Homefront Movie





မူးယစ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖြိုခွင်းဖို့အတွက် DEA အေးဂျင့်တစ်ယောက်ကို Under Cover အဖြစ် ထည့်ထားလိုက်ပါတယ်။
လူဆိုးစခန်းကို ဝင်စီးတဲ့အခါ လူဆိုးခေါင်းဆောင်ကို အရှင်ဖမ်းမိပါတယ်။ 
အေးဂျင့်က သူ့ကို ဒီလိုသစ္စာဖောက်တာကို လူဆိုးခေါင်းဆောင်က တေးထားပါတယ်။

နောက်နှစ်နှစ်လောက် ကြာတဲ့အခါ အေးဂျင့်ဟာ တောမြို့လေးတစ်မြို့မှာ သူ့သမီးနဲ့အတူ ဇာတ်မြှုပ်နေနေပါတယ်။ 
ဘာပြဿနာမှ မဖြစ်ချင်တော့ဘူးဆိုကာမှပဲ အရှုပ်အထုပ်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။
သူ့သမီးကို ကျောင်းမှာ ကောင်လေးတွေက ဝိုင်းပြီးအနိုင်ကျင့်ပါတယ်။ 
သမီးဖြစ်သူက ပြန်လုပ်လိုက်တာ ဟိုကောင်လေးခမျာ နှာခေါင်းကျိုးသွားပါလေရော။ 
မကျေနပ်နိုင်တဲ့ သားရှင်အမေဖြစ်သူက သူ့အစ်ကို မြို့ခံလူမိုက်ကို တိုင်လိုက်ပါတယ်။
ဒီအခါ အစ်ကိုက အေးဂျင့်ရဲ့အိမ်ကို ခိုးဝင်ရာကနေ သူ့ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေကို သိသွားတဲ့အချိန်မှာတော့.....

စိတ်ဝင်စားဖွယ် ဇာတ်ကြမ်း အက်ရှင်ဇာတ်ကားမှာ Under Cover Agent အဖြစ် မင်းသား Jason Statham က သရုပ်ဆောင်ထားပြီး မြို့ခံလူမိုက်နေရာမှာတော့ မင်းသား James Franco က သရုပ်ဆောင်ထားပါတယ်။
စာရေးဆရာ Chuck Logan ရဲ့ Homefront ဝတ္ထုကို မင်းသားကြီး Stallone က ဇာတ်ညွှန်းပြန်ရေးသားထားပြီး ဒါရိုက်တာ Gary Fleder က ရိုက်ကူးထားပါတယ်။
အက်ရှင်ကားကြိုက်သူတွေအတွက် ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ကြည့်ကြပါဦးလို့။

အွန်လိုင်းမှတစ်ဆင့်ကြည့်ရန် Movie Locos ကိုနှိပ်ပါ။
1080p အကြည် (1.4GB) ဒေါင်းရန် Movie Locos ကိုနှိပ်ပါ။
ဒေါင်းနည်းမသိပါက Movie Locos ကိုနှိပ်ပါ။

ကျွန်တော် ဖေ့စ်ဘုတ်ပေ့ခ်ျလေးတစ်ခု လုပ်ထားပါတယ်။
ရုပ်ရှင်ချစ်သူ သူငယ်ချင်းများကို ကြိုဆိုနေပါတယ်။
မူဗီဖန်များ အားပေးကြပါဦးခင်ဗျာ။
Facebook Page - Movie Locos



0 comments:

Post a Comment