Baidu search engine ကို မိုဘိုင်းမှ အသုံးပြုသူ သန်း ၅၀၀ ကျော်ရှိလာ

 
 
တရုတ်နိုင်ငံ၏ ထိပ်တန်း search engine ဖြစ်သော Baidu ကို မိုဘိုင်းမှ လစဉ် အသုံးပြုသူဦးရေသည် ဇွန်လတွင် သန်း ၅၀၀ ကျော်အထိ ရှိလာကြောင်း Baidu အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရော်ဘင်လီက ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့အပြင် Baidu Mobile app ကို နေ့စဉ် အသုံးပြုသူဦးရေ သန်း ၇၀ အထိ ရှိလာပြီး ၎င်း Baidu Maps ကို လစဉ်အသုံးပြုဦးရေသည် သန်း ၂၀၀ ကျော်ခဲ့ကြောင်း၊ Baidu App Store မှ နေ့စဉ် download ပြုလုပ်သည့် Android app သန်း ၁၃၀ ရှိကာ Baidu cloud ဝန်ဆောင်မှုကို အသုံးပြုဦးရေသည်လည်း သန်း ၂၀၀ နီးပါးခန့် ရှိလာကြောင်း လီက ပြောကြားခဲ့သည်။

ဆန်နီဗယ်လီရှိ Baidu R&D center သစ်နှင့် ပတ်သက်၍ search engine နှင့် အခြား ထုတ်ကုန်များအတွက် နက်နဲသည့် လေ့လာမှုများက အရေးပါကြောင်း လီက ပြောကြားခဲ့သော်လည်း ပြည်တွင်းတွင် ပြိုင်ဘက် Qihoo ထံသို့ ဈေးကွက်များ ဆုံးရှုံးနေမှုအပေါ် မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိပေ။

Baidu ၏ ရှယ်ယာသည် ဇွန်လတွင် ၅၉.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး Qihoo ၏ ဈေးကွက်ရှယ်ယာက ၂၆.၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်။

Ref: TechInAsia
 
Internet Journal

0 comments:

Post a Comment