ကြည်တောက်ရှင်းတွေ ဒေါင်းလုပ်ဆွဲမယ်




ရုပ်ရှင်ဇာတ်ကားကြည့်တဲ့အခါ ကြည်တောက်ရှင်းဖြစ်နေမှ ကြိုက်ကြတယ်မလား။ 
ကျွန်တော်ကတော့ ဝါးတားနေရင် ကြည့်ရတာ အားမရဘူးဗျာ။ 
အသံထွက်ကလည်း သဲကွဲမှကောင်းတယ်ဗျာ။
 ဗုံးသံနဲ့ သေနတ်ပစ်နဲ့ ဆင်နေရင် ကြည့်ရတာ ဘယ်အရသာရှိတော့မလဲ။
အဲဒီတော့ အကောင်းဆုံးကို ပြောပြမယ်ဗျာ။ 

DVD-9 တို့၊ Blu-ray တို့ ဝယ်ကြည့်ပေါ့ဗျာ။
 မြန်မာပြည်မှာဆိုရင် တစ်ခွေကို ၁၅၀၀၊ ၂၀၀၀နဲ့ဝယ်လို့ရနိုင်ပါတယ်။ နိုင်ငံခြားမှာဆို မှာလို့ရပါတယ်။ 
www.blu-ray.com ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာ အသစ်ထွက်မယ့်အခွေစာရင်း ကြည့်လို့ရပါတယ်။ မှာဝယ်လို့လည်းရပါတယ်။

ဒါပေမယ့် နိုင်ငံခြားမှာကျတော့ အဲဒီကောင်တွေက ဈေးကြီးတယ်ဗျ။
တစ်ခွေကို ဒေါ်လာ ၂၀ လောက်ပေးရတယ်။ iTunes ကနေဝယ်လည်း ကောင်းတာပဲ။
သူလည်း ၁၅ ဒေါ်လာလောက်ပေးရတယ်။ ဈေးကြီးတာပဲ (ကျွန်တော့်အတွက်တော့ ဈေးကြီးတာပေါ့ဗျာ)။ အဲသလို Quality ကောင်းတဲ့ ရုပ်ရှင်ကားတွေကို မဝယ်ဘဲ ဒေါင်းလုပ်ဆွဲကြရအောင်။

ရုပ်ရှင်ကားတွေ အခမဲ့ဒေါင်းလုပ်ဆွဲလို့ရအောင် တင်ပေးတဲ့ဆိုဒ်တွေ အများကြီးပါပဲ။
အဲဒီထဲကမှ အကောင်းဆုံးတစ်ခုကို ရွေးပြပါ့မယ်။
ကျွန်တော်ပြောပြမယ့် ဝက်ဘ်ဆိုဒ်က တင်တဲ့ဇာတ်ကားတွေဟာ
iTunes ကနေဝယ်ကြည့်တဲ့ ဇာတ်ကားတွေကို မှီပါတယ်။
Quality ချင်း ယှဉ်လို့ရပါတယ်။

www.300mbfilms.com ဆိုတဲ့ဝက်ဘ်ဆိုဒ်ပါ။
သူ့မှာ အားနည်းချက်တစ်ခုတော့ ရှိပါတယ်။
သူက အခွေသစ်ပဲတင်ပါတယ်။ ကားဟောင်းတွေတော့ မတင်ပါဘူး။
အဲဒီဝက်ဘ်ဆိုဒ်ကနေ ဒေါင်းလုပ်ဆွဲဖို့ ကျွန်တော်ရှင်းပြပေးပါ့မယ်။

ပူပူနွေးနွေးလေး ထွက်ရှိထားတဲ့ 12 Years A Slave ဆိုတဲ့ ဇာတ်ကားလေးကို ဆွဲပြပါ့မယ်။
12 Years A Slave ကိုနှိပ်ပါ။




သူက Quality မျိုးစုံတင်ပါတယ်။ ပုံမှာပြထားသလို 1080p BRRip ဆိုတာကတော့ အကောင်းဆုံးပါပဲ။
အကောင်းဆုံးကိုလိုချင်ရင်တော့ 1080p တွေပဲ ရွေးဆွဲပါ။ 




ပုံမှာ LINKS PAGE PASSWORD ဆိုတာကိုတွေ့ပါလိမ့်မယ်။
အဲဒီအောက်က 300mbfilms ဆိုတာကို ကူးထားပါ။
ပုံမှာ ဒေါင်းလုပ်ဆွဲဖို့ လင့်တွေ အများကြီးတွေ့ရပါလိမ့်မယ်။
ပုံမှာဝိုင်းပြထားတဲ့နေရာကိုသာ နှိပ်ပါ။ တခြားလင့်တွေနှိပ်ရင် ဆွဲလို့မရပါဘူး။

ခုနကကူးထားတဲ့စာကို Password ဆိုတဲ့နေရာမှာ ဖြည့်ပေးလိုက်ပါ။
အောက်ကပုံလိုမျိုးလေးပေါ်လာပါလိမ့်မယ်။




ဒေါင်းလုပ်ဆွဲဖို့ ဆိုဒ်မျိုးစုံမှာ တင်ပေးထားတာပါ။
ဘယ်ဘက်ခြမ်းက အနီရောင်တွေဟာ ဆိုဒ်တွေဖြစ်ပါတယ်။
ကိုယ်ကြိုက်တာကို ရွေးဆွဲလို့ရပါတယ်ခင်ဗျာ။
အပိုင်းပိုင်းနဲ့ဆွဲလို့ရသလို တစ်ပိုင်းတည်းလည်း ဆွဲလို့ရပါတယ်။
ကျွန်တော်ကတော့ တစ်ပိုင်းတည်းပဲဆွဲပါမယ်။

Single Links လို့ပြထားတဲ့နေရာမှာ ဆိုဒ်တွေမျိုးစုံရှိပါတယ်။
ကျွန်တော်အနီရောင်လေးပြထားတဲ့ ဆိုဒ်တွေက ဆွဲလို့အကောင်းဆုံးပါပဲ။
ဆွဲနေရင်း လိုင်းပြုတ်သွားရင် resume လုပ်လို့ရပါတယ်။
အဲဒီထဲကမှ MU ဆိုတဲ့ Multi Upload ကတော့ ကျွန်တော်ကြိုက်ပါတယ်။
နှိပ်လိုက်ပါ။ အောက်ကပုံလိုမျိုးပေါ်လာပါလိမ့်မယ်။




Download Button ကိုနှိပ်ပြီး ဒေါင်းလို့ရပါပြီ။
ဒေါင်းပြီးရင်တော့ ရုပ်ထွက်ကော အသံထွက်ကော ကြည်တောက်ရှင်း ကြည့်လို့ရပြီပေါ့။
အားလုံးပဲ ကျေနပ်နိုင်ကြမှာပါ။

ကျွန်တော် ပေ့ခ်ျလေးတစ်ခု လုပ်ထားပါတယ်။ လုပ်ထားတာတော့ ကြာပါပြီ။
စိတ်ကြိုက်ပို့စ်လေးတွေ တင်နေလို့ အခုမှချပြဖြစ်တာပါ။
ပေ့ခ်ျအသစ်လေးဖြစ်လို့ Like ပေးကြပါဦးလို့။
ရုပ်ရှင်နဲ့ ပတ်သက်တာတွေပဲ တင်ပေးမှာဖြစ်ပါတယ်။

ရုပ်ရှင်ကြိုက်သူ သူငယ်ချင်းများ  Movie Locos ကိုနှိပ်ပါ။







2 comments:

http://earn-money-onlines.info/rdlldhdr6xcxxcxc/ ဆိုတဲ့ ကြော်ငြာဆိုဒ်ထဲကိုပဲ ၀င်ဝင်သွားပါတယ်။

ဘယ်လိုလဲခင်ဗျ။ ကျွန်တော်ဝင်တာတော့ ရပါတယ်။ လုပ်ကြည့်ပါဦး။

Post a Comment