Comment