ဖုန်းပြောဆိုမှုများကို ကြားဖြတ်ခိုးယူနားထောင်မှုမျ
အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၂၀၀၉ ခုနှစ်ကတည်းက တွဲဖက်လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီများဖြစ်သည်။ ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် ဘဏ္ဍာရေးအချက်အလက် အသေးစိတ်ကို BlackBerry နှင့် Secusmart တို့က ထုတ်ပြန်ဖော်ပြခဲ့ခြင်း မရှိပေ။
Secusmart ကုမ္ပဏီကို ဝယ်ယူခဲ့သည့် ကြေညာချက်အား BlackBerry အမှုဆောင်အရာရှိချုပ် ဂျွန်ချန်က BlackBerry Summit တွင် ကြေညာခဲ့သည်။ Secusmart အမှုဆောင်အရာရှိချုပ် ဟန်စ်ခရစ္စတော့ဖ်ကွယ်လီကမူ ကမ္ဘာပေါ်ရှိ နိုင်ငံအကြီးအကဲများနှင့် ဝန်ကြီးများက ကုမ္ပဏီ၏ software ကိုအသုံးပြုနိုင်စေရန် ရည်ရွယ်ထားကြောင်း ဆိုခဲ့သည်။
BlackBerry အနေဖြင့် Secusmart ကို ဝယ်ယူခြင်းကြောင့် BlackBerry ထုတ်ကုန်များတွင် လုံခြုံရေး software ကို ပေါင်းစပ်ထည့်သွင်းကာ နိုင်ငံ၏ အမြင့်ဆုံး ပြည်သူ့ဝန်ထမ်းများအတွက် လျှို့ဝှက် ဆက်သွယ်မှုများကို လုံခြုံမှုရှိစေမည် ဖြစ်ကြောင်း ချန်က ပြောကြားခဲ့သည်။
Ref: CNET
0 comments:
Post a Comment